သင့္ရဲ႕ဖက္ရွင္အျမင္ကို လူတုိင္း အားက်အတုယူေစႏိုင္တဲ့ ဖက္ရွင္သိေကာင္းစရာ (၁၀)ခု

0
961
အားက်အတုယူေနရမယ့္ ဖက္ရွင္ျ

သင္ဆင္ျမန္းထားသမွ်ကို ျမင္ရသူတိုင္းက အားက်အတုယူေနရမယ့္ ဖက္ရွင္ျဖစ္ဖို႔ဆိုရင္ အေသးအဖြဲကအစ ဂရုစိုက္ရမွာပါ။ ဒီအေသးအဖြဲပစၥည္းေလးေတြက သင္ဟာ ဘယ္ေလာက္ဖက္ရွင္အျမင္ရွိသလဲဆိုတာကို ထင္ရွားေစပါတယ္။ ၿပီးျပည့္စံုတဲ့ ဖက္ရွင္ look ကိုလည္း ေပးပါတယ္။ ဒါ့ေၾကာင့္ ျမင္ရသူတိုင္းကို အားက်အတုယူေစႏိုင္တဲ့ ဖက္ရွင္ျဖစ္ဖို႔ ဘယ္အရာေလးတြကို သင္ဂရုစိုက္ေပးသင့္လဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ပုလဲ


ပုလဲပုတီးတစ္ကံုးက လွပတဲ့ accessory တစ္ခုျဖစ္ေပမယ့္ အားနည္းခ်က္တစ္ခုရွိပါတယ္။ ေၾကာ့ရွငး္တဲ့ပုလဲလည္ဆဲြေတြက သင့္ကို အသက္ႀကီးတဲ့ပံုေပါက္ေစလို႔ပါပဲ။ လူႀကီးဆန္ဆန္ ရင့္က်က္တဲ့အသြင္ဖန္တီးခ်င္ရင္ေတာ့ ပုလဲခ်ည္းသက္သက္ ဆင္ျမန္းႏိုင္ၿပီး ျမန္မာဆန္ဆန္ အဝတ္အစားေလးေတြ ဝတ္ဆင္ပါ။ ေခတ္မွီတဲ့ အသြင္ဖန္တီးခ်င္ရင္ေတာ့ ပုလဲကို တျခားရတနာပစၥည္းေတြနဲ႔ ေပါင္းစပ္ ဝတ္ဆင္ပါ။

၂။ နာရီ


နာရီတစ္လံုးက အရမ္းအသံုးဝင္တဲ့ accessories တစ္ခုျဖစ္ပါတယ္။ နာရီတစ္လံုးက အမ်ိဳးသမီးတစ္ေယာက္ရဲ႕လက္ေကာက္ဝတ္သြယ္သြယ္ေလးကို ျပည့္ျပည့္ေလးျဖစ္ေစၿပီး အခ်ိန္မျဖဳန္းတတ္တဲ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕အသြင္ကို ျဖည့္စြက္ေပးပါတယ္။ ယေန႔မွာ men စတိုင္လက္ပတ္နာရီေတြနဲ႔ ႏွစ္ပတ္သံုးပတ္ ပတ္လို႔ရတဲ့ ႀကိဳးရွည္ရွည္လက္ပတ္နာရီေလးေတြက ဖက္ရွင္တစ္ခုျဖစ္ေနတယ္လို႔ ဆိုၾကပါတယ္။
သင့္ရဲ႕ ဘယ္အဝတ္အစားနဲ႔မဆို လိုက္ဖက္ၿပီး ေန႔တိုင္းဝတ္ဆင္လို႔ရမယ့္ နာရီမ်ိဳးကို ေရြးခ်ယ္ဖို႔ဆိုရင္ neutral color လက္ပတ္ႀကိဳးနဲ႔ detail ပမာဏ အနည္းဆံုးပါတဲ့ ဒိုင္ခြက္တစ္ခုကို ေရြးခ်ယ္ပါ။ ရႈပ္ေထြးတဲ့ ဒီဇိုင္းေတြနဲ႔ လက္ပတ္နာရီေတြက evening look အတြက္သာၾကည့္ေကာင္းၿပီး ညေနခင္းပြဲတခ်ိဳ႕အတြက္ perfect ျဖစ္ပါတယ္။

