သင့္ရဲ႕အလွအပကို ဖံုးကြယ္သြားေစတဲ့ ဖက္ရွင္အမွားေတြ

0
53

၁။ ရံုး၀တ္စံုႏွင့္ ရႈးဖိနပ္အပါး

-Advertisement-

ရႈးဖိနပ္အပါးမ်ားက သင့္ေျခဆစ္ကို ပိုႀကီးတဲ့ပံုေပၚေစၿပီး တိုင္လံုးေတြကဲ့သို႔ တေျဖာင့္တညး္လို႔ ထင္ရေစပါတယ္။ ဒီဖိနပ္က အထူးသျဖင့္ ေၾကာ့ရွင္းၿပီး စတိုင္က်ေနရမယ့္ ရံုး၀တ္စံုေတြနဲ႔ မသင့္ေလ်ာ္ပါဘူး။ ေဒါက္ပါတဲ့ ရႈးဖိနပ္ကို ၀တ္ဆင္တာက ရံုး၀တ္စံုနဲ႔ အလိုက္ဖက္ဆံုးပါ။

၂။ ဂ်င္းေဘာင္းဘီႏွင့္ အက်ီ ၤခါးရွည္

ဂ်င္းေဘာင္ဘီကို ေက်ာ္ေနတဲ့ အက်ီ ၤကိုယ္က်ပ္ခါးရွည္မ်ားက သင့္ရဲ႕ပံုရိပ္ကို ရွည္လြန္းေစပါတယ္။ ဂ်င္းေဘာင္းဘီနဲ႔ အက်ီ ၤကိုယ္က်ပ္ခါးရွည္ကို ၀တ္မယ္ဆိုရင္ ဂ်င္းေဘာင္းဘီထဲထည့္ၿပီး ၀တ္ဆင္သင့္ပါတယ္။ တကယ္လို႔ ဂ်င္းေဘာင္းဘီထဲ ထည့္၀တ္တဲ့စတိုင္ကို မႀကိဳက္ဘူးဆိုရင္ အေပၚကအက်ီ ၤက ခပ္ပြပြျဖစ္သင့္ပါတယ္။

၃။ ပြဲတတ္ဖို႔အတြက္ ႀကီးမားတဲ့အိတ္

ႀကီးမားတဲ့ အိတ္တစ္လံုးက ပစၥည္းေတြ အမ်ားႀကီးဆံ့ပါတယ္။ ဒါေပမယ့္ စားေသာက္ဆိုင္တစ္ခု သို႔မဟုတ္ ကလပ္သြားတဲ့အခါ ပိုၿပီး က်စ္က်စ္လစ္လစ္ရွိတဲ့ အိတ္ပံုစံမ်ားကို ေရြးခ်ယ္တာက အေကာင္းဆံုးပါ။ ဒီလိုအိတ္မ်ိဳးက ထသြားထလာႏွင့္ ရံုးသြားတဲ့အခါပဲ လိုက္ဖက္ပါတယ္။ ပြဲအခမ္းအနားေတြ သြားမယ္ဆိုရင္ ဒီလိုအရြယ္အစားႀကီးမားတဲ့ အိတ္ေတြကို ေရြးခ်ယ္တာက မဆီေလ်ာ္ပါဘူး။

၄။ စကတ္အတိုႏွင့္ ေျခမ်က္စိထိ ဘြတ္ဖိနပ္

ေျခမ်က္စိထိဘြတ္ဖိနပ္ေတြက စကတ္ေတြနဲ႔လိုက္ဖက္တာ မရွိသေလာက္ပါ။ဒီဖိနပ္အမ်ိဳးအစားက အျမင္အာရံုမွာ ေျခေထာက္ေတြကို ပိုၿပီးတိုေစပါတယ္။ အေကာင္းဆံုးတျခားေရြးခ်ယ္စရာကေတာ့ ေဆာင္းရာသီ ဘြတ္ဖိနပ္အရွည္ ၊ ေဒါက္ဖိနပ္ ဒါမွမဟုတ္ ေလဒီရႈးအပါးေလးေတြ စီးလို႔ရပါတယ္။

၅။ ပြေယာင္းေယာင္းအ၀တ္အစားေတြ

ဒီလိုအေပၚေအာက္ ပြေယာင္းေယာင္းအ၀တ္အစားမ်ားက သင့္ခါး၊ တင္ႏွင့္ ရင္သားအလွကို ဖံုးကြယ္သြားေစၿပီး ၾကည့္ရဆိုးေစပါတယ္။ တကယ္လို႔သင္သည္ ခပ္ပြပြအ၀တ္အစား ၀တ္ဆင္ဖို႔ ျပင္းျပတဲ့ဆႏၵရွိပါက အေပၚကအက်ီ ၤအပြဆိုရင္ ေအာက္က အက်ပ္ေလး၀တ္ဆင္တာက ပိုေကာင္းပါတယ္။

