သင့်ရဲ့အသွင်အပြင်ကို ပိုဆိုးစေနိုင်တဲ့ ဈေးဝယ်အမှား ၄ခု

0
182
သင့်ရဲ့အသွင်အပြင်ကို

အဝတ်အစား ဝယ်တဲ့အခါ size မှားပြီး ဝယ်လာတာမျိုး၊ အိမ်ရောက်မှ ဝတ်ကြည့်တဲ့အခါ ကိုယ်နဲ့ မတော်တာမျိုး ကြုံဖူးကြမှာပါ။ အထူးသဖြင့် အွန်လိုင်းshoppingတွေက ၀ယ်တဲ့အခါ ဒီလိုဒုက္ခမျိုး ကြုံတွေ့ရနိုင်ပါတယ်။ တခါတရံ size မှန်တဲ့ အဝတ်အစားတောင် ကျုံ့လွန်း၊ ကျယ်လွန်းသွားတာတို့ ဖြစ်လာပါတယ်။ ဆွယ်တာအကျီ င်္၊ဂျင်းဘောင်းဘီတွေ ဝယ်တော့မှန်ဆိုလျှင် ဒီစည်းမျဉ်းစည်းကမ်းလေးတွေကို လိုက်နာပြီး ဝယ်ယူကြည့်ပါ။ သင့်ကို အဆင်ပြေစေပါလိမ့်မယ်။
၁။ မှန်ကန်တဲ့အတိုင်းတာကို ရယူပါ


တင်ပါးလုံးပတ်။ မှန်တစ်ချပ်ရှေ့မှာ ဘေးတိုက်ရပ်ပြီး သင့်တင်ပါး အတိုင်းအတာကို တိုင်းတာပါ။ ပေကြိုးနှင့် တင်ပါးကို တိုင်းတဲ့အခါ ကွက်တိဖြစ်ဖို့ လိုပါတယ်။

ခါးလုံးပတ်။ ခါးလုံးပတ်ကို တိုင်းဖို့ ပေကြိုးကို သင့်ဝမ်းဗိုက်ရဲ့အပါးလွှာဆုံးအစိတ်အပိုင်းပေါ်မှာ ထားပါ။
ရင်ဘက်လုံးပတ်။ ရင်ဘက်လုံးပတ်တိုင်းဖို့ ရင်သားရဲ့ အထင်ရှားဆုံး အစိတ်အပိုင်းပေါ်မှာ ပေကြိုးကိုထားတိုင်းပါ။ ပေကြိုးကိုတိုင်းတဲ့အခါ ကျောဘက်ကို နည်းနည်းမြင့်ပြီး တိုင်းသင့်ပါတယ်။
လည်ပင်းလုံးပတ်။ ဒါက အမျိုးသားတွေအတွက် ရှပ်အရွယ်အစားကို ဆုံးဖြတ်ဖို့ အများဆုံး အသုံးပြုလို့ရပါတယ်။ ပေကြိုးကို လည်ပင်းရဲ့အခြေမှာထားပြီး လည်ပင်းပတ်လည်ကို တိုင်းပါ။
အတိုင်းအတာ ယူပြီးနောက် အောက်ဖော်ပြပါ ဇယားနှင့်နှိုင်းယှဉ်ပြီး မှန်ကန်တဲ့ ဆိုဒ်ကို ရွေးချယ်ပါ။


US- အမေရိကန်ဆိုဒ်
INT- နိုင်ငံတကာဆိုဒ်
EU- ဥရောပဆိုဒ်

၂။ ထုတ်လုပ်သူများထံမှ အကြံပြုချက်များကို အာရုံမစိုက်ပါနဲ့


အွန်လိုင်းက အဝတ်အစား ရွေးချယ်တဲ့အခါ manufacturer ကွဲပြားသလို ဆိုဒ်တွေလည်း ကွဲပြားတယ်ဆိုတာ သတိရပါ။ ဝက်ဘ်ဆိုဒ်တိုင်းမှာ သူ့သတ်မှတ်ချက်နဲ့ ၎င်းရဲ့ကိုယ်ပိုင်ဇယားရှိပါတယ်။

၃။ ဆိုဒ်ကို ရွေးချယ်တဲ့အခါ အထည်သားကို မသိနိုင်ပါဘူး


ဆွဲသား၊ ချည်သား၊ သိုးမွှေးတွေနဲ့ ပြုလုပ်ထားတဲ့ အဝတ်အစားတွေဟာ ဝယ်ပြီး လျှော်တဲ့အခါ ကျုံ့သွားတာ၊ ကျယ်သွားတာ၊ ရှည်သွားတာမျိုး ဖြစ်တတ်ပါတယ်။ အွန်လိုင်းက ဝယ်မယ်ဆို ရောင်းသူရဲ့ အကြံပြုချက်များကို ရယူပါ။