၃။ ပိုးလည္ပတ္ပုဝါ


ပိုးလည္ပတ္ပုဝါတစ္ထည္ကို လူငယ္ပံုေပါက္ေအာင္ ဝတ္ဆင္ဖို႔ဆိုတာ မလြယ္ပါဘူး။ ဒီ accessoryကို လူငယ္ဆန္ၿပီး ၾကည့္ေကာင္းေနေစဖို႔ဆိုရင္ လည္ပင္း၊ ခါး၊ လက္ေကာက္ဝတ္၊ ဆံပင္မွာစည္းတာ အိိတ္ေတြမွာခ်ည္ၿပီး အလွဆင္တာ ျပဳလုပ္ႏိုင္ပါတယ္။ လည္ပင္းမွာ ပုဝါခ်ည္တာ ႏွစ္သက္လွ်င္ သင့္ရဲ႕မ်က္စိနဲ႕ ဆံပင္ရဲ႕ shade ကို အေလးေပးေဖာ္ျပေနၿပီး သင့္ရဲ႕မ်က္ႏွာအသားအေရာင္ကို တိုးျမွင့္ေပးမယ့္ အေရာင္ကို ေရြးခ်ယ္ပါ။

၄။ တိရိစာၦန္အကြက္ဒီဇိုင္းေတြကို ဝတ္မယ္ဆိုရင္


Vogue မဂၢဇင္းအဆိုအရ တိရိစာၦန္အကြက္ ဒီဇိုင္းေတြက ဖက္ရွင္ collections ရဲ႕ မၾကာခဏပါတတ္တဲ့ feature တစ္ခုျဖစ္ၿပီး ဒီႏွစ္မွာ အရမ္းေပၚျပဴလာျဖစ္ပါတယ္။ ဒီအဆင္ေတြကို ကုတ္အကၤ်ီ၊ စကတ္၊ ဂါဝန္ေတြ၊ ေဘာင္းဘီအက်ပ္ေတြမွာ အလွဆင္ျခင္းအတြက္ အသံုးျပဳခဲ့ၾကပါတယ္။ သို႔ေသာ္လည္း ဒီအဆင္ခ်ည္းပဲ တစ္ကိုယ္လံုးဆင္ျမန္းမယ္ဆိုရင္ အၾကည့္ရဆိုးၿပီး ေတာဆန္တဲ့ပံုေပါက္ေစပါတယ္။ ဒီတိရိစာၦန္အဆင္ဒီဇိုင္းေတြကို ဝတ္ဆင္မယ္ဆိုရင္ ေျပာင္ေလးေတြနဲ႔ တြဲဖက္ဝတ္တာက သင့္ကိုပိုလွေစပါလိမ့္မယ္။

၅။ ကီမိုႏို


ကီမိုႏိုစတိုင္ေလးေတြက လူႀကိဳက္မ်ားဆဲပါ။ သူတို႔ရဲ႕ ေတာက္ပတဲ့အဆင္နဲ႔ ပိတ္သားရဲ႕ေကာင္းမြန္မႈေတြေၾကာင့္ ကီမိုႏိုေတြက နာမည္ႀကီးပါတယ္။ ကီမိုႏိုေတြက ေရွးရိုးဆန္တဲ့အသြင္၊ လတ္ဆတ္တဲ့ ခံစားမႈကို ပိုရေစႏိုင္ပါတယ္။ စတိုင္က်ေစဖို႔ ကီမိုႏိုကို အေပၚထပ္အျဖစ္ ခ်ဳပ္ဝတ္ႏိုင္ၿပီး ဂ်င္းေဘာင္းဘီေလးေတြနဲ႔ တြဲဝတ္ႏိုင္ပါတယ္။

၆။ မ်က္မွန္


မ်က္မွန္ကို တခါတရံမွာ မ်က္စိအားနည္းသူေတြအတြက္ လိုအပ္ခ်က္တစ္ခုအျဖစ္ ဝတ္ဆင္ၾကၿပီး တျခားအခ်ိန္ေတြမွာ accessory တစ္ခုအျဖစ္ ဝတ္ဆင္ၾကပါတယ္။ မ်က္လံုးေတြကို attention ရွိေစဖို႔ မ်က္မွန္ကိုေရြးခ်ယ္တဲ့အခါ ကိုယ့္မ်က္ႏွာနဲ႔ လိုက္ဖက္တာကို ေရြးခ်ယ္ပါ။ ယေန႔မွာ အနက္ေရာင္ေလးေတြ၊ ပလတ္စတစ္အၾကည္တစ္ဝက္ေလးေတြ၊ ဂ်ီၾသေမေႀတီပံု မ်က္မွန္ေဘာင္ေလးေတြက ေခတ္မွီေနပါတယ္။

