သင့္ခႏၶာကိုယ္အမ်ိဳးအစားအတြက္ ဘယ္လိုဂါဝန္ေလးေတြ ေရြးခ်ယ္မလဲ?

0
16

-Advertisement-

လူတစ္ေယာက္နဲ႔ တစ္ေယာက္က ခႏၶာကိုယ္ဖြဲ႕စညး္တည္ေဆာက္ပံုခ်င္း မတူၾကပါဘူး။ ခႏၶာကိုယ္ဖြဲ႕စညး္တည္ေဆာက္ပံုခ်င္း မတူၾကတာေၾကာင့္ သူမ်ားနဲ႔ၾကည့္ေကာင္းေနတဲ့ဝတ္စံုဟာ ကိုယ္နဲ႔လိုက္ဖက္ခ်င္မွ လိုက္ဖက္တာပါ။ ခႏၶာကိုယ္ပံုစံက အမ်ိဳးအစား ၅မ်ိဳးေတာင္ရွိတာေၾကာင့္ Stylist ေတြ လမ္းညြန္ထားတဲ့ ကုိယ္ခႏၶာအမ်ိဳးအစားေပၚမႈတည္ၿပီး ဘယ္လိုဂါဝန္ေလးေတြကို အသင့္ေတာ္ဆံုး ေရြးခ်ယ္ဆင္ျမန္း လို႔ရသလဲဆိုတာကို မွ်ေဝေပးလိုက္ပါတယ္။

၁။ သဲနာရီပံု


သဲနာရီပံုခႏၶာကိုယ္ေကာက္ေၾကာင္းကို အမ်ိဳးသမီးတိုင္းက ႏွစ္သက္ၾကပါတယ္။ ဒီအမ်ိဳးအစားက တင္ပါးႏွင့္ပခံုးအက်ယ္တူၿပီး ခါးေသးသြယ္ပါတယ္။ခႏၶာကိုယ္အခ်ိဳးအစား မွ်မွ်တတျဖစ္ပါတယ္။ အဆိုပါ သဲနာရီပံုသ႑ာန္အတြက္ ဘယ္အဝတ္အစားနဲ႔မဆိုလိုက္ဖက္တာေၾကာင့္ ႀကိဳက္ႏွစ္သက္တဲ့ ဂါဝန္ဝတ္ဆင္ႏိုင္ပါတယ္။

၂။ ႀတိဂံေျပာင္းျပန္ပံု


ႀတိဂံေျပာင္းျပန္ပံုရွိတဲ့ ခႏၶာကိုယ္အမ်ိဳးအစားႏွင့္ မိန္းကေလးေတြဟာ ပခံုးက်ယ္က်ယ္နဲ႔ တင္ပါးက်ဥ္းတဲ့ သြင္ျပင္လကၡဏာ ရွိပါတယ္။ ဒီပံုပန္းသ႑ာန္ကို ထိန္းညိွဖို႔ သင့္အေပၚပိုင္းအရြယ္အစားကို စဥ္းစားပါ။ အေပၚပိုင္းႀကီးရင္ ဂါဝန္ရဲ႕အေရာင္က ေအာက္ပိုင္းထက္ အေပၚပိုင္းေနရာမွာ ပိုရင့္သင့္ပါတယ္။ အေကာာင္းဆံုးစတိုင္ကေတာ့ အေပၚပိုင္းက်ဥ္းၿပီး ခါးေနရာကေန ကားသြားတဲ့ ဂါဝန္ေလးေတြနဲ႕သင့္ေတာ္ပါတယ္။ ခါးစပ္မွာ အတြန္႔ပါတဲ့ tulip စကတ္ေလးေတြ၊ ဘာဂ်ာေခါက္အတြန္႔စကတ္ေလးေတြ၊ စကတ္ဝဲဝဲေလးေတြ ဝတ္ဆင္ႏိုင္ပါတယ္။ တင္ပါးနားမွာ အတြန္႔ေလးေတြ၊ ဖဲျပားလို accessories ထည့္ထားတာေတြ၊ ခပ္ပြပြေလးေတြက တင္ပါးက်ဥ္းတာကို ဖံုးကြယ္ေပးပါတယ္။ သင့္အေပၚပိုင္းႏွင့္ တင္ပါးအတိုင္းအတာေတြက ေသးငယ္လွ်င္ တစ္ဆက္တည္းဂါဝန္၊ သို႔မဟုတ္ ေအာက္ပိုင္းကားသြားတဲ့ ေျပာင္ဂါဝန္ေလးေတြကို ဝတ္ဆင္ေပးႏိုင္ပါတယ္။

