မိုးပြာရောင်
Salmon color
အစိမ်းဖျော့ရောင်
ပန်းနုရောင်
၎။ ဧည့်ခန်းပရိဘောဂ
၆။ စီစဉ်နေရာချပါ
ကိုယ့်အိမ်မှာ ဘယ်နေရာမှာ ဘာထားမယ်ဆိုတာ စိတ်ကြိုအစီအစဉ်ချထားခြင်းက သက်တောင့်သက်သာဖြစ်ပြီး နေရာလွတ်ပိုရစေပါတယ်။
#Lifestyle_Myanmar
#LM_Nandar
Source-steptohealth
Unicode
သင့်ရဲ့ဧည့်ခန်းလေးကို ပိုကျယ်စေဖို့ ပြုလုပ်နိုင်တဲ့ အိုင်ဒီယာ (၆)ခု
အိမ်တစ်လုံးကို ကြည့်မယ်ဆိုရင် အမြင်သာဆုံးနဲ့ အသုံးများဆုံး အခန်းကတော့ ဧည့်ခန်းပဲဖြစ်ပါတယ်။ ဧည့်ခန်းက အိမ်တစ်အိမ်ရဲ့ အဓိကအရေးပါတဲ့ မျက်နှာစာဖြစ်တာကြောင့် သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းနေဖို့ လိုပါတယ်။ ယနေ့ခေတ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း 70-80တုန်းကလို အိမ်အကြီးကြီးတွေ မရှိကြတော့ပါဘူး။ အိမ်ခြံမြေစျေးကွက်ကခေါင်ခိုက်နေတာကြောင့်လည်း လူအများစုက အိမ်ကြီးကြီးမားမားတွေ မတတ်နိုင်ကြတော့ပါဘူး။ ရလဒ်က အခန်းတွေလညး် ကျဉ်းကုန်ကြပါတယ်။ ဧည့်ခန်းလို နေရာသေးသေးကို ပိုပြီးကျယ်တယ် ထင်ရစေဖို့ အလှဆင်ပစ္စည်းတွေသုံးပြီး ပြုလုပ်နိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုဒီဇိုင်း ပြင်ဆင်ခြယ်သမှုမျိုးတွေနဲ့ သင့်ရဲ့ဧည့် ခန်းလေးကိုလှပပြီး နေချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ထားရမလဲဆိုတဲ့နည်းလမ်းလေးတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အရောင်လင်းလင်းလေးတွေ သုံးပါ
ဧည့်ခန်းကို ပိုကြီးတယ် ထင်ရစေဖို့ နံရံဆေးသုတ်တဲ့အခါ သင်အသုံးပြုတဲ့ အရောင်တွေက အရေးပါပါတယ်။ သင့်ရဲ့ဧည့်ခန်းက သေးငယ်လျှင် အရောင်ဖျော့ဖျော့လေးတွေ အမြဲတမ်းအသုံးပြုသင့်ပါတယ်။ Pastel, ခရမ်ရောင်, နှင့် အဖြူရောင်လေးတွေက အခန်းကို အများကြီး ပိုကျယ်၊ ပိုလင်းသွားစေတယ်လို့ ထင်ရပါတယ်။ အရောင်ရင့်တွေက နေရာကို ကျုံ့စေပါတယ်။ မျက်နှာကျက်ကို strong color မသုတ်ပါနဲ့။ အရောင်ဖျော့ပဲသုတ်ပေးပါ။ မျက်နှာကျက်ကို နံရံထက်ပိုလင်းတဲ့ အရောင်သုတ်သင့်ပါတယ်။ဒါမှသာ အခန်းကို ပိုတောက်ပပြီး အနည်းငယ်ပိုသန့်သွားသယောင်ဖြစ်စေပါလိမ့်မယ်။
