အစာအိမ္အတြင္းနံရံမွာရွိတဲ့ အခၽြဲေျမွးပါးေလးေတြက အစာအိမ္နံရံကို အက္ဆစ္ေတြ တိုက္စားမႈမွ ကာကြယ္ေပးပါတယ္။ အစာအိမ္ကို ကာကြယ္ေပးတဲ့ အခၽြဲလႊာနဲ႔ အက္ဆစ္က balance ျဖစ္ေနရပါမယ္။ သို႔ေသာ္ အက္ဆစ္ရည္ အလြန္အကၽြံထုတ္လုပ္မႈ ရွိလာတဲ့အခါ အစာအိမ္အတြင္း balance ျဖစ္မႈကို ပ်က္စီးေစၿပီး အနာျဖစ္ေစပါတယ္။ ၎က H. pylori လို႔ေခၚတဲ့ ဘက္တီးရီးယား ရွင္သန္မႈေၾကာင့္ အမ်ားဆံုးျဖစ္ႏိုင္ေသာ္လည္း တခ်ိဳ႕ေဆးေတြကို အလြန္အကၽြံေသာက္ျခင္းေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ သူတို႔ရဲ႕လကၡဏာေတြက ဝမ္းဗိုက္ထဲမွာ ပူေလာင္ျခင္း သို႔ နာက်င္တဲ့ ခံစားခ်က္ျဖစ္ပါတယ္။ အစာအိမ္ အနာရွိသူေတြဟာ မတည့္တဲ့အစာစားမိရင္ မိနစ္ပုိင္းအတြင္းမွာပဲ အလြန္အမင္း ဗုိက္ေအာင့္တဲ့ေ၀ဒနာ ခံစားရႏုိင္ပါတယ္။ ရင္ပူတာ၊ ပ်ဳိ႕တာ၊ အန္တာနဲ႔ ေလပြတာဟာ ကိုယ္နဲ႔မတည့္တဲ့ အစားအစာကို စားမိတာေၾကာင့္ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အစာအိမ္နာရွိလွ်င္ အစားအေသာက္ကို ေရြးခ်ယ္ၿပီး စားသံုးသင့္ပါတယ္။ ဒီအစားအေသာက္ေတြက အစာအိမ္နာကို သက္သာေစသလို အာဟာရႏွင့္ ဂုဏ္သတိၱမ်ား ပါဝင္တာေၾကာင့္ တစ္ရွဴးေတြကို ျပန္လည္ ျပဳျပင္ေပးနိင္ပါတယ္။
၁။ မုန္လာဥနီ
မုန္လာဥနီက အစာအိမ္အနာရွိတဲ့ လူနာေတြ အမ်ားဆံုးစားသံုးရမယ့္ အသီးအရြက္တစ္မ်ိဳးျဖစ္ပါတယ္။ သူတို႔က အက္ဆစ္ပိုလွ်ံမႈေၾကာင့္ ထိခိုက္တဲ့ အေပၚယံလႊာကို ျပဳျပင္ေပးၿပီး အနာက်က္ေစတဲ့ ဂုဏ္သတိၱမ်ားရွိပါတယ္။ မုန္လာဥနီကို ေဖ်ာ္ရည္လုပ္ေသာက္၍ျဖစ္ေစ၊ အသုပ္ ဒါမွမဟုတ္အစိမ္းျဖစ္ေစ စားသံုးႏိုင္ပါတယ္။
၂။ ပန္းသီး
ပန္းသီးမွာ မရွိမျဖစ္လိုအပ္တဲ့အာဟာရဓါတ္မ်ား စုစည္းမႈျမင့္မားျခင္းေၾကာင့္ လူႀကိဳက္အမ်ားဆံုး ေဆးဖက္ဝင္အသီးတစ္မ်ိဳး ျဖစ္ပါတယ္။ ၎မွာ အစာေျခစနစ္ကို ထိန္းသိမ္းေပးတဲ့ အမွ်င္ဓါတ္မ်ားႏွင့္ ေအာ္ဂဲနစ္အက္ဆစ္တို႔ ပါဝင္ပါတယ္။ ပန္းသီးက အစာအိမ္အနာကိုသက္သာေစယံုသာမက အူခ်ဥ္နာ၊ ဝမ္းခ်ဳပ္ျခင္း၊ ဝမ္းေလွ်ာျခင္းကိုလည္း သက္သာေစပါတယ္။
၃။ ရွားေစာင္းလပ္ပတ္
ရွားေစာင္းလပ္ပတ္အပင္မွ အႏွစ္ၾကည္ၾကည္ေလးေတြက အနာက်က္ေစၿပီး antimicrobial လုပ္ေဆာင္မႈရွိတယ္ဆိုတာ သိၾကပါတယ္။ သင့္မွာ အစာအိမ္အနာရွိလွ်င္ သူတို႔ကိုအသံုးျပဳၿပီး အက္စစ္ရည္အလြန္အကၽြံထုတ္လုပ္ျခင္းမွ ထိန္းခ်ဳပ္ႏိုင္ပါတယ္။ ၎က ဒီေရာဂါရဲ႕ အဓိကအေၾကာင္းရင္းျဖစ္တဲ့ H. pylori ဘက္တီးရီးယား အလြန္အကၽြံေပါက္ဖြားတာကို တာဆီးႏိုင္စြမ္းရွိပါတယ္။ ဒါ့အျပင္ ပ်က္စီးသြားတဲ့ တစ္ရွဴးေတြကို ျပဳျပင္ေပးတဲ့ ကြန္ေပါင္းျဖစ္တဲ့ aleomodine ႏွင့္ aleoleine ကိုေပးပါတယ္။
