• Latest
  • Trending
  • All
  • News
  • Lifestyle
သင့်မျက်နှာပုံစံနှင့် အများဆုံး လိုက်ဖက်မယ့် ဆံပင်ပုံစံများ
March 19, 2018
ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ
ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ
December 20, 2022
သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း
သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း
December 20, 2022
ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး
ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး
December 20, 2022
ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ
ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ
December 20, 2022
ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ
ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ
December 20, 2022
စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား
စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား
December 20, 2022
ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ
ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ
December 20, 2022
အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ
အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ
December 20, 2022
ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်
ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်
December 20, 2022
ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ
ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ
December 19, 2022
ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်
ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်
December 19, 2022
First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ
First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ
December 19, 2022
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us
Monday, January 30, 2023
  • Login
Lifestyle Myanmar
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ
    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ
    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး
    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး
    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး
    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး
    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ
    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ
    ရည်းစားဟောင်း
    ကိုယ့်ရဲ့ ရည်းစားဟောင်း အပေါ် ကျေးဇူးတင်သင့်တဲ့ အချက်အချို့
    တကယ်ကြိုးစားချင်စိတ်ရှိတဲ့လူတစ်ယောက်ဟာ ဘယ်လိုပဲ အခက်အခဲတွေ ကြုံတွေ့နေပါစေ အမြဲရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီးသားပါ။
    တကယ်ကြိုးစားချင်စိတ်ရှိတဲ့လူတစ်ယောက်ဟာ ဘယ်လိုပဲ အခက်အခဲတွေ ကြုံတွေ့နေပါစေ အမြဲရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီးသားပါ။
    ခလုတ်ထိမှ အမိတ ဆိုသလို ကျွန်တော်တို့တွေဟာ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ ကြုံလာတဲ့အခါ
    ခလုတ်ထိမှ အမိတ ဆိုသလို ကျွန်တော်တို့တွေဟာ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ ကြုံလာတဲ့အခါ
    မိန်းမချော့နည်း
    မိန်းမချော့နည်း
    ငါးမိနစ်တစ်ခါ စိတ်ပြောင်းတတ်တဲ့ မိန်းကလေးတို့ရဲ့ သဘာဝ အပိုင်း(၂)
    ငါးမိနစ်တစ်ခါ စိတ်ပြောင်းတတ်တဲ့ မိန်းကလေးတို့ရဲ့ သဘာဝ အပိုင်း(၂)
  • About Us
No Result
View All Result
Lifestyle Myanmar
No Result
View All Result
Home Lifestyle Fashion
သင့်မျက်နှာပုံစံနှင့် အများဆုံး လိုက်ဖက်မယ့် ဆံပင်ပုံစံများ
by Nandar Lwin
March 19, 2018
in Fashion, Health & Beauty, Lifestyle
0
1
SHARES
3.2k
VIEWS
Share on FacebookShare on Twitter
2018 အတွက် လူငယ်ဆန်ပြီး ချစ်စရာကောင်းတဲ့ (Bob) ဘော့ဆံပင်ပုံစံ အမျိုးမျိုး
ADVERTISEMENT
#Lifestyle_Myanmar
#TB_Nandar
Unicode
သင့်မျက်နှာပုံစံနှင့်် အများဆုံး လိုက်ဖက်မယ့် ဆံပင်ပုံစံများ
ဆံပင်ညှပ်တော့မယ်ဆိုရင် ကိုယ့်မျက်နှာပုံသဏ္ဍာန်နှင့် ညှပ်မယ့် ပုံစံက လိုက်၊ မလိုက်ဆိုတာ စဉ်းစားဖို့လိုတဲ့ အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။ သင်အလှဆုံး ဆံပင်ပုံစံသစ်ကို ရွေးချယ်နိုင်ပေမယ့် ပြီးမှ သင့်မျက်နှာနှင့် မလိုက်ဖက်ဘူးဆိုလျှင် သင့်စိတ်ကူးအားလုံး ရေစုန်မျောသွားပါလိမ့်မယ်။ ဒါ့ကြောင့် နောက်ဆုံးပေါ် ပုံစံသစ်တွေနောက် လိုက်နေမယ့်အစား သင့်မျက်နှာပုံသဏ္ဍာန်နှင့် ကိုက်ညီမယ့် စတိုင်ကို ရွေးချယ်ဖို့ ကြိုးစားပါ။
သင့်မျက်နှာပုံစံက ဘယ်ထဲမှာပါသလဲ?
