• Latest
  • Trending
  • All
  • News
  • Lifestyle
သင့္ရဲ႕ကေလးငယ္ကို သင္ၾကားထားေပးသင့္တဲ့ အေရးအႀကီးဆံုး ဘဝကၽြမ္းက်င္မႈ (၁၀) ခ်က္

သင့္ရဲ႕ကေလးငယ္ကို သင္ၾကားထားေပးသင့္တဲ့ အေရးအႀကီးဆံုး ဘဝကၽြမ္းက်င္မႈ (၁၀) ခ်က္

August 15, 2018
ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

December 20, 2022
သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

December 20, 2022
ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

December 20, 2022
ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

December 20, 2022
ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ

ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ

December 20, 2022
စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား

စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား

December 20, 2022
ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ

ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ

December 20, 2022
အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ

အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ

December 20, 2022
ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်

ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်

December 20, 2022
ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ

ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ

December 19, 2022
ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်

ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်

December 19, 2022
First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ

First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ

December 19, 2022
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us
Wednesday, February 8, 2023
  • Login
Lifestyle Myanmar
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ

    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ

    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး

    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး

    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး

    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး

    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ

    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ

    ရည္းစားေဟာင္း

    ကိုယ့္ရဲ႕ ရည္းစားေဟာင္း အေပၚ ေက်းဇူးတင္သင့္တဲ့ အခ်က္အခ်ိဳ႕

    တကယ္ႀကိဳးစားခ်င္စိတ္ရွိတဲ့လူတစ္ေယာက္ဟာ ဘယ္လိုပဲ အခက္အခဲေတြ ႀကံဳေတြ႕ေနပါေစ အၿမဲရင္ဆိုင္ဖို႔ အသင့္ျဖစ္ေနၿပီးသားပါ။

    တကယ္ႀကိဳးစားခ်င္စိတ္ရွိတဲ့လူတစ္ေယာက္ဟာ ဘယ္လိုပဲ အခက္အခဲေတြ ႀကံဳေတြ႕ေနပါေစ အၿမဲရင္ဆိုင္ဖို႔ အသင့္ျဖစ္ေနၿပီးသားပါ။

    ခလုတ္ထိမွ အမိတ ဆိုသလို ကၽြန္ေတာ္တို႔ေတြဟာ ျပႆနာေတြ၊ ဒုကၡေတြနဲ႔ ႀကံဳလာတဲ့အခါ

    ခလုတ္ထိမွ အမိတ ဆိုသလို ကၽြန္ေတာ္တို႔ေတြဟာ ျပႆနာေတြ၊ ဒုကၡေတြနဲ႔ ႀကံဳလာတဲ့အခါ

    မိန္းမေခ်ာ့နည္း

    မိန္းမေခ်ာ့နည္း

    ငါးမိနစ္တစ္ခါ စိတ္ေျပာင္းတတ္တဲ့ မိန္းကေလးတို႔ရဲ႕ သဘာဝ အပိုင္း(၂)

    ငါးမိနစ္တစ္ခါ စိတ္ေျပာင္းတတ္တဲ့ မိန္းကေလးတို႔ရဲ႕ သဘာဝ အပိုင္း(၂)

  • About Us
No Result
View All Result
Lifestyle Myanmar
No Result
View All Result
Home Lifestyle Family

သင့္ရဲ႕ကေလးငယ္ကို သင္ၾကားထားေပးသင့္တဲ့ အေရးအႀကီးဆံုး ဘဝကၽြမ္းက်င္မႈ (၁၀) ခ်က္

by Naung Naung Lwin
August 15, 2018
in Family
0
သင့္ရဲ႕ကေလးငယ္ကို သင္ၾကားထားေပးသင့္တဲ့ အေရးအႀကီးဆံုး ဘဝကၽြမ္းက်င္မႈ (၁၀) ခ်က္
352
SHARES
37
VIEWS
Share on FacebookShare on Twitter

ကေလးငယ္ေတြဟာ မိဘမ်က္စိေအာက္မွာ ရွိေနတာေၾကာင့္ ဘဝကၽြမ္းက်င္မႈ အမ်ားႀကီးရွိစရာ မလိုဘူး ဆိုေပမဲ့လဲ သူတို႔ေလးေတြ ႀကီးျပင္းလာတဲဲ့အခါ၊ ဒါမွမဟုတ္ ငယ္ရြယ္စဥ္ မိဘမ်က္ကြယ္မွာ ဒုကၡတစ္ခုခုနဲ႔ ရင္ဆိုင္ရတဲ့အခါ ကိုယ့္ကိုယ္ကိုယံုၾကည္မႈအျပည့္နဲ႔ ေျဖရွင္းႏိုင္ဖို႔ လိုအပ္ပါေသးတယ္။ ေက်ာင္းေတြမွာ ပညာေရး၊ အသိအျမင္ေတြအျပင္၊ ကိုယ္လက္လႈပ္ရွားမႈ အားကစားေတြ သင္ေပးေနေပမဲ့ ဘဝျဖတ္သန္းမႈ ကၽြမ္က်င္ေစဖို႔အတြက္ မလံုေလာက္ေသးပါဘူး။ သူတို႔ေတြကို မိဘေတြကိုယ္တိုင္ အိမ္မွာပဲသင္ၾကားေပးသင့္တဲ့ ကၽြမ္းက်င္မႈေလးေတြ ရွိပါတယ္။ ဒီလိုဘဝကၽြမ္းက်င္မႈေတြက သူတို႔အသက္ရွင္ရပ္တည္ႏိုင္ဖို႔ မ်ားစြာအေထာက္အကူျဖစ္ၿပီးေတာ့ ဒုကၡအမ်ိဳးမ်ိဳးနဲ႔ စိန္ေခၚမႈမ်ားစြာကို ေျဖရွင္းႏိုင္ဖို႔ ကူညီေပးႏိုင္ပါတယ္။