၄။ ငွက္ေပ်ာသီး
ငွက္ေပ်ာသီးဟာ အစာအိမ္ရဲ႕PHကို ထိန္းညိွေပးၿပီး ခႏၶာကိုယ္က စုပ္ယူလုိက္တဲ့ alkalizing ျဒပ္ေပါင္းမ်ားႏွင့္ ကစီဓါတ္မ်ား ၾကြယ္ဝတဲ့ အသီးတစ္မ်ိဳးျဖစ္ပါတယ္။ ငွက္ေပ်ာသီးစားျခင္းက အနာစိမ္းမ်ားထြက္ျခင္းကို ေလ်ာ့နည္းေစၿပီး အစာအိမ္ခၽြဲ ယိုယြင္းမႈကို ရပ္တန္႔ေစႏိုင္ပါတယ္။ ငွက္ေပ်ာသီးက acid reflux ႏွင့္ အူခ်ဥ္နာ ေၾကာင့္ျဖစ္ရတဲ့ မအီမသာျဖစ္ျခင္းကို ေႏွးေကြးေစပါတယ္။
၅။ အာလူး
အာလူးက အစာအိမ္အနာကို သက္သာေစတဲ့ အစြမ္းထက္ အစားအစာအုပ္စုထဲက တစ္ခုျဖစ္ပါတယ္။ အစာေျချဖစ္စဥ္ကို အေထာက္အကူျပဳတဲ့ အင္တီေအာက္ဆီဒင့္၊ အမွ်င္ဓါတ္မ်ား၊ ကစီဓါတ္မ်ား ပါဝင္ပါတယ္။ သူတို႔ရဲ႕ အယ္ကာလိုင္းဆားက အက္စစ္ေၾကာင့္ ေရာင္ရမ္းတဲ့ တစ္ရွဴးေတြရဲ႕အနာကိုေပ်ာက္ကင္းေစၿပီး ေရာင္ရမ္းျခင္းျဖစ္စဥ္ကို ေလ်ာ့ခ်ေပးပါတယ္။ ဒါ့အျပင္ ဝမ္းဗိုက္ပူေလာင္ျခင္း၊ အက္ဆစ္ျပန္စီးျခင္းတို႔ကိုလည္း ေလ်ာ့ခ်ေပးပါတယ္။
သင့္မွာ အစာအိမ္အနာရွိပါက ေရွာင္ရွားသင့္တဲ့ အစားအစာမ်ား
အစာအိမ္အနာရွိတဲ့ လူနာရဲ႕အေျခအေနကို ပိုဆိုးေစႏိုင္တဲ့ acidic အစားအစာ အမ်ားအျပားရွိပါတယ္။ နာလန္ထစအခ်ိန္အတြင္းမွာ ဒီအစားအစာေတြကို မစားသံုးသင့္ပါဘူး။
ကဖိန္းဓါတ္ပါတဲ့ ေကာ္ဖီႏွင့္ အခ်ိဳရည္မ်ား
သန္႔စင္ၿပီး သၾကားပါဝင္တဲ့ စားေသာက္ကုန္မ်ားနဲ႔ ခ်ိဳခ်ဥ္မ်ား
ကာဗြန္နိတ္အခ်ိဳရည္မ်ား
စပ္တဲ့ အစားအစာမ်ား
အရက္မ်ား
ဆီေၾကာ္ အစားအစာမ်ားႏွင့္ fast food မ်ား
ေပါင္မုန္႔မ်ား
ပထမဆံုး အစာအိမ္နာလကၡဏာခံစားရလွ်င္ ဆရာဝန္ကို ခ်က္ခ်င္းျပသဖို႔ သတိရပါ။ သူတို႔က အၿမဲတမ္း စိုးရိမ္စရာေတာ့ မဟုတ္ေပမယ့္ ဆရာဝန္ရဲ႕ အကူအညီျဖင့္ သင့္ရဲ႕အေျခအေနကို စစ္ေဆးဖုိ႔က အေရးႀကီးပါတယ္။ အစာအိမ္အနာရွိသူေတြဟာ အစားအစာမ်ားကို ဂရုစိုက္စားသံုးျခင္းျဖင့္ အတိုင္းအတာအထိေတာ့ ေရာဂါလကၡဏာမ်ားကို သက္သာေစပါလိမ့္မယ္။
#Lifestyle_Myanmar
#LM_Nandar
Source- steptohealth
Unicode
သင့်မှာ အစာအိမ်အနာရှိလျှင် စားသုံးသင့်တဲ့ အစားအစာ နှင့် မစားသုံးသင့်တဲ့ အစားအစာများ
