လူတိုင္းမွာ အသားအေရာင္မတူသလိုဘဲ ဆံပင္အမ်ိဳးအစားေတြလည္း ကြဲျပားျခားနားၾကပါတယ္။ ဆံပင္ရဲ႕ကြဲျပားျခားနားတဲ့ အမ်ိဳးအစားေတြကို ခြဲျခားျပခဲ့တဲ့ ပထမဆံုးပုဂၢိဳလ္ကေတာ့ ဆံပင္ပညာရွင္ Andre Walker ျဖစ္ပါတယ္။ Andre Walker ခြဲျခားျပခဲ့တဲ့ ဆံပင္အမ်ိဳးအစားေတြကေတာ့ အမ်ိဳးအစား ၁-(Straight Hair) ဆံပင္အေျဖာင့္၊ အမ်ိဳးအစား ၂-(Wavy hair) လိႈင္းတြန္႔ဆံပင္၊ အမ်ိဳးအစား ၃- (Curly Hair) အေကာက္ဆံပင္၊ အမ်ိဳးအစား ၄- (Coily Hair) ကြိဳင္လိုရစ္ေခြေနတဲ့ဆံပင္ ပံုစံတို႔ျဖစ္ပါတယ္။
သင့္မ်က္ႏွာပံုစံႏွင့္္ အမ်ားဆံုး လိုက္ဖက္မယ့္ ဆံပင္ပံုစံမ်ား
wavy hair ၊ curly hair ႏွင့္ coily hair တို႔က မတူၾကပါဘူး။ ဆံပင္အေကာက္မွာေတာင္မွ ဆံသားအေကာက္ရဲ႕အခ်င္းအရ ဆံသားအမ်ိဳးအစား ၃မ်ိဳး A-Bႏွင့္ Cဆိုၿပီး ခြဲျခားထားပါေသးတယ္။
အမ်ိဳးအစား ၁- ဆံပင္အေျဖာင့္အတြက္ ဆံပင္ထိန္းသိမ္းမႈ နည္းလမ္း
– ပိုလွ်ံအဆီေတြကို ဖယ္ရွားဖို႔ သင့္ဆံပင္ကို ဆာလဖိတ္မပါ၀င္တဲ့ ေခါင္းေလွ်ာ္ရည္ျဖင့္ တစ္ပတ္ကို သံုးႀကိမ္ ညင္သာစြာေလွ်ာ္ပါ။ ေပ်ာ့ေဆးသံုးပါ။ ေပ်ာ့ေဆးကို ဆံသားေပၚမွာသုတ္လိမ္းေပးၿပီး မိနစ္အနည္းငယ္ေလာက္ေနမွ ေရျဖင့္ ေျပာင္ေအာင္ေဆးပါ။ ဆံသားအစိုဓါတ္ကို ကင္းမဲ့ေစတာေၾကာင့္ အခ်ိန္တိုင္းမွာ ေရပူ အသံုးျပဳျခင္းေရွာင္ပါ။ ဆံပင္ၿဖီးတဲ့အခါ ဘီးက်ဲက်ဲကို အသံုးျပဳပါ။
အမ်ိဳးအစား ၂- လိႈင္းတြန္႔ဆံပင္အတြက္ ဆံပင္ထိန္းသိမ္းမႈနည္းလမ္း
လိႈင္းတြန္႔ဆံပင္ဆိုတာ အရမ္းေကာက္ေနတာမ်ိဳးမဟုတ္ဘဲ သဘာ၀က်က် ဆံႏြယ္အမ်ိဳးအစားျဖစ္ပါတယ္။ လိႈင္းတြန္႔ဆံပင္ဟာ ဆံပင္အေျဖာင့္ထက္ ေတာက္ပနည္းၿပီး ပြေယာင္းတဲ့ ဆံပင္အမ်ိဳးအစားျဖစ္ပါတယ္။