၁။ အခ်က္အျပဳတ္
အခ်က္အျပဳတ္ကို မိန္းကေလးေရာ ေယာက်္ားေလးပါ စိတ္ဝင္စားႏိုင္ၿပီး ႏွစ္သက္ႏိုင္ပါတယ္။ ကၽြန္ေတာ္တို႔ပတ္ဝန္းက်င္မွာတင္ အခ်က္အျပဳတ္ေကာင္းတဲ့ အမ်ိဳးသမီးေတြ အရမ္းကိုေတာ္တဲ့ အမ်ိဳးသားစားဖိုမႈးေတြကို မ်ားစြာျမင္ေတြ႕ႏိုင္ပါတယ္။ ဒါေပမယ့္ အရြယ္ေရာက္ၿပီးတာေတာင္မွ ၾကက္ဥတစ္လံုးေျဖာင့္ေအာင္ မေက်ာ္တတ္ၾကတဲ့ အမ်ိဳးသား၊ အမ်ိဳးသမီးေတြလည္း သင္မ်ားစြာျမင္ဖူးမွာပါ။ ဘယ္လိုပဲျဖစ္ျဖစ္ သင့္ရဲ႕သားသမီးကိုေတာ့ ဘယ္ေလာက္ပဲခ်မ္းသာေအာင္ ထားႏိုင္ပါေစ ယခုလိုအခ်က္အျပဳတ္ပညာကိုေတာ့ သင္ၾကားေပးႏိုင္ေအာင္ ႀကိဳးစားပါ။
အခ်က္အျပဳတ္ေကာင္းတဲ့ သူတစ္ေယာက္ဟာ အျခားသူေတြနဲ႔ယွဥ္ရင္ အရမ္းကိုသာေနပါတယ္။ အရင္ဆံုး မီးဖိုေခ်ာင္မွာ သင့္ကိုကူညီေပးျခင္းကေနစတင္ၿပီး သူတို႔ေတြ မီးဖိုေခ်ာင္နဲ႔ ေကာင္းစြာရင္းႏွီးပါေစ။ သင္ခ်က္ျပဳတ္ေနတာကို သူတို႔အျမဲတမ္းျမင္ေတြ႕ေနတဲ့့အခါ အရမ္းႀကီးစိမ္းမေနေတာ့ပဲ စိတ္ဝင္စားလာပါလိမ့္မယ္။ အခ်က္အျပဳတ္နဲ႔ ပတ္သတ္ၿပီးသူတို႔ေစ့ေစ့ေပါက္ေပါက္ ေမးတတ္တာေတြကိုလည္း သင့္ဖက္ကစိတ္ရွည္လက္ရွည္နဲ႔ ရွင္းျပေပးဖို႔လိုအပ္ပါတယ္။

၂။ ေတာအတြင္း အသက္ရွင္ရပ္တည္မႈ
ဘယ္လိုေျမျပင္အေနအထားမွာပဲျဖစ္ျဖစ္ အသက္ရွင္ႏိုင္ေအာင္ ရပ္တည္ႏိုင္ျခင္းဟာလည္း ဘဝကၽြမ္းက်င္မႈတစ္ခုျဖစ္ပါတယ္။ ေတာထဲမွာ စခန္းေဆာက္တာေတြ၊ မီးပံုတစ္ခုတည္ေဆာက္ၿပီး အခက္အခဲၾကားကေန ခ်က္ျပဳတ္ႏိုင္ျခင္းေတြ၊ ကိုယ့္အတြက္စားစရာေတြကို ၾကံဖန္ရွာေဖြျခင္းေတြကို စာေတြျဖစ္ေစ၊ လက္ေတြ႕ျဖစ္ေစ သင္ၾကားထားေပးသင့္ပါတယ္။ ဒီလိုကၽြမ္းက်င္မႈေတြက သူတို႔တခ်ိန္ခ်ိန္ ဒုကၡနဲ႔ရင္ဆိုင္ရတဲ့အခါ အသက္ရွင္သန္ႏိုင္ဖို႔ မ်ားစြာအေထာက္အကူျဖစ္ေစၿပီး စြန္႔စားမႈနဲ႔ အေတြ႕အၾကံဳသစ္ ရွာေဖြမႈေတြမွာ အားသန္လာေစၿပီး ပိုမိုလြတ္လပ္စိတ္ကို ျဖစ္လာေစပါတယ္။

ADVERTISEMENT

၃။ အေျခခံဥယ်ာဥ္ နည္းစနစ္မ်ား
အပင္စိုက္တာေတြ၊ ဥယ်ာဥ္တစ္ခုဖန္တီးၿပီး ထိန္းသိမ္ျခင္းနည္းစနစ္ေတြဟာ ကေလးေတြကို သဘာဝကိုခ်စ္တဲ့စိတ္၊ စိတ္ရွည္သီးခံစိတ္ေတြကို ျဖစ္ေစပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕အိမ္ထဲမွာရွိတဲ့ ပန္းခင္း သို႔မဟုတ္ သီးပင္စားပင္ေတြကေနတဆင့္ သူတို႔ကိုသင္ၾကားထားေပးပါ။ ရာသီဥတုနဲ႔ အပင္ေတြရဲ႕သက္ေရာက္မႈအေၾကာင္းေတြ၊ မ်ိဳးေစ့ေတြကို ဘယ္လိုစိုက္ပ်ိဳးရတယ္၊ အင္းဆက္ေတြရဲ႕အႏၱရာယ္နဲ႔ အပင္တစ္ပင္ႀကီးထြားလာေစဖို႔ လိုအပ္တဲ့ေျမဆီလႊာ၊ အာဟာရအေၾကာင္းေတြ စသျဖင့္ သင့္ကေလးကို သင္ၾကားေပးပါ။ အပင္တစ္ပင္ကို နာမည္တစ္ခုေပးၿပီး သင့္ကေလးနဲ႔ အတူတူႀကီးျပင္းလာပါေစ။ ယခုလိုနည္းလမ္းေတြက ကေလးငယ္ေတြသဘာဝကို ခ်စ္လာေစၿပီး အေကာင္းျမင္မႈနဲ႔ စိတ္ေအးခ်မ္းမႈကို ကိုယ္တိုင္ဖန္တီးႏိုင္ပါလိမ့္မယ္။