အစာအိမ်အတွင်းနံရံမှာရှိတဲ့ အချွဲမြှေးပါးလေးတွေက အစာအိမ်နံရံကို အက်ဆစ်တွေ တိုက်စားမှုမှ ကာကွယ်ပေးပါတယ်။ အစာအိမ်ကို ကာကွယ်ပေးတဲ့ အချွဲလွှာနဲ့ အက်ဆစ်က balance ဖြစ်နေရပါမယ်။ သို့သော် အက်ဆစ်ရည် အလွန်အကျွံထုတ်လုပ်မှု ရှိလာတဲ့အခါ အစာအိမ်အတွင်း balance ဖြစ်မှုကို ပျက်စီးစေပြီး အနာဖြစ်စေပါတယ်။ ၎င်းက H. pylori လို့ခေါ်တဲ့ ဘက်တီးရီးယား ရှင်သန်မှုကြောင့် အများဆုံးဖြစ်နိုင်သော်လည်း တချို့ဆေးတွေကို အလွန်အကျွံသောက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့လက္ခဏာတွေက ဝမ်းဗိုက်ထဲမှာ ပူလောင်ခြင်း သို့ နာကျင်တဲ့ ခံစားချက်ဖြစ်ပါတယ်။ အစာအိမ် အနာရှိသူတွေဟာ မတည့်တဲ့အစာစားမိရင် မိနစ်ပိုင်းအတွင်းမှာပဲ အလွန်အမင်း ဗိုက်အောင့်တဲ့ဝေဒနာ ခံစားရနိုင်ပါတယ်။ ရင်ပူတာ၊ ပျို့တာ၊ အန်တာနဲ့ လေပွတာဟာ ကိုယ်နဲ့မတည့်တဲ့ အစားအစာကို စားမိတာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် အစာအိမ်နာရှိလျှင် အစားအသောက်ကို ရွေးချယ်ပြီး စားသုံးသင့်ပါတယ်။ ဒီအစားအသောက်တွေက အစာအိမ်နာကို သက်သာစေသလို အာဟာရနှင့် ဂုဏ်သတ္တိများ ပါဝင်တာကြောင့် တစ်ရှူးတွေကို ပြန်လည် ပြုပြင်ပေးနိင်ပါတယ်။
၁။ မုန်လာဥနီ
မုန်လာဥနီက အစာအိမ်အနာရှိတဲ့ လူနာတွေ အများဆုံးစားသုံးရမယ့် အသီးအရွက်တစ်မျိုးဖြစ်ပါတယ်။ သူတို့က အက်ဆစ်ပိုလျှံမှုကြောင့် ထိခိုက်တဲ့ အပေါ်ယံလွှာကို ပြုပြင်ပေးပြီး အနာကျက်စေတဲ့ ဂုဏ်သတ္တိများရှိပါတယ်။ မုန်လာဥနီကို ဖျော်ရည်လုပ်သောက်၍ဖြစ်စေ၊ အသုပ် ဒါမှမဟုတ်အစိမ်းဖြစ်စေ စားသုံးနိုင်ပါတယ်။
၂။ ပန်းသီး
ပန်းသီးမှာ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်များ စုစည်းမှုမြင့်မားခြင်းကြောင့် လူကြိုက်အများဆုံး ဆေးဖက်ဝင်အသီးတစ်မျိုး ဖြစ်ပါတယ်။ ၎င်းမှာ အစာခြေစနစ်ကို ထိန်းသိမ်းပေးတဲ့ အမျှင်ဓါတ်များနှင့် အော်ဂဲနစ်အက်ဆစ်တို့ ပါဝင်ပါတယ်။ ပန်းသီးက အစာအိမ်အနာကိုသက်သာစေယုံသာမက အူချဉ်နာ၊ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းကိုလည်း သက်သာစေပါတယ်။
၃။ ရှားစောင်းလပ်ပတ်