အကြံပြုအရောင်များကတော့
Lilac(ခရမ်းဖျော့ရောင်)
Beige (အဝါနုရောင်ဖျော့)
မိုးပြာရောင်
Salmon color
အစိမ်းဖျော့ရောင်
ပန်းနုရောင်
watercolor ကဲ့သို့အရောင်တွေ
အဖြူရောင်(ဆင်စွယ်ရောင်၊ မြေဖြူရောင် စသဖြင့်)
၂။ ဧည့်ခန်းထဲမှာ နေရာအလွတ်တစ်ခုထားပါ
လှည့်ကွက်တစ်ခုကတော့ ပြတင်းပေါက်တစ်ခုရှေ့မှာ နေရာလွတ်တစ်ခု ထားဖို့ပါ။ ဒါက လေဟာနယ်တစ်ခုလို ဖြစ်စေတာကြောင့် အခန်းကို ပိုကျယ်စေပါတယ်။ အပြင်ကိုကြည့်ဖို့ ညွှန်ကြားနေသလိုလည်း ဖြစ်စေပါတယ်။ ဒီရိုးရှင်းတဲ့ နည်းလမ်းလေးတွေက အပြောင်းအလဲကြီးကြီးမားမားမလုပ်ရဘဲ သင့်ဧည့်ခန်းကို ပိုကျယ်ပြီး တောက်ပစေမှာ အမှန်ပါပဲ။
၃။ သင့်ဧည့်ခန်းကို ပိုကျယ်တယ်ထင်ရစေဖို့ မှန်တွေသုံးပါ
ဒါက ပုံမှန်အလှဆင်သူတွေရဲ့ လှည့်ကွက်တစ်ခုပါ။ နံရံပေါ်မှာ မှန်အကြီးကြီးတစ်ခု ချိတ်ဆွဲထားလျှင် decorations အများကြီး ရှိဖို့မလိုပါဘူး။ မှန်က တစ်ခန်းလုံးကို လင်းစေပြီး နေရာတစ်ခုလို impression ပေးပါလိမ့်မယ်။ မှန်အကြီးကြီး တစ်ချပ်နဲ့တင် လုံလောက်ပါတယ်။ အရမ်းအများကြီးသုံးရင်တော့ နေရာကို overload ဖြစ်စေပြီး နေရာကျဉ်းတဲ့ သက်ရောက်မှုကို ရရှိပါလိမ့်မယ်။
မှန်အကြီးကြီးတစ်ချပ်သုံးပါ။
အခန်းရဲ့တံခါးဝ ညာဘက်ထောင့်မှာ ထားပါ။
ပြတင်းပေါက် သို့မဟုတ် တံခါးပေါက်တစ်ခုခုနဲ့ တတ်နိုင်သမျှ နီးစပ်နေပါစေ။
နံရံကို အလွန်အကျွံ အလှမဆင်ပါနဲ့။
၄။ ဧည့်ခန်းပရိဘောဂ
နေရာကျဉ်းကျဉ်းလေးအတွက် ပရိဘောဂနှင့် decoration တွေကို ရွေးချယ်တဲ့အခါ နေရာပိုကျယ်စေဖို့ ဒီအကြံပြုချက်လေးတွေကို ထည့်သွင်းစဉ်းစားပါ။
ပထမဆုံး ပရိဘောဂလင်းလင်းလေးတွေကို ရွေးချယ်ပါ
neutral colors သို့မဟုတ် warm ဖြစ်တဲ့ accessories လေးတွေကို ရှာဖွေပါ။
details နည်းပါးတဲ့ ပရိဘောဂကို သုံးတာက ပိုကောင်းပါတယ်။
decorations အရမ်းအများကြီး အသုံးမပြုပါနဲ့။ အခန်ကို ပိုကျယ်ဝန်းတဲ့ပုံ ပေါ်ပါလိမ့်မယ်။