အေျခခံဥယ်ာဥ္ နည္းစနစ္မ်ား

၄။ ေရွးဦးသူနာျပဳစုနည္း
ကေလးေတြ ကစားေနရင္းနဲ႔ သူတို႔ကိုယ္တိုင္ ထိခိုက္ဒဏ္ရာေတြ ႀကိမ္ဖန္မ်ားစြာ ရရွိႏိုင္ပါတယ္။ ဒါေၾကာင့္ သူတို႔အတြက္ ဦးစားေပးအေနနဲ႔ ယခုလိုဘဝကၽြမ္းက်င္မႈကို သင္ၾကားထားေပးပါ။ ဒဏ္ရာျဖစ္တဲ့အခါ အရင္ဆံုးဘယ္လိုသန္႔စင္ၿပီး ေဆးထည့္ရမယ္၊ ပတ္တီးကိုဘယ္လိုစီးရမယ္ စသျဖင့္ ေရွးဦးသူနာျပဳစုနည္းေတြကို သင္ၾကားထားေပးျခင္းဟာ သူတို႔ကိုယ္တိုင္ကာကြယ္ႏိုင္႐ံုသာမကပဲ အျခားသူေတြရဲ႕ အေရးေပၚအေျခအေနေတြနဲ႔ မေတာ္တဆမႈေတြကိုလည္း ကယ္တင္ေပးႏိုင္ပါတယ္။

၅။ ေရကူးျခင္း
ေရကူျခင္းဟာလည္း လူတိုင္းအတြက္ မရွိမျဖစ္တတ္ထားသင့္တဲ့ အရာျဖစ္ၿပီးေတာ့ ယခုလိုကၽြမ္းက်င္မႈေတြကို ေရနဲ႔ပတ္သတ္တဲ့ ေပ်ာ္စရာလႈပ္ရွားမႈေတြ၊ အလည္အပတ္ခရီးေတြ၊ သင္တန္းေတြမွာ သင့္ကေလးကို သင္ၾကားထားေပးသင့္ပါတယ္။ တကယ္လို႔ သူတို႔ေတြ ေရလမ္းခရီးကိုသြားရတဲ့ အခါမ်ိဳးေတြ၊ သူငယ္ခ်င္းေတြနဲ႔ ေရကူးသြားတဲ့အခါမ်ိဳးေတြမွာ အသက္ရွင္ရပ္တည္ႏိုင္ဖို႔ ယခုလိုကၽြမ္းက်င္မႈက မ်ားစြာအေထာက္အကူျဖစ္ၿပီး ကိုယ့္ကိုယ္ကိုသာမက အျခားသူေတြကိုပါ ကယ္တင္ေပးႏိုင္ပါတယ္။

၆။ ေငြေၾကးစီမံခန္႔ခြဲမႈ
ဒီကၽြမ္းက်င္မႈဟာလည္း ဘဝအတြက္ အေရးအႀကီးဆံုးတစ္ခုျဖစ္ၿပီးေတာ့ သင့္ကေလးကို သင္ၾကားထားေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ေငြေၾကးရဲ႕တန္ဖိုးနဲ႔ ဘယ္လိုရွာေဖြရတယ္၊ ဘယ္လိုသံုးစြဲရတယ္ ဆိုတာနဲ႔ ေငြေၾကးကို ဘယ္လိုစုေဆာင္းရတယ္ဆိုတာကို သင္ၾကားထားေပးပါ။ သူတို႔ကိုအတြက္အခ်က္ေတြမွအဆင့္ ေငြဘယ္ေလာက္ကို သူတို႔သံုးဖို႔လိုအပ္တယ္၊ ဘယ္ေလာက္ကိုစုထားသင့္တယ္ စသျဖင့္ နည္းလမ္းျပေပးပါ။ အနာဂတ္မွာ ေငြေၾကးနဲ႔ပတ္သတ္ၿပီး သူတို႔ကိုယ္တိုင္ေျဖရွင္းႏိုင္ေစဖို႔ မ်ားစြာအေထာက္အကူျဖစ္ေစပါလိမ့္မယ္။

