အျပံဳးလွလွေလး ျပံဳးႏိုင္ဖို႔အတြက္ ေတာက္ပေနတဲ့ သြားေလးေတြရွိဖို႔လိုအပ္ပါတယ္။ သင့္ရဲ႕သြားေတြ ၀ါေနတဲ့အခါ သူငယ္ခ်င္းေတြနဲ႔အတူတူ ဆယ္ဖီ႐ိုက္ရင္ေတာင္ သြားေပၚေအာင္ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ျပံဳးႏိုင္မွာမဟုတ္ပါဘူး။ ဒီလိုသြားေတြ၀ါရျခင္းဟာ သင္သံုးစြဲတဲ့ပစၥည္း သို႔မဟုတ္ အစားအေသာက္လြဲမွားမႈေၾကာင့္ျဖစ္ၿပီး သင့္ရဲ႕ေၾကြလႊာကိုထိန္းသိမ္းႏိုင္ဖို႔အတြက္ နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ခံတြင္းသန္႔ေဆးေတြကို အလြန္အကၽြံသံုးတတ္ၿပီး သံုးစြဲတဲ့ပစၥည္းမွာ အက္ဆစ္မ်ားလြန္းရင္လည္း အေပၚယံေၾကြလႊာကို ပါးလႊာေစတာေၾကာင့္ ေအာက္ခံအေရာင္ျဖစ္တဲ့ အ၀ါေရာင္ေၾကာင့္ သြားေတြကို၀ါေစပါတယ္။ ဒါေၾကာင့္ အက္ဆစ္မ်ားတဲ့ခံတြင္းေဆးရည္ေတြကို ေရွာင္က်ဥ္သင့္ၿပီး ခံတြင္းသန္႔ေဆးကို ႀကိမ္ဖန္မ်ားစြာအလြန္အကၽြံ သံုးစြဲျခင္းကို ေရွာင္က်ဥ္သင့္ပါတယ္။
၂။ အက္ဆစ္ဓါတ္ၾကြယ္၀တဲ့ သစ္သီးေတြနဲ႔ ဟင္းသီးဟင္းရြက္ေတြကို အလြန္အကၽြံစားတတ္ရင္လည္း သြားေတြကို၀ါေစပါတယ္။ အက္ဆစ္ဓါတ္ၾကြယ္၀တဲ့အစားအစာေတြနဲ႔ေဖ်ာ္ရည္ေတြျဖစ္တဲ့ ခရမ္းခ်ဥ္သီး၊ နာနတ္သီး၊ ရွာလကာရည္၊ အခ်ိဳ႕အားကစားအခ်ိဳရည္ စတဲ့အရာေတြပါ၀င္ပါတယ္။ ဒါဟာ သင္ဒီအရာေတြကို လံုး၀ေရွာင္က်ဥ္သင့္တယ္လို႔ ဆိုလိုတာမဟုတ္ပါဘူး။ ၎အစားအစာေတြကို စားၿပီးတဲ့အခါတိုင္း ေရနဲ႔ပလုတ္က်င္းျခင္းျဖင့္လည္း ကာကြယ္ႏိုင္ပါတယ္။ ဒ့ါအျပင္ စြန္းေစတတ္တဲ့အစားအစာေတြျဖစ္တဲ့ ဘလူးဘယ္ရီ၊ ေကာ္ဖီအနက္ နဲ႔ အနီေရာင္၀ိုင္ တို႔ကိုေသာက္သံုးၿပီးတဲ့ အခါတိုင္လည္း ေရနဲ႔ပလုပ္က်င္းၿပီး ေရမ်ားမ်ားေသာက္သံုးဖို႔ အၾကံျပဳထားပါတယ္။
၃။ ေကာ္ဖီေသာက္ျခင္းေၾကာင့္ ေကာင္းက်ိဳးေတြရွိေသာ္လည္း သင့္ရဲ႕သြားေတြကို ေစာင့္ေရွာက္ဖို႔အတြက္ အလြန္အကၽြံေသာက္သံုးျခင္းကို ေရွာင္ရွာသင့္ပါတယ္။ သင္ဟာေကာ္ဖီႀကိဳက္တတ္တာေၾကာင့္ တစ္ရက္ကိုသံုးေလးႀကိမ္ေသာက္သံုးပါက သင့္ရဲ႕သြားေတြကို စြန္းထင္းေစၿပီး ၀ါသြားေစပါတယ္။
