သင်တို့ရဲ့အိမ်မှာ သန့်ရှင်းဖို့ မေ့လျော့နေတဲ့ နေရာအတော်များများရှိတယ်ဆိုတာ သင်သိပါသလား? သင့်ရဲ့အိမ်ကို သန့်ရှငး် ကျန်းမာစွာ ထိန်းသိမ်းဖို့ဆိုရင် မမြင်နိုင်တဲ့ နေရာတွေကို သန့်ရှင်းဖို့ကလည်း အလွန်အရေးကြီးပါတယ်။ အဲ့ဒီလိုနေရာတွေမှာ အိမ်မှာနေတဲ့သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိ အရာဝတ္တု များရှိနေနိုင်ပါတယ်။ ဓါတ်မတည့်မှုက တစ်ကိုယ်ရည်သန့်ရှင်းမှုကင်းမဲ့ခြင်းကြောင့် ဖြစ်ပွားရတဲ့ အဖြစ်အများဆုံးရောဂါဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အိမ်ကို ညစ်ပတ်စေယုံသာမက ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ အောက်ပါနေရာတွေကို သန့်ရှင်းဖို့ မမေ့ပါနဲ့။
၁။ ရေခဲသေတ္တာရဲ့အပေါ်ဆုံးနဲ့ ကြောင်အိမ်တွေ
ကြောင်အိမ်ရဲ့အပေါ်ပိုင်းက မျက်နှာကျက်နဲ့ ထိမနေဘူးဆိုရင် ဖုန်မှုန့်နှင့် အညစ်အကြေးတွေ စုပုံနေပါလိမ့်မယ်။ ဒီနေရာက သန့်ရှင်းဖို့ မေ့လျော့နေတဲ့ နေရာအများစုထဲက တစ်ခုဖြစ်ပါတယ်။ ကြောင်အိမ်တွေရဲ့ ရေခဲသေတ္တာရဲ့ အပေါ်ပိုင်းတွေက မကြာခဏ ဟင်းချက်ဆီဂျီးတွေ စုစည်းနေတတ်တာကြောင့် တစ်နှစ်ကို အနညး်ဆုံး ၂ကြိမ်လောက်သန့်ရှင်းသင့်ပါတယ်။
ဘယ်လိုသန့်ရှငး်မလဲ
ပုံးတစ်ပုံးကိုယူပါ။ ရေ(၅လီတာ)ထည့်ပါ။ အမိုးနီီးယားခွက်တစ်ဝက်ထည့်ပါ။ အဝတ်ဟောင်းတစ်ခုနဲ့အရည်ကို စွတ်ပါ။အဝတ်ဟောင်းနဲ့ မျက်နှာပြင်အားလုံးကို သန့်ရှင်းပေးပါ။
၂။ အမှိုက်ပုံးများနှင့် အနီးအနားရှိနေရာများ
အမှိုက်တွေက အမှိုက်ပုံးအပြင်ဘက်ကို ကျလေ့ရှိတာကြောင့် ညစ်ညမ်းမှုနှင့် မနှစ်မြို့ဖွယ်အန့ံတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် အမှိုက်ပုံးတွေနဲ့ အမှိုက်ပုံးဝန်းကျင်ကို ၁၅ရက်တစ်ခါ သန့်ရှင်းပေးဖို့ အရေးကြီးပါတယ်။
ဘယ်လိုသန့်ရှင်းရမလဲ?
သန့်ရှင်းတဲ့ အဝတ်ကို bleachနှင့် ရေကိုရောပြီး စွတ်ပါ။ အမှိုက်ပုံးနဲ့ ကြောင်အိမ်ရဲ့ မျက်နှာပြင်တွေကို အဝတ်စနဲ့ သန့်ရှင်းပေးပါ။ ပြီးမှ ရေနှင့်အတူ ဆေးကြောပေးပြီး အခြောက်ခံပါ။
၃။ တံမြက်စည်းတွေကို သန့်ရှငး်ပါ
တံမြက်စညး်တွေမှာ ဖုန်တွေ၊ ဆံပင်မွှေးတွေ၊ ဖုန်မှုန့်တွေ အမြဲတမ်း ကပ်ညှိနေတတ်ပါတယ်။ အိမ်သန့်ရှငး်ဖို့ အသုံးပြုတဲ့ ပစ္စည်းတွေကို သန့်ရှငး်ဖို့ အရေးကြီးပါတယ်။
ဘယ်လိုသန့်ရှင်းမလဲ?