ဆံပင္ပြေယာင္းတာကို ေသေသသပ္သပ္ျဖစ္ဖို႔ mousses တို႔ Serums တို႔ လိမ္းေပးႏိုင္ပါတယ္။ သင့္ဆံပင္ကို Wavy hair အတြက္ အထူးထုတ္လုပ္ထားတဲ့ ေခါင္းေလွ်ာ္ရည္၊ ေပ်ာ့ေဆးတို႔နဲ႔ တစ္ပတ္ကို ၂ႀကိမ္-၃ႀကိမ္ေလွ်ာ္ပါ။ လိႈင္းတြန္႔ဆံပင္ႏွင့္လူေတြက ေကာက္စက္/ေျဖာင့္စက္ကဲ့သို႔ အပူေခ်ာင္းေတြကို အသံုးျပဳေလ့ရွိတာေၾကာင့္ သင့္ဆံပင္ပ်က္စီးျခင္းမွ ကာကြယ္ဖို႔ အပူကာကြယ္တဲ့ ထုတ္ကုန္ေတြ အသံုးျပဳဖို႔ မေမ့ပါနဲ႔။ သင့္ဆံပင္ကို အေျခာက္ခံဖို႔ အေကာင္းဆံုးနည္းလမ္းကေတာ့ ႏူးညံ့တဲ့ cotton t-shirt တစ္ထည္ႏွင့္ ေခါင္းေပါင္းၿပီး အေျခာက္ခံေပးျခင္းျဖစ္ပါတယ္။ ဒါက သင့္ဆံသားကို က်ိဳးျခင္း၊ ပ်က္စီးဆံုးရံႈးျခင္းမွ ကာကြယ္ေပးပါတယ္။ ေခါင္းၿဖီးတဲ့အခါ ေပ်ာ့ေပ်ာင္းတဲ့ ၀က္မွင္ဘီးကို အသံုးျပဳပါ။
2A Wavy Hair
2B Wavy Hair
2C Wavy Hair
အမ်ိဳးအစား ၃- ဆံပင္အေကာက္ေတြအတြက္ ထိန္းသိမ္းမႈနည္းလမ္း
ဆံသားေျခာက္ေသြ႕ျခင္းႏွင့္ သဘာ၀အဆီခမ္းေျခာက္ျခင္းမွ တားဆီးဖို႔ သင့္ဆံပင္ကို ဆာလဖိတ္မပါ၀င္ေသာ သဘာ၀ေခါင္းေလွ်ာ္ရည္ႏွင့္ ေလွ်ာ္ပါ။ ဆံပင္အေကာက္အမ်ိဳးအစား ၃မ်ိဳးထဲမွာပါ၀င္တဲ့ သူေတြဟာ ဆံပင္အေကာက္၏ ေရဓါတ္အလံုအေလာက္ရရွိမႈကို ထိန္းသိမ္းဖို႔ LOC (Liquid-Oil-Cream) ဆိုတဲ့ နည္းလမ္းအတိုင္း လိုက္နာဖို႔ အေရးႀကီးပါတယ္။ ဒီနည္းလမ္းက သင့္ဆံပင္ကို hydrating shampoo ၊ ေပ်ာ့ေဆးတို႔ျဖင့္ ပံုမွန္ေလွ်ာ္္ျခင္း၊ သဘာ၀အဆီႏွင့္ ဆံသားအေကာက္အတြက္ထုတ္လုပ္ထားတဲ့ ခရမ္တို႔ကိုအသံုးျပဳျခင္း တို႔ပါ၀င္ပါတယ္။
သင့္ဆံပင္အေကာက္ေတြကို အပူျဖင့္ပ်က္ဆီးမႈက ကာကြယ္ဖို႔ ဆံပင္ေျဖာင့္ျခင္းကို ေရွာင္ၾကဥ္ပါ။ ညဘက္မွာ ဆံသားက်ိဳးျခင္း၊ ေျခာက္ေသြ႕ျခင္းမွ ကာကြယ္ေပးဖို႔ ပိုး/ဖဲေခါင္းအံုးတစ္ခုျဖင့္ အိပ္စက္ပါ။
ေခါင္းေလွ်ာ္ၿပီးတဲ့အခါ ဆံပင္အေကာက္ေတြကို ပံုမပ်က္ေစဖို႔ ပိုးေခါင္းစည္းပု၀ါ သို႔မဟုတ္ bonnet တစ္ခုျဖင့္ ဖံုးအုပ္ၿပီး သင့္ဆံပင္ကို ဦးေခါင္းထိပ္မွာ ခပ္ေလ်ာ့ေလ်ာ့ ခ်ည္ေႏွာင္ထံုးဖြဲပါ။
Type 3A Curly Hair
Type 3B Curly Hair
Type 3C Curly Hair
အမ်ိဳးအစား ၄- Coily Hair အမ်ိဳးအစားအတြက္ ထိန္းသိမ္းမႈနည္းလမ္း