၃။ ပန္းသီးပံု


ပန္းသီးပံုခႏၶာကိုယ္ရွိတဲ့ မိန္းကေလးေေတြဟာ ေျခေထာက္သြယ္သြယ္နဲ႔ ပခံုးနဲ႕ တင္ပါးကအရြယ္အစားတူ က်ဥ္းတဲ့ပံုရွိပါတယ္။ ခႏၶာကိုယ္အလယ္ပိုင္းျပည့္တဲ့ပံုမ်ိဳးပါ။ ဒီပံုသ႑န္ကို ထိန္းညိွရမယ့္ အဓိကနည္းလမ္းက အျပားႀကီးႀကီးခါးပတ္ ဒါမွမဟုတ္ ေကာ့ဆတ္ ဝတ္ဆင္ျခင္း ျဖစ္ပါတယ္။ သင့္ေလ်ာ္တဲ့ ဂါဝန္စတိုင္ေတြအျဖစ္ ေအာက္ပိုင္းကားတဲ့ ဂါဝန္ေလးေတြ၊ ဂါဝန္အထပ္ထပ္ေလးေတြ၊ တဆက္တည္းဂါဝန္၊ Pencil ဂါဝန္၊ ဗီလည္ပင္းပံုဂါဝန္ေလးေတြက ဒီခႏၶာကိုုယ္ပံုစံကို ထိန္းညိွဖို႔ ကူညီေပးပါလိမ့္မယ္။

၄။ ေလးေထာင့္ပံု


ေလးေထာင့္ပံုသ႑ာန္ကိုယ္ကာယနဲ႔ မိန္းကေလးေတြဟာ ပခံုးနဲ႕ တင္ပါးအက်ယ္က တူညီၿပီး ခါးေပ်ာက္ေနတဲ့ ပံုစံမ်ိဳးျဖစ္ပါတယ္။ အျမင္အာရံုမွာ အေပၚနဲ႕ေအာက္ပိုင္းကို မွ်တေစဖို႔ ခါးပတ္အျပားႀကီးႀကီး သို႔မဟုတ္ ေကာ့ဆတ္ႏွင့္အတူ ဂါဝန္ကို ဝတ္ဆင္ပါ။ အေရာင္ကိုေတာ့ တစ္ေရာင္တည္း မဝတ္ဆင္ပဲ အေပၚက အနက္ေရာင္ဆို ေအာက္က အျဖဴ သုိ႔မဟုတ္ အေပၚျဖဴ၊ ေအာက္အနက္ကို ဝတ္ဆင္ပါ။ တင္ပါးကို အနည္းငယ္ပိုႀကီးသေယာင္ျဖစ္ေစဖို႔ စကတ္ကားကားေလးေတြ၊ စကတ္အတြန္႔ေလးေတြ၊ ဖဲျပားတပ္ထားတဲ့ စကတ္ေလးေတြ၊ ဘာဂ်ာစကတ္ေလးေတြ ေရြးခ်ယ္ပါ။

၅။ သစ္ေတာ္သီးပံု


သစ္ေတာ္သီးပံုခႏၶာကိုယ္ရွိတဲ့ မိန္းကေလးေတြဟာ ပခံုးက်ဥ္းက်ဥ္းႏွင့္ တင္ပါးကားကားရွိပါတယ္။ ရင္သားေသးၿပီး ခါးမသိသာတဲ့ ပံုသ႑ာန္မ်ိဳးပါ။ ဒီေတာ့ မ်က္စိကိုဖမ္းစားႏိုင္မယ့္ အေပၚအက်ီ ၤအေရာင္ေတာက္ေတာက္ႏွင့္ ေအာက္ပိုင္းက အေရာင္ရင့္ ဂါဝန္ကို ဆင္ျမန္းဖို႔ ႀကိဳးစားပါ။ ဥပမာ အေပၚပိုင္းကို ေရာင္စံုေက်ာက္ေလးေတြ၊ ဇာ သို႔မဟုတ္ အတြန္႔ဒီဇိုင္းေလးေတြနဲ႕အလွဆင္ထားတဲ့ အက်ီ ၤေလးေတြ ဝတ္ဆင္ပါ။ ဒါေလးေတြက ရင္ဘတ္ဧရိယာကို ပိုက်ယ္သေယာင္ဖန္တီးေပးပါတယ္။
ဒီလိုကုိယ့္ခႏၶာကုိယ္နဲ႔ လိုက္ဖက္မယ့္ ဝတ္စံုေလးေတြ ဝတ္ဆင္ၿပီးေနာက္မွာ ၿပီးျပည့္စံုေနေစဖို႔ ဖိနပ္၊ လက္ကိုင္အိတ္၊ တျခား accessories၊ ဆံပင္ပံုသပ္သပ္ရပ္ရပ္နဲ႔ ေရေမႊးဆြတ္သြားဖို႔လည္း မေမ့ပါနဲ႔ေနာ္။
#Lifestyle_Myanmar
#TB_Nandar
Source-fabiosa

