ဂ်င္းေဘာင္းဘီေတြမွာ အမ်ိဳးအစား အမ်ိဳးမ်ိဳးရွိၾကပါတယ္။ ဒါ့ေၾကာင့္ တခါတရံမွာ မွန္ကန္တဲ့ ဂ်င္းေဘာင္းဘီတစ္စံုကို ေရြးခ်ယ္ဖို႔ဆိုတာ အရမ္းကို ခက္ခဲပါတယ္။ ကၽြန္မတို႔ စတိုးဆိုင္ေတြမွာ ဝယ္တဲ့အခါ ဂ်င္းေဘာင္းဘီကို အေရာင္ႏွင့္ ဒီဇိုင္းကိုသာ အဓိကေရြးခ်ယ္ေပမယ့္ fitting၊့ အျမင့္ႏွင့္ ပတ္သတ္တဲ့ ေဖာ္ျပခ်က္ေတြကို ဂရုစိုက္တာ မရွိသေလာက္ပါပဲ။ တစ္ခ်ိဳ႕ဆိုင္ေတြက အစမ္းဝတ္ၾကည့္ဖို႔ အဆင္မေျပတာလည္း ရွိပါတယ္။ ဂ်င္းေဘာင္းဘီအၿမဲတမ္းဝတ္ေနက်ရွိသူေတြက ေရြးခ်ယ္တတ္ေပမယ့့္ ဝတ္စမရွိသူေတြ၊ မဝယ္တတ္တဲ့ သူေတြမွာ ဒုကၡႀကံဳရေလ့ရွိပါတယ္။ ဒါ့ေၾကာင့္ ဂ်င္းေဘာင္းဘီေတြမွာ ဘာအမ်ိဳးအစားေတြရွိသလဲ?ဂ်င္းေဘာင္းဘီဝယ္တဲ့အခါ ဘယ္အမ်ိဳးအစားက ကၽြန္မတို႔ခႏၶာကိုယ္နဲ႔ ကြက္တိျဖစ္မလဲ? ဆိုတာကိုသိရွိႏိုင္ဖို႔အတြက္ ဒီေဆာင္းပါးေလးကတဆင့္ မွ်ေဝေပးလိုက္ပါတယ္။
အျမင့္
High-waisted: ဒီဂ်င္းေဘာင္းဘီအမ်ိဳးအစားက ခ်က္ရဲ႕အေပၚ ခါးနဲ႔ ကြက္တိအျမင့္ရွိပါတယ္။ဒီလိုေဘာင္းဘီေတြက ခပ္က်ပ္က်ပ္ျဖစ္ဖို႔ မလိုပါဘူး။ ဒီေဘာင္းဘီအမ်ိဳးအစားက 80-90ခုႏွစ္ေလာက္က အလြန္ေရပန္းစားခဲ့ေပမယ့္ 2010ခုႏွစ္မွာ ထပ္ၿပီး လူႀကိဳက္မ်ားလာခဲ့ပါတယ္။ စည္းမ်ဥ္းတစ္ခုအျဖစ္ သူတို႔ကို crop top တစ္ထည္ ဒါမွမဟုတ္ ရွပ္အကၤ်ီတစ္ထည္ကို အတြင္းထည့္ဝတ္တဲ့ပံုစံႏွင့္အတူ ေပါင္းစပ္လို႔ရပါတယ္။ ဒီလိုခါးအျမင့္ေတြက သင့္ခႏၶာကိုယ္ကို ပိုရွည္သေယာင္ျဖစ္ေစၿပီး နည္းနည္းပြတာေလးက သင့္ဗိုက္ေခါက္ထြက္ေနရင္ေတာင္ ခ်ပ္ခ်ပ္ရပ္ရပ္ေလး ျဖစ္ေစပါတယ္။
Original: ဒီလိုအျမင့္က ခ်က္ရဲ႕အေပၚ ခါးနဲ႔တစ္တန္းတည္းရွိတာေၾကာင့္ ပထမအမ်ိဳးအစားနဲ႔ အတူတူေလာက္ပဲ ျဖစ္ပါတယ္။ ဒီဂ်င္းေဘာင္းဘီကို ခါးအျမင့္ဂ်င္းလို crop top တစ္ထည္ ဒါမွမဟုတ္ ရွပ္အကၤ်ီတစ္ထည္ကို အတြင္းထည့္ဝတ္တဲ့ပံုစံႏွင့္အတူ ဝတ္ဆင္ႏိုင္ပါတယ္။ ဒီေဘာင္းဘီေတြကို ေဆာင္းရာသီႏွင့္ ေႏြဦးေပါက္မွာ ဆြယ္တာေလးေတြ၊ ေခါင္းစြပ္ဆြယ္တာေလးေတြ၊ ဖလန္နယ္ရွပ္အကၤ်ီေလးေတြနဲ႔ တြဲဝတ္ရင္ လိုက္ဖက္ပါတယ္။ ေႏြရာသီမွာ crop tops၊ အေရာင္ေဖ်ာ့ေဖ်ာ့ blousesေလးေတြ၊ classic ရွပ္အကၤ်ီအျဖဴေလးေတြနဲ႔ တြဲဝတ္ႏိုင္ပါတယ္။
