၎။ သဲနာရီပုံ ခန္ဓာကိုယ်
#LM-Nandar
#Lifestyle_Myanmar
Source-brightside
Unicode
ခန္ဓာကိုယ် အချိုးအစားက အမျိုးမျိုးရှိပါတယ်။ အဲ့ဒီထဲမှာမှ မှတ်မိလွယ်အောင် ပန်းသီးပုံခန္ဓာကိုယ်၊ လေးထောင့်ပုံခန္ဓာကိုယ်၊ သစ်တော်သီးပုံခန္ဓာကိုယ် စသဖြင့် ခွဲခြားထားပါတယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့အညီ ကျန်းမာရေးနဲ့လည်း ညီညွတ်စေမယ့် အစားအစာတွေကို ဘယ်လိုစားသုံးသင့်သလဲဆိုတဲ့အကြောင်းလေးကို Lifestyle Myanmar မှ ဖော်ပြပေးလိုက်ပါတယ်။
၁။ လေးထောင့်ပုံ ခန္ဓာကိုယ်
ဒီခန္ဓာကိုယ်ပုံသဏ္ဍာန်က ကျဉ်းမြောင်းတဲ့ တင်ပါးနဲ့ ခါးတုတ်တဲ့သွင်ပြင်လက္ခဏာ ဖြစ်ပါတယ်။ သင်သည် ကိုယ်အလေးချိန်တတ်ဖို့ လျော့နည်း နိုင်ဖွယ်ရှိသော်လည်း သင့်အစားအသောက်များထဲမှာ ပရိုတင်းအခြေခံတဲ့ပဲအမျိုး၊( ထောပတ်သီး၊ဆော်လမွန်ငါး၊ မက်မွန်သီး စတဲ့) ကျန်းမာ ရေးနှင့်ညီညွတ်တဲ့အဆီများနှင့်အတူ အစားအစာများကိုထည့်သွင်းစားသုံးသင့်ပါတယ်။
သင်ဘယ်လောက်ပဲ ပိန်နေပါစေ၊ ကိစ္စမရှိပါဘူး။ ကျန်းမာတဲ့အစားအစာ ကိုစားသုံးဖို့ အရေးကြီးတယ်ဆိုတာ သတိရပါ။ ဒါ့ကြောင့် အချိုများလွန်းတဲ့ အစားအစာနှင့် အသင့်စား အစားအစာများကို မစားဖို့ လိုအပ်ပါတယ်။
၂။ ပန်းသီးပုံ ခန္ဓာကိုယ်
သင့်ခန္ဓာကိုယ် အလယ်ပိုင်း သိသိသာသာ ပြည့်ဖြိုးနေတာပါ။ သင့်ခန္ဓာကိုယ်ပုံစံက ဒီလိုဖြစ်လျှင် သင့်ရဲ့ ခန္ဓာကိုယ်အလယ်ပိုင်းမှာ အလေးချိန်တိုးဖို့ ဂရုစိုက်ရပါမယ်။ ဒါ့ကြောင့် သင့်သည် အာဟာရပြည့်ဝတဲ့ အစားအစာများကို မကြာခဏ နည်းနညး်ချင်း စားပေးရပါမယ်။
အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ၊ ဗီတာမင်စီ၊ အဆီနညး်တဲ့ နို့ထွက်ပစ္စည်းများ၊ အမျှင်ဓါတ်ကြွယ်ဝတဲ့အစားအစာများကို စားသုံးပါ။ဒိန်ချဉ်ကိုစားလိုလျှင် သင့်အစာခြေမှုကို ထိန်းညှိကူညီပေးတဲ့ ဒိန်ချဉ်ကိုသာ စားသုံးပါ။ အမြန်စာ၊ ပေါင်မုန့်နှင့် အချို့ ဟင်းသီးဟင်းရွက်များကဲ့သို့ ့သော ရောင်ရမ်းခြင်းနှင့် gasကိုဖြစ်ပေါ်စေတဲ့ အစားအစာများကို ရှောင်ကြဉ်သင့်ပါတယ်။
