သင့္အေပၚအရမ္း႐ိုးသားစြာ ဆက္ဆံတတ္ၿပီး အျမဲတမ္းအမွန္ေတြပဲ ေျပာတတ္သူတစ္ေယာက္ကို သင္ႏွစ္သက္ပါသလား။ တကယ္လို႔ သင့္မွာသာယခုလို ပြင့္ပြင့္လင္းလင္းနဲ႔တဲ့တိုးေျပာတတ္တဲ့ သူငယ္ခ်င္းတစ္ေယာက္ ရွိခဲ့ရင္ သင္ႀကိဳက္သည္ျဖစ္ေစ၊ မႀကိဳက္သည္ျဖစ္ေစ သူ႔ရဲ႕႐ိုးသားတဲ့ ထင္ျမင္ခ်က္၊ ယူဆခ်က္ေတြကို အျမဲတမ္းၾကားရပါလိမ့္မယ္။
အခ်ိဳ႕လူေတြက ယခုလိုသူငယ္ခ်င္းတစ္ေယာက္နဲ႔ ေပါင္းသင္းရျခင္းဟာ အဖိုးတန္ၿပီးမဂၤလာရွိတဲ့ လက္ေဆာင္တစ္ခုလို႔ ထင္တတ္ၾကၿပီး တခ်ိဳ႕ကေတာ့ ဒါဟာက်ိန္စာတစ္ခုလို ယူဆတတ္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီလိုသူငယ္ခ်င္းမ်ိဳးဟာ လံုးဝပြင့္လင္းစြာေျပာဆိုတတ္ၾကၿပီး သင္ဘယ္ေတာ့မွမၾကားခ်င္တဲ့ အရာေတြကိုလည္း တစ္ခါတစ္ေလ
ေျပာဆိုတတ္ၾကတာေၾကာင့္ ျဖစ္ပါတယ္။
ဒီလိုသူငယ္ခ်င္းမ်ိဳးကို သင္ႀကိဳက္လား၊ မႀကိဳက္လားဆိုတဲ့ သံသယတစ္ခုတစ္ခုကို ေျဖေဖ်ာက္ႏိုင္ေစဖို႔နဲ႔ သူတို႔ကိုအျခား႐ႈေထာင့္တစ္ခုကေန သံုးသပ္ၿပီး သင္ကိုယ္တိုင္ပိုမိုတန္ဖိုးထားႏိုင္ေစဖို႔ အခ်ိဳ႕အရာေလးေတြကို ေဖာ္ထုတ္ေပးခ်င္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လူတိုင္းလူတိုင္း ယခုလိုဒုတ္ထိုးအိုးေပါက္ ေျပာတတ္တဲ့သူငယ္ခ်င္းတစ္ေယာက္ေလာက္ အနည္းဆံုးပိုင္ဆိုင္ထားသင့္လို႔ပါပဲ။
၁။ သူတို႔ေတြဟာ အေျခအေနတစ္ခုကို အျမစ္လွန္တဲ့ေျဖရွင္းနည္းနဲ႔ သင့္ကိုကူညီတတ္တယ္
ေျဗာင္က်က်ေျပာတတ္တဲ့ သင့္ရဲ႕သူငယ္ခ်င္းဟာ သင့္အေပၚ အျမဲတမ္း႐ိုးသားတတ္ၿပီး သင္ထင္သလို သင့္ကိုစိတ္ဆင္းရဲေအာင္ လုပ္တတ္သူတစ္ေယာက္ မဟုတ္ပါဘူး။ တစ္ခါတစ္ေလမွာ သင္ကၾကမ္းတမ္းတဲ့အျမင္ေတြ၊ ေျဖရွင္းမႈေတြ နည္းပါးႏိုင္သေလာက္ နည္းပါးတာကို ႏွစ္သက္တတ္ေပမယ့္ သင့္ရဲ႕တဲ့တိုးေျပာတတ္တဲ့ သူငယ္ခ်င္းကေတာ့