ျမန္မာႏိုင္ငံသားေတြမွာ ဒီဆံသားအမ်ိဳးအစားရွိသူ ရွားပါတယ္။ Coily Hair အမ်ိဳးအစားက ၾကမ္းတမ္းၿပီး ေျခာက္ေသြ႕ပါတယ္။ ပ်က္စီးလြယ္တဲ့ ဆံသားအမ်ိဳးအစားျဖစ္ပါတယ္။ ဒီဆံသားအမ်ိဳးအစားရွိလွ်င္ သင့္ရဲ႕ဆံပင္ကို hair cream၊ natural oil တို႔ျဖင့္ ၂ရက္ ၃ရက္တိုင္း mosturize လုပ္ေပးပါ။ ဒီဆံသားမ်ိဳးက ေျခာက္ေသြ႕တာေၾကာင့္ အနညး္ဆံုး တစ္လကို ႏွစ္ႀကိမ္ေရဓါတ္လံုလံုေလာက္ေလာက္ထိန္းသိမ္းဖို႔ လိုပါတယ္။ အဓိကအေနျဖင့္ ဆံသားကို က်ိဳးေစႏိုင္တာေၾကာင့္ သင့္ဆံပင္ေတြကို ဒရိုင္ယာမႈတ္ျခင္းမွ ေရွာင္ၾကဥ္ပါ။ ေခါင္းၿဖီးတဲ့အခါ ဘီးက်ဲကို အသံုးျပဳပါ။ ညအိပ္ေနစဥ္အတြင္း ဆံပင္ညိွျခင္း/ေျခာက္ေသြ႕ျခင္းမွ တားဆီးဖို႔ ဖဲသားေခါင္းအံုးျဖင့္ အိပ္စက္ျခင္း သို႔မဟုတ္ သင့္ေခါင္းကို ဖဲသားေခါင္းစြပ္ျဖင့္ ၀တ္ဆင္ျခင္း ျပဳလုပ္ပါ။
Type 4A Coily Hair
Type 4B Coily Hair
Type 4C Coily Hair
#Lifestyle_Myanmar
#TB_Nandar
Unicode
သင့်ဆံပင်အမျိုးအစားပေါ် မှုတည်ပြီး ဆံပင်ထိန်းသိမ်းမှု နည်းလမ်းလေးတွေ
လူတိုင်းမှာ အသားအရောင်မတူသလိုဘဲ ဆံပင်အမျိုးအစားတွေလည်း ကွဲပြားခြားနားကြပါတယ်။ ဆံပင်ရဲ့ကွဲပြားခြားနားတဲ့ အမျိုးအစားတွေကို ခွဲခြားပြခဲ့တဲ့ ပထမဆုံးပုဂ္ဂိုလ်ကတော့ ဆံပင်ပညာရှင် Andre Walker ဖြစ်ပါတယ်။ Andre Walker ခွဲခြားပြခဲ့တဲ့ ဆံပင်အမျိုးအစားတွေကတော့ အမျိုးအစား ၁-(Straight Hair) ဆံပင်အဖြောင့်၊ အမျိုးအစား ၂-(Wavy hair) လှိုင်းတွန့်ဆံပင်၊ အမျိုးအစား ၃- (Curly Hair) အကောက်ဆံပင်၊ အမျိုးအစား ၄- (Coily Hair) ကွိုင်လိုရစ်ခွေနေတဲ့ဆံပင် ပုံစံတို့ဖြစ်ပါတယ်။ wavy hair ၊ curly hair နှင့် coily hair တို့က မတူကြပါဘူး။ ဆံပင်အကောက်မှာတောင်မှ ဆံသားအကောက်ရဲ့အချင်းအရ ဆံသားအမျိုးအစား ၃မျိုး A-Bနှင့် Cဆိုပြီး ခွဲခြားထားပါသေးတယ်။