၃။ သစ်တော်သီးပုံ ခန္ဓာကိုယ်
သစ်တော်သီးပုံ ခန္ဓာကိုယ်အချိုးအစားဆိုတာကတော့ တင်ပါးနဲ့ တင်ပဆုံတစ်ဝိုက်မှာ အဆီတွေ ပိုပြီးစုဝေးနေတာကြောင့် ခန္ဓာကိုယ်အောက်ပိုင်းက ပိုပြီးတော့ ဖွံ့ထွားတဲ့ ပုံစံရှိပါတယ်။ သစ်တော်သီးပုံ ခန္ဓာကိုယ်ပိုင်ရှင်တွေဟာ တင်ပဆုံတစ်ဝိုက်မှာအရေပြားအောက်မှာ တိုက်ရိုက်သိမ်းဆည်းထားတဲ့ အဆီ တွေကို စုဆောင်းထားတတ်တဲ့သူတွေဖြစ်ပြီး ဝမ်းဗိုက်ပိုင်းမှာရှိတဲ့ ခန္ဓာကိုယ်အတွင်းပိုင်းက အင်္ဂါတွေဆီမှ သိမ်းဆည်းထားတဲ့ အဆီတွေထက်စာရင်တော့ အန္တရာယ်နည်းပါးတယ်လို့လည်း ဆိုနိုင်ပါတယ်။ အသား၊ ငါး၊ ဥ၊နိို့ထွက်ပစ္စည်းများနှင့် ပရိုတင်းမြင့်မားတဲ့ အစားအစာများကို စားသုံးပါ။
ဖရဲသီး၊နာနတ်သီးကဲ့သို့သော အသီးအနှံများက သင့်ရဲ့ကိုယ်တွင်းဇီဝဖြစ်စဉ်ကို ဖြေးညင်းစွာ လျော့ချပေးတာကြောင့် သင့်ခန္ဓာကိုယ်ထဲက အဆိပ်အတောက်များကို ဖယ်ရှားရှင်းလင်းစေလို့ စားသုံးသင့်ပါတယ်။ လက်ဖက်စိမ်းကဲ့သို့ ကျန်းမာရေးကောင်းတဲ့ ဆေးဖက်ဝင်လက်ဖက်ရည်များကို သောက်သုံးပေးပါ။
ဆိုဒီယမ်များလွန်းတဲ့ အစားအစာများ၊ တနည်းအားဖြင့် ဆားစားသုံးမှုကို လျှော့ချပေးပြီး ပြန်လည်မွမ်းမံထားတဲ့ ဆန်၊ ခေါက်ဆွဲ၊ပေါင်မုန့် ကဲ့သို ့သော အစားအစာများကို ရှောင်ကြဉ်ပါ။
၄။ သဲနာရီပုံ ခန္ဓာကိုယ်
ဒါကတော့ မိန်းကလေးတွေ အလိုချင်ဆုံးခန္ဓာကိုယ် ပုံသဏ္ဍာန်ဖြစ်ပါတယ်။ တင်၊ ရင်လှပြီး ခါးသေးသေးရှိတဲ့ ခန္ဓာကိုယ်မျိုးဖြစ်ပါတယ်။ သင်သည် သွေးတွင်းသကြားဓါတ် မြင့်မားခြင်းအတွက် အန္တရာယ်ပိုရှိတာကြောင့် ဟင်းသီးဟင်းရွက်များနှင့် လက်ဆတ်တဲ့ အသီးအနှံများကို စားပါ။ ပရိုတင်းပါဝင်တဲ့ ကျန်းမာတဲ့ အဆီကို စားသုံးပါ။ ပြန်လည်ပြုပြင်ထားတဲ့ အစားအစာများ(ပေါင်မုန့်ဖြူ။ ခေါက်ဆွဲ၊ဆန်)ကိုရှောင်ပါ။
#LM-Nandar
#Lifestyle_Myanmar
Source-brightside