၇။ Bralette


Bralette တစ္ထည္ကို ဝတ္ဆင္မယ္ဆိုရင္ ရွပ္တစ္ထည္၊ ဂ်င္းေဘာင္းဘီ ဒါမွမဟုတ္ ခါးျမင့္ေဘာင္းဘီေတြနဲ႔ တြဲဝတ္ႏိုင္ပါတယ္။ အေပၚက သိုးေမြးအက်ၤီတစ္ထည္ သို႔မဟုတ္ blazer တစ္ထည္၊ လည္သာဂ်ာကင္တစ္ထည္ႏွင့္အတူ ဘေလာက္တစ္ထည္ သို႔မဟုတ္ ဆြယ္တာ တစ္ထည္ႏွင့္လည္း တြဲဝတ္ႏိုင္ပါေသးတယ္။

၈။ Men’s style အဝတ္အစား


ေယာက်ာ္းေလးစတိုင္အဝတ္အစားေတြမွာ ရွပ္အကၤ်ီ သို႔မဟုတ္ ဘေလဇာေတြက သင့္ရဲ႕ပံုပန္းသ႑ာန္ကို ဖံုးကြယ္သြားလိမ့္မယ္လို႔ ထင္ရေပမယ့္ လက္္္ေတြမွာေတာ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ဆြဲေဆာင္မႈကို ထိထိေရာက္ေရာက္ တိုးျမွင့္ေပးႏိုင္ပါတယ္။ လွလွပပအသြင္ကို ဖန္တီးဖို႔ သင့္ရဲ႕ ဆိုဒ္အရ အဝတ္အစားကို ေရြးခ်ယ္ပါ။ ေယာက်ာ္းဆန္တဲ့ အဝတ္အစားကို မိန္းကေလးဆန္တဲ့ detailsေလးေတြနဲ႔ ေပါင္းစပ္ၿပီး အေအးဓါတ္နဲ႔ အေႏြးဓါတ္ကို ဆန္႔က်င္ကစားေပးပါ။ Bright makeup၊ ဆြဲေဆာင္မႈရွိတဲ့ accessories နဲ႔အိတ္ေတြ၊ ေဒါက္ျမင့္ဖိနပ္ေတြက ေယာက္က်ာ္းေလးဆန္ဆန္အဝတ္အစား look ကို လံုးဝတိုးျမွင့္ေပးႏိုင္ပါတယ္။

၉။ အခ်ိဳးမညီတဲ့ အဝတ္အစားေတြ


ခႏၶာကိုယ္ရဲ႕အခ်ိဳးအစားကို သိသိသာသာ ေျပာင္းလဲႏို္င္တာေၾကာင့္ အမ်ိဳးသမီးတိုင္းက ဒီ ဒီဇိုင္းကို ႀကိဳက္မွာ မဟုတ္ပါဘူး။ ၿဗိတိန္သတင္းစာမွာ Sarah Young ဖက္ရွင္နဲ႔ အလွအပကၽြမ္းက်င္သူမ်ားက လည္ပင္းမွာ (chokers) ခ်ည္ထားတဲ့ အခ်ိဳးမညီအေပၚအကၤ်ီ နဲ႔ ပခံုးတစ္ဖက္ဂါဝန္မ်ားက ယေန႔မွာ အရမ္းေပၚျပဴလာျဖစ္ေနတယ္လို႔ ဆိုပါတယ္။

၁၀။ ေဒါက္ဖိနပ္


ခံုထူထူဖိနပ္ေတြက ေၾကာ့ရွင္းၿပီး စတိုင္က်တဲ့အသြင္ျဖစ္ေစတယ္လို႔ မွားယြင္းစြာ ယံုၾကည္ေနၾကပါတယ္။ ဒီဖိနပ္ေတြက သင့္တကိုယ္လံုးကို အခ်ိဳးအစားမက်ေအာင္ ဖန္တီးေပးပါတယ္။ ေျခေထာက္ေတြကိုလည္း ခြာတပ္ထားသလို ထင္ရေစပါတယ္။ ေဒါက္ျမင့္ဖိနပ္ေတြကေတာ့ သင့္ကို ေၾကာ့ရွငး္ၿပီး ယဥ္တဲ့ အသြင္ကို ေပးပါတယ္။ ဘယ္ Look ကိုမဆို တိုးျမွင့္ေပးႏိုင္ၿပီး လူတိုင္းရဲ႕ အာရံုစူးစိုက္မႈကို ရရွိႏိုင္ပါတယ္။
#Lifestyle_Myanmar
#LM_Nandar