ယခုလိုနည္းလမ္းဟာ သင့္ကိုမကူညီႏိုင္ဘူးဆိုတာ သိရွိပါတယ္။ သူတို႔ေတြဟာ သင့္ရဲ႕ျပႆနာကို မ်က္ႏွာခ်င္းဆိုင္ေျဖရွင္းဖို႔ အားသန္ၾကၿပီး ေမွာက္ထားတဲ့ဖဲေတြအားလံုးကို လွန္ပစ္ခ်င္ၾကသူေတြပါ။ ဥပမာ- သင့္အေပၚေက်ာသြားတဲ့
အျခားတစ္ေယာက္ကို သင့္ဖက္ကမေက်နပ္ေပမယ့္ အေၾကာင္းတစ္ခုခုေၾကာင့္ မ်ိဳသိပ္ထားမယ္ဆိုပါစို႔။ သင့္ရဲ႕တဲ့တိုးသူငယ္ခ်င္းကေတာ့ အဲဒီ့တျခားတစ္ေယာက္ကို သင္သေဘာတူသည္ျဖစ္ေစ၊ မတူသည္ျဖစ္ေစ ဒဲ့သြားရွင္းပါလိမ့္မယ္။ သင့္အတြက္ကေတာ့ မ်က္ႏွာပူစရာေတြ ျဖစ္ေစတာေၾကာင့္ စိတ္ဆင္းရဲရေပမယ့္ သူကူညီလိုက္တဲ့ အက်ိဳးရလာဒ္ကိုေတာ့ သင္ျမင္ႏိုင္မွာ မဟုတ္ပါဘူး။
၂။ သူဟာ သင့္အတြက္ ဟန္ေဆာင္ပန္ေဆာင္ သူငယ္ခ်င္းတစ္ေယာက္ ျဖစ္မွာကို သင္စိုးရိမ္စရာ မလိုပါဘူး
သူဟာ သင့္ကို ဟန္ေဆာင္ၿပီးေပါင္းသင္းမွာ မဟုတ္သလိုပဲ သင္နဲ႔ခင္မင္မႈအေၾကာင္း အေထြေထြကို သူဘယ္လိုခံစားရတယ္ဆိုတာကိုလည္း ေဖာ္ျပတတ္ၾကပါတယ္။ တစ္ခါတစ္ေလမွာ သင့္ရဲ႕လုပ္ရပ္ေတြ အက်င့္ေတြကို သူမႀကိဳက္ေၾကာင္း သူတဲ့တိုးေျပာဆိုတတ္ေပမယ့္ ဒါဟာ သူငယ္ခ်င္းအျဖစ္ကေန ဇာတ္သိမ္းရေအာင္လို႔ ဆိုလိုတာမဟုတ္ဖူးဆိုတာကို သင္သေဘာေပါက္နားလည္ေပးဖို႔ လိုအပ္ပါတယ္။ သင္နဲ႔ပတ္သတ္ၿပီး သူ႔ရဲ႕အျမင္ကို ေျပာတယ္ဆိုကတည္းက ဒါဟာသင့္ကိုဂ႐ုစိုက္လို႔ပါပဲ။ ဟန္ေဆာင္ပန္ေဆာင္နဲ႔ေတာ့ သင့္ကိုစိတ္ထဲကေန လိမ္ညာေနမွာမဟုတ္ပဲ မႀကိဳက္ရင္မႀကိဳက္ေၾကာင္း တဲ့တိုးေျပာျခင္းဟာ သူငယ္ခ်င္းအစစ္ျဖစ္ေၾကာင္း လကၡဏာရပ္တစ္ခုျဖစ္ပါတယ္။
၃။ သင့္ကိုယ့္သင္အေကာင္းဆံုးဗားရွင္း ျဖစ္လာေစဖို႔ သူတို႔ကတြန္းအားေပးတတ္တယ္
လူအေတာ္မ်ားမ်ားဟာ သူတို႔ရဲ႕အခင္ဆံုးသူငယ္ခ်င္းေတြနဲ႔ ပတ္သတ္ၿပီး မွားယြင္းမႈတစ္ခုခုကို ေျပာဖို႔ခက္ေနတတ္ပါတယ္။ အခင္အမင္ပ်က္မွာေၾကာင့္ ျဖစ္ပံုရပါတယ္ ဒါေပမယ့္ သင့္ရဲ႕တဲ့တိုးသူငယ္ခ်င္းကေတာ့ သင့္ရဲ႕အားနည္းခ်က္ ပိြဳင့္ကိုေထာက္ျပဖို႔ ဝန္မေလးတတ္ပါဘူး။ ဒီလိုေထာက္ျပေဝဖန္မႈေၾကာင့္ သင့္ကိုယ္သင္အေကာင္းဆံုးျဖစ္လာေအာင္