Regular or medium: ဒီအမ်ိဳးအစားက ခ်က္နည္းနည္းေပၚပါတယ္။ သူတို႔ကို မွန္မွန္ကန္ကန္ ေရြးခ်ယ္လွ်င္ ဘယ္ခႏၶာကိုယ္အမ်ိဳးအစားနဲ႔မဆို လိုက္ဖက္ႏိုင္ၿပီး ကိုယ္က်ပ္အကၤ်ီတစ္ထည္၊ bomber jacket၊ classic jacket ဘယ္အရာႏွင့္မဆို တြဲဝတ္ႏိုင္ပါတယ္။
Low: ခါးအေလ်ာဂ်င္းေဘာင္းဘီေတြက ဗိုက္ခ်ပ္ခ်ပ္မိန္းကေလးေတြနဲ႔သာ ၾကည့္ေကာင္းပါလိမ့္မယ္။ 2000 ခုႏွစ္အေစာပိုင္းမွာ မ်ားေသာအားျဖင့္ ဗိုက္ေပၚခါးတိုေလးေတြနဲ႔ ေပါငး္စပ္ဝတ္ဆင္ခဲ့ၾကပါတယ္။ သို႔ေသာ္လည္း ယေန႔မွာ ဒီလိုေပါင္းစပ္မႈက ဒိတ္ေအာက္သြားပါၿပီ။ ေခတ္သစ္ဖက္ရွင္ေရစီးေၾကာင္းမွာ အသားအေရကို တစ္လက္မေလာက္သာေဖာ္ၿပီး ဝတ္ဆင္ၾကပါတယ္။ သင့္ရဲ႕ abs က အျပစ္ေျပာစရာမရွိေအာင္ လွပေနဖို႔လည္း လိုပါတယ္။ ဒါ့အျပင္ 2010ခုႏွစ္အကနု္ေလာက္မွာ ဒီလိုဂ်င္းေဘာင္းဘီေတြကို အိုဗာဆိုဒ္ဆြယ္တာေတြနဲ႔အတူ အတြင္းထည့္ဝတ္ရတဲ့ ရွပ္အကၤ်ီေတြနဲ႔ အမ်ားအားျဖင့္ ေပါင္းစပ္ဝတ္ဆင္ခဲ့ၾကပါတယ္။
Ultra-low: ဒီလိုခ်က္ျပဳတ္ဂ်င္းစတိုင္ေတြက 2010ခုႏွစ္ အစပိုင္းမွာလို ေခတ္မစားေတာ့ပါဘူး။ ဒီဂ်င္းေဘာင္းဘီရဲ႕ ခါးလိုင္းက ဆီးခံုမို႔မို႔အထက္မွာ အနည္းငယ္ရွိတာေၾကာင့္ ဗိုက္ခ်ပ္တဲ့ ပိန္ပိန္သြယ္သြယ္မိန္းကေလးေတြနဲ႔သာ လိုက္ဖက္ပါတယ္။ ဒီဂ်င္းေဘာင္းဘီေတြကို low rise jean ေဘာင္းဘီေတြလို အိုဗာဆိုဒ္ဆြယ္တာေတြ၊ အတြင္းထည့္ဝတ္ရတဲ့ ရွပ္အက်ၤီေတြနဲ႔ ေပါင္းစပ္ဝတ္ဆင္ႏိုင္ပါတယ္။
Fitting
ဘယ္လိုဂ်င္းေဘာင္းဘီေတြက ကြက္တိျဖစ္လဲဆိုတာကို တင္ပါးအတုိင္းကေန ဒူးအထိၾကည့္ၿပီး သတ္မွတ္ပါတယ္။ သူတို႔ကို အက်ပ္ႏွင့္အပြဆိုၿပီး အမ်ိဳးအစား ၂မ်ိဳး ပိုင္းျခားႏိုင္ပါတယ္။
Slim: slim jeansေတြက skinny jeansေတြနဲ႔ မတူပဲ သင့္ရဲ႕ညိဳ႕သက်ည္းနားမွာ အနည္းငယ္ေခ်ာင္ေသာ္လည္း ေပါင္ေနရာမွာ က်ပ္ပါတယ္။ အလုပ္သြားတဲ့အခါ၊ လမ္းေလွ်ာက္ထြက္တဲ့အခါ ဝတ္ဆင္ႏိိုင္ပါတယ္။ ဒီ slim jeansေတြက အလုပ္ၿပီးလို႔ ပါတီတစ္ခုရွိရင္ေတာင္ အဆင္ေျပပါတယ္။ ေျခေထာက္ကို နည္းနည္းလိပ္တင္ၿပီး အေရာင္ေတာက္ေတာက္ accessories ေတြရဲ႕ အကူအညီႏွင့္အတူ သင့္ရဲ႕ formal lookကို party look အျဖစ္ေျပာင္းလဲႏိုင္ပါတယ္။ slim ဂ်င္းေဘာင္းဘီကို original rise ဒါမွမဟုတ္ ပံုမွန္ခါးအျမင့္လိုင္းအတိုင္း ေရြးခ်ယ္မယ္ဆိုရင္ သင့္ခႏၶာကိုယ္ရဲ႕အျပစ္အနာအဆာတစ္ခ်ိဳ႕ကိုေတာင္ ဖံုးကြယ္ေပးႏိုင္ပါတယ္။
