Home Health & Beauty သင့်မျက်လုံးက အထိခိုက်မခံဘူးဆိုလျှင် ဂရုစိုက်ဖို့ နည်းလမ်းတစ်ချို့

သင့်မျက်လုံးက အထိခိုက်မခံဘူးဆိုလျှင် ဂရုစိုက်ဖို့ နည်းလမ်းတစ်ချို့

0
60
သင့်မျက်လုံးက

ကျွန်တော်တို့ မြင်တွေ့ရတဲ့အရာအားလုံးကို ကျွန်တော်တို့မှတ်ဥာဏ်ရဲ့ ၈၀%ဖြင့် ဖွဲ့စည်းထားပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့မျက်စီကို ကာကွယ်ဖို့နှင့် ပတ်ဝန်းကျင်က အရာအားလုံးကို တွေ့မြင်ရစေဖို့ အမှန်တကယ် အရေးကြီးပါတယ်။
ကျွန်တော်တို့အားလုံးဟာ ဘဝတစ်သက်တာမှာ အနည်းဆုံးတစ်ကြိမ်တော့ မျက်လုံးနဲ့ပတ်သတ်တဲ့ ပြဿနာရှိခဲ့ဘူးပါမယ်။ မျက်လုံးနှင့် ပတ်သတ်ပြီး နာကျင်ခြင်း၊ ယားယံခြင်း၊ နီမြန်းခြင်းကဲ့သို့ လက္ခဏာများ ကြုံဖူးကြမှာပါ။ သင့်မျက်လုံးတွေက အထိခိုက်မခံလျှင် ၊ဒီရောဂါလက္ခဏာတွေ ခံစားရလျှင် သင့်မျက်လုံးကို အထူးစောင့်ရှောက်ဖို့ လိုအပ်နေပါပြီ။
၁။ အထိခိုက်မခံတဲ့ မျက်လုံးအတွက် သန့်ရှင်းရေး


ပထမဆုံး သင့်မျက်စိတွေအတွက် သင့်လျော်တဲ့ သန့်ရှင်းရေးရှိဖို့ လိုအပ်ပါတယ်။ ညစ်ပတ်တဲ့ လက်ဖြင့် မျက်လုံးတွေကို ဘယ်တော့မှမထိသင့်ပါ။ ပုံမှန်ဆေးကြောပြီး မျက်နှာသုတ်ပဝါအခြောက်နှင့် မျက်လုံးတစ်ဝိုက်ဧရိယာကိုသုတ်ပါ။ ပုဝါဖြင့် မျက်လုံးကို မထိခိုက်မိအောင် သတိထားပါ။
၂။ မျက်မှန်က မျက်ကပ်မှန်ထက် ပိုလုံခြုံပါတယ်


မျက်ကပ်မှန်ကို နှစ်ပေါင်းများစွာ လူကြိုက်များခဲ့ကြပါတယ်။ သင့်မှာ sensitive ဖြစ်တဲ့ မျက်လုံးတွေ ရှိလျှင် မျက်မှန်ကိုဦးစားပေးတာက ပိုကောင်းပါတယ်။ မျက်စိနှင့် တိုက်ရိုက်မထိတာကြောင့် မျက်ကပ်မှန်ပုံမှန်တပ်တဲ့အခါ ဖြစ်ပျက်နိုင်တဲ့ ယားယံခြင်း အန္တရာယ်လည်း မရှိတော့ပါဘူး။
၃။ သင့်မျက်နှာနဲ့ မိတ်ကပ် tool တွေကို ပုံမှန်ဆေးကြောပါ။


အိပ်ရာမဝင်ခင် မိတ်ကပ်ဖျက်ခြင်း ၊ မိတ်ကပ်လိမ်းဖို့ အသုံးပြုတဲ့ ဘရပ်တို့၊ တို့ပတ်တို့ကို ပုံမှန်ဆေးကြောပေးပါ။ hypoallergenic အလှကုန်များကို အသုံးပြုပါ။ တခြားတစ်ယောက်ဆီက ငှားသုံးခြင်း မပြုပါနဲ့။
၎။ အထိခိုက်မခံတဲ့ မျက်လုံးတွေကို မျက်တောင်ကော့ဆေးဆိုးခြင်း


မျက်တောင်ကော့ဆေး ရွေးချယ်တဲ့အခါ ရေနဲ့ အလွယ်တကူဆေးလို့ရမယ့် အရိုးရှင်းဆုံး အမျိုးအစားကို ဦးစားပေးရွေးချယ်ပါ။ ဒါက အရောင်အဖြည့်ပစ္စည်းမရှိပါဘူး။ မျက်တောင်ကော့တဲ့အခါ မျက်တောင်အခြေနဲ့ ထိစရာမလိုဘဲ အပေါ်မျက်တောင်ပေါ်မှာသာ ဆိုးပေးပါ။
၅။ မျက်လုံးအားစိုက်ခြင်း ရှောင်ပါ