ဆံပင္ပါးတဲ့ အမ်ိဳးသမီးေတြအတြက္ ဆံပင္ကို ထူသေယာင္ထင္ရေစမယ့္ နည္းလမ္း (၇)ခု

၇။ အဝတ္ေလွ်ာ္ျခင္း
ဒီကၽြမ္းက်င္မႈကို ကေလးေတြရဲ႕ အေစာဆံုးအသက္အရြယ္မွာတင္ သင္ၾကားေပးႏိုင္ပါတယ္။ သူတို႔ရဲ႕အဝတ္အစားကို ကိုယ္တိုင္ေလွ်ာ္ဖြပ္တတ္ေအာင္နဲ႔ ေလွ်ာ္ခ်င္စိတ္ရွိေအာင္ သင္ၾကားထားေပးျခင္းဟာ သူတို႔ေတြခရီးသြားတဲ့အခါ၊ ေကာလိပ္ေက်ာင္းအေဆာင္မွာေနတဲ့အခါနဲ႔ တနယ္တေက်းကို လုပ္ငန္းခြင္ဝင္တဲ့ အခါေတြမွာ မ်ားစြာအသံုးဝင္ပါလိမ့္မယ္။ ဒါ့အျပင္ အဝတ္အစားေတြကို ကိုယ္တိုင္ဘယ္လိုဂ႐ုစိုက္ရမယ္ ဆိုတာနဲ႔ သပ္ရပ္ေအာင္ ဘယ္လိုဝတ္ဆင္ရမယ္ဆိုတာကို သင္ၾကားထားေပးသင့္ပါတယ္။ ဒါေပမယ့္ ဒီလႈပ္ရွားမႈေတြမွာ သူတို႔ေပ်ာ္ရြင္ႏွစ္သက္ေအာင္ေတာ့ သင္ကႀကိဳးစားေပးပါ။

၈။ အိမ္တြင္းျပင္ဆင္မႈေတြ
သင္သတိထားမိရင္ သိႏိုင္ပါတယ္။ ကေလးေတြဟာ တီဗြီ၊ ေရခဲေသတၱာ၊ အဝတ္ေလွ်ာ္စက္၊ မိုဘိုင္းဖုန္း စတဲ့လွ်ပ္စစ္ပစၥည္းေတြရဲ႕ အတြင္းပိုင္းမွာ ဘာေတြရွိတယ္ဆိုတာကို စူးစမ္းခ်င္စိတ္ ျပင္းျပၾကပါတယ္။ ဒါေၾကာင့္ သူတို႔ရဲ႕စပ္စုခ်င္စိတ္ေတြကေနတဆင့္ သင္ၾကားေပးလွ်င္ ပိုမိုလြယ္ကူႏိုင္ပါတယ္။ အရင္ဆံုး လွ်ပ္စစ္ရဲ႕ အႏၱရာယ္အေၾကာင္း၊
အိမ္ကကၽြမ္းသြားတဲ့ မီးသီးကို လဲလွယ္ျခင္း၊ စတဲ့အေျခခံျပင္ဆင္မႈေလးေတြကို သင္ၾကားထားေပးႏိုင္ပါတယ္။ ဒါေပမယ့္ လွ်ပ္စစ္ပစၥည္းေတြကို ကိုင္တြယ္တဲ့အခါ လံုျခံဳေရးအစီအမံေတြကို ေကာင္းစြာနားလည္သိရွိဖို႔နဲ႔၊ သတိထားေစဖို႔ ဂ႐ုစိုက္ေပးပါ။

၉။ ကာကြယ္ေရး ကၽြမ္းက်င္မႈ
သင့္ကေလးကို အခ်ိန္တိုင္းသင္ကိုယ္တိုင္ မကာကြယ္ေပးႏိုင္တာကို သတိရပါ။ ဘဝမွာလူတိုင္း မႏွစ္ၿမိဳစရာ ကိစၥေတြမ်ားစြာၾကံဳေတြ႕ႏိုင္ၿပီး ဒီလိုၾကံဳလာတဲ့အခါ သူတို႔ကိုယ္သူတို႔ ကာကြယ္ႏိုင္ေစဖို႔အတြက္ ဂ်ဴဒို၊ ကရာေတး စတဲ့ကိုယ္ခံပညာသင္တန္းေတြမွာ ငယ္စဥ္ကတည္းက သင္ၾကားထားေပးသင့္ပါတယ္။ ယခုလိုသင္ၾကားထားေပးျခင္းျဖင့္
သူတို႔ရဲ႕ဖြံ႕ၿဖိဳးမႈနဲ႔ အႏၱရာယ္ေတြကို မ်ားစြာအေထာက္အကူျဖစ္ေစပါလိမ့္မယ္။

၁၀။ အခ်ိန္စီမံခန္႔ခြဲမႈ
ကေလးေတြရဲ႕ ငယ္ရြယ္တဲ့အခ်ိန္မွာတင္ အခ်ိန္ကိုဘယ္လိုအသံုးခ်ၿပီး စီမံခန္႔ခြဲႏိုင္တယ္ဆိုတာကို သင္ၾကားေပးႏိုင္ပါတယ္။ သင့္ရဲ႕အကူအညီမပါပဲ ကေလးကိုအဝတ္အစားဝတ္ခိုင္းပါ၊ ေက်ာင္းသြားဖို႔အတြက္ အခ်ိန္မွီအဆင္သင့္ျဖစ္ေနပါေစ၊ တိက်တဲ့အခ်ိန္မွာတင္ အိမ္စာေတြကို ၿပီးဆံုးေအာင္လုပ္တာေတြကိုလည္း သင္ၾကားေလ့က်င့္ေပးပါ။ ကေလးႀကီးလာတဲ့အခါ အခ်ိန္ကိုဘယ္လိုအသံုးခ်ရမယ္ဆိုတာကို ေကာင္းစြာနားလည္ေနပါလိမ့္မယ္။
ဒီလိုဘဝကၽြမ္းက်င္မႈေတြက သူတို႔ေလးေတြ ႀကီးျပင္းလာတဲ့အခါ ေခါင္းေဆာင္တစ္ေယာက္ျဖစ္ဖို႔အတြက္ မ်ားစြာအေထာက္အကူျဖစ္ေစၿပီး ေနာက္ထပ္ဘယ္လိုကၽြမ္းက်င္မႈေတြ လိုအပ္ေသးတယ္ဆိုတာကို သင္သိရွိခဲ့ရင္ ကြန္းမန္႔မွတဆင့္ မွ်ေဝအၾကံျပဳေပးဖို႔ကိုလည္း ေတာင္းဆိုပါရေစ။

