သင့်ရဲ့ ချစ်သူ သို့မဟုတ် ခင်ပွန်းက gay တစ်ယောက် ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ
0
92
လုံခြုံမှုအပြည့်ရှိတယ်လို့ ခံစားနေရပေမယ့် အခြားယောက်ျားလေးတွေနဲ့ ဆက်ဆံတဲ့အခါမှာတော့ အနည်းငယ်ပြောင်းလဲတတ်ကြပါတယ်။
သူ့ရဲ့ ဖေ့ဘွတ်ပရိုဖိုင်ကနေပြီးတော့လည်း သင်သတိထားကြည့်နိုင်ပြီး ပိုပြီးဆိုးတာက သူ့မှာအကောင့်နှစ်ခုရှိနေတတ်ပြီးတော့ တစ်ကောင့်ကပုံမှန်သုံးနေပေမယ့် သင်မသိတဲ့အကောင့်မှာတော့ ယောက်ျားစစ်စစ်တွေချည်းပဲ လိုက်အပ်ထားတတ်သလို စကားတွေလိုက်ပြောထားတာကို သင်တွေ့ရင်တော့ 90 ရာခိုင်နှုန်းလောက် သေချာနေပါပြီ။ အဆိုးဆုံးကတော့
ဒီလိုအချက်တွေနဲ့ ပြည့်စုံနေပြီဆိုရင် ရောင်းရင်းတို့နှစ်ယောက် စေ့စပ်ဖို့ အသင့်ဖြစ်နေပြီနော်
#LM_Naung_Naung
#Lifestyle_Myanmar
—————
Unicode
မိန်းကလေးအများစုဟာ သူတို့ရဲ့ boyfriend သို့မဟုတ် husband က လိင်တူစိတ်ဝင်စားသူ gay တစ်ယောက် ဖြစ်နေမှာကို စိုးရိမ်နေကြပါတယ်။ မိန်းကလေးတွေ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပါပဲ။ အချို့က အိမ်ထောင်ကျပြီး အတော်ကြာမှသာ ခင်ပွန်းက gay ဖြစ်နေကြောင်း သိရပြီး တချို့ gay တွေကတော့ သူတို့ကိုယ်တိုင် လိင်တူစိတ်ဝင်စားသူ
ဖြစ်ကြောင်း စောစောသိနေသူလည်း ရှိသလို နောက်ကျမှသိတဲ့သူတွေလည်း ရှိပါတယ်။ တချို့တွေကတော့ သူတို့ gay ဖြစ်ကြောင်းကို ဖုံးကွယ်ဖို့အတွက် cover သဘောမျိုးနဲ့ မိန်းကလေးချစ်သူထားလေ့ရှိပါတယ်။
Google အချက်အလက်စုဆောင်းသူ ပညာရှင် SethStephens-Davidowitz ရဲ့ရှာဖွေမှု ရလာဒ်အဖြစ် အမျိုးသမီးတွေဟာ သူတို့ရဲ့ခင်ပွန်းက ဖောက်ပြန်မှာထက် gay တစ်ယောက်ဖြစ်နေမှာကို ပိုပြီးစိုးရိမ်ကြောင်း သိရပါတယ်။ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာတင် ကျွန်တော်တို့မသိနိုင်တဲ့ လိင်တူချစ်သူတွေ များစွာရှိနေပါတယ်။ သူတို့ရဲ့ကိုယ်ပိုင်အခွင့်အရေး ဖြစ်တဲ့အတွက် သူတို့ဟာသူတို့ ခြောက်ခြောက်စိုစို ကျွန်တော်တို့နဲ့မဆိုင်ပေမယ့် ကိုယ်နဲ့ပတ်သတ်လာမယ့်ချစ်သူက gay သို့မဟုတ် bisexual လိင်စိတ်နှစ်မျိုးရှိသူ ဖြစ်နေရင်တော့ ကိုယ့်နဲ့ဆိုင်သွားပါပြီ။ ဒါကြောင့်ကိုယ့်ရဲ့စိုးရိမ်မှုနဲ့ သံသယကိုဖြေဖျောက်နိုင်မယ့် နည်းလမ်းလေးတွေကို လက်လှမ်းမှီသလောက် မျှဝေပေးချင်ပါတယ်။