၄။ သင္ဟာေဆးလိပ္ေသာက္တတ္သူတစ္ေယာက္ ဆိုရင္လည္းသင့္ရဲ႕ သြားေတြကို ၀ါေစပါတယ္။ ေဆးလိပ္မွာပါတဲ့ေဆးရြက္ႀကီးဟာ အ၀ါေရာင္အစြန္းျဖစ္ေစတာေၾကာင့္ ေသာက္တာၾကာေလေလ သြားေတြကို ပိုစြန္းထင္းေလပါပဲ။ ဒါ့အျပင္ ေဆးလိပ္ေသာက္ျခင္းဟာ ခံတြင္းျပႆနာမ်ားစြာနဲ႔ အဆုတ္ကိုမ်ားစြာထိခိုက္ေစတာေၾကာင့္ ေရွာင္က်ဥ္ဖို႔ႀကိဳးစားသင့္ပါတယ္။
၅။ သြားတိုက္တဲ့အခါ အားစိုက္တတ္ၿပီး ျမန္ဆန္စြာတိုက္တတ္ျခင္းဟာလည္း ေၾကြလႊာနဲ႔သြားဖံုးကို ထိခိုက္ေစတာေၾကာင့္ သြားေတြကို၀ါေစပါတယ္။ ဒါေၾကာင့္ သြားတိုက္တဲ့အခါ ေျဖးေျဖးနဲ႔မွန္မွန္ပဲ တိုက္သင့္ၿပီး အရမ္းမာတဲ့သြားတိုက္တံနဲ႔ အရည္အေသြးမေကာင္းတဲ့ သြားတိုက္ေဆးေတြကို ေရွာင္ရွားသင့္ပါတယ္။
#LM_Naung_Naung
#Lifestyle_Myanmar
Source-prevention.com
မုန္႔ဖုတ္ဆိုဒါရဲ႕ ဘက္စံု အသံုး၀င္ပံု (၉)မ်ိဳး
Unicode
သင့်ရဲ့သွားတွေကို ၀ါစေတတ်တဲ့ နေ့စဉ်ပြုလုပ်မိနေသော အမှားများ
အပြုံးလှလှလေး ပြံုးနိုင်ဖို့အတွက် တောက်ပနေတဲ့ သွားလေးတွေရှိဖို့လိုအပ်ပါတယ်။ သင့်ရဲ့သွားတွေ ၀ါနေတဲ့အခါ သူငယ်ချင်းတွေနဲ့အတူတူ ဆယ်ဖီရိုက်ရင်တောင် သွားပေါ်အောင်နှစ်နှစ်ခြိုက်ခြိုက် ပြံုးနိုင်မှာမဟုတ်ပါဘူး။ ဒီလိုသွားတွေဝါရခြင်းဟာ သင်သုံးစွဲတဲ့ပစ္စည်း သို့မဟုတ် အစားအသောက်လွဲမှားမှုကြောင့်ဖြစ်ပြီး သင့်ရဲ့ကြွေလွှာကိုထိန်းသိမ်းနိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ခံတွင်းသန့်ဆေးတွေကို အလွန်အကျွံသုံးတတ်ပြီး သုံးစွဲတဲ့ပစ္စည်းမှာ အက်ဆစ်များလွန်းရင်လည်း အပေါ်ယံကြွေလွှာကို ပါးလွှာစေတာကြောင့် အောက်ခံအရောင်ဖြစ်တဲ့ အဝါရောင်ကြောင့် သွားတွေကိုဝါစေပါတယ်။ ဒါကြောင့် အက်ဆစ်များတဲ့ခံတွင်းဆေးရည်တွေကို ရှောင်ကျဉ်သင့်ပြီး ခံတွင်းသန့်ဆေးကို ကြိမ်ဖန်များစွာအလွန်အကျွံ သုံးစွဲခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။