၆။ ေဘာင္းဘီတိုႏွင့္ အက်ပ္

တကယ္လို႔သင္က ေဘာင္းဘီအတိုကို ၀တ္ဆင္မယ္ဆိုရင္ အေပၚက ပြေယာင္းတဲ့အက်ီ ၤႏွင့္ စေတာ္ကင္ေဘာင္းဘီအက်ပ္ ကို၀တ္ဆင္တာထက္ ကိုယ္က်ပ္အက်ီေလးနဲ႔ ရိုးရိုးရွင္းရွင္းေလးက သင့္ကိုပိုၿပီး စမတ္က်ေစပါတယ္။

၇။ လည္ပင္းေခါက္ဆြယ္တာမ်ား

သင့္လည္ပင္းကို ပိုၿပီး တိုေတာင္းတဲ့ ပံုေပါက္ေစလို႔ ဒီပံုစံအ၀တ္အစားမ်ိဳးကို သင္အလြန္သတိထားရပါမယ္။ ဒီလိုလည္ပင္းပိတ္ဆြယ္တာေတြကို ၀တ္မယ္ဆိုရင္ေတာ့ ပု၀ါတစ္ထည္ သို႔မဟုတ္ လည္စည္းတစ္ခုက သင့္ပံုရိပ္ကို ၾကည့္ေကာင္းေစပါလိမ့္မယ္။

၈။ ခႏၶာကိုယ္နဲ႔ ကြက္တိမျဖစ္တဲ့ ဂ်င္းေဘာင္းဘီမ်ား

ဂ်င္းေဘာင္းဘီမ်ားက ဆန္႔ၿပီး ေလ်ာ့ရဲရဲျဖစ္လာတဲ့ သေဘာရွိပါတယ္။ ဂ်င္းေဘာင္းဘီ ၀တ္ဆင္မယ္ဆိုရင္ ကိုယ္နဲ႔ကြက္တိျဖစ္မယ့္ အမ်ိဳးအစားကိုသာ ေရြးခ်ယ္ပါ။ တအားက်ပ္လြန္း၊ ေလ်ာ့လြန္းတဲ့ေဘာင္းဘီဆိုရင္ သင့္ရဲ႕ပံုသ႑ာန္ကို ၾကည့္ရဆိုးေစပါတယ္။

#TB_Nandar
#Lifestyle_Myanmar
Source-Brightside

Unicode

Unicode

သင့်ရဲ့အလှအပကို ဖုံးကွယ်သွားစေတဲ့ ဖက်ရှင်အမှားတွေ

၁။ ရုံးဝတ်စုံနှင့် ရှုးဖိနပ်အပါး

ရှုးဖိနပ်အပါးများက သင့်ခြေဆစ်ကို ပိုကြီးတဲ့ပုံပေါ်စေပြီး တိုင်လုံးတွေကဲ့သို့ တဖြောင့်တညး်လို့ ထင်ရစေပါတယ်။ ဒီဖိနပ်က အထူးသဖြင့် ကြော့ရှင်းပြီး စတိုင်ကျနေရမယ့် ရုံးဝတ်စုံတွေနဲ့ မသင့်လျော်ပါဘူး။ ဒေါက်ပါတဲ့ ရှုးဖိနပ်ကို ဝတ်ဆင်တာက ရုံးဝတ်စုံနဲ့ အလိုက်ဖက်ဆုံးပါ။

အဝတ်အစားရွေးချယ်တဲ့အခါ ကျွန်တော်တို့ပြုလုပ်မိတဲ့ အမှား(၇)ခု

၂။ ဂျင်းဘောင်းဘီနှင့် အကျီ င်္ခါးရှည်

ဂျင်းဘောင်ဘီကို ကျော်နေတဲ့ အကျီ င်္ကိုယ်ကျပ်ခါးရှည်များက သင့်ရဲ့ပုံရိပ်ကို ရှည်လွန်းစေပါတယ်။ ဂျင်းဘောင်းဘီနဲ့ အကျီ င်္ကိုယ်ကျပ်ခါးရှည်ကို ဝတ်မယ်ဆိုရင် ဂျင်းဘောင်းဘီထဲထည့်ပြီး ဝတ်ဆင်သင့်ပါတယ်။ တကယ်လို့ ဂျင်းဘောင်းဘီထဲ ထည့်ဝတ်တဲ့စတိုင်ကို မကြိုက်ဘူးဆိုရင် အပေါ်ကအကျီ င်္က ခပ်ပွပွဖြစ်သင့်ပါတယ်။