Unicode

သင့်ခန္ဓာကိုယ်အမျိုးအစားအတွက် ဘယ်လိုဂါဝန်လေးတွေ ရွေးချယ်မလဲ?
လူတစ်ယောက်နဲ့ တစ်ယောက်က ခန္ဓာကိုယ်ဖွဲ့စညး်တည်ဆောက်ပုံချင်း မတူကြပါဘူး။ ခန္ဓာကိုယ်ဖွဲ့စညး်တည်ဆောက်ပုံချင်း မတူကြတာကြောင့် သူများနဲ့ကြည့်ကောင်းနေတဲ့ဝတ်စုံဟာ ကိုယ်နဲ့လိုက်ဖက်ချင်မှ လိုက်ဖက်တာပါ။ ခန္ဓာကိုယ်ပုံစံက အမျိုးအစား ၅မျိုးတောင်ရှိတာကြောင့် Stylist တွေ လမ်းညွန်ထားတဲ့ ကိုယ်ခန္ဓာအမျိုးအစားပေါ်မှုတည်ပြီး ဘယ်လိုဂါဝန်လေးတွေကို အသင့်တော်ဆုံး ရွေးချယ်ဆင်မြန်း လို့ရသလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

၁။ သဲနာရီပုံ


သဲနာရီပုံခန္ဓာကိုယ်ကောက်ကြောင်းကို အမျိုးသမီးတိုင်းက နှစ်သက်ကြပါတယ်။ ဒီအမျိုးအစားက တင်ပါးနှင့်ပခုံးအကျယ်တူပြီး ခါးသေးသွယ်ပါတယ်။ခန္ဓာကိုယ်အချိုးအစား မျှမျှတတဖြစ်ပါတယ်။ အဆိုပါ သဲနာရီပုံသဏ္ဍာန်အတွက် ဘယ်အဝတ်အစားနဲ့မဆိုလိုက်ဖက်တာကြောင့် ကြိုက်နှစ်သက်တဲ့ ဂါဝန်ဝတ်ဆင်နိုင်ပါတယ်။

၂။ တြိဂံပြောင်းပြန်ပုံ


တြိဂံပြောင်းပြန်ပုံရှိတဲ့ ခန္ဓာကိုယ်အမျိုးအစားနှင့် မိန်းကလေးတွေဟာ ပခုံးကျယ်ကျယ်နဲ့ တင်ပါးကျဉ်းတဲ့ သွင်ပြင်လက္ခဏာ ရှိပါတယ်။ ဒီပုံပန်းသဏ္ဍာန်ကို ထိန်းညှိဖို့ သင့်အပေါ်ပိုင်းအရွယ်အစားကို စဉ်းစားပါ။ အပေါ်ပိုင်းကြီးရင် ဂါဝန်ရဲ့အရောင်က အောက်ပိုင်းထက် အပေါ်ပိုင်းနေရာမှာ ပိုရင့်သင့်ပါတယ်။ အကောာင်းဆုံးစတိုင်ကတော့ အပေါ်ပိုင်းကျဉ်းပြီး ခါးနေရာကနေ ကားသွားတဲ့ ဂါဝန်လေးတွေနဲ့သင့်တော်ပါတယ်။ ခါးစပ်မှာ အတွန့်ပါတဲ့ tulip စကတ်လေးတွေ၊ ဘာဂျာခေါက်အတွန့်စကတ်လေးတွေ၊ စကတ်ဝဲဝဲလေးတွေ ဝတ်ဆင်နိုင်ပါတယ်။ တင်ပါးနားမှာ အတွန့်လေးတွေ၊ ဖဲပြားလို accessories ထည့်ထားတာတွေ၊ ခပ်ပွပွလေးတွေက တင်ပါးကျဉ်းတာကို ဖုံးကွယ်ပေးပါတယ်။ သင့်အပေါ်ပိုင်းနှင့် တင်ပါးအတိုင်းအတာတွေက သေးငယ်လျှင် တစ်ဆက်တည်းဂါဝန်၊ သို့မဟုတ် အောက်ပိုင်းကားသွားတဲ့ ပြောင်ဂါဝန်လေးတွေကို ဝတ်ဆင်ပေးနိုင်ပါတယ်။

