25 C
Yangon
June 22, 2018
  • Home
  • Lifestyle
  • Health & Beauty
Health & Beauty
#Lifestyle_Myanmar
#TB_Nandar
Unicode
သင့်မျက်နှာကို ပိုပြီးငယ်ရွယ်တဲ့ပုံပေါ်စေဖို့ မျက်ခုံးပုံသဏ္ဍာန် ၅မျိုး
သင့်ရဲ့မျက်ခုံးမွှေးပုံသဏ္ဍာန်ကို မပြောင်းလဲခင်မှာ ပုံသဏ္ဍာန်တိုင်းက သင့်အတွက် ကိုက်ညီမှာ မဟုတ်တာကြောင့် သင့်ရဲ့မျက်နှာပုံစံကို အရင်ဆုံး ဆန်းစစ်သင့်ပါတယ်။ လှပသေသပ်တဲ့ မျက်ခုံးပုံစံတွေက လူတစ်ယောက်ရဲ့မျက်နှာကို ဘာမှပြင်မထားရင်တောင် ပေါ်လွင်စေပါတယ်။ သင့်ကို ပိုပြီးငယ်ရွယ်နုပျိုတဲ့ ပုံပေါ်စေဖို့သဘာဝကျကျ မျက်ခုံးပုံစံလေးတွေကိုမျှဝေပေးချင်ပါတယ်။ ဘယ်မျက်ခုံးမွှေးပုံသဏ္ဍာန်တွေက သင့်ကိုပိုပြီးငယ်ရွယ်တဲ့ပုံပေါ်အောင် ကူညီပေးပါသလဲ?
၁။ ဒီတစ်ခုက ရိုးရိုးလေးနဲ့ ယဉ်တာကြောင့် မျက်နှာပုံစံအများစုနဲ့ ကိုက်ညီပါတယ်။ ဒီပုံသဏ္ဍာန်က သင့်မျက်နှာကို နူးညံ့သိမ်မွေ့ခြင်းနှင့် ရွှင်လန်းတဲ့ ပုံကိုပေးပါလိမ့်မယ်။
၂။ သင့်မျက်ဝန်းကသေးငယ်လျွှင် ဒီပုံစံက မျက်ဝန်းကို ပိုကြီးသယောင်ဖြစ်စေပါလိမ့်မယ်။
၃။ အဲလစ်ဇဘတ်တေလာရဲ့ မျက်ခုံးမွှေးပုံစံ ဖြစ်ပါတယ်။ သူမပုံတွေကိုကြည့်ခြင်းအားဖြင့် သူမမျက်နှာက ယုံကြည်မှုရှိပြီး တိကျတဲ့ပုံဆိုတာ သင်ပြောနိုင်ပါတယ်။ သူမရဲ့အကြည့်တစ်ချက်က စူးရှပြီး သြဇာတိက္ကမနှင့် ပြည့်စုံတဲ့ပုံပေါ်ပါတယ်။
၄။ ဒီပုံသဏ္ဍာန်က ကြည့်လိုက်ရင် သပ်သပ်ရပ်ရပ်နဲ့ သဘာဝကျပါတယ်။ မျက်ခုံးလုံးလုံးလေးတွေက မျက်နှာကို နုပျိုပြီး လန်းဆန်းတဲ့ပုံကို ပေးပါတယ်။
၅။ မျက်နှာပုံစံရှည်တဲ့သူတွေက ဒီလိုမျက်ခုံးမွှေးတန်းတန်းလေးတွေနဲ့ ပိုလိုက်ဖက်ပါတယ်။
မျက်ခုံးမွှေးနုတ်တော့မယ်ဆိုရင် မှန်ရှေ့မှာ သင့်မျက်နှာပုံစံကို ဆန်းစစ်ပြီးမှ ဘယ်ပုံသဏ္ဍာန်ဖော်မလဲဆိုတာ ဆုံးဖြတ်ပါ။ မကျွမ်းကျင်ရင်တော့ အလှပြင်ဆိုင်မှာ သွားလုပ်တာ အကောင်းဆုံးပါပဲ။ သင့်မျက်နှာနှင့်လိုက်ဖက်တဲ့ မျက်ခုံးမွှေးပုံသဏ္ဍာန်က သင့်ကို ပိုပြီး လှပနုပျိုနေစေမှာပါ။
#Lifestyle_Myanmar
#TB_Nandar
Related posts
ဝမ်းပျက် ဝမ်းလျှောနေချိန် ဆောင်သင့်၊ ရှောင်သင့် သည့် အချက်များ
OMCTC
အမျိုးသမီးများအတွက် အံ့အောဖွယ်စိမ်းစားဥ
OMCTC
ခရမ်းချဉ်သီးကို အသုံးပြုပြီးသင့်အသားအရေကို ဘယ်လိုသန့်စင်မလဲ?
Nandar Lwin
Leave a Comment