သင့်ရဲ့ခန္ဓာကိုယ်အချိုးအစားပေါ်မှုတည်ပြီး အတွင်းခံအဝတ်အစား ရွေးချယ်တတ်စေဖို့

0
132
သင့်ရဲ့ခန္ဓာကိုယ်အချိုးအစားပေါ်မှုတည်ပြီး

မိန်းကလေးတိုင်းက အတွင်းခံအဝတ်အစားကို လှလှပပလေးတွေ ဝတ်ရတာ နှစ်သက်ကြပါတယ်။ တခါတရံ ကိုယ်က ကြိုက်လို့ ဝယ်လိုက်ပေမယ့် ကိုယ့်ခန္ဓာကိုယ်နဲ့ အဆင်မပြေတာ၊ သက်တောင့်သက်သာ မရှိတာ ကြုံရနိုင်ပါတယ်။ အတွင်းခံအဝတ်အစားတွေ ဝယ်မယ်ဆိုရင် အတွင်းခံအဝတ်အစားဟာ ကိုယ်နဲ့ သက်တောင့်သက်သာဖြစ်ပြီး ခန္ဓာကိုယ်အချိုးအစားနှင့် အရွယ်အစား ကိုက်ညီဖို့ လိုပါတယ်။

-Advertisement-


၁။ ‘အကောင်းဆုံး’ ခန္ဓာကိုယ်အချိုးအစားရှိသူ


ခန္ဓာကိုယ်ကောက်ကြောင်းလှပြီး သွယ်လျတဲ့ မိန်းကလေးများဟာ အမျိုးသမီး အနည်းငယ်သာ လိုက်ဖက်တဲ့ တင်ပါးမဖုံးတဲ့ thongs အတွင်းခံ အပါအဝင် ဘယ်အတွင်းခံအဝတ်အစားမျိုးမဆို လိုက်ဖက်ပါတယ်။
၂။ ‘တင်ပါးကျယ်’ တဲ့သူ


အောက်ပါခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံက သဲနာရီပုံနဲ့ ဆင်တူပါတယ်။ ပခုံးကျဉ်းပြီး ခါးသေးသေးလေးရှိပါတယ်။ တင်ပါးကျယ်တာကြောင့် အနည်းငယ်အချိုးအစားမမျှဘူးလို့ ဆိုရပါမယ်။လိုက်ဖက်တဲ့ ပုံရိပ်ကိုဖန်တီးဖို့ ခါးနိမ့်ပြီး ကျဉ်းမြောင်းတဲ့ ပင်တီနှင့် ခွက်အပျော့ဘရာကို ဝတ်ဆင်နိုင်ပါတယ်။
၃။ သစ်တော်သီးပုံတင်ပါး ရှိတဲ့သူ


ဒီလိုခန္ဓာကိုယ်ပုံရှိတဲ့သူတွေဟာ သင့်တင်ပါးပေါ်က အားနည်းချက်ကို ဖုံးကွယ်ဖို့အတွက် အသေးစားဘောင်းဘီတိုနှင့်အတူ ခွက်အမာနှင့် ဘရာကို ဦးစားပေးဖို့ အကြံပြုပါတယ်။
၎။ တင်ပါးကောက်ကြောင်းရှိတဲ့သူ


ဝမ်းဗိုက်နှင့် ခါးအတွင်းက အဆီပိုတွေကို ထိရောက်စွာ ဖုံးကွယ်နိုင်ပါတယ်။ အပေါ်နှင့်အောက် balance ဖြစ်ဖို့ ခွက်အမာနှင့် ဘရာစီယာ၊ ခါးမြင့်ပြီးဘေးနှစ်ဖက်ကျယ်တဲ့ ပင်တီကို ရွေးချယ်ဖို့ အကြံပြုပါတယ်။
၅။ ခန္ဓာကိုယ် ပိန်တဲ့သူ


ထိုသို့သော အမျိုးသမီးများက အတွင်းခံ စနစ်တကျရွေးချယ်မှုရဲ့အကူအညီနှင့်အတူ ဆွဲဆောင်မှုရှိပြီး ခန္ဓာကိုယ်ကို ပိုပြီးလုံးဝန်းစေနိုင်ပါတယ်။ အကောင်းဆုံးဖြေရှင်းနည်းက push-up bra နှင့် အရောင်မတူစပ်တားတဲ့ အတွင်းခံဘောင်းဘီကို ရွေးချယ်နိုင်ပါတယ်။
၆။ ပခုံးကျယ်ပြီး ရင်သားကြီးတဲ့သူ


ခါးသေးပြီး ရင်ဘတ်ကျယ်တာကြောင့် တြိဂံပြောင်းပြန်ပုံသဏ္ဍာန်ရှိပါတယ်။ ဒီမိန်းကလေးတွေဟာ ချုပ်ရိုးကြောင်း ထူထူနဲ့ ရင်ပင့်တင်တာ မပါတဲ့ ဘရာတွေကို ရွေးချယ်နိုင်ပါတယ်။ဘရာရွေးချယ်တဲ့အခါ ချုပ်ရိုးကြောင်းဘောင် ထူထူနှင့် ကြိုးကိုင်းပါးပါးလေးကို ရွေးချယ်ပါ။
၇။ ခါးမရှိတဲ့သူ


ဘေးနှစ်ဖက်ဖဲကြိုးတွေနဲ့ Thongsအမျိုးအစား အတွင်းခံဘောင်းဘီတွေက ခါးကို ပိုပေါ်လွင်စေပြီး တင်ပါးကားသယောင်ဖန်တီးပေးပါတယ်။ ပိုပြီး လိုက်ဖက်တဲ့ ပုံရိပ်ဖြစ်စေဖို့ ကြိုးဖြုတ်ထားတဲ့ ခွက်အမာနှင့်ဘရာ ကိုရွေးချယ်ဖို့ အကြံပြုပါတယ်။
၈။ ပြည့်ပြည့်ဖြိုးဖြိုးခန္ဓာကိုယ်ရှိသူ


ခန္ဓာကိုယ်ကောက်ကြောင်းပျောက်ပြီး ဝနေတဲ့အမျိုးသမီးတွေဟာ ကြိုးအပြားကျယ်ကျယ်နဲ့ ထူထဲတဲ့ အတွင်းခံအဝတ်အစားများကို ရွေးချယ်သင့်ပါတယ်။ အတွင်းခံဘောင်းဘီက တတ်နိုင်သမျှ မြင့်မြင့်လေးဖြစ်သင့်ပြီး ဆွဲသားဖြစ်သင့်ပါတယ်။

အတွင်းခံတွေရဲ့ အဓိကတာဝန်က ခန္ဓာကိုယ်ရဲ့ အားနည်းချက်ကို ဖုံးကွယ်ပြီး အားသာချက်ကို အလေးပေးဖို့ပဲဖြစ်ပါတယ်။ ခေတ်ရေစီးကြောင်းနဲ့ကိုက်ညီဖို့ မလိုပါဘူး။
#Lifestyle_Myanmar
#LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here