၃။ ပန်းသီးပုံ


ပန်းသီးပုံခန္ဓာကိုယ်ရှိတဲ့ မိန်းကလေးေတွေဟာ ခြေထောက်သွယ်သွယ်နဲ့ ပခုံးနဲ့ တင်ပါးကအရွယ်အစားတူ ကျဉ်းတဲ့ပုံရှိပါတယ်။ ခန္ဓာကိုယ်အလယ်ပိုင်းပြည့်တဲ့ပုံမျိုးပါ။ ဒီပုံသဏ္ဍန်ကို ထိန်းညှိရမယ့် အဓိကနည်းလမ်းက အပြားကြီးကြီးခါးပတ် ဒါမှမဟုတ် ကော့ဆတ် ဝတ်ဆင်ခြင်း ဖြစ်ပါတယ်။ သင့်လျော်တဲ့ ဂါဝန်စတိုင်တွေအဖြစ် အောက်ပိုင်းကားတဲ့ ဂါဝန်လေးတွေ၊ ဂါဝန်အထပ်ထပ်လေးတွေ၊ တဆက်တည်းဂါဝန်၊ Pencil ဂါဝန်၊ ဗီလည်ပင်းပုံဂါဝန်လေးတွေက ဒီခန္ဓာကိုုယ်ပုံစံကို ထိန်းညှိဖို့ ကူညီပေးပါလိမ့်မယ်။

၄။ လေးထောင့်ပုံ


လေးထောင့်ပုံသဏ္ဍာန်ကိုယ်ကာယနဲ့ မိန်းကလေးတွေဟာ ပခုံးနဲ့ တင်ပါးအကျယ်က တူညီပြီး ခါးပျောက်နေတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ အမြင်အာရုံမှာ အပေါ်နဲ့အောက်ပိုင်းကို မျှတစေဖို့ ခါးပတ်အပြားကြီးကြီး သို့မဟုတ် ကော့ဆတ်နှင့်အတူ ဂါဝန်ကို ဝတ်ဆင်ပါ။ အရောင်ကိုတော့ တစ်ရောင်တည်း မဝတ်ဆင်ပဲ အပေါ်က အနက်ရောင်ဆို အောက်က အဖြူ သို့မဟုတ် အပေါ်ဖြူ၊ အောက်အနက်ကို ဝတ်ဆင်ပါ။ တင်ပါးကို အနည်းငယ်ပိုကြီးသယောင်ဖြစ်စေဖို့ စကတ်ကားကားလေးတွေ၊ စကတ်အတွန့်လေးတွေ၊ ဖဲပြားတပ်ထားတဲ့ စကတ်လေးတွေ၊ ဘာဂျာစကတ်လေးတွေ ရွေးချယ်ပါ။

၅။ သစ်တော်သီးပုံ


သစ်တော်သီးပုံခန္ဓာကိုယ်ရှိတဲ့ မိန်းကလေးတွေဟာ ပခုံးကျဉ်းကျဉ်းနှင့် တင်ပါးကားကားရှိပါတယ်။ ရင်သားသေးပြီး ခါးမသိသာတဲ့ ပုံသဏ္ဍာန်မျိုးပါ။ ဒီတော့ မျက်စိကိုဖမ်းစားနိုင်မယ့် အပေါ်အကျီ င်္အရောင်တောက်တောက်နှင့် အောက်ပိုင်းက အရောင်ရင့် ဂါဝန်ကို ဆင်မြန်းဖို့ ကြိုးစားပါ။ ဥပမာ အပေါ်ပိုင်းကို ရောင်စုံကျောက်လေးတွေ၊ ဇာ သို့မဟုတ် အတွန့်ဒီဇိုင်းလေးတွေနဲ့အလှဆင်ထားတဲ့ အကျီ င်္လေးတွေ ဝတ်ဆင်ပါ။ ဒါလေးတွေက ရင်ဘတ်ဧရိယာကို ပိုကျယ်သယောင်ဖန်တီးပေးပါတယ်။
ဒီလိုကိုယ့်ခန္ဓာကိုယ်နဲ့ လိုက်ဖက်မယ့် ဝတ်စုံလေးတွေ ဝတ်ဆင်ပြီးနောက်မှာ ပြီးပြည့်စုံနေစေဖို့ ဖိနပ်၊ လက်ကိုင်အိတ်၊ တခြား accessories၊ ဆံပင်ပုံသပ်သပ်ရပ်ရပ်နဲ့ ရေမွှေးဆွတ်သွားဖို့လည်း မမေ့ပါနဲ့နော်။
#Lifestyle_Myanmar
#TB_Nandar
Source-fabiosa

LEAVE A REPLY

Please enter your comment!
Please enter your name here