သူတစ်ခြားမိန်းကလေးတွေကို သိပ်မကြည့်တတ်ဖူး
ကိုယ့်ရဲ့ချစ်သူကောင်လေးက အခြားမိန်းမလှလေးတွေကို လိုက်ငေးမှာကို မိန်းကလေးတိုင်း မနှစ်သက်ကြပါဘူး။ right? ဒါပေမယ့် သင့်ရဲ့ကောင်လေးက ထူးထူးခြားခြားပဲ သူကိုယ်တိုင်အခြားမိန်းမလှလေးတွေကို လုံးဝစိတ်မပါတဲ့ပုံစံမျိုးနဲ့ သင်အမြဲသတိထားတွေ့ရှိရင်တော့ ဒါဟာအရမ်းကို ပုံမှန်မဟုတ်ဖူးလို့ ပြောပါရစေ။ ယောကျ်ားလေးအများစုဟာ လိင်ကိစ္စအကြောင်း ကြိမ်ဖန်များစွာတွေးတောတတ်ကြပြီး ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတွေကိုဆို မသိစိတ်ကပဲဖြစ်ဖြစ် မသိမသာပဲဖြစ်ဖြစ် နည်းနည်းလောက်တော့ ပစ်မှားတတ်ကြပါတယ်။
ဒါပေမယ့် gay တွေအများစုကတော့ ဆွဲဆောင်မှုရှိပြီး တောင့်တင်းတဲ့အမျိုးသားတွေဆိုရင်တော့ ပိုမိုစိတ်ဝင်စားတတ်တဲ့သဘာဝကြောင့် သင်ဘေးမှာရှိနေရင်တောင် နှစ်ခါလောက်တော့ပြန်ကြည့် တတ်ကြပါတယ်။ သင်ကယောကျ်ားအချင်းချင်း ကြည့်တာပဲဆိုတဲ့စိတ်နဲ့ မသိလိုက်တာတွေ ရှိနိုင်ပါတယ်။ ဒါကတော့ သင့်ရဲ့အားနည်းချက်ဖြစ်ပါတယ်။ သင်ရိပ်မိနိုင်ဖို့အတွက် နှစ်ယောက်အတူအပြင်ထွက်တဲ့ အခါမျိုးမှာ သတိထားကြည့်ပါ။ ခပ်ဖြောင့်ဖြောင့် အမျိုးသားတစ်ယောက်ကိုတွေ့ရင် သင့်ကောင်လေးရဲ့မျက်လုံးက အပေါ်ကနေအောက်အထိ မျက်လုံးကစားသွားလား၊ သူတို့ရဲ့မျက်လုံးဆုံမှတ်က ဘယ်နေရာမှာလဲဆိုတာ အာရုံစိုက်ကြည့်ပါ။ ပေါင်ကြားထဲကို ခိုးကြည့်နေတတ်လား။ ဒါမှမဟုတ် အင်္ကျီကျွတ်နဲ့ အမျိုးသားဆိုရင် Six pack တွေကိုစိုက်ကြည့်နေလား ဆိုတာသတိထားပါ။
စိတ်ပညာရှင်ဖြစ်သူ Joe Kort ရဲ့အကြံပေးမှုကတော့ ဒီအရာကိုစစ်ဆေးဖို့ဆို ကမ်းခြေကအကောင်းဆုံးနေရာပါပဲတဲ့။ လိင်စိတ်နှစ်မျိုးရှိတဲ့သူ Bisexual ဆိုရင်တော့ ယောကျ်ားလေးရော မိန်းကလေးပါစိတ်ဝင်စားပါလိမ့်မယ်။ ကျွန်တော်တို့လို ယောကျ်ားစစ်စစ်တွေကတော့ ဘယ်လောက်ပဲတောင့်ဖြောင့်နေတဲ့ အမျိုးသားဖြစ်ပါစေ သတိထားတောင်ကြည့်မှမဟုတ်ပါဘူး။ မိန်းကလေးတွေကိုပဲ လိုက်ငမ်းတတ်တာပါ။
