#Lifestyhle_Myanmar
#Thar_Nage
မိန်းကလေးဆန်ပြီး ချစ်စရာကောင်းတဲ့ စကတ်အတွန့် ဖက်ရှင်
Unicode
ပြုလုပ်ရလွယ်ကူသလို ထိရောက်မှုရှိတဲ့ အလှအပနဲ့ ကျန်းမာရေးဆိုင်ရာ လျှို့ဝှက်ချက် အချို့
၁။ ချွေးပေါက်ကျယ်သူတွေအတွက် ဆန်ဆေးရေ
ဆန်စပါးဟာ ကျွန်တော်တို့ရဲ့ အဓိကအစားအစာဖြစ်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်တဲ့ အဟာရတွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ဆန်ဆေးရေကို အလှအပအတွက် အာရှအမျိုးသမီးတွေတော်တော်များများ အသုံးပြုခဲ့ကြပါတယ်။ အဆိုပါ ဆန်ဆေးရေကို အသားအရေနဲ့ ဆံကေသာအတွက် အသုံးပြုနိုင်ပြီး အချိန်တိုအတွင်းအံ့ဖွယ် ကောင်းကျိုးတွေရရှိနိုင်မှာဖြစ်ပါတယ်။ ဆန် ခွက်တစ်ဝက်ကို ရေနှစ်ခွက်ဖြင့် ၁၅ မိနစ်လောက်စိမ်ထားပေးပါ။ ပြီးလျှင် အဆိုပါ ရေကို သင့်မျက်နှာပေါ်သို့ သုတ်လိမ်းပေးပါ။ ခြောက်သွေ့အောင် မိနစ်အနည်းငယ်ထားပြီးမှ သင့်မျက်နှာကို သန့်စင်ပေးပါ။ ချွေးပေါက်များကိုကျဉ်းစေပြီး ဘေးထွက်ဆိုးကျိုးမရှိပဲ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
၂။ မျက်ကွင်ညိုခြင်း၊ မျက်ခွံမို့ခြင်းအတွက် အစိမ်ရောင်လက်ဖက်ရွက်
လေ့လာမှုတွေအရ မျက်ကွင်ညိုခြင်း နဲ့ မျက်ခွံမို့ခြင်း အတွက် အစိမ်းရောင်လက်ဖက်ရွက် သို့မဟုတ် အစိမ်းရောင်လက်ဖက်ရည်အိတ်ဟာ အများကြီးအသုံးဝင်ပါတယ်။ အဆိုပါ လက်ဖက်ရွက်/ လက်ဖက်ရည်အိတ်ကို ရေခဲသေတ္တာထဲမှာ ခဏထားပြီး အဆိုပါ အစိမ်းရောင်လက်ဖက်အိတ်မှ အရေကိုညစ်ထုတ်ပြီး အဆိုပါ အိတ်ကို သင့်မျက်လုံးပေါ်တွင် တင်ထားပေးပါ။ မျက်ကွင်ညိုခြင်းနဲ့ မျက်ခွံမို့ခြင်း အစ်ခြင်းကို သက်သာစေပါတယ်။
၃။ မျက်ကွင်းတစ်ဝှိုက် အညိုအမဲစွဲခြင်း၊ ရောင်ရမ်းခြင်းအတွက် အေးစက်တဲ့ဇွန်း
အေးစက်တဲ့ ဇွန်းဟာ မျက်ကွင်းအညိုအမဲစွဲခြင်း၊ ရောင်ရမ်းခြင်း၊ အပူချိန်များခြင်းအတွက် သက်သာပျောက်ကင်းစေပါတယ်။ ဇွန်းကို ရေခဲသေတ္တာထဲမှာ ထားပါ။ အဆိုပါဇွန်းအေးစက်လာတဲ့အခါ သင့်မျက်လုံးပေါ်မှာ တင်ထားပေးခြင်း၊ အဆိုပါဇွန်းအနည်းငယ် နွေးလာတဲ့အထိ နှိပ်နယ်ပေးခြင်းဟာ မျက်လုံးမှအပူကိုထွက်စေပြီး မျက်ကွင်းညိုမဲခြင်း၊ ရောင်ရမ်းခြင်းအတွက် အမြန်ဆုံးသက်သာပျောက်ကင်းစေပါတယ်။
၄။ အသားအရေ ချောမွေ့စေရန်အတွက် ငှက်ပျောခွံ
ငှက်ပျောသီးဟာ ကျန်မာရေးအတွက် ကောင်းမွန်တဲ့သီးနှံတစ်မျိုးဖြစ်သလို ငှက်ပျောခွံကလည်း အလှအပအတွက်လည်း များစွာ အထောက်အကူပြုပါတယ်။ ငှက်ပျောသီးမှာ ဗီတာမင် စီ နဲ့ မဂ္ဂနီဆီယမ်ဓာတ်များစွာပါဝင်ပါတယ်။ ပထမဦးစွာသင့်မျက်နှာကို သန့်စင်ဆေးကြောပေးပါ။ ပြီးလျှင် ငှက်ပျော်ခွံဖြင့် မျက်နှာပြင်ကို ညင်ညင်သာသာပွတ်တိုက်ပေးပါ။ အချိန်အနည်းငယ်ကြာမှ မျက်နှာကို ပြန်သန့်စင်ပေးပါ။ ထိုသို့ပြုလုပ်ပေးခြင်းဟာ အသားအရေကို ချောမွေ့ပြီး ကြည်လင်စေပါတယ်။
၅။ အသားအရေ ကြည်လင်စေဖို့အတွက် နို့
ကျွန်တော်တို့သိတဲ့အတိုင်း နို့ဟာ ခန္ဓာကိုယ်ကြံ့ခိုင်စေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအစားအစာတစ်မျိုးပဲဖြစ်ပါတယ်။ နို့တွင် ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ် နဲ့ ပရိုတိန်းဓာတ်များစွာပါဝင်ပါတယ်။ အသားအရေခြောက်သွေ့ခြင်း၊ မဲညစ်ခြင်းအတွက် ထိရောက်ဆုံးကာကွယ်ပေးပြီး မျက်နှာကို ကြင်လင်ဝင်းပစေပါတယ်။ ဝါဂွမ်းစကို နို့နှစ်ပြီး သင့်မျက်နှာပေါ်သို့ ညင်ညင်သာသာ သုတ်လိမ်းပေးပါ။ ပြီးလျှင် ရေနွေးနွေးလေးဖြင့် ဆေးကြောပေးပါ။ ရက်သတ္တပတ် အနည်းငယ်အတွက်ကောင်းကျိုးတွေခံစားရမှာဖြစ်ပါတယ်။