ရေပုံးတစ်ပုံးထဲကို ရေသန့်သန့် ၂ဂါလံလောင်းထည့်ပါ။ cleaning liquid အနညး်ငယ်ထည့်ပါ။ ရေပုံးထဲကို တံမြက်စည်းနှစ်ပြီး သန့်ရှင်းပေးပါ။ ရေဖြင့်ဆေးပြီး အခြောက်ခံပါ။
၄။ မျက်နှာကျက်ပန်ကာများနှင့် မီးခွက်များ
မီးခွက်တွေရဲ့ထိပ်နဲ့ မျက်နှာကျက်ပန်ကာတွေရဲ့ ဒလက်တွေမှာ ဖုန်နှင့် အမှိုက်သရိုက်တွေ စုပြုံနေတတ်ပါတယ်။ ဒီဖုန်တွေ၊ အမှိုက်သရိုက်တွေက လေထုထဲကို ပြန့်လွင့်ပြီး ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပါတယ်။
ဘယ်လိုသန့်ရှင်းမလဲ?
ပထမဆုံးကြက်မွှေးတံမြက်စည်နဲ့ ဖုန်တွေကို ဖယ်ရှားပါ။ ပြီးမှ cleanerနဲ့ရေရောထားတဲ့ အဝတ်စိုတစ်ခုနဲ့ သန့်ရှင်းပေးပါ။
၅။ ခေါင်းအုံးနဲ့ မွေ့ယာတွေ
ခေါင်းအုံးတွေ ၊မွေ့ယာတွေကို အချိန်မှန် ရှင်းလင်းသင့်ပါတယ်။ အရေပြားဆဲလ်သေတွေ၊ ချွေးနဲ့ ဖုန်မှုန့်တွေက ဒီနေရာမှာ စုပြုံနေတတ်ပါတယ်။ ဒါတွေက စိုထိုင်းထိုင်းဖြစ်စေပြီး ရောဂါပိုးမွှားတွေအတွက် ပတ်ဝန်းကျင်တစ်ခုဖြစ်လာနိုင်ပါတယ်။
သန့်ရှင်းပြီး ကျန်မာရေးကို ထိန်းသိမ်းဖို့ ဒီနည်းလမ်းလေးတွေကို လိုက်နာပါ။
ဘယ်လိုသန့်ရှင်းမလဲ?
ပထမဆုံးအခင်းတွေကိုဖယ်ပြီး မုန့်ဖုတ်ဆိုဒါတစ်ခွက် (200ဂရမ်)ကိုယူပြီး ဆန်ခါတစ်ခုနှင့်အတူ မွေ့ယာပေါ်မှာ ဖြူးပါ။ ၃နာရီလောက်ထားပြီး ဖုန်စုပ်စက်နဲ့ ဖုန်စုပ်ပေးပါ။ မုန့်ဖုတ်ဆိုဒါက ဖုန်တွေအားလုံးကို သယ်ဆောင်သွားပါလိမ့်မယ်။
#Lifestyle_Myanmar
#LM_Nandar
Source-steptohealth
ZawGyi
သင့္ရဲ႕ေနအိမ္မွာ သန္႔ရွင္းဖို႔ ေမ့ေလ်ာ့ေနတဲ့ ေနရာ (၅)ခု