Skinny: Skinny ဂ်င္းေဘာင္းဘီေတြဟာ ဒုတိယအသားအေရကဲ့သို႔ fit ျဖစ္ေနတာေၾကာင့္ ႏွစ္အေတာ္မ်ားမ်ား ေပၚျပဴလာျဖစ္ခဲ့ပါတယ္။ ယေန႔မွာ ဒီဂ်င္းေဘာင္းဘီေတြကို new classic လို႔အလြယ္တကူေခၚႏိုင္ပါတယ္။ဘယ္အကၤ်ီနဲ႔မဆို တြဲဝတ္ႏိုင္ပါတယ္။ သို႔ေသာ္ office look အျဖစ္ဖန္တီးခ်င္ရင္ အနည္း ဆံုးပံုမွန္ခါးလိုင္းအျမင့္ရွိတဲ့ skinny jeans ေတြကို ေရြးခ်ယ္ပါ။ ခါးအေလ်ာဂ်င္းေဘာင္းဘီေတြကို ဘယ္ေတာ့မွမေရြးပါနဲ႔။ ခါးအေလ်ာ(low rise) skinny jeans ေတြက က်စ္လစ္ေသးသြယ္တဲ့ မိန္းကေလးေတြ၊ အားကစားလုပ္တဲ့ မိန္းကေလးေတြနဲ႔သာ လိုက္ဖက္မွာပါ။
Jeggings: သူတို႔က skinny ဂ်င္းထက္ ပိုက်ပ္တာေၾကာင့္ သူတို႔ရဲ႕နာမည္ကို Jeggings အျဖစ္ေပးထားပါတယ္။ ဖက္ရွင္ရိႈးေတြမွာ အမ်ားျပည္သူကို ပထမဆံုးမိတ္ဆက္ခဲ့တဲ့ 2010 ကတည္းက jeggings ေတြဟာ အရမ္းေခတ္မွီလာၿပီး ကမာၻအရပ္ရပ္က မိန္းကေလးေတြ ႏွစ္သက္ၾကပါတယ္။ မွန္ကန္တဲ့အေရာင္ကို ေရြးခ်ယ္ျခင္းႏွင့္အတူ ေပါ့ေပါ့ပါးပါးဖက္ရွင္ႏွင့္ ရံုးဖက္ရွင္အျဖစ္ ဖန္တီးႏိုင္ပါတယ္။
Regular: ဒီလုိအေျဖာင့္ညွပ္ထားတဲ့ တည့္ပြဂ်င္းေဘာင္းဘီေတြကို brand collection နီးပါးတိုင္းမွာ ေတြ႕ရွိႏိုင္ပါတယ္။ ဥပမာ ဒီလို classic အျဖစ္ဆံုး ဂ်င္းေတြဟာ နာမည္ႀကီး Levi’s 501 ျဖစ္ပါတယ္။ ဘယ္ခႏၶာကိုယ္အခ်ိဳးအစားႏွင့္မဆို လိုက္ဖက္ၿပီး sneakers နဲ႔ အားကစားအကၤ်ီကေန ေဒါက္ျမင့္ဖိနပ္နဲ႔ classic jacketsအထိ ဘယ္အကၤ်ီနဲ႔ျဖစ္ျဖစ္ ေပါင္းစပ္ႏိုင္ပါတယ္။ သူတို႔က ဘယ္အခ်ိန္ဝတ္ဝတ္ အၿမဲတမ္း ေခတ္မွီေနပါတယ္။
Relaxed: ဒီဂ်င္းေဘာင္းဘီေတြက ပံုမွန္ဂ်င္းေဘာင္းဘီေတြနဲ႔ ဆင္တူပါတယ္။ ဒီဂ်င္းအမ်ိဳးအစားကို ေပါ့ေပါ့ပါးပါးဖက္ရွင္အျဖစ္ အစားထိုးဝတ္ဆင္လို႔ရေပမယ့္ office looks အတြက္ေတာ့ ေရွာင္ၾကဥ္သင့္ပါတယ္။ အကၤ်ီေရြးခ်ယ္တဲ့အခါ classic ဆန္တာေလးေတြ၊ လက္ျပတ္ရွပ္အကၤ်ီေလးေတြ စတဲ့ ဘယ္အကၤ်ီႏွင္မဆို ေပါင္းစပ္ႏိုင္ၿပီး ေဆာင္းရာသီမွာ ဂ်ာကင္အကၤ်ီ၊ ကုတ္အကၤ်ီတို႔နဲ႔ တြဲဝတ္ႏို္င္ပါတယ္။
Loose: ဒီဂ်င္းေဘာင္းဘီေတြကို ရက္ပ္အဆိုေတာ္ေတြ မၾကာခဏ ဝတ္ဆင္ၾကပါတယ္။ မ်ားေသာအားျဖင့္ ဒီဂ်င္းေဘာင္းဘီေတြက brands ေတြျဖစ္တာမ်ားပါတယ္။ ဒီေဘာင္းဘီေတြဟာ sneakers အျမင့္ေတြ၊ အိုဗာဆိုဒ္ပစၥည္းေတြနဲ႔ လိုက္ဖက္ပါတယ္။