သင်နဲ့ အများဆုံးလိုက်ဖက်မယ့် ဆံပင်ပုံစံကို ရှာမတွေ့ခင် သင့်မျက်နှာက ဘာပုံစံလဲဆိုတာ အရင်ဆုံးဖော်ထုတ်ပါ။ အဲ့ဒီလိုလုပ်ဖို့ သင့်ရဲ့ဆံပင်ကို နောက်မှာ ချည်ထားပြီး ကင်မရာနဲ့တည့်တည့် Selfile ပုံတစ်ပုံရိုက်ပါ။ ပြီးနောက် သင့်မျက်နှာအပြင်ဘက် ပတ်လည်မှာ ကောက်ကြောင်းဆွဲပြီး အလွန်အနီးစ်ဆုံး ဆင်တူတဲ့ပုံသဏ္ဍန်ကို ကြည့်ပါ။ အချိုးအစားကို ရှာဖွေဖို့ နဖူးကနေ မေးစေ့အထိရဲ့အရှည်နှင့် မေးရိုး၊ သင့်ရဲ့မျက်ခုံး၊ ပါးရိုးနှင့်မေးရိုးရဲ့ အကျယ်ပေါ်မှာ focus ထားပြီး သင့်ရဲ့မျက်နှာကို တိုင်းတာဖို့ ကြိုးစားနိုင်ပါတယ်။ ဥပမာ – သင့်မျက်နှာက အလျားနှင့်အကျယ် တူညီလျှင် စတုရန်းပုံ သို့မဟုတ် အဝိုင်းပုံ တစ်ခုခုဖြစ်နိုင်ဖွယ်ရှိပါတယ်။ သင့်မျက်နှာသည် နဖူးကနေ မေးရိုးအထိ ကျယ်ပြန့်သူဖြစ်လျှင် တြိဂံပုံစံ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
၁။ ထောင့်မှန် စတုဂံပုံမျက်နှာအတွက် ဆံပင်ပုံစံ
ထောင့်မှန် စတုဂံပုံမျက်နှာရှိသူတွေက မျက်နှာကို ထပ်မံရှည်မသွားစေဘဲ သူတို့ရဲ့နဖူးနှင့် မေးချွန်းရဲ့ အသွင်အပြင်ကို ပျော့ပြောင်းစေရပါမယ်။ သင့်ရဲ့မျက်နှာအသွင်အပြင်ကို ရှည်လျားစေနိုင်တဲ့ အရမ်းရှည်တဲ့ ဆံပင်စတိုင်တွေကို ရှောင်ရှားဖို့ သတိထားရပါမယ်။ မျက်ခုံးတစ်ဝက်အုပ်ထားတဲ့ ပုံစံ၊ လှိုင်းတွန့်လေးတွေ၊ အကောက်ပုံစံလေးတွေ၊ အလွှာလေးတွေညှပ်ထားတဲ့ ပုံစံလေးတွေ ညှပ်ပေးနိုင်ပါတယ်။ ဆံပင်ကို ဘေးခွဲ သို့မဟုတ် အလယ်ခွဲ မျက်ခုံးတစ်ဝက်အုပ်ထားပြီး ပါးပြင်ပေါ်ဖုံးနေတဲ့ ပုံစံက သင့်မျက်နှာ လေးထောင့်ပုံစံကို အနည်းငယ်လုံးဝန်းသွားစေပါတယ်။
၂။ ဘဲဥပုံမျက်နှာအတွက် ဆံပင်ပုံစံ