သင္တို႔ရဲ႕အိမ္မွာ သန္႔ရွင္းဖို႔ ေမ့ေလ်ာ့ေနတဲ့ ေနရာအေတာ္မ်ားမ်ားရွိတယ္ဆိုတာ သင္သိပါသလား? သင့္ရဲ႕အိမ္ကို သန္႔ရွငး္ က်န္းမာစြာ ထိန္းသိမ္းဖို႔ဆိုရင္ မျမင္ႏိုင္တဲ့ ေနရာေတြကို သန္႔ရွင္းဖို႔ကလည္း အလြန္အေရးႀကီးပါတယ္။ အဲ့ဒီလိုေနရာေတြမွာ အိမ္မွာေနတဲ့သူေတြရဲ႕ က်န္းမာေရးကို ထိခိုက္ေစႏိုင္တဲ့ အႏၱရာယ္ရွိ အရာဝတၱဳ မ်ားရွိေနႏိုင္ပါတယ္။ ဓါတ္မတည့္မႈက တစ္ကိုယ္ရည္သန္႕ရွင္းမႈကင္းမဲ့ျခင္းေၾကာင့္ ျဖစ္ပြားရတဲ့ အျဖစ္အမ်ားဆံုးေရာဂါျဖစ္စဥ္ေတြပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အိမ္ကို ညစ္ပတ္ေစယံုသာမက က်န္းမာေရးကိုထိခိုက္ေစႏိုင္တဲ့ ေအာက္ပါေနရာေတြကို သန္႔ရွင္းဖို႔ မေမ့ပါနဲ႔။
၁။ ေရခဲေသတၱာရဲ႕အေပၚဆံုးနဲ႔ ေၾကာင္အိမ္ေတြ
ေၾကာင္အိမ္ရဲ႕အေပၚပိုင္းက မ်က္ႏွာက်က္နဲ႔ ထိမေနဘူးဆိုရင္ ဖုန္မႈန္႔ႏွင့္ အညစ္အေၾကးေတြ စုပံုေနပါလိမ့္မယ္။ ဒီေနရာက သန္႔ရွင္းဖို႔ ေမ့ေလ်ာ့ေနတဲ့ ေနရာအမ်ားစုထဲက တစ္ခုျဖစ္ပါတယ္။ ေၾကာင္အိမ္ေတြရဲ႕ ေရခဲေသတၱာရဲ႕ အေပၚပိုင္းေတြက မၾကာခဏ ဟင္းခ်က္ဆီဂ်ီးေတြ စုစည္းေနတတ္တာေၾကာင့္ တစ္ႏွစ္ကို အနညး္ဆံုး ၂ႀကိမ္ေလာက္သန္႔ရွင္းသင့္ပါတယ္။
ဘယ္လိုသန္႔ရွငး္မလဲ
ပံုးတစ္ပံုးကိုယူပါ။ ေရ(၅လီတာ)ထည့္ပါ။ အမိုးနီီးယားခြက္တစ္ဝက္ထည့္ပါ။ အဝတ္ေဟာင္းတစ္ခုနဲ႕အရည္ကို စြတ္ပါ။အဝတ္ေဟာင္းနဲ႔ မ်က္ႏွာျပင္အားလံုးကို သန္႔ရွင္းေပးပါ။
၂။ အမိႈက္ပံုးမ်ားႏွင့္ အနီးအနားရွိေနရာမ်ား
အမိႈက္ေတြက အမိႈက္ပံုးအျပင္ဘက္ကို က်ေလ့ရွိတာေၾကာင့္ ညစ္ညမ္းမႈႏွင့္ မႏွစ္ၿမိဳ႕ဖြယ္အန႔ံေတြကို ျဖစ္ေပၚေစပါတယ္။ ဒါ့ေၾကာင့္ အမိႈက္ပံုးေတြနဲ႔ အမိႈက္ပံုးဝန္းက်င္ကို ၁၅ရက္တစ္ခါ သန္႔ရွင္းေပးဖို႔ အေရးႀကီးပါတယ္။
ဘယ္လိုသန္႔ရွင္းရမလဲ?
