Home General Knowledge သင့္ရဲ႕ေဒါသကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ အေကာင္းဆံုးနည္းလမ္း (၄) ခ်က္

သင့္ရဲ႕ေဒါသကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ အေကာင္းဆံုးနည္းလမ္း (၄) ခ်က္

0
344

သင့္ရဲ႕ေဒါသကို ထိန္းခ်ဳပ္ႏိုင္ဖို႔ အတြက္ အေကာင္းဆံုးနည္းလမ္းကေတာ့ ဘယ္အခ်ိန္မွာ သင္စတင္ၿပီးေဒါသထြက္လာတယ္ ဆိုတာကိုသိဖို႔နဲ႔ လကၡဏာေတြကို အသိအမွတ္ျပဳဖို႔ပဲ ျဖစ္ပါတယ္။ ဒါဟာ သင့္ရဲ႕စိတ္ကို ၿငိမ္သက္ေစဖို႔အတြက္ အေရးႀကီးတဲ့ အခ်က္တစ္ခုပါ။ ဒီလိုအေျခအေနမွာ အေကာင္းဖက္ကို ျပန္လည္ေရာက္ရွိၿပီး ေအးေဆးတည္ၿငိမ္ႏိုင္ဖို႔ ေလ့လာၾကည့္ၾကရေအာင္။ ေဒါသဟာ သာမာန္စိတ္ခံစားမႈ တစ္ခုသာျဖစ္ပါတယ္။ တခ်ိဳ႕လူေတြက ေဒါသကိုထိန္းခ်ဳပ္တဲ့ ေနရာမွာ ညင္သာသိမ္ေမြ႕ၿပီး ပါရမီပါသေလာက္ တခ်ိဳ႕ကေတာ့ သည္းခံႏိုင္စြမ္ အလြန္နည္းပါးၿပီး ေပါက္ကြဲလြယ္တတ္ၾကပါတယ္။ ဒီလိုေပါက္ကြဲလြယ္ျခင္းေၾကာင့္ ႐ုပ္ပိုင္းနဲ႔ ခံစားခ်က္ပိုင္းကို အႏၱရာယ္ျဖစ္ေစႏိုင္ပါတယ္။

၁။ အရင္းအျမစ္ကို ခြဲျခမ္းစိတ္ျဖာပါ
သင့္ကိုေဒါသျဖစ္ေစတဲ့ အရာကို အာ႐ံုမစူးစိုက္ပါနဲ႔။ အဲ့ဒီ့အစား ျပႆနာကို ေျဖရွင္းဖို႔အတြက္ ႀကိဳးပမ္းပါ။ သင့္ရဲ႕ကေလးက အျမဲတမ္းစိတ္တိုေနတတ္လား။ သူတို႔ကို အလုပ္မ်ားေစမယ့္ တစ္ခုခုနဲ႔ ထိန္းသိမ္းႏိုင္ပါလိမ့္မယ္။ ေဒါသအိုးေပါက္ကြဲ ရျခင္းရဲ႕ ေနာက္ကြယ္ကအေၾကာင္းရင္းကို သင္သိေနဖို႔ လိုအပ္ပါတယ္။ ဒီလိုေဒါသျဖစ္ရတဲ့ ေနာက္ကြယ္ကအေၾကာင္းကို သိရွိၿပီးမွသာ ျပႆနာရဲ႕ဇစ္ျမစ္ကို အာ႐ံုစိုက္နိုင္ၿပီး ေျဖရွင္းႏိုင္မွာျဖစ္ပါတယ္။

၂။ ခြင့္လႊတ္ဖို႔ႀကိဳးစားပါ
သင္တတ္ႏိုင္တယ္ဆိုရင္ ခြင့္လႊတ္ဖို႔ ႀကိဳးစားသင့္ပါတယ္။ ဒါဟာ မေက်နပ္မႈေတြကို ဖယ္ရွားဖို႔အေကာင္းဆံုး နည္းလမ္းျဖစ္ပါတယ္။ ခြင့္လႊတ္ျခင္းကို အာ႐ံုစိုက္ျခင္းေၾကာင့္ သင့္ရဲ႕စိတ္ထဲမွ မေကာင္းတဲ့အေတြးေတြ၊ ခံစားခ်က္ေတြကို ဖယ္ရွားပစ္ႏိုင္ၿပီး တနည္းအားျဖင့္ ေဒါသေၾကာင့္ပူေလာင္မႈကို ၿငိမ္းေအးေစပါလိမ့္မယ္။ဒါေပမယ့္ ဒါဟာလူအမ်ားစုအတြက္ေတာ့ အခက္ခဲဆံုးအရာျဖစ္ႏိုင္ပါတယ္။ ဒီလိုခြင့္လႊတ္ႏိုင္ဖို႔ အတြက္ကလည္း အမွားရဲ႕သဘာဝအေပၚ မူတည္ေနၿပီး တကယ္လို႔ ခြင့္လႊတ္ႏိုင္စြမ္း ရွိခဲ့ရင္ေတာင္မွ ေမ့ပစ္လို႔ရမွာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ျပႆနာတစ္ခုကို ေကာင္းမြန္စြာ ေျဖရွင္းႏိုင္ဖို႔အတြက္ေတာ့ အေကာင္းဆံုးနည္းတစ္ခုျဖစ္ပါတယ္။