Boyfriend: Loose-fitting jeansကို အမ်ိဳးသား collections ေတြမွာ မ်ားေသာအားျဖင့္ ေတြ႕ရိွႏိုင္ၿပီး boyfriend jeans ကို အမ်ိဳးသမီး collections မွာေတြ႕ရိွႏိုင္ပါတယ္။ classic အရွည္က မ်ားေသာအားျဖင့္ 7/8 ျဖစ္ၿပီး ခါးအနိမ့္ရွိသလို ခါးအျမင့္လညး္ ရွိပါတယ္။ အေရာင္မွိန္မွိန္ဂ်င္း ဒါမွမဟုတ္ ဂ်င္းအၿပဲစတိုင္ စသျဖင့္ ေမာ္ဒယ္အမ်ိဳးအစား ရာေပါင္းမ်ားစြာရွိပါတယ္။ ဘယ္အကၤ်ီ၊ ဖိနပ္ႏွင့္မဆို တြဲဝတ္ႏိုင္ၿပီး office look အတြက္ေတာ့ အေကာင္းဆံုးေရြးခ်ယ္မႈမဟုတ္ပါဘူး။
Tapered or tailored: ဒီဂ်င္းပံုစံက ဒူးကေန ေအာက္ေျခအထိ သြယ္ဆင္းသြားတာေၾကာင့္ ေျခေထာက္ပံုသ႑ာန္လွပတဲ့ မိန္းကေလးေတြနဲ႔ ၾကည့္ေကာင္းပါတယ္။ မၾကာေသးမီႏွစ္ေတြမွာ ဒီဂ်င္းပံုစံက လူႀကိဳက္အမ်ားဆံုးပံုစံျဖစ္ခဲ့ပါတယ္။ Tapered ဂ်င္းေဘာင္းဘီကို classic ဆန္တဲ့ဖိနပ္ ၊ sneakers ဘယ္အမ်ိဳးအစားမဆို ေပါင္းစပ္ႏိုင္ပါတယ္။
Straight: ဒီဂ်င္းအမ်ိဳးအစားက တစ္ေျဖာင့္တညး္ျဖစ္တာေၾကာင့္ ေျခေထာက္ေအာက္ေျခႏွင့္ ဒူးအက်ယ္က အတူတူပဲျဖစ္ပါတယ္။ ဒီဂ်င္းေဘာင္းဘီက classic ျဖစ္ၿပီး သင့္ညိွ႕သက်ည္းတစ္ဝိုက္က အျပစ္အနာအဆာမ်ားကို ဖံုးကြယ္ဖို႔ ကူညီေပးႏိုင္ပါတယ္။ ဘယ္အကၤ်ီ၊ ဖိနပ္နဲ႔မဆို ၾကည့္ေကာင္းပါတယ္။
Boot: ဒီေခါင္းေလာင္းေဘာင္းဘီစတိုင္က 60ခုႏွစ္ေလာက္ကတည္းက ဝတ္ဆင္ခဲ့ၾကတာ ျဖစ္ပါတယ္။ ေအာက္ကားတာေၾကာင့္ တျခားဂ်င္းေဘာင္းဘီေတြနဲ႔ အလြယ္တူ ခြဲျခားႏိုင္ပါတယ္။ယေန႔မွာ boot-cut jeans ေတြဟာ 60ခုႏွစ္ကလို အက်ယ္မရွိေတာ့ပါဘူး။ ေျခဝအက်ယ္က တင္ပါးရဲ႕အက်ယ္နဲ႔ အမ်ားအားျဖင့္ တူညီပါတယ္။ဒီဂ်င္းက အေပၚနဲ႔ ေအာက္ကို အျမင္မွာ ညီမွ် ျဖစ္ေစတာေၾကာင့္ ေပါင္တုတ္တဲ့သူ၊ တင္ကားတဲ့ အမ်ိဳးသမီးေတြနဲ႔ ၾကည့္ေကာင္းပါလိမ့္မယ္။ ။ေအာက္ပိုင္းပြပြ ဒီ ဂ်င္းေဘာင္းဘီမ်ဳိးက ေခတ္ေနာက္ျပန္ဆြဲတဲ့ အသြင္မ်ဳိးျဖစ္ေပမဲ့ ခႏၶာကိုယ္အခ်ဳိးအစားကို ေျပျပစ္ေစတာေတာ့ အမွန္ပါ။
#Lifestyle_Myanmar
#LM_Nandar
Source-brightside
Unicode
သင့်စိတ်တိုင်းကျ ဂျင်းဘောင်းဘီကို ရွေးချယ်တတ်စေဖို့ ဂျင်းဘောင်းဘီလမ်းညွှန်