#LM_Naung_Naung
#Lifestyle_Myanmar
Source-Momjunction

Unicode

ကလေးငယ်တွေဟာ မိဘမျက်စိအောက်မှာ ရှိနေတာကြောင့် ဘဝကျွမ်းကျင်မှု အများကြီးရှိစရာ မလိုဘူး ဆိုပေမဲ့လဲ သူတို့လေးတွေ ကြီးပြင်းလာတဲ့အခါ၊ ဒါမှမဟုတ် ငယ်ရွယ်စဉ် မိဘမျက်ကွယ်မှာ ဒုက္ခတစ်ခုခုနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ ဖြေရှင်းနိုင်ဖို့ လိုအပ်ပါသေးတယ်။ ကျောင်းတွေမှာ ပညာရေး၊ အသိအမြင်တွေအပြင်၊ ကိုယ်လက်လှုပ်ရှားမှု အားကစားတွေ သင်ပေးနေပေမဲ့ ဘဝဖြတ်သန်းမှု ကျွမ်ကျင်စေဖို့အတွက် မလုံလောက်သေးပါဘူး။ သူတို့တွေကို မိဘတွေကိုယ်တိုင် အိမ်မှာပဲသင်ကြားပေးသင့်တဲ့ ကျွမ်းကျင်မှုလေးတွေ ရှိပါတယ်။ ဒီလိုဘဝကျွမ်းကျင်မှုတွေက သူတို့အသက်ရှင်ရပ်တည်နိုင်ဖို့ များစွာအထောက်အကူဖြစ်ပြီးတော့ ဒုက္ခအမျိုးမျိုးနဲ့ စိန်ခေါ်မှုများစွာကို ဖြေရှင်းနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

၁။ အချက်အပြုတ်
အချက်အပြုတ်ကို မိန်းကလေးရော ယောကျ်ားလေးပါ စိတ်ဝင်စားနိုင်ပြီး နှစ်သက်နိုင်ပါတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာတင် အချက်အပြုတ်ကောင်းတဲ့ အမျိုးသမီးတွေ အရမ်းကိုတော်တဲ့ အမျိုးသားစားဖိုမှုးတွေကို များစွာမြင်တွေ့နိုင်ပါတယ်။ ဒါပေမယ့် အရွယ်ရောက်ပြီးတာတောင်မှ ကြက်ဥတစ်လုံးဖြောင့်အောင် မကျော်တတ်ကြတဲ့ အမျိုးသား၊ အမျိုးသမီးတွေလည်း သင်များစွာမြင်ဖူးမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သင့်ရဲ့သားသမီးကိုတော့ ဘယ်လောက်ပဲချမ်းသာအောင် ထားနိုင်ပါစေ ယခုလိုအချက်အပြုတ်ပညာကိုတော့ သင်ကြားပေးနိုင်အောင် ကြိုးစားပါ။
အချက်အပြုတ်ကောင်းတဲ့ သူတစ်ယောက်ဟာ အခြားသူတွေနဲ့ယှဉ်ရင် အရမ်းကိုသာနေပါတယ်။ အရင်ဆုံး မီးဖိုချောင်မှာ သင့်ကိုကူညီပေးခြင်းကနေစတင်ပြီး သူတို့တွေ မီးဖိုချောင်နဲ့ ကောင်းစွာရင်းနှီးပါစေ။ သင်ချက်ပြုတ်နေတာကို သူတို့အမြဲတမ်းမြင်တွေ့နေတဲ့အခါ အရမ်းကြီးစိမ်းမနေတော့ပဲ စိတ်ဝင်စားလာပါလိမ့်မယ်။ အချက်အပြုတ်နဲ့ ပတ်သတ်ပြီးသူတို့စေ့စေ့ပေါက်ပေါက် မေးတတ်တာတွေကိုလည်း သင့်ဖက်ကစိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးဖို့လိုအပ်ပါတယ်။

၂။ တောအတွင်း အသက်ရှင်ရပ်တည်မှု
ဘယ်လိုမြေပြင်အနေအထားမှာပဲဖြစ်ဖြစ် အသက်ရှင်နိုင်အောင် ရပ်တည်နိုင်ခြင်းဟာလည်း ဘဝကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်။ တောထဲမှာ စခန်းဆောက်တာတွေ၊ မီးပုံတစ်ခုတည်ဆောက်ပြီး အခက်အခဲကြားကနေ ချက်ပြုတ်နိုင်ခြင်းတွေ၊ ကိုယ့်အတွက်စားစရာတွေကို ကြံဖန်ရှာဖွေခြင်းတွေကို စာတွေဖြစ်စေ၊ လက်တွေ့ဖြစ်စေ သင်ကြားထားပေးသင့်ပါတယ်။ ဒီလိုကျွမ်းကျင်မှုတွေက သူတို့တချိန်ချိန် ဒုက္ခနဲ့ရင်ဆိုင်ရတဲ့အခါ အသက်ရှင်သန်နိုင်ဖို့ များစွာအထောက်အကူဖြစ်စေပြီး စွန့်စားမှုနဲ့ အတွေ့အကြုံသစ် ရှာဖွေမှုတွေမှာ အားသန်လာစေပြီး ပိုမိုလွတ်လပ်စိတ်ကို ဖြစ်လာစေပါတယ်။