၃။ ပိုၿပီးနားေထာင္ဖို႔ ႀကိဳးစားပါ
တကယ္လို႔ သင္နားေထာင္တဲ့့အခါ ယံုၾကည္မႈပိုၿပီး တည္ေဆာက္နိုင္ပါလိမ့္မယ္။ ဒီလိုယံုၾကည္မႈ တည္ေဆာက္ဖို႔ အခြင့္အေရးပိုမ်ားလာတာနဲ႔အမွ် မေကာင္းတဲ့စိတ္ခံစားခ်က္ေတြကို ေလ်ာ့ပါးလာေစပါလိမ့္မယ္။

၄။ သက္ေတာင့္သက္သာေနပါ
စိတ္တိုၿပီး ေဒါသႀကီးေနတဲ့့ သူတစ္ေယာက္ကို သင္က စိတ္ေအးေအးထားဖို႔ ေျဖာင္းျဖတဲ့အခါ သူ႔အတြက္ေဒါသကို အနည္းငယ္ေျပေစပါလိမ့္မယ္။ ေဒါသထြက္ေနတဲ့ အခ်ိန္မ်ိဳးမွာ စိတ္ေအးလက္ေအးထားႏိုင္ဖို႔ သတိကအလြန္အေရးႀကီးၿပီး ေဒါသေၾကာင့္ မွားယြင္းမႈေတြကိုလည္း သက္သာေစႏိုင္ပါတယ္။ ဒီအတြက္ အသက္ကိုဝေအာင္႐ႈၿပီး စိတ္ကိုစုစည္းပါ။ ကိုယ့္ကိုယ္ကို ဘာမွမျဖစ္ေၾကာင္း၊ စိတ္ေလ်ာ့ဖို႔အတြက္ စိတ္ထဲကေနေျပာဆိုေပးပါ။ သင္ဟာ တကယ္လိုေဒါသထြက္လြယ္ၿပီး စိတ္မထိန္းႏိုင္သူတစ္ေယာက္ ျဖစ္ပါက တရားထိုင္တဲ့အက်င့္၊ သို႔မဟုတ္ အသက္႐ႈေလ့က်င့္ခန္းေတြကို ပံုမွန္ျပဳလုပ္ေပးဖို႔ မေမ့ပါနဲ႔။

အိမ္ေထာင္ျပဳဖို႔ ရည္ရြယ္ထားရင္ ဒီအခ်က္ေတြ ႀကိဳတင္ေလ့လာထားဖို႔ လိုအပ္ပါတယ္။

LM_Naung_Naung

Lifestyle_Myanmar

Source-gottadotherightthings

Unicodeသင့်ရဲ့ဒေါသကို ထိန်းချုပ်နိုင်ဖို့ အတွက် အကောင်းဆုံးနည်းလမ်းကတော့ ဘယ်အချိန်မှာ သင်စတင်ပြီးဒေါသထွက်လာတယ် ဆိုတာကိုသိဖို့နဲ့ လက္ခဏာတွေကို အသိအမှတ်ပြုဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ သင့်ရဲ့စိတ်ကို ငြိမ်သက်စေဖို့အတွက် အရေးကြီးတဲ့ အချက်တစ်ခုပါ။ ဒီလိုအခြေအနေမှာ အကောင်းဖက်ကို ပြန်လည်ရောက်ရှိပြီး အေးဆေးတည်ငြိမ်နိုင်ဖို့ လေ့လာကြည့်ကြရအောင်။ ဒေါသဟာ သာမာန်စိတ်ခံစားမှု တစ်ခုသာဖြစ်ပါတယ်။ တချို့လူတွေက ဒေါသကိုထိန်းချုပ်တဲ့ နေရာမှာ ညင်သာသိမ်မွေ့ပြီး ပါရမီပါသလောက် တချို့ကတော့ သည်းခံနိုင်စွမ် အလွန်နည်းပါးပြီး
ပေါက်ကွဲလွယ်တတ်ကြပါတယ်။ ဒီလိုပေါက်ကွဲလွယ်ခြင်းကြောင့် ရုပ်ပိုင်းနဲ့ ခံစားချက်ပိုင်းကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