အမျိုးအစား ၁- ဆံပင်အဖြောင့်အတွက် ဆံပင်ထိန်းသိမ်းမှု နည်းလမ်း
– ပိုလျှံအဆီတွေကို ဖယ်ရှားဖို့ သင့်ဆံပင်ကို ဆာလဖိတ်မပါဝင်တဲ့ ခေါင်းလျှော်ရည်ဖြင့် တစ်ပတ်ကို သုံးကြိမ် ညင်သာစွာလျှော်ပါ။ ပျော့ဆေးသုံးပါ။ ပျော့ဆေးကို ဆံသားပေါ်မှာသုတ်လိမ်းပေးပြီး မိနစ်အနည်းငယ်လောက်နေမှ ရေဖြင့် ပြောင်အောင်ဆေးပါ။ ဆံသားအစိုဓါတ်ကို ကင်းမဲ့စေတာကြောင့် အချိန်တိုင်းမှာ ရေပူ အသုံးပြုခြင်းရှောင်ပါ။ ဆံပင်ဖြီးတဲ့အခါ ဘီးကျဲကျဲကို အသုံးပြုပါ။
အမျိုးအစား ၂- လှိုင်းတွန့်ဆံပင်အတွက် ဆံပင်ထိန်းသိမ်းမှုနည်းလမ်း
လှိုင်းတွန့်ဆံပင်ဆိုတာ အရမ်းကောက်နေတာမျိုးမဟုတ်ဘဲ သဘာဝကျကျ ဆံနွယ်အမျိုးအစားဖြစ်ပါတယ်။ လှိုင်းတွန့်ဆံပင်ဟာ ဆံပင်အဖြောင့်ထက် တောက်ပနည်းပြီး ပွယောင်းတဲ့ ဆံပင်အမျိုးအစားဖြစ်ပါတယ်။
ဆံပင်ပွယောင်းတာကို သေသေသပ်သပ်ဖြစ်ဖို့ mousses တို့ Serums တို့ လိမ်းပေးနိုင်ပါတယ်။ သင့်ဆံပင်ကို Wavy hair အတွက် အထူးထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်၊ ပျော့ဆေးတို့နဲ့ တစ်ပတ်ကို ၂ကြိမ်-၃ကြိမ်လျှော်ပါ။ လှိုင်းတွန့်ဆံပင်နှင့်လူတွေက ကောက်စက်/ဖြောင့်စက်ကဲ့သို့ အပူချောင်းတွေကို အသုံးပြုလေ့ရှိတာကြောင့် သင့်ဆံပင်ပျက်စီးခြင်းမှ ကာကွယ်ဖို့ အပူကာကွယ်တဲ့ ထုတ်ကုန်တွေ အသုံးပြုဖို့ မမေ့ပါနဲ့။ သင့်ဆံပင်ကို အခြောက်ခံဖို့ အကောင်းဆုံးနည်းလမ်းကတော့ နူးညံ့တဲ့ cotton t-shirt တစ်ထည်နှင့် ခေါင်းပေါင်းပြီး အခြောက်ခံပေးခြင်းဖြစ်ပါတယ်။ ဒါက သင့်ဆံသားကို ကျိုးခြင်း၊ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ပေးပါတယ်။ ခေါင်းဖြီးတဲ့အခါ ပျော့ပျောင်တဲ့ ဝက်မှင်ဘီးကို အသုံးပြုပါ။
အမျိုးအစား ၃- ဆံပင်အကောက်တွေအတွက် ထိန်းသိမ်းမှုနည်းလမ်း