၃။ အခြေခံဥယျာဉ် နည်းစနစ်များ
အပင်စိုက်တာတွေ၊ ဥယျာဉ်တစ်ခုဖန်တီးပြီး ထိန်းသိမ်ခြင်းနည်းစနစ်တွေဟာ ကလေးတွေကို သဘာဝကိုချစ်တဲ့စိတ်၊ စိတ်ရှည်သီးခံစိတ်တွေကို ဖြစ်စေပါတယ်။ ဒါကြောင့် သင့်ရဲ့အိမ်ထဲမှာရှိတဲ့ ပန်းခင်း သို့မဟုတ် သီးပင်စားပင်တွေကနေတဆင့် သူတို့ကိုသင်ကြားထားပေးပါ။ ရာသီဥတုနဲ့ အပင်တွေရဲ့သက်ရောက်မှုအကြောင်းတွေ၊ မျိုးစေ့တွေကို ဘယ်လိုစိုက်ပျိုးရတယ်၊ အင်းဆက်တွေရဲ့အန္တရာယ်နဲ့ အပင်တစ်ပင်ကြီးထွားလာစေဖို့ လိုအပ်တဲ့မြေဆီလွှာ၊ အာဟာရအကြောင်းတွေ စသဖြင့် သင့်ကလေးကို သင်ကြားပေးပါ။ အပင်တစ်ပင်ကို နာမည်တစ်ခုပေးပြီး သင့်ကလေးနဲ့ အတူတူကြီးပြင်းလာပါစေ။ ယခုလိုနည်းလမ်းတွေက ကလေးငယ်တွေသဘာဝကို ချစ်လာစေပြီး အကောင်းမြင်မှုနဲ့ စိတ်အေးချမ်းမှုကို ကိုယ်တိုင်ဖန်တီးနိုင်ပါလိမ့်မယ်။

၄။ ရှေးဦးသူနာပြုစုနည်း
ကလေးတွေ ကစားနေရင်းနဲ့ သူတို့ကိုယ်တိုင် ထိခိုက်ဒဏ်ရာတွေ ကြိမ်ဖန်များစွာ ရရှိနိုင်ပါတယ်။ ဒါကြောင့် သူတို့အတွက် ဦးစားပေးအနေနဲ့ ယခုလိုဘဝကျွမ်းကျင်မှုကို သင်ကြားထားပေးပါ။ ဒဏ်ရာဖြစ်တဲ့အခါ အရင်ဆုံးဘယ်လိုသန့်စင်ပြီး ဆေးထည့်ရမယ်၊ ပတ်တီးကိုဘယ်လိုစီးရမယ် စသဖြင့် ရှေးဦးသူနာပြုစုနည်းတွေကို သင်ကြားထားပေးခြင်းဟာ သူတို့ကိုယ်တိုင်ကာကွယ်နိုင်ရုံသာမကပဲ အခြားသူတွေရဲ့ အရေးပေါ်အခြေအနေတွေနဲ့ မတော်တဆမှုတွေကိုလည်း ကယ်တင်ပေးနိုင်ပါတယ်။

၅။ ရေကူးခြင်း
ရေကူခြင်းဟာလည်း လူတိုင်းအတွက် မရှိမဖြစ်တတ်ထားသင့်တဲ့ အရာဖြစ်ပြီးတော့ ယခုလိုကျွမ်းကျင်မှုတွေကို ရေနဲ့ပတ်သတ်တဲ့ ပျော်စရာလှုပ်ရှားမှုတွေ၊ အလည်အပတ်ခရီးတွေ၊ သင်တန်းတွေမှာ သင့်ကလေးကို သင်ကြားထားပေးသင့်ပါတယ်။ တကယ်လို့ သူတို့တွေ ရေလမ်းခရီးကိုသွားရတဲ့ အခါမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ ရေကူးသွားတဲ့အခါမျိုးတွေမှာ အသက်ရှင်ရပ်တည်နိုင်ဖို့ ယခုလိုကျွမ်းကျင်မှုက များစွာအထောက်အကူဖြစ်ပြီး ကိုယ့်ကိုယ်ကိုသာမက အခြားသူတွေကိုပါ ကယ်တင်ပေးနိုင်ပါတယ်။

၆။ ငွေကြေးစီမံခန့်ခွဲမှု
ဒီကျွမ်းကျင်မှုဟာလည်း ဘဝအတွက် အရေးအကြီးဆုံးတစ်ခုဖြစ်ပြီးတော့ သင့်ကလေးကို သင်ကြားထားပေးနိုင်ပါတယ်။ ဒါကြောင့် ငွေကြေးရဲ့တန်ဖိုးနဲ့ ဘယ်လိုရှာဖွေရတယ်၊ ဘယ်လိုသုံးစွဲရတယ် ဆိုတာနဲ့ ငွေကြေးကို ဘယ်လိုစုဆောင်းရတယ်ဆိုတာကို သင်ကြားထားပေးပါ။ သူတို့ကိုအတွက်အချက်တွေမှအဆင့် ငွေဘယ်လောက်ကို သူတို့သုံးဖို့လိုအပ်တယ်၊ ဘယ်လောက်ကိုစုထားသင့်တယ် စသဖြင့် နည်းလမ်းပြပေးပါ။ အနာဂတ်မှာ ငွေကြေးနဲ့ပတ်သတ်ပြီး သူတို့ကိုယ်တိုင်ဖြေရှင်းနိုင်စေဖို့ များစွာအထောက်အကူဖြစ်စေပါလိမ့်မယ်။