ျပင္ဆင္လာပါလိမ့္မယ္။
၄။ သူတို႔မွားတဲ့အခါလည္း ဝန္ခံတတ္တယ္
အခ်ိဳ႕လူေတြဟာ သူတို႔ရဲ႕အခ်စ္ဆံုးသူငယ္ခ်င္း၊ ခ်စ္သူကိုေတာင္မွ ေတာင္းပန္ဖို႔အျမဲတမ္းေရွာင္ရွားေနတတ္ၾကၿပီး သူတို႔မွားယြင္းမႈကို ဘယ္ေတာ့မွဝန္မခံတတ္ၾကပါဘူး။ ဒါေပမယ့္ သင့္ရဲ႕အားမနာလွ်ာမက်ိဳး တံုးတိေျပာတတ္တဲ့ သင့္သူငယ္ခ်င္းကေတာ့ သူတို႔မွားတဲ့အခါလည္း ေဆာရီးေျပာဖို႔ ဝန္မေလးပါဘူး။ သူငယ္ခ်င္းခင္မင္မႈမွာ တစ္ေယာက္ရဲ႕အမွားကို ဝန္ခံဖို႔စြမ္းရည္လိုအပ္တာေၾကာင့္ သင့္ရဲ႕တံုးတိေျပာတတ္တဲ့ သူငယ္ခ်င္းက အျခားသူေတြထက္ ပိုသာေနမွာပါ။
၅။ သင္လိုတဲ့အခါတိုင္း ရွိေနမယ့္သူေတြပါ
ဒါဟာဘာကို ဆိုလိုသလဲဆိုေတာ့ သင့္ကိုဆန္႔က်င္မဲ့ ဘယ္လိုမွားယြင္းမႈမ်ိဳးကိုမဆို သူကသည္းခံေနမွာ မဟုတ္ပါဘူး။ သင္မွာ စိတ္ဖိစီးစရာ အေျခအေနေတြနဲ႔ ၾကံဳေနရတဲ့အခါ သင့္ရဲ႕ေနာက္ေက်ာကေန ျဖရွင္းဖို႔ ေျပာေနမယ့္အစား သင့္ရဲ႕ျပႆနာထဲ ပါဝင္ပတ္သတ္ဖို႔ ႀကိဳးစားၿပီး ကူညီေျဖရွင္းေပးပါလိမ့္မယ္။
၆။ သူကရယ္ရတယ္
အျခားသူေတြနဲ႔ပတ္သတ္ၿပီး ထင္ျမင္ယူဆခ်က္ေတြကို ေျပာတဲ့အခါတိုင္း သူကငံုးတိတိေျပာတတ္တာေၾကာင့္ သင့္အတြက္ ပါးစပ္မပိတ္ႏိုင္ေအာင္ ရယ္ရပါလိမ့္မယ္။ သူတို႔မူးလာတဲ့အခါ ပို႐ိုးသားလာတတ္ၾကၿပီး ဘာကိုေျပာေျပာ သင့္အတြက္ရယ္စရာေတြ ျဖစ္ေနပါလိမ့္မယ္။ ဒါေၾကာင့္ သင့္ရဲ႕ဘဝမွာ ယခုလိုသူငယ္ခ်င္းမ်ိဳးတစ္ေယာက္ေလာက္
ရွိဖို႔လိုအပ္ၿပီး တကယ္လို႔ရွိတယ္ဆိုရင္လဲ သင့္ရဲ႕ကံၾကမၼာကို ေက်းဇူးတင္သင့္ၿပီး သူတို႔ကိုအရင္ကထက္ နားလည္ေပးဖို႔ လိုအပ္ပါတယ္။
#LM_Naung_Naung
#Lifestyle_Myanmar
Ref-gottadotherightthings
ခႏၶာကိုယ္တစ္ခုလုံးရဲ႕ အသားအေရကို အျပစ္တင္ရက္စရာမရွိေအာင္ ဘယ္လိုထိန္းသိမ္းမလဲ
Unicode