ဘဲဥပုံမျက်နှာပုံစံရှိလျှင် သင်ကံကောင်းပြီလို့ တွေးသင့်ပါတယ်။မျှတတဲ့ အသွင်အပြင်ရှိတဲ့ ဘဲဥပုံမျက်နှာက ဆံပင်ပုံစံအမျိုးမျိုးနှင့် လိုက်ဖက်နိုင်ပါတယ်။ ဘဲဥပုံမျက်နှကျ ရှိသူတွေက ဆံပင်အရှည်၊ ဆံပင်မတိုမရှည်လေးတွေနဲ့ လိုက်ဖက်ပါတယ်။ ဆံပင်အတိုကြိုက်နှစ်သက်တဲ့ ဘဲဥပုံမျက်နှာကျ မိန်းကလေးတွေအတွက် ဘော့(bob) ပုံစံအတိ၊ သို့မဟုတ် မသိမသာအလွှာပုံစံ(lob) ဆံပင်ပုံစံလေးတွေနှင့် လိုက်ဖက်ပါတယ်။ ဆံပင်အရှည်ကို ပိုနှစ်သက်လျှင် ဆံပင်အကောက် သို့မဟုတ် လှိုင်းတွန့်စတိုင်၊ အလွှာအနည်းငယ်ပုံစံလေးတွေကို ရွေးချယ်ပါ။
၃။ စတုရန်းပုံ မျက်နှာအတွက် ဆံပင်ပုံစံ
စတုရန်းပုံမျက်နှာက နဖူးကျယ်ကျယ်၊ မေးရိုးကားကားပုံသဏ္ဍာန်ရှိပါတယ်။သင့်မှာ စတုရန်းပုံမျက်နှာရှိလျှင် ပိုပြီးပြားနေတဲ့ မျက်နှာပုံပန်းသဏ္ဍာန်အတွက် ဒီအင်္ဂ ါရပ်တွေကိုနူးညံ့သွားစေမယ့် ဆံပင်ပုံစံကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ဆံပင်အရှည်နှင့် အထပ်ထပ်ညှပ်ထားတဲ့ ဆံပင်ပုံစံတွေက သင့်မျက်နှာထောင့်ချွန်းတွေကို ဖုံးကွယ်ဖို့ ကူညီပေးပါလိမ့်မယ်။ အရှည်ကိုဖြတ်ထားတာ ကြိုက်လျှင် bob အထပ်ထပ်၊ အတိုလေးတွေညှပ်နိုင်ပါတယ်။ ဒါပေမယ့် သင့်မေးရိုးအစား ပါးရိုးကိုအာရုံစိုက်မှု ဆွဲယူသွားလိမ့်မယ့် ဘေးခွဲဆံမြိတ်လေးထည့်ညှပ်ဖို့ သတိရပါ။
၄။ အသည်းပုံမျက်နှာအတွက် ဆံပင်ပုံစံ
သင့်မှာ အသည်းပုံမျက်နှာရှိလျှင် သင့်အရိုးတည်ဆောက်မှုတွေက မေးစေ့နှင့် မေးရိုးကျဉ်းပြီး နဖူးနှင့် ပါးရိုးကျယ်ကျယ် အင်္ဂါရပ်ရှိပါလိမ့်မယ်။ ထိုကဲ့သို့သော သင့်နဖူးအကျယ်ကို လျော့နည်းစေပြီး မျက်နှာအောက်ပိုင်း တစ်ဝက်ရဲ့အကျယ်ကို တိုးစေဖို့ ဆံပင်ညှပ်တဲ့အခါ သင့်ရဲ့မျက်နှာပုံသဏ္ဍာန်ကို ထိန်းညှိဖို့ ရည်ရွယ်ထားသင့်ပါတယ်။ ဥပမာ ဘေးခွဲအရှည်ဆံပင်ပုံစံက နဖူးကျယ်နေတာကို ဖုံးကွယ်ပေးပါတယ်။ နားရွက်အောက်နားကစပြီး ကောက်ထားတဲ့ ဆံပင်ပုံစံ၊ လှိုင်းတွန့်ပုံစံလေးတွေ ညှပ်ပေးနိုင်ပါတယ်။
၅။ စိန်ပုံမျက်နှာအတွက် ဆံပင်ပုံစံ