၂။ အက်ဆစ်ဓါတ်ကြွယ်ဝတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို အလွန်အကျွံစားတတ်ရင်လည်း သွားတွေကိုဝါစေပါတယ်။ အက်ဆစ်ဓါတ်ကြွယ်ဝတဲ့အစားအစာတွေနဲ့ဖျော်ရည်တွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ နာနတ်သီး၊ ရှာလကာရည်၊ အချို့အားကစားအချိုရည် စတဲ့အရာတွေပါ၀င်ပါတယ်။ ဒါဟာ သင်ဒီအရာတွေကို လုံးဝရှောင်ကျဉ်သင့်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ၎င်းအစားအစာတွေကို စားပြီးတဲ့အခါတိုင်း ရေနဲ့ပလုတ်ကျင်းခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။ ဒ့ါအပြင် စွန်းစေတတ်တဲ့အစားအစာတွေဖြစ်တဲ့ ဘလူးဘယ်ရီ၊ ကော်ဖီအနက် နဲ့ အနီရောင်ဝိုင် တို့ကိုသောက်သုံးပြီးတဲ့ အခါတိုင်လည်း ရေနဲ့ပလုပ်ကျင်းပြီး ရေများများသောက်သုံးဖို့ အကြံပြုထားပါတယ်။
၃။ ကော်ဖီသောက်ခြင်းကြောင့် ကောင်းကျိုးတွေရှိသော်လည်း သင့်ရဲ့သွားတွေကို စောင့်ရှောက်ဖို့အတွက် အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ရှာသင့်ပါတယ်။ သင်ဟာကော်ဖီကြိုက်တတ်တာကြောင့် တစ်ရက်ကိုသုံးလေးကြိမ်သောက်သုံးပါက သင့်ရဲ့သွားတွေကို စွန်းထင်းစေပြီး ၀ါသွားစေပါတယ်။
၄။ သင်ဟာဆေးလိပ်သောက်တတ်သူတစ်ယောက် ဆိုရင်လည်းသင့်ရဲ့ သွားတွေကို ၀ါစေပါတယ်။ ဆေးလိပ်မှာပါတဲ့ဆေးရွက်ကြီးဟာ အဝါရောင်အစွန်းဖြစ်စေတာကြောင့် သောက်တာကြာလေလေ သွားတွေကို ပိုစွန်းထင်းလေပါပဲ။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်းဟာ ခံတွင်းပြဿနာများစွာနဲ့ အဆုတ်ကိုများစွာထိခိုက်စေတာကြောင့် ရှောင်ကျဉ်ဖို့ကြိုးစားသင့်ပါတယ်။
၅။ သွားတိုက်တဲ့အခါ အားစိုက်တတ်ပြီး မြန်ဆန်စွာတိုက်တတ်ခြင်းဟာလည်း ကြွေလွှာနဲ့သွားဖုံးကို ထိခိုက်စေတာကြောင့် သွားတွေကိုဝါစေပါတယ်။ ဒါကြောင့် သွားတိုက်တဲ့အခါ ဖြေးဖြေးနဲ့မှန်မှန်ပဲ တိုက်သင့်ပြီး အရမ်းမာတဲ့သွားတိုက်တံနဲ့ အရည်အသွေးမကောင်းတဲ့ သွားတိုက်ဆေးတွေကို ရှောင်ရှားသင့်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source-prevention.com