သင့်အပေါ်အရမ်းရိုးသားစွာ ဆက်ဆံတတ်ပြီး အမြဲတမ်းအမှန်တွေပဲ ပြောတတ်သူတစ်ယောက်ကို သင်နှစ်သက်ပါသလား။ တကယ်လို့ သင့်မှာသာယခုလို ပွင့်ပွင့်လင်းလင်းနဲ့တဲ့တိုးပြောတတ်တဲ့ သူငယ်ချင်းတစ်ယောက် ရှိခဲ့ရင် သင်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူ့ရဲ့ရိုးသားတဲ့ ထင်မြင်ချက်၊ ယူဆချက်တွေကို အမြဲတမ်းကြားရပါလိမ့်မယ်။
အချို့လူတွေက ယခုလိုသူငယ်ချင်းတစ်ယောက်နဲ့ ပေါင်းသင်းရခြင်းဟာ အဖိုးတန်ပြီးမင်္ဂလာရှိတဲ့ လက်ဆောင်တစ်ခုလို့ ထင်တတ်ကြပြီး တချို့ကတော့ ဒါဟာကျိန်စာတစ်ခုလို ယူဆတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုသူငယ်ချင်းမျိုးဟာ လုံးဝပွင့်လင်းစွာပြောဆိုတတ်ကြပြီး သင်ဘယ်တော့မှမကြားချင်တဲ့ အရာတွေကိုလည်း တစ်ခါတစ်လေ
ပြောဆိုတတ်ကြတာကြောင့် ဖြစ်ပါတယ်။
ဒီလိုသူငယ်ချင်းမျိုးကို သင်ကြိုက်လား၊ မကြိုက်လားဆိုတဲ့ သံသယတစ်ခုတစ်ခုကို ဖြေဖျောက်နိုင်စေဖို့နဲ့ သူတို့ကိုအခြားရှုထောင့်တစ်ခုကနေ သုံးသပ်ပြီး သင်ကိုယ်တိုင်ပိုမိုတန်ဖိုးထားနိုင်စေဖို့ အချို့အရာလေးတွေကို ဖော်ထုတ်ပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်းလူတိုင်း ယခုလိုဒုတ်ထိုးအိုးပေါက် ပြောတတ်တဲ့သူငယ်ချင်းတစ်ယောက်လောက် အနည်းဆုံးပိုင်ဆိုင်ထားသင့်လို့ပါပဲ။
၁။ သူတို့တွေဟာ အခြေအနေတစ်ခုကို အမြစ်လှန်တဲ့ဖြေရှင်းနည်းနဲ့ သင့်ကိုကူညီတတ်တယ်
ဗြောင်ကျကျပြောတတ်တဲ့ သင့်ရဲ့သူငယ်ချင်းဟာ သင့်အပေါ် အမြဲတမ်းရိုးသားတတ်ပြီး သင်ထင်သလို သင့်ကိုစိတ်ဆင်းရဲအောင် လုပ်တတ်သူတစ်ယောက် မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ သင်ကကြမ်းတမ်းတဲ့အမြင်တွေ၊ ဖြေရှင်းမှုတွေ နည်းပါးနိုင်သလောက် နည်းပါးတာကို နှစ်သက်တတ်ပေမယ့် သင့်ရဲ့တဲ့တိုးပြောတတ်တဲ့ သူငယ်ချင်းကတော့