၎။ ပိုကြီးတဲ့ ဆိုဒ် ၀ယ်နိုင်တဲ့ အဝတ်အစား


သိုးမွှေးနဲ့လုပ်ထားတဲ့ ဆွယ်တာများ။ သိုးမွှေးထည်တွေက လျှော်ပြီးနောက်မှာ ကျုံ့လာပါလိမ့်မယ်။ အဝတ်အစားက ကွက်တိဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အနည်းငယ်ချောင်တဲ့ သိုးမွှေးထည်ကို ဝယ်ယူပါ။ အဝတ်လျှော်ပြီးနောက် အဝတ်ကျုံ့သွားတာကို ရှောင်ရှားဖို့ သဘက်အခြောက်ပေါ်မှာ အလျားလိုက်အနေအထားနဲ့ အခြောက်ခံသင့်ပါတယ်။
တီရှပ်၊ အတွင်းခံနှင့် တခြားချည်အဝတ်အစားများ။ ချည်သားတွေက လျှော်ပြီးနောက်မှာ တော်တော်လေးကျုံ့သွားတတ်ပါတယ်။ ဒါ့ကြောင့် အရွယ်အစား အတိအကျကို မ၀ယ်သင့်ပါဘူး။ အဝတ်အစားတွေမှာ elastane ပါဝင်လျှင် သင့်ရဲ့ပုံမှန်ဆိုဒ်အတိုင်း ရွေးချယ်နိုင်ပါတယ်။
ကော်လာပါတဲ့ ရှပ်များနှင့် ဘလောက်အကျီင်္များ။ လည်ထောင်အကျီ င်္တွေ၊ လည်စည်းနဲ့ဝတ်မယ့် ရှပ်အကျီ င်္တွေဟာ လည်ပင်းနှင့် ကော်လာကြားမှာ အနည်းငယ်ကွာဟနေသင့်ပါတယ်။ လည်ပင်းနှင့်အတိဖြစ်နေရင် လျှော်ပြီးတဲ့အခါ ကျုံ့သွားပြီး လည်ပင်းညှစ်ထားသလို ဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့် ပိုကြီးတဲ့ အရွယ်အစားကို ဝယ်သင့်ပါတယ်။

ဆိုဒ်အသေး ဝယ်နိုင်တဲ့ အ၀တ်အစား


သိုးမွှေးထိုးအဝတ်အစားများ။ ဘယ်ချည်အမျိုးအစားကို သုံးထားထား ကိစ္စမရှိပါဘူး။ ဒီအဝတ်အစားတွေဟာ ဆန့်သွားပါလိမ့်မယ်။ ချည်ထိုးအဝတ်အစားတွေကို ဝယ်တဲ့အခါ တစ်ဆိုဒ် ပိုသေးတာကို ဝယ်ယူပါ။ ဒီလိုမှမဟုတ်ရင် အကျီင်္လက်တွေက ထိုးထားတာထက် ပိုရှည်လာတာကြောင့်ပါ။
ဂျင်းဘောင်းဘီ။ ဂျင်းတွေကို ကော်တွန်နှင့် ပြုလုပ်ထားသော်လည်း ဂျင်းအဝတ်အစားတွေက ပထမအကြိမ် ဝတ်ပြီးနောက်မှာ ပိုကြီးလာပါတယ်။ ဂျင်းတွေကို အထူး (elastic)အီလက်စတစ်သားနဲ့ ပြုလုပ်ထားရင်တော့ ပိုကြီးလာမှာ မဟုတ်ပါဘူး။
ပေါ်လီအက်စတာ(ဓာတုနည်းဖြင့်ပြုလုပ်သောအမျှင်များဖြင့်ရက်လုပ်သောအထည်)။ ဒီဒြပ်စင်အထည်နဲ့ ပြုလုပ်ထားတဲ့ အဝတ်အစားများက မကြာခဏ ဆန့်သွားနိုင်ပါတယ်။ တစ်ဆိုဒ်ပိုသေးတဲ့ အဝတ်အစားကို ဝယ်ယူခြင်းဖြင့် ဒီပြဿနာကိုဖြေရှင်းနိုင်ပါတယ်။

၅။ shoe ဖိနပ်ဝယ်တဲ့အခါ


အွန်လိုင်းက shoes ဖိနပ်မှာမယ်ဆိုရင် သင့်ခြေထောက်မှာ အရှည်ဆုံးဖြစ်တဲ့ ခြေမအဖျားကနေ ဖနောင့်အထိ အရှည်ကို တိုင်းတာပါ။ လူအများစုဟာ ခြေထောက်နှစ်ဘက်က အရွယ်အစားမတူညီကြတာကြောင့် ခြေထောက်နှစ်ဘက်လုံး ဆိုဒ်ကိုတိုင်းတာပါ။ ဆိုဒ်ပိုကြီးတဲ့ shoes ဖိနပ်ကို ရွေးချယ်ပါ။

အလွန်အရေးကြီးတဲ့ ကန့်သတ်ချက်ဘောင်ကတော့ အကျယ်ဖြစ်ပါတယ်။ လူသုံးအများဆုံး စနစ်တစ်ခုက အမေရိကန်စနစ်ဖြစ်ပါတယ်။ ဒါကအလွန်ရိုးရှင်းပါတယ်။ N ဆိုရင် narrow, M ဆိုရင် medium,W ဆိုရင် wide ပါ။

#Lifestyle_Myanmar
#LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here