ဂျင်းဘောင်းဘီတွေမှာ အမျိုးအစား အမျိုးမျိုးရှိကြပါတယ်။ ဒါ့ကြောင့် တခါတရံမှာ မှန်ကန်တဲ့ ဂျင်းဘောင်းဘီတစ်စုံကို ရွေးချယ်ဖို့ဆိုတာ အရမ်းကို ခက်ခဲပါတယ်။ ကျွန်မတို့ စတိုးဆိုင်တွေမှာ ဝယ်တဲ့အခါ ဂျင်းဘောင်းဘီကို အရောင်နှင့် ဒီဇိုင်းကိုသာ အဓိကရွေးချယ်ပေမယ့် fitting၊့ အမြင့်နှင့် ပတ်သတ်တဲ့ ဖော်ပြချက်တွေကို ဂရုစိုက်တာ မရှိသလောက်ပါပဲ။ တစ်ချို့ဆိုင်တွေက အစမ်းဝတ်ကြည့်ဖို့ အဆင်မပြေတာလည်း ရှိပါတယ်။ ဂျင်းဘောင်းဘီအမြဲတမ်းဝတ်နေကျရှိသူတွေက ရွေးချယ်တတ်ပေမယ့့် ဝတ်စမရှိသူတွေ၊ မဝယ်တတ်တဲ့ သူတွေမှာ ဒုက္ခကြုံရလေ့ရှိပါတယ်။ ဒါ့ကြောင့် ဂျင်းဘောင်းဘီတွေမှာ ဘာအမျိုးအစားတွေရှိသလဲ?ဂျင်းဘောင်းဘီဝယ်တဲ့အခါ ဘယ်အမျိုးအစားက ကျွန်မတို့ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်မလဲ? ဆိုတာကိုသိရှိနိုင်ဖို့အတွက် ဒီဆောင်းပါးလေးကတဆင့် မျှဝေပေးလိုက်ပါတယ်။
အမြင့်
High-waisted: ဒီဂျင်းဘောင်းဘီအမျိုးအစားက ချက်ရဲ့အပေါ် ခါးနဲ့ ကွက်တိအမြင့်ရှိပါတယ်။ဒီလိုဘောင်းဘီတွေက ခပ်ကျပ်ကျပ်ဖြစ်ဖို့ မလိုပါဘူး။ ဒီဘောင်းဘီအမျိုးအစားက 80-90ခုနှစ်လောက်က အလွန်ရေပန်းစားခဲ့ပေမယ့် 2010ခုနှစ်မှာ ထပ်ပြီး လူကြိုက်များလာခဲ့ပါတယ်။ စည်းမျဉ်းတစ်ခုအဖြစ် သူတို့ကို crop top တစ်ထည် ဒါမှမဟုတ် ရှပ်အင်္ကျီတစ်ထည်ကို အတွင်းထည့်ဝတ်တဲ့ပုံစံနှင့်အတူ ပေါင်းစပ်လို့ရပါတယ်။ ဒီလိုခါးအမြင့်တွေက သင့်ခန္ဓာကိုယ်ကို ပိုရှည်သယောင်ဖြစ်စေပြီး နည်းနည်းပွတာလေးက သင့်ဗိုက်ခေါက်ထွက်နေရင်တောင် ချပ်ချပ်ရပ်ရပ်လေး ဖြစ်စေပါတယ်။
Original: ဒီလိုအမြင့်က ချက်ရဲ့အပေါ် ခါးနဲ့တစ်တန်းတည်းရှိတာကြောင့် ပထမအမျိုးအစားနဲ့ အတူတူလောက်ပဲ ဖြစ်ပါတယ်။ ဒီဂျင်းဘောင်းဘီကို ခါးအမြင့်ဂျင်းလို crop top တစ်ထည် ဒါမှမဟုတ် ရှပ်အင်္ကျီတစ်ထည်ကို အတွင်းထည့်ဝတ်တဲ့ပုံစံနှင့်အတူ ဝတ်ဆင်နိုင်ပါတယ်။ ဒီဘောင်းဘီတွေကို ဆောင်းရာသီနှင့် နွေဦးပေါက်မှာ ဆွယ်တာလေးတွေ၊ ခေါင်းစွပ်ဆွယ်တာလေးတွေ၊ ဖလန်နယ်ရှပ်အင်္ကျီလေးတွေနဲ့ တွဲဝတ်ရင် လိုက်ဖက်ပါတယ်။ နွေရာသီမှာ crop tops၊ အရောင်ဖျော့ဖျော့ blousesလေးတွေ၊ classic ရှပ်အင်္ကျီအဖြူလေးတွေနဲ့ တွဲဝတ်နိုင်ပါတယ်။