သင့်မျက်လုံးက အထိခိုက်မခံဘူးဆိုလျှင်
အလင်းမှိန်မှိန်ထဲမှာ စာဖတ်ဖို့ မကြိုးစားပါနဲ့။ ဒါက သင့်မျက်လုံးတွေကို ထိခိုက်စေပါတယ်။ အမှောင်ထဲမှာ စာဖတ်ခြင်းက မျက်လုံးယားယံခြင်း၊ sensitive ဖြစ်ခြင်းကို ဦးတည်နေတဲ့ ကြွက်သားတင်းမာမှုကို တိုးစေပါတယ်။ ဒါ့ကြောင့် အလင်းရောင်ကောင်းကောင်းရတဲ့ အခန်းထဲမှာသာ စာဖတ်သင့်ပါတယ်။ ကားစီးနေတဲ့ အခါ စာဖတ်ခြင်းမပြုလုပ်ပါနဲ့။ ဒါက သင့်မျက်လုံးကြွက်သားများကို အားစိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။

၆။ သင့်ရဲ့ဒစ်ဂျစ်တယ်ပစ္စည်းတွေကို အန္တရာယ်နည်းပါးအောင် ပြုလုပ်ပါ


ဒစ်ဂျစ်တယ် deviceများရဲ့အဆက်မပြတ်အသုံးပြုမှုက မျက်လုံးအခြေအနေကို ဆိုးဝါးစွာ သက်ရောက်စေပါတယ်။ အချိန်အတော်ကြာကြာ စခရင်ပေါ်မှာ အာရုံစိုက်တဲ့အခါ သင့်မျက်လုံးများကို တင်းမာလာစေနိုင်ပါတယ်။ မကြာခဏ မျက်တောင်ခတ်သင့်ပြီး စခရမ်နှင့် အကွာအဝေးကို ထိန်းသိမ်းသင့်ပါတယ်။ တတ်နိုင်လျှင် ဒစ်ဂျယ်တယ်ပစ္စည်းများကို အသုံးပြုမှု ကန့်သတ်ဖို့ လိုပါတယ်။ အထူးကွန်ပျူတာကြည့်မျက်မှန်သုံးသင့်ပါတယ်။ စမတ်ဖုန်း စခရင် သို့ ကွန်ပျူတာစခရင်ကို ကြည့်တဲ့အခါ မကြာခဏ အားလပ်ချိန်ယူသင့်ပါတယ်။
၇။ အိပ်နေစဉ် မျက်လုံးကို recovery ပြန်လုပ်ပါ


သင့်ခန္ဓာကိုယ်ကို အနားပေးသလို သင့်မျက်လုံးများကိုလည်း အနားပေးဖို့ လိုအပ်ပါတယ်။ မျက်လုံးပင်ပန်းလာတဲ့အခါ ပိုပြီးအထိခိုက်မခံ ဖြစ်လာပါတယ်။ ဒါ့ကြောင့် ကျန်းမာစွာ အိပ်စက်ခြင်းက မျက်လုံးစောင့်ရှောက်မှုရဲ့ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကြွက်သားတွေကို recover ပြန်လုပ်ဖို့ အချိန်ရှိတာကြော၈င့် နာရီအလုံအလောက် အိပ်စက်ဖို့ လိုအပ်ပါတယ်။
၈။ မျက်လုံးကာကွယ်မှု


ခရမ်းလွန်ရောင်ခြည်ကနေ မျက်လုံးကို ကာကွယ်ဖို့ နေကာမျက်မှန်ကို အသုံးပြုဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင် အထူးသဖြင့် နွေရာသီမှာ အချိန်အတော်ကြာကြာ အပြင်ဘက်ထွက်ခြင်းကြောင့် မျက်လုံးနေလောင်တဲ့ အန္တရာယ်ကို ရရှိနိုင်ပါတယ်။ ဆောင်းရာသီမှာလည်း ကာကွယ်ဖို့ လိုအပ်ပါတယ်။
၉။မျက်လုံးကျန်းမာရေးအတွက် အစားအစာ

Fresh salad with pomegranate, orange and arugula close-up on a plate. horizontal

ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအသောက်များ စားဖို့ လိုပါတယ်။ မျက်စိကျန်းမာရေးအတွက် အခွံမာသီးများ၊ ပင်လယ်စာ၊ ဘယ်ရီသီးများ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ။ အချဉ်ဓါတ်ပါတဲ့ သစ်သီးများ ၊ ဥအမျိုးမျိုး ပါဝင်ပါတယ်။
၁၀။ မျက်စိ နီမြန်းခြင်းကို လျော့ချဖို့အတွက် ရေပတ် ကပ်ပေးပါ


သင့်မျက်စိတွေ နီနေလျှင် ရေဖတ်ကပ်ပေးရပါမယ်။ ပထမဆုံး ရေဖတ် နွေးနွေးလေးကပ်ဖို့ ကြိုးစားပါ။ ဒါက အကူအညီမဖြစ်လျှင် ရေပတ်အအေး ကပ်ပေးပါ။ ရေနှင့် မျက်နှာသုတ်ပဝါကို ဆွတ်ဖို့ လိုပါတယ်။ ရေနွေးဖက် ကပ်တဲ့အခါ အရမ်းပူနေတာမျိုးမဟုတ်ပဲ သင်ခံနိုင်လောက်တဲ့ ခပ်နွေးနွေးလေးဆို ရပါတယ်။ ၁၀မိနစ်လောက် မျက်လုံးပိတ်ထားပြီး ရေဖတ်ဝတ်ကိုကပ်ထားပါ။
#Lifestyle_Myanmar
#LM_Nandar

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here