၇။ အဝတ်လျှော်ခြင်း
ဒီကျွမ်းကျင်မှုကို ကလေးတွေရဲ့ အစောဆုံးအသက်အရွယ်မှာတင် သင်ကြားပေးနိုင်ပါတယ်။ သူတို့ရဲ့အဝတ်အစားကို ကိုယ်တိုင်လျှော်ဖွပ်တတ်အောင်နဲ့ လျှော်ချင်စိတ်ရှိအောင် သင်ကြားထားပေးခြင်းဟာ သူတို့တွေခရီးသွားတဲ့အခါ၊ ကောလိပ်ကျောင်းအဆောင်မှာနေတဲ့အခါနဲ့ တနယ်တကျေးကို လုပ်ငန်းခွင်ဝင်တဲ့ အခါတွေမှာ များစွာအသုံးဝင်ပါလိမ့်မယ်။ ဒါ့အပြင် အဝတ်အစားတွေကို ကိုယ်တိုင်ဘယ်လိုဂရုစိုက်ရမယ် ဆိုတာနဲ့ သပ်ရပ်အောင် ဘယ်လိုဝတ်ဆင်ရမယ်ဆိုတာကို သင်ကြားထားပေးသင့်ပါတယ်။ ဒါပေမယ့် ဒီလှုပ်ရှားမှုတွေမှာ သူတို့ပျော်ရွင်နှစ်သက်အောင်တော့ သင်ကကြိုးစားပေးပါ။

၈။ အိမ်တွင်းပြင်ဆင်မှုတွေ
သင်သတိထားမိရင် သိနိုင်ပါတယ်။ ကလေးတွေဟာ တီဗွီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ မိုဘိုင်းဖုန်း စတဲ့လျှပ်စစ်ပစ္စည်းတွေရဲ့ အတွင်းပိုင်းမှာ ဘာတွေရှိတယ်ဆိုတာကို စူးစမ်းချင်စိတ် ပြင်းပြကြပါတယ်။ ဒါကြောင့် သူတို့ရဲ့စပ်စုချင်စိတ်တွေကနေတဆင့် သင်ကြားပေးလျှင် ပိုမိုလွယ်ကူနိုင်ပါတယ်။ အရင်ဆုံး လျှပ်စစ်ရဲ့ အန္တရာယ်အကြောင်း၊ အိမ်ကကျွမ်းသွားတဲ့ မီးသီးကို လဲလှယ်ခြင်း၊ စတဲ့အခြေခံပြင်ဆင်မှုလေးတွေကို သင်ကြားထားပေးနိုင်ပါတယ်။ ဒါပေမယ့် လျှပ်စစ်ပစ္စည်းတွေကို ကိုင်တွယ်တဲ့အခါ လုံခြုံရေးအစီအမံတွေကို ကောင်းစွာနားလည်သိရှိဖို့နဲ့၊ သတိထားစေဖို့ ဂရုစိုက်ပေးပါ။

၉။ ကာကွယ်ရေး ကျွမ်းကျင်မှု
သင့်ကလေးကို အချိန်တိုင်းသင်ကိုယ်တိုင် မကာကွယ်ပေးနိုင်တာကို သတိရပါ။ ဘဝမှာလူတိုင်း မနှစ်မြိုစရာ ကိစ္စတွေများစွာကြုံတွေ့နိုင်ပြီး ဒီလိုကြုံလာတဲ့အခါ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်စေဖို့အတွက် ဂျူဒို၊ ကရာတေး စတဲ့ကိုယ်ခံပညာသင်တန်းတွေမှာ ငယ်စဉ်ကတည်းက သင်ကြားထားပေးသင့်ပါတယ်။ ယခုလိုသင်ကြားထားပေးခြင်းဖြင့်
သူတို့ရဲ့ဖွံ့ဖြိုးမှုနဲ့ အန္တရာယ်တွေကို များစွာအထောက်အကူဖြစ်စေပါလိမ့်မယ်။

၁၀။ အချိန်စီမံခန့်ခွဲမှု
ကလေးတွေရဲ့ ငယ်ရွယ်တဲ့အချိန်မှာတင် အချိန်ကိုဘယ်လိုအသုံးချပြီး စီမံခန့်ခွဲနိုင်တယ်ဆိုတာကို သင်ကြားပေးနိုင်ပါတယ်။ သင့်ရဲ့အကူအညီမပါပဲ ကလေးကိုအဝတ်အစားဝတ်ခိုင်းပါ၊ ကျောင်းသွားဖို့အတွက် အချိန်မှီအဆင်သင့်ဖြစ်နေပါစေ၊ တိကျတဲ့အချိန်မှာတင် အိမ်စာတွေကို ပြီးဆုံးအောင်လုပ်တာတွေကိုလည်း သင်ကြားလေ့ကျင့်ပေးပါ။ ကလေးကြီးလာတဲ့အခါ အချိန်ကိုဘယ်လိုအသုံးချရမယ်ဆိုတာကို ကောင်းစွာနားလည်နေပါလိမ့်မယ်။
ဒီလိုဘဝကျွမ်းကျင်မှုတွေက သူတို့လေးတွေ ကြီးပြင်းလာတဲ့အခါ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့အတွက် များစွာအထောက်အကူဖြစ်စေပြီး နောက်ထပ်ဘယ်လိုကျွမ်းကျင်မှုတွေ လိုအပ်သေးတယ်ဆိုတာကို သင်သိရှိခဲ့ရင် ကွန်းမန့်မှတဆင့် မျှဝေအကြံပြုပေးဖို့ကိုလည်း တောင်းဆိုပါရစေ။

#LM_Naung_Naung
#Lifestyle_Myanmar
Source-Momjunction

 