စိန်ပုံဆိုတာ နဖူးကျဉ်းကျဉ်းနှင့် ပါးရိုးနှင့် မေးရိုးကျယ်ကျယ် အင်္ဂ ါရပ်ရှိတဲ့ angular မျက်နှာပုံသဏ္ဍာန်ဖြစ်ပါတယ်။ စိန်မျက်နှာပုံစံနှင့် မိန်းကလေးတွေအတွက် အလိုက်ဖက်ဆုံးအသွင်အပြင်က မျက်နှာ ထောင့်ချွန်းတွေကို ပျော့ပျောင်းပြီး မေးရိုးတွေကို ညီမျှအောင် ပြုလုပ်ပေးနိုင်မယ့် ဆံပင်ပုံစံဖြစ်သင့်ပါတယ်။ လှိုင်းတွန့်ဆံပင်လေးတွေနှင့်အတူ မတိုမရှည်အလွှာပုံစံလေးတွေ၊ ပုခုံးအထိ အရှည်လေးတွေ ညှပ်ဖို့ စဉ်းစားပေးပါ။ မေးရိုးရဲ့အသွင်အပြင်ကို ကျယ်ဝန်းစေချင်ရင် မေးစေ့အောက်နားထိ bob အရှည်လေးကို ညှပ်ပေးပါ။ ပိုနီတေးကို ခပ်မြင့်မြင့်စညး်ထားတာကလည်း သင့်နဖူးအသွင်အပြင်ကို ကျယ်စေပေမယ့် ပါးရိုးများကို ပြေပြစ်စေတာကြောင့် ကြည့်ကောင်းစေပါလိမ့်မယ်။ အရမ်းတိုလွန်းပြီး အလွှာအရမး်များတဲ့ ပုံစံကို ရှောင်ကြဉ်ပါ။
၆။ မျက်နှာဝိုင်းသူတွေအတွက် ဆံပင်ပုံစံ
မျက်နှာဝိုင်းတွေက ပုံမှန်အားဖြင့် ဆံပင်အရှည်လေးတွေနဲ့ လိုက်ဖက်ပါတယ်။ စတတ်ပုံစံအရှည်လေးတွေ၊ ဆံပင်အဖျားခုတ်ထားတဲ့ ပုံစံလေးတွေနှင့် ကြည့်ကောင်းပါတယ်။ အလွှာပုံစံညှပ်ဖို့ ရွေးချယ်ထားလျှင် မေးရိုးတဝိုက်ကစပြီး အထပ်ထပ်ညှပ်ထားတဲ့ အရှည်ပုံစံလေးကို ရွေးချယ်ပါ။ သင့်မျက်နှာကို အနညး်ငယ်ရှည်သွယ်စေဖို့ မျက်လုံးနားမှာ အဆုံးသတ်သွားမယ့် ဘေးခွဲဆံမြိတ်အတိုလေး ထည့်ပေးပါ။ ရှောင်ကြဉ်ရမှာက မျက်နှာတဝိုက်ကို လုံးဝန်းသွားစေနိုင်တဲ့ ခပ်တိတိညှပ်ထားတဲ့ အတိုပုံစံတွေ၊ ပါးထက်တိုအောင်ညှပ်ထားတဲ့ bob အကုတ်ပုံစံတွေ၊ တခေါင်းလုံးကောက်ထားတာတွေ ဖြစ်ပါတယ်။
၇။ တြိဂံပုံစံမျက်နှာအတွက် ဆံပင်ပုံစံ
ကြိဂံပုံစံမျက်နှာရှိတဲ့ မိန်းကလေးတွေက မေးရိုးကျယ်တဲ့အတွက် မျက်နှာရဲ့အောက်ပိုင်း တုတ်ခိုင်တဲ့ အသွင်အပြင်ကို လျော့ချပြီး မေးရိုးထွက်နေတာကို Balance ဖြစ်စေလိမ့်မယ့် ဆံပင်စတိုင် ညှပ်ဖို့ လိုအပ်ပါတယ်။ သင့်ပုံပန်းသဏ္ဍာန်ကို ပျော့ပျောင်းစေလိမ့်မယ့် အလွှာဆံပင်ပုံစံညှပ်ဖို့ ရွေးချယ်ပါ။ သင့်ရဲ့မေးရိုးကို ပိုပြီး ထွက်စေမယ့် Bob အဖြောင့်ညှပ်တာကို ရှောင်ကြဉ်ပါ။ သင်ဆံပင်အတိုညှပ်တာကို နှစ်သက်လျှင် choppy pixie ပုံစံညှပ်ပါ။ ဆံမြိတ်ဘေးခွဲအရှည်ကို ရှောင်ကြဉ်ပါ။