၅။ အသေးစားပရိဘောဂလေးတွေကို ရွေးချယ်ပါ
ပရိဘောဂ ပုပုလေးတွေကို သုံးလျှင် အတားအဆီးမရှိဘဲ အခန်းတစ်ခုလုံးကို မြင်နိုင်တာကြောင့် အခန်းရဲ့အတိမ်အနက်ကို ရရှိစေပါတယ်။ ထိုင်ခုံပုလေးတွေ၊ pouffes လေးတွေက ဒီနေရာမှာ အလုပ်ဖြစ်ပါတယ်။ ဒီပရိဘောဂလေးတွေက နေရာလွတ်ကို function နှစ်ဆပေးပါလိမ့်မယ်။ ဥပမာ pouffe လေးတွေက နေရာလွတ်သိုလှောင်မှုကို မဖြစ်စေပါဘူး။
၆။ စီစဉ်နေရာချပါ
ကိုယ့်အိမ်မှာ ဘယ်နေရာမှာ ဘာထားမယ်ဆိုတာ စိတ်ကြို်အစီအစဉ်ချထားခြင်းက သက်တောင့်သက်သာဖြစ်ပြီး နေရာလွတ်ပိုရစေပါတယ်။
သင့်ရဲ့ decorationsအတွက် အလျားလိုက်စာအုပ်စင်ကို သုံးပါ။ ဒါက ဒေါင်လိုက်အရှည်တွေထက်စာရင် နေရာနည်းနည်းပဲ ယူပါလိမ့်မယ်။
ပရိဘောဂ တစ်စိတ်တစ်ပိုင်းက သင့်မြင်ကွငး်ကို ဖုံးကွယ်မသွားစေပါနဲ့။ ဘာမှမရှိတဲ့ နေရာလွတ်က အကွာအဝေးခံစားမှုတစ်ခုကို promotes လုပ်ပေးပါတယ်။
လိုက်ကာအရောင်ရင့်ရင့် ထူထူတွေက တောက်ပတဲ့နေရာတစ်ခုကို ဖန်တီးဖို့ ကူညီမှာ မဟုတ်ပါဘူး။ ပြတင်းပေါက်ကို လိုက်ကာမတပ်ဘဲထားပါ။ ဒါမှမဟုတ် လိုက်ကာသုံးတဲ့အခါ ပိတ်စပါးပါးနဲ့ အရောင်လင်းလင်းလေးအသုံးပြုပါ။ ခန်းဆီးလိုက်ကာစရဲ့ အရောင်က သင့်နံရံအရောင်နဲ့ လိုက်ဖက်ပါစေ။ ခန်းဆီးနဲ့ နံရံ အရောင်တူတဲ့အခါ အခန်းက ပိုကျယ်သွားသယောင်ရှိပါတယ်။
မလိုအပ်တဲ့ပစ္စည်းတွေကို မစုဆောင်းထားပါနဲ့။ သင့်ရဲ့ဧည့်ခန်းကို ပိုကျယ်သယောင်ဖြစ်စေဖို့ ပစ္စည်းအများကြီးထက် နည်းနည်းလေးရှိတာက ပိုကောင်းပါတယ်။
ဧည့်ခန်းကျဉ်းလေးထဲမှာ ကြီးမားတဲ့ ပန်းချီကားကြီးတွေ အသုံးပြုတာ သို့မဟုတ် အနုပညာလက်ရာတွေနဲ့ နေရာအများကြီးယူတာက နေရာကို ပိုကျဉ်းစေတာကြောင့် အကြံမပြုပါဘူး။
ရိုးရှင်းတဲ့စတိုင် သို့မဟုတ် တစ်ခုခုဆင်တူလေးတွေ decorations လုပ်ဖို့ကြိုးစားကြည့်ပါ။ ဒီအိုင်ဒီယာက နေရာလွတ်ကို သတိပြုမိစေသလို လက်တွေ့ကျတဲ့ အခန်းကြော့ရှင်းမှုကိုဖြစ်စေပါတယ်။
#Lifestyle_Myanmar
#LM_Nandar
Source-steptohealth