ဆံသားခြောက်သွေ့ခြင်းနှင့် သဘာဝအဆီခမ်းခြောက်ခြင်းမှ တားဆီးဖို့ သင့်ဆံပင်ကို ဆာလဖိတ်မပါဝင်သော သဘာဝခေါင်းလျှော်ရည်နှင့် လျှော်ပါ။ ဆံပင်အကောက်အမျိုးအစား ၃မျိုးထဲမှာပါဝင်တဲ့ သူတွေဟာ ဆံပင်အကောက်၏ ရေဓါတ်အလုံအလောက်ရရှိမှုကို ထိန်းသိမ်းဖို့ LOC (Liquid-Oil-Cream) ဆိုတဲ့ နည်းလမ်းအတိုင်း လိုက်နာဖို့ အရေးကြီးပါတယ်။ ဒီနည်းလမ်းက သင့်ဆံပင်ကို hydrating shampoo ၊ ပျော့ဆေးတို့ဖြင့် ပုံမှန်လျှော််ခြင်း၊ သဘာဝအဆီနှင့် ဆံသားအကောက်အတွက်ထုတ်လုပ်ထားတဲ့ ခရမ်တို့ကိုအသုံးပြုခြင်း တို့ပါဝင်ပါတယ်။
သင့်ဆံပင်အကောက်တွေကို အပူဖြင့်ပျက်ဆီးမှုက ကာကွယ်ဖို့ ဆံပင်ဖြောင့်ခြင်းကို ရှောင်ကြဉ်ပါ။ ညဘက်မှာ ဆံသားကျိုးခြင်း၊ ခြောက်သွေ့ခြင်းမှ ကာကွယ်ပေးဖို့ ပိုး/ဖဲခေါင်းအုံးတစ်ခုဖြင့် အိပ်စက်ပါ။
ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်အကောက်တွေကို ပုံမပျက်စေဖို့ ပိုးခေါင်းစည်းပုဝါ သို့မဟုတ် bonnet တစ်ခုဖြင့် ဖုံးအုပ်ပြီး သင့်ဆံပင်ကို ဦးခေါင်းထိပ်မှာ ခပ်လျော့လျော့ ချည်နှောင်ထုံးဖွဲပါ။
အမျိုးအစား ၄- Coily Hair အမျိုးအစားအတွက် ထိန်းသိမ်းမှုနည်းလမ်း
မြန်မာနိုင်ငံသားတွေမှာ ဒီဆံသားအမျိုးအစားရှိသူ ရှားပါတယ်။ Coily Hair အမျိုးအစားက ကြမ်းတမ်းပြီး ခြောက်သွေ့ပါတယ်။ ပျက်စီးလွယ်တဲ့ ဆံသားအမျိုးအစားဖြစ်ပါတယ်။ ဒီဆံသားအမျိုးအစားရှိလျှင် သင့်ရဲ့ဆံပင်ကို hair cream၊ natural oil တို့ဖြင့် ၂ရက် ၃ရက်တိုင်း mosturize လုပ်ပေးပါ။ ဒီဆံသားမျိုးက ခြောက်သွေ့တာကြောင့် အနညး်ဆုံး တစ်လကို နှစ်ကြိမ်ရေဓါတ်လုံလုံလောက်လောက်ထိန်းသိမ်းဖို့ လိုပါတယ်။ အဓိကအနေဖြင့် ဆံသားကို ကျိုးစေနိုင်တာကြောင့် သင့်ဆံပင်တွေကို ဒရိုင်ယာမှုတ်ခြင်းမှ ရှောင်ကြဉ်ပါ။ ခေါင်းဖြီးတဲ့အခါ ဘီးကျဲကို အသုံးပြုပါ။ ညအိပ်နေစဉ်အတွင်း ဆံပင်ညှိခြင်း/ခြောက်သွေ့ခြင်းမှ တားဆီးဖို့ ဖဲသားခေါင်းအုံးဖြင့် အိပ်စက်ခြင်း သို့မဟုတ် သင့်ခေါင်းကို ဖဲသားခေါင်းစွပ်ဖြင့် ဝတ်ဆင်ခြင်း ပြုလုပ်ပါ။
#Lifestyle_Myanmar
#TB_Nandar