၃။ ပွဲတတ်ဖို့အတွက် ကြီးမားတဲ့အိတ်

ကြီးမားတဲ့ အိတ်တစ်လုံးက ပစ္စည်းတွေ အများကြီးဆံ့ပါတယ်။ ဒါပေမယ့် စားသောက်ဆိုင်တစ်ခု သို့မဟုတ် ကလပ်သွားတဲ့အခါ ပိုပြီး ကျစ်ကျစ်လစ်လစ်ရှိတဲ့ အိတ်ပုံစံများကို ရွေးချယ်တာက အကောင်းဆုံးပါ။ ဒီလိုအိတ်မျိုးက ထသွားထလာနှင့် ရုံးသွားတဲ့အခါပဲ လိုက်ဖက်ပါတယ်။ ပွဲအခမ်းအနားတွေ သွားမယ်ဆိုရင် ဒီလိုအရွယ်အစားကြီးမားတဲ့ အိတ်တွေကို ရွေးချယ်တာက မဆီလျော်ပါဘူး။

၄။ စကတ်အတိုနှင့် ခြေမျက်စိထိ ဘွတ်ဖိနပ်

ခြေမျက်စိထိဘွတ်ဖိနပ်တွေက စကတ်တွေနဲ့လိုက်ဖက်တာ မရှိသလောက်ပါ။ဒီဖိနပ်အမျိုးအစားက အမြင်အာရုံမှာ ခြေထောက်တွေကို ပိုပြီးတိုစေပါတယ်။ အကောင်းဆုံးတခြားရွေးချယ်စရာကတော့ ဆောင်းရာသီ ဘွတ်ဖိနပ်အရှည် ၊ ဒေါက်ဖိနပ် ဒါမှမဟုတ် လေဒီရှုးအပါးလေးတွေ စီးလို့ရပါတယ်။

၅။ ပွယောင်းယောင်းအဝတ်အစားတွေ

ဒီလိုအပေါ်အောက် ပွယောင်းယောင်းအဝတ်အစားများက သင့်ခါး၊ တင်နှင့် ရင်သားအလှကို ဖုံးကွယ်သွားစေပြီး ကြည့်ရဆိုးစေပါတယ်။ တကယ်လို့သင်သည် ခပ်ပွပွအဝတ်အစား ဝတ်ဆင်ဖို့ ပြင်းပြတဲ့ဆန္ဒရှိပါက အပေါ်ကအကျီ င်္အပွဆိုရင် အောက်က အကျပ်လေးဝတ်ဆင်တာက ပိုကောင်းပါတယ်။

၆။ ဘောင်းဘီတိုနှင့် အကျပ်

တကယ်လို့သင်က ဘောင်းဘီအတိုကို ဝတ်ဆင်မယ်ဆိုရင် အပေါ်က ပွယောင်းတဲ့အကျီ င်္နှင့် စတော်ကင်ဘောင်းဘီအကျပ် ကိုဝတ်ဆင်တာထက် ကိုယ်ကျပ်အကျီလေးနဲ့ ရိုးရိုးရှင်းရှင်းလေးက သင့်ကိုပိုပြီး စမတ်ကျစေပါတယ်။

၇။ လည်ပင်းခေါက်ဆွယ်တာများ

သင့်လည်ပင်းကို ပိုပြီး တိုတောင်းတဲ့ ပုံပေါက်စေလို့ ဒီပုံစံအဝတ်အစားမျိုးကို သင်အလွန်သတိထားရပါမယ်။ ဒီလိုလည်ပင်းပိတ်ဆွယ်တာတွေကို ဝတ်မယ်ဆိုရင်တော့ ပုဝါတစ်ထည် သို့မဟုတ် လည်စည်းတစ်ခုက သင့်ပုံရိပ်ကို ကြည့်ကောင်းစေပါလိမ့်မယ်။

၈။ ခန္ဓာကိုယ်နဲ့ ကွက်တိမဖြစ်တဲ့ ဂျင်းဘောင်းဘီများ

ဂျင်းဘောင်းဘီများက ဆန့်ပြီး လျော့ရဲရဲဖြစ်လာတဲ့ သဘောရှိပါတယ်။ ဂျင်းဘောင်းဘီ ဝတ်ဆင်မယ်ဆိုရင် ကိုယ်နဲ့ကွက်တိဖြစ်မယ့် အမျိုးအစားကိုသာ ရွေးချယ်ပါ။ တအားကျပ်လွန်း၊ လျော့လွန်းတဲ့ဘောင်းဘီဆိုရင် သင့်ရဲ့ပုံသဏ္ဍာန်ကို ကြည့်ရဆိုးစေပါတယ်။

#TB_Nandar
#Lifestyle_Myanmar
Source-Brightside

LEAVE A REPLY

Please enter your comment!
Please enter your name here