ယခုလိုနည်းလမ်းဟာ သင့်ကိုမကူညီနိုင်ဘူးဆိုတာ သိရှိပါတယ်။ သူတို့တွေဟာ သင့်ရဲ့ပြဿနာကို မျက်နှာချင်းဆိုင်ဖြေရှင်းဖို့ အားသန်ကြပြီး မှောက်ထားတဲ့ဖဲတွေအားလုံးကို လှန်ပစ်ချင်ကြသူတွေပါ။ ဥပမာ- သင့်အပေါ်ကျောသွားတဲ့
အခြားတစ်ယောက်ကို သင့်ဖက်ကမကျေနပ်ပေမယ့် အကြောင်းတစ်ခုခုကြောင့် မျိုသိပ်ထားမယ်ဆိုပါစို့။ သင့်ရဲ့တဲ့တိုးသူငယ်ချင်းကတော့ အဲဒီ့တခြားတစ်ယောက်ကို သင်သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဒဲ့သွားရှင်းပါလိမ့်မယ်။ သင့်အတွက်ကတော့ မျက်နှာပူစရာတွေ ဖြစ်စေတာကြောင့် စိတ်ဆင်းရဲရပေမယ့် သူကူညီလိုက်တဲ့ အကျိုးရလာဒ်ကိုတော့ သင်မြင်နိုင်မှာ မဟုတ်ပါဘူး။
၂။ သူဟာ သင့်အတွက် ဟန်ဆောင်ပန်ဆောင် သူငယ်ချင်းတစ်ယောက် ဖြစ်မှာကို သင်စိုးရိမ်စရာ မလိုပါဘူး
သူဟာ သင့်ကို ဟန်ဆောင်ပြီးပေါင်းသင်းမှာ မဟုတ်သလိုပဲ သင်နဲ့ခင်မင်မှုအကြောင်း အထွေထွေကို သူဘယ်လိုခံစားရတယ်ဆိုတာကိုလည်း ဖော်ပြတတ်ကြပါတယ်။ တစ်ခါတစ်လေမှာ သင့်ရဲ့လုပ်ရပ်တွေ အကျင့်တွေကို သူမကြိုက်ကြောင်း သူတဲ့တိုးပြောဆိုတတ်ပေမယ့် ဒါဟာ သူငယ်ချင်းအဖြစ်ကနေ ဇာတ်သိမ်းရအောင်လို့ ဆိုလိုတာမဟုတ်ဖူးဆိုတာကို သင်သဘောပေါက်နားလည်ပေးဖို့ လိုအပ်ပါတယ်။ သင်နဲ့ပတ်သတ်ပြီး သူ့ရဲ့အမြင်ကို ပြောတယ်ဆိုကတည်းက ဒါဟာသင့်ကိုဂရုစိုက်လို့ပါပဲ။ ဟန်ဆောင်ပန်ဆောင်နဲ့တော့ သင့်ကိုစိတ်ထဲကနေ လိမ်ညာနေမှာမဟုတ်ပဲ မကြိုက်ရင်မကြိုက်ကြောင်း တဲ့တိုးပြောခြင်းဟာ သူငယ်ချင်းအစစ်ဖြစ်ကြောင်း လက္ခဏာရပ်တစ်ခုဖြစ်ပါတယ်။
၃။ သင့်ကိုယ့်သင်အကောင်းဆုံးဗားရှင်း ဖြစ်လာစေဖို့ သူတို့ကတွန်းအားပေးတတ်တယ်
လူအတော်များများဟာ သူတို့ရဲ့အခင်ဆုံးသူငယ်ချင်းတွေနဲ့ ပတ်သတ်ပြီး မှားယွင်းမှုတစ်ခုခုကို ပြောဖို့ခက်နေတတ်ပါတယ်။ အခင်အမင်ပျက်မှာကြောင့် ဖြစ်ပုံရပါတယ် ဒါပေမယ့် သင့်ရဲ့တဲ့တိုးသူငယ်ချင်းကတော့ သင့်ရဲ့အားနည်းချက် ပွိုင့်ကိုထောက်ပြဖို့ ဝန်မလေးတတ်ပါဘူး။ ဒီလိုထောက်ပြဝေဖန်မှုကြောင့် သင့်ကိုယ်သင်အကောင်းဆုံးဖြစ်လာအောင်