ရှားစောင်းလပ်ပတ်အပင်မှ အနှစ်ကြည်ကြည်လေးတွေက အနာကျက်စေပြီး antimicrobial လုပ်ဆောင်မှုရှိတယ်ဆိုတာ သိကြပါတယ်။ သင့်မှာ အစာအိမ်အနာရှိလျှင် သူတို့ကိုအသုံးပြုပြီး အက်စစ်ရည်အလွန်အကျွံထုတ်လုပ်ခြင်းမှ ထိန်းချုပ်နိုင်ပါတယ်။ ၎င်းက ဒီရောဂါရဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ H. pylori ဘက်တီးရီးယား အလွန်အကျွံပေါက်ဖွားတာကို တာဆီးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ပျက်စီးသွားတဲ့ တစ်ရှူးတွေကို ပြုပြင်ပေးတဲ့ ကွန်ပေါင်းဖြစ်တဲ့ aleomodine နှင့် aleoleine ကိုပေးပါတယ်။
၄။ ငှက်ပျောသီး
ငှက်ပျောသီးဟာ အစာအိမ်ရဲ့PHကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်က စုပ်ယူလိုက်တဲ့ alkalizing ဒြပ်ပေါင်းများနှင့် ကစီဓါတ်များ ကြွယ်ဝတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ငှက်ပျောသီးစားခြင်းက အနာစိမ်းများထွက်ခြင်းကို လျော့နည်းစေပြီး အစာအိမ်ချွဲ ယိုယွင်းမှုကို ရပ်တန့်စေနိုင်ပါတယ်။ ငှက်ပျောသီးက acid reflux နှင့် အူချဉ်နာ ကြောင့်ဖြစ်ရတဲ့ မအီမသာဖြစ်ခြင်းကို နှေးကွေးစေပါတယ်။
၅။ အာလူး
အာလူးက အစာအိမ်အနာကို သက်သာစေတဲ့ အစွမ်းထက် အစားအစာအုပ်စုထဲက တစ်ခုဖြစ်ပါတယ်။ အစာခြေဖြစ်စဉ်ကို အထောက်အကူပြုတဲ့ အင်တီအောက်ဆီဒင့်၊ အမျှင်ဓါတ်များ၊ ကစီဓါတ်များ ပါဝင်ပါတယ်။ သူတို့ရဲ့ အယ်ကာလိုင်းဆားက အက်စစ်ကြောင့် ရောင်ရမ်းတဲ့ တစ်ရှူးတွေရဲ့အနာကိုပျောက်ကင်းစေပြီး ရောင်ရမ်းခြင်းဖြစ်စဉ်ကို လျော့ချပေးပါတယ်။ ဒါ့အပြင် ဝမ်းဗိုက်ပူလောင်ခြင်း၊ အက်ဆစ်ပြန်စီးခြင်းတို့ကိုလည်း လျော့ချပေးပါတယ်။
သင့်မှာ အစာအိမ်အနာရှိပါက ရှောင်ရှားသင့်တဲ့ အစားအစာများ
အစာအိမ်အနာရှိတဲ့ လူနာရဲ့အခြေအနေကို ပိုဆိုးစေနိုင်တဲ့ acidic အစားအစာ အများအပြားရှိပါတယ်။ နာလန်ထစအချိန်အတွင်းမှာ ဒီအစားအစာတွေကို မစားသုံးသင့်ပါဘူး။
ကဖိန်းဓါတ်ပါတဲ့ ကော်ဖီနှင့် အချိုရည်များ
သန့်စင်ပြီး သကြားပါဝင်တဲ့ စားသောက်ကုန်များနဲ့ ချိုချဉ်များ
ကာဗွန်နိတ်အချိုရည်များ
စပ်တဲ့ အစားအစာများ
အရက်များ
ဆီကြော် အစားအစာများနှင့် fast food များ
ပေါင်မုန့်များ
ပထမဆုံး အစာအိမ်နာလက္ခဏာခံစားရလျှင် ဆရာဝန်ကို ချက်ချင်းပြသဖို့ သတိရပါ။ သူတို့က အမြဲတမ်း စိုးရိမ်စရာတော့ မဟုတ်ပေမယ့် ဆရာဝန်ရဲ့ အကူအညီဖြင့် သင့်ရဲ့အခြေအနေကို စစ်ဆေးဖို့က အရေးကြီးပါတယ်။ အစာအိမ်အနာရှိသူတွေဟာ အစားအစာများကို ဂရုစိုက်စားသုံးခြင်းဖြင့် အတိုင်းအတာအထိတော့ ရောဂါလက္ခဏာများကို သက်သာစေပါလိမ့်မယ်။
#Lifestyle_Myanmar
#LM_Nandar
Source- steptohealth