၁။ အရင်းအမြစ်ကို ခွဲခြမ်းစိတ်ဖြာပါ
သင့်ကိုဒေါသဖြစ်စေတဲ့ အရာကို အာရုံမစူးစိုက်ပါနဲ့။ အဲ့ဒီ့အစား ပြဿနာကို ဖြေရှင်းဖို့အတွက် ကြိုးပမ်းပါ။ သင့်ရဲ့ကလေးက အမြဲတမ်းစိတ်တိုနေတတ်လား။ သူတို့ကို အလုပ်များစေမယ့် တစ်ခုခုနဲ့ ထိန်းသိမ်းနိုင်ပါလိမ့်မယ်။ ဒေါသအိုးပေါက်ကွဲ ရခြင်းရဲ့ နောက်ကွယ်ကအကြောင်းရင်းကို သင်သိနေဖို့ လိုအပ်ပါတယ်။ ဒီလိုဒေါသဖြစ်ရတဲ့ နောက်ကွယ်ကအကြောင်းကို သိရှိပြီးမှသာ ပြဿနာရဲ့ဇစ်မြစ်ကို အာရုံစိုက်နိုင်ပြီး ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

၂။ ခွင့်လွှတ်ဖို့ကြိုးစားပါ
သင်တတ်နိုင်တယ်ဆိုရင် ခွင့်လွှတ်ဖို့ ကြိုးစားသင့်ပါတယ်။ ဒါဟာ မကျေနပ်မှုတွေကို ဖယ်ရှားဖို့အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ ခွင့်လွှတ်ခြင်းကို အာရုံစိုက်ခြင်းကြောင့် သင့်ရဲ့စိတ်ထဲမှ မကောင်းတဲ့အတွေးတွေ၊ ခံစားချက်တွေကို ဖယ်ရှားပစ်နိုင်ပြီး တနည်းအားဖြင့် ဒေါသကြောင့်ပူလောင်မှုကို ငြိမ်းအေးစေပါလိမ့်မယ်။ဒါပေမယ့် ဒါဟာလူအများစုအတွက်တော့ အခက်ခဲဆုံးအရာဖြစ်နိုင်ပါတယ်။ ဒီလိုခွင့်လွှတ်နိုင်ဖို့ အတွက်ကလည်း အမှားရဲ့သဘာဝအပေါ် မူတည်နေပြီး တကယ်လို့ ခွင့်လွှတ်နိုင်စွမ်း ရှိခဲ့ရင်တောင်မှ မေ့ပစ်လို့ရမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပြဿနာတစ်ခုကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ဖို့အတွက်တော့ အကောင်းဆုံးနည်းတစ်ခုဖြစ်ပါတယ်။

၃။ ပိုပြီးနားထောင်ဖို့ ကြိုးစားပါ
တကယ်လို့ သင်နားထောင်တဲ့အခါ ယုံကြည်မှုပိုပြီး တည်ဆောက်နိုင်ပါလိမ့်မယ်။ ဒီလိုယုံကြည်မှု တည်ဆောက်ဖို့ အခွင့်အရေးပိုများလာတာနဲ့အမျှ မကောင်းတဲ့စိတ်ခံစားချက်တွေကို လျော့ပါးလာစေပါလိမ့်မယ်။

၄။ သက်တောင့်သက်သာနေပါ
စိတ်တိုပြီး ဒေါသကြီးနေတဲ့ သူတစ်ယောက်ကို သင်က စိတ်အေးအေးထားဖို့ ဖြောင်းဖြတဲ့အခါ သူ့အတွက်ဒေါသကို အနည်းငယ်ပြေစေပါလိမ့်မယ်။ ဒေါသထွက်နေတဲ့ အချိန်မျိုးမှာ
စိတ်အေးလက်အေးထားနိုင်ဖို့ သတိကအလွန်အရေးကြီးပြီး ဒေါသကြောင့် မှားယွင်းမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒီအတွက် အသက်ကိုဝအောင်ရှုပြီး စိတ်ကိုစုစည်းပါ။ ကိုယ့်ကိုယ်ကို ဘာမှမဖြစ်ကြောင်း၊ စိတ်လျော့ဖို့အတွက် စိတ်ထဲကနေပြောဆိုပေးပါ။ သင်ဟာ တကယ်လိုဒေါသထွက်လွယ်ပြီး စိတ်မထိန်းနိုင်သူတစ်ယောက် ဖြစ်ပါက တရားထိုင်တဲ့အကျင့်၊ သို့မဟုတ် အသက်ရှုလေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးဖို့ မမေ့ပါနဲ့။

LM_Naung_Naung

Lifestyle_Myanmar

Source-gottadotherightthings

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here