Regular or medium: ဒီအမျိုးအစားက ချက်နည်းနည်းပေါ်ပါတယ်။ သူတို့ကို မှန်မှန်ကန်ကန် ရွေးချယ်လျှင် ဘယ်ခန္ဓာကိုယ်အမျိုးအစားနဲ့မဆို လိုက်ဖက်နိုင်ပြီး ကိုယ်ကျပ်အင်္ကျီတစ်ထည်၊ bomber jacket၊ classic jacket ဘယ်အရာနှင့်မဆို တွဲဝတ်နိုင်ပါတယ်။
Low: ခါးအလျောဂျင်းဘောင်းဘီတွေက ဗိုက်ချပ်ချပ်မိန်းကလေးတွေနဲ့သာ ကြည့်ကောင်းပါလိမ့်မယ်။ 2000 ခုနှစ်အစောပိုင်းမှာ များသောအားဖြင့် ဗိုက်ပေါ်ခါးတိုလေးတွေနဲ့ ပေါငး်စပ်ဝတ်ဆင်ခဲ့ကြပါတယ်။ သို့သော်လည်း ယနေ့မှာ ဒီလိုပေါင်းစပ်မှုက ဒိတ်အောက်သွားပါပြီ။ ခေတ်သစ်ဖက်ရှင်ရေစီးကြောင်းမှာ အသားအရေကို တစ်လက်မလောက်သာဖော်ပြီး ဝတ်ဆင်ကြပါတယ်။ သင့်ရဲ့ abs က အပြစ်ပြောစရာမရှိအောင် လှပနေဖို့လည်း လိုပါတယ်။ ဒါ့အပြင် 2010ခုနှစ်အကနု်လောက်မှာ ဒီလိုဂျင်းဘောင်းဘီတွေကို အိုဗာဆိုဒ်ဆွယ်တာတွေနဲ့အတူ အတွင်းထည့်ဝတ်ရတဲ့ ရှပ်အင်္ကျီတွေနဲ့ အများအားဖြင့် ပေါင်းစပ်ဝတ်ဆင်ခဲ့ကြပါတယ်။
Ultra-low: ဒီလိုချက်ပြုတ်ဂျင်းစတိုင်တွေက 2010ခုနှစ် အစပိုင်းမှာလို ခေတ်မစားတော့ပါဘူး။ ဒီဂျင်းဘောင်းဘီရဲ့ ခါးလိုင်းက ဆီးခုံမို့မို့အထက်မှာ အနည်းငယ်ရှိတာကြောင့် ဗိုက်ချပ်တဲ့ ပိန်ပိန်သွယ်သွယ်မိန်းကလေးတွေနဲ့သာ လိုက်ဖက်ပါတယ်။ ဒီဂျင်းဘောင်းဘီတွေကို low rise jean ဘောင်းဘီတွေလို အိုဗာဆိုဒ်ဆွယ်တာတွေ၊ အတွင်းထည့်ဝတ်ရတဲ့ ရှပ်အကျင်္ီတွေနဲ့ ပေါင်းစပ်ဝတ်ဆင်နိုင်ပါတယ်။
Fitting
ဘယ်လိုဂျင်းဘောင်းဘီတွေက ကွက်တိဖြစ်လဲဆိုတာကို တင်ပါးအတိုင်းကနေ ဒူးအထိကြည့်ပြီး သတ်မှတ်ပါတယ်။ သူတို့ကို အကျပ်နှင့်အပွဆိုပြီး အမျိုးအစား ၂မျိုး ပိုင်းခြားနိုင်ပါတယ်။
Slim: slim jeansတွေက skinny jeansတွေနဲ့ မတူပဲ သင့်ရဲ့ညို့သကျည်းနားမှာ အနည်းငယ်ချောင်သော်လည်း ပေါင်နေရာမှာ ကျပ်ပါတယ်။ အလုပ်သွားတဲ့အခါ၊ လမ်းလျှောက်ထွက်တဲ့အခါ ဝတ်ဆင်နိိုင်ပါတယ်။ ဒီ slim jeansတွေက အလုပ်ပြီးလို့ ပါတီတစ်ခုရှိရင်တောင် အဆင်ပြေပါတယ်။ ခြေထောက်ကို နည်းနည်းလိပ်တင်ပြီး အရောင်တောက်တောက် accessories တွေရဲ့ အကူအညီနှင့်အတူ သင့်ရဲ့ formal lookကို party look အဖြစ်ပြောင်းလဲနိုင်ပါတယ်။ slim ဂျင်းဘောင်းဘီကို original rise ဒါမှမဟုတ် ပုံမှန်ခါးအမြင့်လိုင်းအတိုင်း ရွေးချယ်မယ်ဆိုရင် သင့်ခန္ဓာကိုယ်ရဲ့အပြစ်အနာအဆာတစ်ချို့ကိုတောင် ဖုံးကွယ်ပေးနိုင်ပါတယ်။