မျက်နှာပုံစံအတွက် အကောင်းဆုံးဆံပင်ပုံစံများ
၁။ ထောင့်မှန်စတုဂံပုံ- အလွှာညှပ်ထားတဲ့ပုံစံ၊ အကောက် သို့ လှိုင်းတွန့်ပုံစံ၊ ခပ်ဖွဖွထုံးထားတဲ့ romantic နောက်တွဲဆံထုံး၊ ဆံမြိတ်ထူထူ သို့ ဆံမြိတ်အလယ်ခွဲ။
၂။ ဘဲဥပုံ- Bob အတိ၊ အကောက် သို့ လှိုင်းတွန့်အရှည်၊ အလွှာပါးပါးနှင့် lob ပုံစံ
၃။ စတုရန်းပုံ- ဘေးခွဲတခြမ်းအုပ်စတိုင်၊ အရှည်၊ ဆံမြိတ်ဘေးခွဲကေတွေ၊ airy layers၊ Bob အတိုအထပ်ထပ်ပုံစံ၊
၄။ အသည်းပုံ- ဘေးခွဲအရှည်ညှပ်ထားတာ၊ နားရွက်အောက်နားက စပြီး ကောက်ထားတဲ့ လှိုင်းတွန့် (သို့)အကောက် ၊ pixies ဘေးခွဲ၊ bob နှင့် lob ပုံစံများ
၅။ စိန်ပုံ- အနေတော် (သို့)ခပ်ပွပွ လှိုင်းတွန့်နှင့်အတူ အရှည်အထပ်ပုံစံ၊ ဘေးခွဲတခြမ်း ခပ်ထူထူပုံစံ၊ မေးစေ့နားအထိ Bob အရှည်၊ ပိုနီတေးများ။
၆။ အဝိုင်းပုံ- ဆံပင်အရှည်၊ လှိုင်းထနေတဲ့ pixie ကေ၊ ဆံမြိတ်အတိုတစ်ခြမ်းစောင်း
၇။ တြိဂံပုံ-ညှပ်ရိုး (သို့) ပါးရိုး/မျက်လုံးတွေနားမှာ အဆုံးသတ်သွားတဲ့ အလွှာများ၊ လှိုင်းထနေတဲ့ pixie ကေများ၊ ဆံမြိတ်အတိုဘေးခွဲ။
#Lifestyle_Myanmar
#TB_Nandar
Share1TweetShare
Nandar Lwin
Nandar Lwin
Related Posts
ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ
ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ
by Thinzar
December 20, 2022
0
အောင်မြင်မှုကို ရယူလိုသူတိုင်း ဇွဲနပဲ ကြီးစွာ ကြိုးစားရမှာပါ။ ဒါပေမယ့် ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆိုရင်လည်း အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါပဲ။ အောင်မြင်မှုရရှိဖို့အတွက် နေ့စဉ်ဆောင်ရွက်သင့်တဲ့ အချက်ကလေးတွေကို ညွှန်းပေးပါရစေ။ ရည်မှန်းချက်ထားပါ အောင်မြင်မှုရဖို့အတွက် ရည်မှန်းချက်ပန်းတိုင်ဆိုတာ ရှိရပါမယ်။ ကိုယ်တကယ်လိုချင်တဲ့ ပန်းတိုင်က...
သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း
သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း
by Thinzar
December 20, 2022
0
လူတိုင်းလူတိုင်းမှာ အနည်းဆုံး ဂျင်းဘောင်းဘီတစ်ထည်တော့ ရှိသင့်ပါတယ်။ ဂျင်းဖက်ရှင်ဟာ ဘယ်တော့မှ ရိုးမသွားတဲ့ စူပါဖက်ရှင်မျိုးဖြစ်သလို ဂျင်းဘောင်းဘီတစ်ထည်ရှိရုံနဲ့ များစွာသောအင်္ကျီအဝတ်အစားတွေကို လိုက်ဖက်အောင် တွဲဖက်ဝတ်ဆင်နိုင်တာပဲဖြစ်ပါတယ်။ ဒီလိုအဖိုးတန်လှတဲ့ ဂျင်းဘောင်းဘီတွေကို ဘယ်လိုစနစ်တကျ လျှော်ဖွတ်ရမယ်ဆိုတာလည်း သိထားသင့်တဲ့အချက်တစ်ခုပါ။ ဒီနေ့မှာတော့ သင့်ဂျင်းဘောင်းဘီတွေကို နှစ်တွေအကြာကြီးကြာတဲ့အထိ...
ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး
ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး
by Thinzar
December 20, 2022
0
ဝိတ်ချဖို့စဉ်းစားကြတဲ့အခါ တော်တော်များများက အစားအသောက်ထိန်းတာ အားကစားအပြင်းထန်လုပ်တာတွေလောက်ပဲ တွေးမိကြပါတယ်။ သင်ဟာ ချွေးသံရွှဲရွှဲလုပ်ရတဲ့ အားကစားနည်းတွေနဲ့ ဝိတ်ချရတာ အဆင်မပြေဘူးဆိုရင်တော့ ရေကူးခြင်းဟာ အကောင်းဆုံး အားကစားနည်းတစ်ခုလို့ ညွှန်းပေးချင်ပါတယ်။ ရေကူးခြင်းဟာ ဝိတ်ကျစေတဲ့အပြင် စိတ်ဖိစီးမှုလျော့စေခြင်း ၊ အမောခံနိုင်ခြင်း ၊...
ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ
ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ
by Thinzar
December 20, 2022
0
Relationship တစ်ခုတည်ဆောက်ကြတဲ့ အခါလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေဆိုတာ ရှိပါတယ်။ ဒီစည်းမျဉ်းတွေဟာ ဘယ်ပညာရှင်တွေကမှ ချမှတ်ပေးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေတော့ မဟုတ်ပါဘူး။ ကိုယ်နဲ့ ကိုယ့်ချစ်သူကောင်မလေးနဲ့ ကြားမှာ အဆင်ပြေပြေလက်တွဲနိုင်ဖို့ နှစ်ဦးသဘောတူ ညှိနှိုင်းချမှတ်ရတဲ့ အခြေခံစည်းမျဉ်းလေးတွေပဲ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းတွေထဲကမှ ဘယ်လိုစကားတွေဟာ...
Lifestyle Myanmar
Copyright © 2017 Lifestyle Myanmar.
Digital Media Production in Myanmar.
  • About
  • Advertise
  • Privacy & Policy
  • Contact
Follow Us
No Result
View All Result
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us
Copyright © 2017 Lifestyle Myanmar.
Welcome Back!
Login to your account below
Forgotten Password?
Retrieve your password
Please enter your username or email address to reset your password.
Log In
error: Content is protected !!
Warning: Trying to access array offset on value of type bool in /var/www/html/lifestylemyanmar.com/wp-content/plugins/153a86ea-jnews-jsonld/class.jnews-jsonld.php on line 263
Warning: Trying to access array offset on value of type bool in /var/www/html/lifestylemyanmar.com/wp-content/plugins/153a86ea-jnews-jsonld/class.jnews-jsonld.php on line 264
Warning: Trying to access array offset on value of type bool in /var/www/html/lifestylemyanmar.com/wp-content/plugins/153a86ea-jnews-jsonld/class.jnews-jsonld.php on line 265