သူ့သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် ထိတွေ့တတ်တယ်
တကယ်လို့ သင့်ကောင်လေးက အခြားသူ့သူငယ်ချင်းတွေနဲ့ ပွေ့ဖက်တာတွေ ထိတွေ့တာတွေမှာ စိတ်ထက်သန်မှုရှိရင်၊ သို့မဟုတ် သူ့ရဲ့သူငယ်ချင်းတွေနဲ့ အတူတူရေချိုးတာတွေ၊ ဝတ်လစ်စလစ်နဲ့ နေတာတွေ၊စတဲ့ လက္ခဏာရပ်တွေကိုလည်း သင်သတိထားကြည့်နိုင်ပါတယ်။ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာမှာ ယောကျ်ားလုံးဝဆန်နေတဲ့အတွက် သူတို့ကိုယ်သူတို့
လုံခြုံမှုအပြည့်ရှိတယ်လို့ ခံစားနေရပေမယ့် အခြားယောကျ်ားလေးတွေနဲ့ ဆက်ဆံတဲ့အခါမှာတော့ အနည်းငယ်ပြောင်းလဲတတ်ကြပါတယ်။
သူက Homo တွေကိုမုန်းတီးသူလား ဒါမှမဟုတ် LGBT တွေနားရောက်ရင် စိတ်မသက်မသာဖြစ်တဲ့သူလား
နောက်ထပ်အကြီးဆုံး သဲလွန်စလက္ခဏာတစ်ခုကတော့ သင့်ရဲ့ချစ်သူဟာ လိင်ပိုင်းဆိုင်ရာမှာ လုံခြုံမှုမရှိတဲ့အတွက် ပုံမှန်မဟုတ်တဲ့ ပုံစံနဲ့ homophobia ဟန်ဆောင်ပြီး သင့်ကိုပြသတတ်သူတစ်ယောက်လား။ ယောကျ်ားပီသသူ အများစုဟာ gay တွေနဲ့ ပြဿနာမရှိကြပါဘူး။ ဒါပေမယ့် သင့်ရဲ့ချစ်သူကောင်လေးက သူ့ကိုဘယ်တုန်းကမှ ဘာတစ်ခုမှမလုပ်ခဲ့တာတောင်မှ gay အမျိုးသားတွေကို တက်ကြွစွာမုန်းတတ်သူတစ်ယောက်လား။ Gay အကြောင်းကိုများပြားတဲ့ ပုံပြင်တွေပြောပြီး သင့်ကိုတရားဟောခဲ့ဖူးပြီး Gay တွေရဲ့အကြောင်းကိုမသိမသာလေ့လာနေတတ်သူတစ်ယောက်လား။ ဒီလိုမူမမှန်တွေအချက်တွေနဲ့လည်း သင့်ကိုဖုံးကွယ်ဖို့ ကြိုးစားတတ်ပါတယ်။
အခြားသူတွေရဲ့ လိင်ပိုင်းကိစ္စကို စွဲလမ်းတတ်သူလား
သင်က သင့်ရဲ့ Homo သူငယ်ချင်းတစ်ယောက်အကြောင်း ပြောမိတဲ့အခါ သူကအရမ်းကိုစိတ်ဝင်စားပြီး မေးခွန်းတွေ မြောက်များစွာမေးတတ်သူတစ်ယောက်လား။ အခြားသူတွေရဲ့လိင်စိတ်ကို အရမ်းစိတ်ဝင်စားပြီး ဘယ်ကနေဘယ်လို gay ဖြစ်သွားကြောင်းကို သိလိုစိတ်ပြင်းပြတတ်ခြင်းဟာ သူကိုယ်တိုင် ကိုယ့်ရဲ့ Sex ကိုဇဝေဇဝါနဲ့ ဖြစ်နေတာကြောင့်လည်း
ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သူ gay ဖြစ်ကြောင်ကို မသိစေချင်တာ သို့မဟုတ် gay ဖြစ်ကြောင်းကို ထုတ်ဖော်ပြောဖို့ အခက်တွေ့နေတာလည်း ဖြစ်နိုင်ပါတယ်။
သင်နဲ့လိင်မှုကိစ္စကို စိတ်မဝင်စား
ဒီအရာနဲ့ ပတ်သတ်ပြီးတော့ များပြားတဲ့အဓိပ္ပာယ်တွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ချစ်သူကောင်လေးက သင်နဲ့အတူ လိင်ကိစ္စကို စိတ်ဝင်စားမှုမရှိသူ သို့မဟုတ် များပြားတဲ့ဆင်ခြေတွေနဲ့ သင့်နဲ့လိင်ကိစ္စကို ငြင်းပယ်တတ်သူတစ်ယောက်လား။ သင်နဲ့ honeymoon ထွက်နေတဲ့ ကာလမှာပဲယခုလိုအဖြစ်မျိုးတွေ ကြုံရတယ်ဆိုရင်တော့ တခုခုမှားနေပြီလို့ ဆိုနိုင်ပါတယ်။
လိင်မဆက်ဆံချင်တာနဲ့ gay ဖြစ်တယ်လို့ အဓိပ္ပာယ်မရပေမယ့် ဒါနဲ့တွဲပြီး အခြားလက္ခဏာရပ်တွေက သင့်ကိုပြောပြပါလိမ့်မယ်။
သူ့ရဲ့ဖေ့ဘွတ်အကောင့်ဟာ သံသယဖြစ်စရာရှိလား
သူ့ရဲ့ ဖေ့ဘွတ်ပရိုဖိုင်ကနေပြီးတော့လည်း သင်သတိထားကြည့်နိုင်ပြီး ပိုပြီးဆိုးတာက သူ့မှာအကောင့်နှစ်ခုရှိနေတတ်ပြီးတော့ တစ်ကောင့်ကပုံမှန်သုံးနေပေမယ့် သင်မသိတဲ့အကောင့်မှာတော့ ယောကျ်ားစစ်စစ်တွေချည်းပဲ လိုက်အပ်ထားတတ်သလို စကားတွေလိုက်ပြောထားတာကို သင်တွေ့ရင်တော့ 90 ရာခိုင်နှုန်းလောက် သေချာနေပါပြီ။ အဆိုးဆုံးကတော့
gay group တွေ gay dating site တွေပါ သုံးနေတာ gay porn တွေကြည့်နေတာပါ မိရင်တော့ သင်ရိပ်မိနိုင်ပါတယ်။ ဒါပေမယ့် သူတို့ကရယ်ပြီး သင့်ကိုပြောပါလိမ့်မယ် အခြောက်တွေကတော်တော်ရယ်ရလို့ ဝင်ကြည့်တာပါ ဆိုပြီးဖာထေးတတ်ပါတယ်။
နောက်တစ်ခုက gay အများစုဟာ celebrities တွေဆိုရင်လည်း LGBT တွေကို ပိုပြီးစွဲလမ်းအားပေးတတ်ကြပြီး Mobile legend, နဲ့အခြားဂိမ်းတွေ ဆော့ရင်တောင်မှ မိန်းကလေးhero ကို အမြဲရွေးချယ်ပြီးဆော့ကစားတတ်ပါသေးတယ်။ ( ဒီတစ်ခုကအချက်အလက် တစ်ခုအနေနဲ့ပြောပြတာပါ၊ အတိအကျသတ်မှတ်စရာ မလိုပါဘူး)
#LM_Naung_Naung
#Lifestyle_Myanmar
—————
LEAVE A REPLY
Please enter your comment!
Please enter your name here