Skinny: Skinny ဂျင်းဘောင်းဘီတွေဟာ ဒုတိယအသားအရေကဲ့သို့ fit ဖြစ်နေတာကြောင့် နှစ်အတော်များများ ပေါ်ပြူလာဖြစ်ခဲ့ပါတယ်။ ယနေ့မှာ ဒီဂျင်းဘောင်းဘီတွေကို new classic လို့အလွယ်တကူခေါ်နိုင်ပါတယ်။ဘယ်အင်္ကျီနဲ့မဆို တွဲဝတ်နိုင်ပါတယ်။ သို့သော် office look အဖြစ်ဖန်တီးချင်ရင် အနည်း ဆုံးပုံမှန်ခါးလိုင်းအမြင့်ရှိတဲ့ skinny jeans တွေကို ရွေးချယ်ပါ။ ခါးအလျောဂျင်းဘောင်းဘီတွေကို ဘယ်တော့မှမရွေးပါနဲ့။ ခါးအလျော(low rise) skinny jeans တွေက ကျစ်လစ်သေးသွယ်တဲ့ မိန်းကလေးတွေ၊ အားကစားလုပ်တဲ့ မိန်းကလေးတွေနဲ့သာ လိုက်ဖက်မှာပါ။
Jeggings: သူတို့က skinny ဂျင်းထက် ပိုကျပ်တာကြောင့် သူတို့ရဲ့နာမည်ကို Jeggings အဖြစ်ပေးထားပါတယ်။ ဖက်ရှင်ရှိုးတွေမှာ အများပြည်သူကို ပထမဆုံးမိတ်ဆက်ခဲ့တဲ့ 2010 ကတည်းက jeggings တွေဟာ အရမ်းခေတ်မှီလာပြီး ကမ္ဘာအရပ်ရပ်က မိန်းကလေးတွေ နှစ်သက်ကြပါတယ်။ မှန်ကန်တဲ့အရောင်ကို ရွေးချယ်ခြင်းနှင့်အတူ ပေါ့ပေါ့ပါးပါးဖက်ရှင်နှင့် ရုံးဖက်ရှင်အဖြစ် ဖန်တီးနိုင်ပါတယ်။
Regular: ဒီလိုအဖြောင့်ညှပ်ထားတဲ့ တည့်ပွဂျင်းဘောင်းဘီတွေကို brand collection နီးပါးတိုင်းမှာ တွေ့ရှိနိုင်ပါတယ်။ ဥပမာ ဒီလို classic အဖြစ်ဆုံး ဂျင်းတွေဟာ နာမည်ကြီး Levi’s 501 ဖြစ်ပါတယ်။ ဘယ်ခန္ဓာကိုယ်အချိုးအစားနှင့်မဆို လိုက်ဖက်ပြီး sneakers နဲ့ အားကစားအင်္ကျီကနေ ဒေါက်မြင့်ဖိနပ်နဲ့ classic jacketsအထိ ဘယ်အင်္ကျီနဲ့ဖြစ်ဖြစ် ပေါင်းစပ်နိုင်ပါတယ်။ သူတို့က ဘယ်အချိန်ဝတ်ဝတ် အမြဲတမ်း ခေတ်မှီနေပါတယ်။
Relaxed: ဒီဂျင်းဘောင်းဘီတွေက ပုံမှန်ဂျင်းဘောင်းဘီတွေနဲ့ ဆင်တူပါတယ်။ ဒီဂျင်းအမျိုးအစားကို ပေါ့ပေါ့ပါးပါးဖက်ရှင်အဖြစ် အစားထိုးဝတ်ဆင်လို့ရပေမယ့် office looks အတွက်တော့ ရှောင်ကြဉ်သင့်ပါတယ်။ အင်္ကျီရွေးချယ်တဲ့အခါ classic ဆန်တာလေးတွေ၊ လက်ပြတ်ရှပ်အင်္ကျီလေးတွေ စတဲ့ ဘယ်အင်္ကျီနှင်မဆို ပေါင်းစပ်နိုင်ပြီး ဆောင်းရာသီမှာ ဂျာကင်အင်္ကျီ၊ ကုတ်အင်္ကျီတို့နဲ့ တွဲဝတ်နို်င်ပါတယ်။