Unicode

သင့်ရဲ့ဖက်ရှင်အမြင်ကို လူတိုင်း အားကျအတုယူစေနိုင်တဲ့ ဖက်ရှင်သိကောင်းစရာ (၁၀)ခု
သင်ဆင်မြန်းထားသမျှကို မြင်ရသူတိုင်းက အားကျအတုယူနေရမယ့် ဖက်ရှင်ဖြစ်ဖို့ဆိုရင် အသေးအဖွဲကအစ ဂရုစိုက်ရမှာပါ။ ဒီအသေးအဖွဲပစ္စည်းလေးတွေက သင်ဟာ ဘယ်လောက်ဖက်ရှင်အမြင်ရှိသလဲဆိုတာကို ထင်ရှားစေပါတယ်။ ပြီးပြည့်စုံတဲ့ ဖက်ရှင် look ကိုလည်း ပေးပါတယ်။ ဒါ့ကြောင့် မြင်ရသူတိုင်းကို အားကျအတုယူစေနိုင်တဲ့ ဖက်ရှင်ဖြစ်ဖို့ ဘယ်အရာလေးတွကို သင်ဂရုစိုက်ပေးသင့်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁။ ပုလဲ
ပုလဲပုတီးတစ်ကုံးက လှပတဲ့ accessory တစ်ခုဖြစ်ပေမယ့် အားနည်းချက်တစ်ခုရှိပါတယ်။ ကြော့ရှငး်တဲ့ပုလဲလည်ဆွဲတွေက သင့်ကို အသက်ကြီးတဲ့ပုံပေါက်စေလို့ပါပဲ။ လူကြီးဆန်ဆန် ရင့်ကျက်တဲ့အသွင်ဖန်တီးချင်ရင်တော့ ပုလဲချည်းသက်သက် ဆင်မြန်းနိုင်ပြီး မြန်မာဆန်ဆန် အဝတ်အစားလေးတွေ ဝတ်ဆင်ပါ။ ခေတ်မှီတဲ့ အသွင်ဖန်တီးချင်ရင်တော့ ပုလဲကို တခြားရတနာပစ္စည်းတွေနဲ့ ပေါင်းစပ် ဝတ်ဆင်ပါ။

၂။ နာရီ
နာရီတစ်လုံးက အရမ်းအသုံးဝင်တဲ့ accessories တစ်ခုဖြစ်ပါတယ်။ နာရီတစ်လုံးက အမျိုးသမီးတစ်ယောက်ရဲ့လက်ကောက်ဝတ်သွယ်သွယ်လေးကို ပြည့်ပြည့်လေးဖြစ်စေပြီး အချိန်မဖြုန်းတတ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့အသွင်ကို ဖြည့်စွက်ပေးပါတယ်။ ယနေ့မှာ men စတိုင်လက်ပတ်နာရီတွေနဲ့ နှစ်ပတ်သုံးပတ် ပတ်လို့ရတဲ့ ကြိုးရှည်ရှည်လက်ပတ်နာရီလေးတွေက ဖက်ရှင်တစ်ခုဖြစ်နေတယ်လို့ ဆိုကြပါတယ်။
သင့်ရဲ့ ဘယ်အဝတ်အစားနဲ့မဆို လိုက်ဖက်ပြီး နေ့တိုင်းဝတ်ဆင်လို့ရမယ့် နာရီမျိုးကို ရွေးချယ်ဖို့ဆိုရင် neutral color လက်ပတ်ကြိုးနဲ့ detail ပမာဏ အနည်းဆုံးပါတဲ့ ဒိုင်ခွက်တစ်ခုကို ရွေးချယ်ပါ။ ရှုပ်ထွေးတဲ့ ဒီဇိုင်းတွေနဲ့ လက်ပတ်နာရီတွေက evening look အတွက်သာကြည့်ကောင်းပြီး ညနေခင်းပွဲတချို့အတွက် perfect ဖြစ်ပါတယ်။