Share352TweetShare
Naung Naung Lwin

Naung Naung Lwin

Related Posts

ပိတ်ရက်မှာတော့ မိသားစုနဲ့ နွေးထွေးပျော်ရွှင်စွာ အချိန်ကုန်ဆုံးနည်း (၅) သွယ်

ပိတ်ရက်မှာတော့ မိသားစုနဲ့ နွေးထွေးပျော်ရွှင်စွာ အချိန်ကုန်ဆုံးနည်း (၅) သွယ်

by Thinzar
November 25, 2022
0

ပိတ်ရက်တွေဆိုရင် တော်တော်များများကတော့ အပြင်သွားပြီး ချစ်သူနဲ့တွေ့တယ်၊ သူငယ်ချင်းတွေနဲ့တွေ့ပြီး လျှောက်လည်ကြတယ်။ ဒီလိုနဲ့ ဖွင့်ရက်တွေဆိုလည်းအလုပ်သွား၊ ကျောင်းသွားနေပြီး ပိတ်ရက်ကျပြန်တော့လည်း မိသားစုနဲ့မနေပဲ အပြင်တွေလျှောက်သွားနေကြမယ်ဆိုရင်တော့ မိသားစုအတူနေချိန်ဟာ နည်းသွားပါလိမ့်မယ်။ အပြင်ကပြန်လာလို့ အိမ်မှာနေတဲ့အချိန်နဲ့ မိသားစုအတွက် အချိန်ပေးပြီး တစ်နေ့တာကို ပျော်ရွှင်စွာဖြတ်သန်းတာက...

ကိုယ့်အိမ်မှာ ကိုယ့်မိဘနဲ့ အတူနေခြင်းအားဖြင့် ရရှိမယ့် အကျိုးကျေးဇူးများ

ကိုယ့်အိမ်မှာ ကိုယ့်မိဘနဲ့ အတူနေခြင်းအားဖြင့် ရရှိမယ့် အကျိုးကျေးဇူးများ

by Thinzar
August 25, 2022
0

အခုချိန်ထိ မိဘအိမ်မှာ နေနေတုန်းပဲလား။ အဆောင်မှာနေဖို့စဉ်းစားနေရင်၊ အလုပ်အကိုင် ရှာလို့မရသေးရင်၊ အိမ်ထောင်ရေးအဆင်မပြေရင်၊ ဒါမှမဟုတ် ကျောင်းပြန်တက်လို့ရှိရင် ဘယ်လိုအကြောင်းကြောင့်မို့ဖြစ်ဖြစ် အပြင်မှာသွားနေဖို့ စဉ်းစားနေတယ်ဆိုရင် ကိုယ့်အိမ်မှာ ကိုယ်မိဘနှင့်အတူ နေခြင်းအားဖြင့် အကျိုးကျေးဇူးတွေ မကုန်နိုင်မခန်းနိုင်အောင်ရှိတယ်ဆိုတာ မမေ့ဖို့ သတိပေးလိုပါတယ်။ အဖေအမေနဲ့...

မိသားစုအတွက် ချမ်းမြေ့ပျော်ရွှင်စရာကောင်းတဲ့ နားခိုရာအိမ်လေးတစ်လုံးကို ဖန်တီးကြမယ်

မိသားစုအတွက် ချမ်းမြေ့ပျော်ရွှင်စရာကောင်းတဲ့ နားခိုရာအိမ်လေးတစ်လုံးကို ဖန်တီးကြမယ်

by Thinzar
August 6, 2022
0

လူတိုင်းအတွက် နားခိုရာအိမ်ဟာ မရှိမဖြစ် အဆောက်အအုံတစ်ခုပါပဲ။ တစ်နေကုန် အလုပ်တွေကြောင့်၊ ကျောင်းကိစ္စတွေကြောင့် ပင်ပန်းခဲ့သမျှကို အိမ်ပြန်ရောက်တဲ့အခါမှာတော့ စိတ်လွတ်လက်လွတ်နဲ့ ချမ်းမြေ့ပျော်ရွှင်စွာ နေထိုင်ချင်တယ်ဆိုတာဟာ ဘယ်သူ့ကိုမေးမေး အားလုံးရဲ့အိမ်မက်လို့ပဲ ပြောကြမယ်ဆိုတာ သေချာပါတယ်။ အခုလိုမျိုး ကိုယ့်အတွက် အေးချမ်းပျော်ရွှင်မှုကို ပေးစွမ်းနိုင်တဲ့...

မိသားစုနဲ့အတူ အဓိပ္ပါယ်ရှိတဲ့ အားလပ်ရက်လေးဖြစ်စေမယ့် နည်းလမ်းကောင်းလေးတွေ

မိသားစုနဲ့အတူ အဓိပ္ပါယ်ရှိတဲ့ အားလပ်ရက်လေးဖြစ်စေမယ့် နည်းလမ်းကောင်းလေးတွေ

by Thinzar
July 16, 2022
0

မိသားစု ဆိုတာ လူတိုင်းလူတိုင်းအတွက် အဖိုးတန်ဆုံး လုံခြုံနွေးထွေးမှုပေးနိုင်ဆုံး ခိုးနားရာနေရာလေးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် တော်တော်များများဟာ ကိုယ့်ရဲ့ တစ်နေတာလုပ်တာဝန်တွေ ဖုန်းတွေ ဆိုရှယ်မီဒီယာတွေနဲ့ပဲ လုံးပန်းနေကြပြီး မိသားစုကို သီးသန့်အချိန်ပေးဖို့မေ့နေတတ်ကြပါတယ်။ အခုလာမယ့် အားလပ်ရက်လေးမှာတော့ မိသားစု ကို အချိန်ပေးမယ်လို့...

Lifestyle Myanmar

Copyright © 2017 Lifestyle Myanmar.

Digital Media Production in Myanmar.

  • About
  • Advertise
  • Privacy & Policy
  • Contact

Follow Us

No Result
View All Result
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us

Copyright © 2017 Lifestyle Myanmar.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!