Loose: ဒီဂျင်းဘောင်းဘီတွေကို ရက်ပ်အဆိုတော်တွေ မကြာခဏ ဝတ်ဆင်ကြပါတယ်။ များသောအားဖြင့် ဒီဂျင်းဘောင်းဘီတွေက brands တွေဖြစ်တာများပါတယ်။ ဒီဘောင်းဘီတွေဟာ sneakers အမြင့်တွေ၊ အိုဗာဆိုဒ်ပစ္စည်းတွေနဲ့ လိုက်ဖက်ပါတယ်။
Boyfriend: Loose-fitting jeansကို အမျိုးသား collections တွေမှာ များသောအားဖြင့် တွေ့ရှိနိုင်ပြီး boyfriend jeans ကို အမျိုးသမီး collections မှာတွေ့ရှိနိုင်ပါတယ်။ classic အရှည်က များသောအားဖြင့် 7/8 ဖြစ်ပြီး ခါးအနိမ့်ရှိသလို ခါးအမြင့်လညး် ရှိပါတယ်။ အရောင်မှိန်မှိန်ဂျင်း ဒါမှမဟုတ် ဂျင်းအပြဲစတိုင် စသဖြင့် မော်ဒယ်အမျိုးအစား ရာပေါင်းများစွာရှိပါတယ်။ ဘယ်အင်္ကျီ၊ ဖိနပ်နှင့်မဆို တွဲဝတ်နိုင်ပြီး office look အတွက်တော့ အကောင်းဆုံးရွေးချယ်မှုမဟုတ်ပါဘူး။
Tapered or tailored: ဒီဂျင်းပုံစံက ဒူးကနေ အောက်ခြေအထိ သွယ်ဆင်းသွားတာကြောင့် ခြေထောက်ပုံသဏ္ဍာန်လှပတဲ့ မိန်းကလေးတွေနဲ့ ကြည့်ကောင်းပါတယ်။ မကြာသေးမီနှစ်တွေမှာ ဒီဂျင်းပုံစံက လူကြိုက်အများဆုံးပုံစံဖြစ်ခဲ့ပါတယ်။ Tapered ဂျင်းဘောင်းဘီကို classic ဆန်တဲ့ဖိနပ် ၊ sneakers ဘယ်အမျိုးအစားမဆို ပေါင်းစပ်နိုင်ပါတယ်။
Straight: ဒီဂျင်းအမျိုးအစားက တစ်ဖြောင့်တညး်ဖြစ်တာကြောင့် ခြေထောက်အောက်ခြေနှင့် ဒူးအကျယ်က အတူတူပဲဖြစ်ပါတယ်။ ဒီဂျင်းဘောင်းဘီက classic ဖြစ်ပြီး သင့်ညှိ့သကျည်းတစ်ဝိုက်က အပြစ်အနာအဆာများကို ဖုံးကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။ ဘယ်အင်္ကျီ၊ ဖိနပ်နဲ့မဆို ကြည့်ကောင်းပါတယ်။
Boot: ဒီခေါင်းလောင်းဘောင်းဘီစတိုင်က 60ခုနှစ်လောက်ကတည်းက ဝတ်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။ အောက်ကားတာကြောင့် တခြားဂျင်းဘောင်းဘီတွေနဲ့ အလွယ်တူ ခွဲခြားနိုင်ပါတယ်။ယနေ့မှာ boot-cut jeans တွေဟာ 60ခုနှစ်ကလို အကျယ်မရှိတော့ပါဘူး။ ခြေဝအကျယ်က တင်ပါးရဲ့အကျယ်နဲ့ အများအားဖြင့် တူညီပါတယ်။ဒီဂျင်းက အပေါ်နဲ့ အောက်ကို အမြင်မှာ ညီမျှ ဖြစ်စေတာကြောင့် ပေါင်တုတ်တဲ့သူ၊ တင်ကားတဲ့ အမျိုးသမီးတွေနဲ့ ကြည့်ကောင်းပါလိမ့်မယ်။ ။အောက်ပိုင်းပွပွ ဒီ ဂျင်းဘောင်းဘီမျိုးက ခေတ်နောက်ပြန်ဆွဲတဲ့ အသွင်မျိုးဖြစ်ပေမဲ့ ခန္ဓာကိုယ်အချိုးအစားကို ပြေပြစ်စေတာတော့ အမှန်ပါ။
#Lifestyle_Myanmar
#LM_Nandar
Source-brightside
Unicode