၃။ ပိုးလည်ပတ်ပုဝါ
ပိုးလည်ပတ်ပုဝါတစ်ထည်ကို လူငယ်ပုံပေါက်အောင် ဝတ်ဆင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒီ accessoryကို လူငယ်ဆန်ပြီး ကြည့်ကောင်းနေစေဖို့ဆိုရင် လည်ပင်း၊ ခါး၊ လက်ကောက်ဝတ်၊ ဆံပင်မှာစည်းတာ အိိတ်တွေမှာချည်ပြီး အလှဆင်တာ ပြုလုပ်နိုင်ပါတယ်။ လည်ပင်းမှာ ပုဝါချည်တာ နှစ်သက်လျှင် သင့်ရဲ့မျက်စိနဲ့ ဆံပင်ရဲ့ shade ကို အလေးပေးဖော်ပြနေပြီး သင့်ရဲ့မျက်နှာအသားအရောင်ကို တိုးမြှင့်ပေးမယ့် အရောင်ကို ရွေးချယ်ပါ။

၄။ တိရိစ္ဆာန်အကွက်ဒီဇိုင်းတွေကို ဝတ်မယ်ဆိုရင်
Vogue မဂ္ဂဇင်းအဆိုအရ တိရိစ္ဆာန်အကွက် ဒီဇိုင်းတွေက ဖက်ရှင် collections ရဲ့ မကြာခဏပါတတ်တဲ့ feature တစ်ခုဖြစ်ပြီး ဒီနှစ်မှာ အရမ်းပေါ်ပြူလာဖြစ်ပါတယ်။ ဒီအဆင်တွေကို ကုတ်အင်္ကျီ၊ စကတ်၊ ဂါဝန်တွေ၊ ဘောင်းဘီအကျပ်တွေမှာ အလှဆင်ခြင်းအတွက် အသုံးပြုခဲ့ကြပါတယ်။ သို့သော်လည်း ဒီအဆင်ချည်းပဲ တစ်ကိုယ်လုံးဆင်မြန်းမယ်ဆိုရင် အကြည့်ရဆိုးပြီး တောဆန်တဲ့ပုံပေါက်စေပါတယ်။ ဒီတိရိစ္ဆာန်အဆင်ဒီဇိုင်းတွေကို ဝတ်ဆင်မယ်ဆိုရင် ပြောင်လေးတွေနဲ့ တွဲဖက်ဝတ်တာက သင့်ကိုပိုလှစေပါလိမ့်မယ်။

၅။ ကီမိုနို
ကီမိုနိုစတိုင်လေးတွေက လူကြိုက်များဆဲပါ။ သူတို့ရဲ့ တောက်ပတဲ့အဆင်နဲ့ ပိတ်သားရဲ့ကောင်းမွန်မှုတွေကြောင့် ကီမိုနိုတွေက နာမည်ကြီးပါတယ်။ ကီမိုနိုတွေက ရှေးရိုးဆန်တဲ့အသွင်၊ လတ်ဆတ်တဲ့ ခံစားမှုကို ပိုရစေနိုင်ပါတယ်။ စတိုင်ကျစေဖို့ ကီမိုနိုကို အပေါ်ထပ်အဖြစ် ချုပ်ဝတ်နိုင်ပြီး ဂျင်းဘောင်းဘီလေးတွေနဲ့ တွဲဝတ်နိုင်ပါတယ်။

၆။ မျက်မှန်
မျက်မှန်ကို တခါတရံမှာ မျက်စိအားနည်းသူတွေအတွက် လိုအပ်ချက်တစ်ခုအဖြစ် ဝတ်ဆင်ကြပြီး တခြားအချိန်တွေမှာ accessory တစ်ခုအဖြစ် ဝတ်ဆင်ကြပါတယ်။ မျက်လုံးတွေကို attention ရှိစေဖို့ မျက်မှန်ကိုရွေးချယ်တဲ့အခါ ကိုယ့်မျက်နှာနဲ့ လိုက်ဖက်တာကို ရွေးချယ်ပါ။ ယနေ့မှာ အနက်ရောင်လေးတွေ၊ ပလတ်စတစ်အကြည်တစ်ဝက်လေးတွေ၊ ဂျီသြမေတြေီပုံ မျက်မှန်ဘောင်လေးတွေက ခေတ်မှီနေပါတယ်။