ပြင်ဆင်လာပါလိမ့်မယ်။
၄။ သူတို့မှားတဲ့အခါလည်း ဝန်ခံတတ်တယ်
အချို့လူတွေဟာ သူတို့ရဲ့အချစ်ဆုံးသူငယ်ချင်း၊ ချစ်သူကိုတောင်မှ တောင်းပန်ဖို့အမြဲတမ်းရှောင်ရှားနေတတ်ကြပြီး သူတို့မှားယွင်းမှုကို ဘယ်တော့မှဝန်မခံတတ်ကြပါဘူး။ ဒါပေမယ့် သင့်ရဲ့အားမနာလျှာမကျိုး တုံးတိပြောတတ်တဲ့ သင့်သူငယ်ချင်းကတော့ သူတို့မှားတဲ့အခါလည်း ဆောရီးပြောဖို့ ဝန်မလေးပါဘူး။ သူငယ်ချင်းခင်မင်မှုမှာ တစ်ယောက်ရဲ့အမှားကို ဝန်ခံဖို့စွမ်းရည်လိုအပ်တာကြောင့် သင့်ရဲ့တုံးတိပြောတတ်တဲ့ သူငယ်ချင်းက အခြားသူတွေထက် ပိုသာနေမှာပါ။
၅။ သင်လိုတဲ့အခါတိုင်း ရှိနေမယ့်သူတွေပါ
ဒါဟာဘာကို ဆိုလိုသလဲဆိုတော့ သင့်ကိုဆန့်ကျင်မဲ့ ဘယ်လိုမှားယွင်းမှုမျိုးကိုမဆို သူကသည်းခံနေမှာ မဟုတ်ပါဘူး။ သင်မှာ စိတ်ဖိစီးစရာ အခြေအနေတွေနဲ့ ကြုံနေရတဲ့အခါ သင့်ရဲ့နောက်ကျောကနေ ဖြရှင်းဖို့ ပြောနေမယ့်အစား သင့်ရဲ့ပြဿနာထဲ ပါဝင်ပတ်သတ်ဖို့ ကြိုးစားပြီး ကူညီဖြေရှင်းပေးပါလိမ့်မယ်။
၆။ သူကရယ်ရတယ်
အခြားသူတွေနဲ့ပတ်သတ်ပြီး ထင်မြင်ယူဆချက်တွေကို ပြောတဲ့အခါတိုင်း သူကငုံးတိတိပြောတတ်တာကြောင့် သင့်အတွက် ပါးစပ်မပိတ်နိုင်အောင် ရယ်ရပါလိမ့်မယ်။ သူတို့မူးလာတဲ့အခါ ပိုရိုးသားလာတတ်ကြပြီး ဘာကိုပြောပြော သင့်အတွက်ရယ်စရာတွေ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် သင့်ရဲ့ဘဝမှာ ယခုလိုသူငယ်ချင်းမျိုးတစ်ယောက်လောက်
ရှိဖို့လိုအပ်ပြီး တကယ်လို့ရှိတယ်ဆိုရင်လဲ သင့်ရဲ့ကံကြမ္မာကို ကျေးဇူးတင်သင့်ပြီး သူတို့ကိုအရင်ကထက် နားလည်ပေးဖို့ လိုအပ်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Ref-gottadotherightthings