သန္႔ရွင္းတဲ့ အဝတ္ကို bleachႏွင့္ ေရကိုေရာၿပီး စြတ္ပါ။ အမိႈက္ပံုးနဲ႔ ေၾကာင္အိမ္ရဲ႕ မ်က္ႏွာျပင္ေတြကို အဝတ္စနဲ႔ သန္႔ရွင္းေပးပါ။ ၿပီးမွ ေရႏွင့္အတူ ေဆးေၾကာေပးၿပီး အေျခာက္ခံပါ။
၃။ တံျမက္စည္းေတြကို သန္႔ရွငး္ပါ
တံျမက္စညး္ေတြမွာ ဖုန္ေတြ၊ ဆံပင္ေမႊးေတြ၊ ဖုန္မႈန္႔ေတြ အၿမဲတမ္း ကပ္ညိွေနတတ္ပါတယ္။ အိမ္သန္႔ရွငး္ဖို႔ အသံုးျပဳတဲ့ ပစၥည္းေတြကို သန္႔ရွငး္ဖို႔ အေရးႀကီးပါတယ္။
ဘယ္လိုသန္႔ရွင္းမလဲ?
ေရပံုးတစ္ပံုးထဲကို ေရသန္႔သန္႔ ၂ဂါလံေလာင္းထည့္ပါ။ cleaning liquid အနညး္ငယ္ထည့္ပါ။ ေရပံုးထဲကို တံျမက္စည္းႏွစ္ၿပီး သန္႔ရွင္းေပးပါ။ ေရျဖင့္ေဆးၿပီး အေျခာက္ခံပါ။
၄။ မ်က္ႏွာက်က္ပန္ကာမ်ားႏွင့္ မီးခြက္မ်ား
မီးခြက္ေတြရဲ႕ထိပ္နဲ႔ မ်က္ႏွာက်က္ပန္ကာေတြရဲ႕ ဒလက္ေတြမွာ ဖုန္ႏွင့္ အမိႈက္သရုိက္ေတြ စုၿပံဳေနတတ္ပါတယ္။ ဒီဖုန္ေတြ၊ အမိႈက္သရိုက္ေတြက ေလထုထဲကို ျပန္႔လြင့္ၿပီး ပတ္ဝန္းက်င္ကို ညစ္ညမ္းေစပါတယ္။
ဘယ္လိုသန္႔ရွင္းမလဲ?
ပထမဆံုးၾကက္ေမႊးတံျမက္စည္နဲ႔ ဖုန္ေတြကို ဖယ္ရွားပါ။ ၿပီးမွ cleanerနဲ႔ေရေရာထားတဲ့ အဝတ္စိုတစ္ခုနဲ႔ သန္႔ရွင္းေပးပါ။
၅။ ေခါင္းအံုးနဲ႔ ေမြ႕ယာေတြ
ေခါင္းအံုးေတြ ၊ေမြ႕ယာေတြကို အခ်ိန္မွန္ ရွင္းလင္းသင့္ပါတယ္။ အေရျပားဆဲလ္ေသေတြ၊ ေခၽြးနဲ႔ ဖုန္မႈန္႔ေတြက ဒီေနရာမွာ စုၿပံဳေနတတ္ပါတယ္။ ဒါေတြက စိုထိုင္းထိုင္းျဖစ္ေစၿပီး ေရာဂါပိုးမႊားေတြအတြက္ ပတ္ဝန္းက်င္တစ္ခုျဖစ္လာႏိုင္ပါတယ္။
သန္႔ရွင္းၿပီး က်န္မာေရးကို ထိန္းသိမ္းဖို႔ ဒီနည္းလမ္းေလးေတြကို လိုက္နာပါ။
ဘယ္လိုသန္႔ရွင္းမလဲ?
ပထမဆံုးအခင္းေတြကိုဖယ္ၿပီး မုန္႔ဖုတ္ဆိုဒါတစ္ခြက္ (200ဂရမ္)ကိုယူၿပီး ဆန္ခါတစ္ခုႏွင့္အတူ ေမြ႕ယာေပၚမွာ ျဖဴးပါ။ ၃နာရီေလာက္ထားၿပီး ဖုန္စုပ္စက္နဲ႔ ဖုန္စုပ္ေပးပါ။ မုန္႔ဖုတ္ဆိုဒါက ဖုန္ေတြအားလံုးကို သယ္ေဆာင္သြားပါလိမ့္မယ္။
#Lifestyle_Myanmar
#LM_Nandar
Source-steptohealth