၇။ Bralette
Bralette တစ်ထည်ကို ဝတ်ဆင်မယ်ဆိုရင် ရှပ်တစ်ထည်၊ ဂျင်းဘောင်းဘီ ဒါမှမဟုတ် ခါးမြင့်ဘောင်းဘီတွေနဲ့ တွဲဝတ်နိုင်ပါတယ်။ အပေါ်က သိုးမွေးအကျင်္ီတစ်ထည် သို့မဟုတ် blazer တစ်ထည်၊ လည်သာဂျာကင်တစ်ထည်နှင့်အတူ ဘလောက်တစ်ထည် သို့မဟုတ် ဆွယ်တာ တစ်ထည်နှင့်လည်း တွဲဝတ်နိုင်ပါသေးတယ်။

၈။ Men’s style အဝတ်အစား
ယောကျာ်းလေးစတိုင်အဝတ်အစားတွေမှာ ရှပ်အင်္ကျီ သို့မဟုတ် ဘလေဇာတွေက သင့်ရဲ့ပုံပန်းသဏ္ဍာန်ကို ဖုံးကွယ်သွားလိမ့်မယ်လို့ ထင်ရပေမယ့် လက်််တွေမှာတော့ အမျိုးသမီးတစ်ယောက်ရဲ့ ဆွဲဆောင်မှုကို ထိထိရောက်ရောက် တိုးမြှင့်ပေးနိုင်ပါတယ်။ လှလှပပအသွင်ကို ဖန်တီးဖို့ သင့်ရဲ့ ဆိုဒ်အရ အဝတ်အစားကို ရွေးချယ်ပါ။ ယောကျာ်းဆန်တဲ့ အဝတ်အစားကို မိန်းကလေးဆန်တဲ့ detailsလေးတွေနဲ့ ပေါင်းစပ်ပြီး အအေးဓါတ်နဲ့ အနွေးဓါတ်ကို ဆန့်ကျင်ကစားပေးပါ။ Bright makeup၊ ဆွဲဆောင်မှုရှိတဲ့ accessories နဲ့အိတ်တွေ၊ ဒေါက်မြင့်ဖိနပ်တွေက ယောက်ကျာ်းလေးဆန်ဆန်အဝတ်အစား look ကို လုံးဝတိုးမြှင့်ပေးနိုင်ပါတယ်။

၉။ အချိုးမညီတဲ့ အဝတ်အစားတွေ
ခန္ဓာကိုယ်ရဲ့အချိုးအစားကို သိသိသာသာ ပြောင်းလဲနို်င်တာကြောင့် အမျိုးသမီးတိုင်းက ဒီ ဒီဇိုင်းကို ကြိုက်မှာ မဟုတ်ပါဘူး။ ဗြိတိန်သတင်းစာမှာ Sarah Young ဖက်ရှင်နဲ့ အလှအပကျွမ်းကျင်သူများက လည်ပင်းမှာ (chokers) ချည်ထားတဲ့ အချိုးမညီအပေါ်အင်္ကျီ နဲ့ ပခုံးတစ်ဖက်ဂါဝန်များက ယနေ့မှာ အရမ်းပေါ်ပြူလာဖြစ်နေတယ်လို့ ဆိုပါတယ်။
၁၀။ ဒေါက်ဖိနပ်
ခုံထူထူဖိနပ်တွေက ကြော့ရှင်းပြီး စတိုင်ကျတဲ့အသွင်ဖြစ်စေတယ်လို့ မှားယွင်းစွာ ယုံကြည်နေကြပါတယ်။ ဒီဖိနပ်တွေက သင့်တကိုယ်လုံးကို အချိုးအစားမကျအောင် ဖန်တီးပေးပါတယ်။ ခြေထောက်တွေကိုလည်း ခွာတပ်ထားသလို ထင်ရစေပါတယ်။ ဒေါက်မြင့်ဖိနပ်တွေကတော့ သင့်ကို ကြော့ရှငး်ပြီး ယဉ်တဲ့ အသွင်ကို ပေးပါတယ်။ ဘယ် Look ကိုမဆို တိုးမြှင့်ပေးနိုင်ပြီး လူတိုင်းရဲ့ အာရုံစူးစိုက်မှုကို ရရှိနိုင်ပါတယ်။
#Lifestyle_Myanmar
#LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here