US ဆေးပညာရဲ့ အဆိုအရ အရွယ်ရောက်တဲ့သူတိုင်း တစ်နေ့ကို ဖောလစ်အက်ဆစ် ၄၀၀ မိုက်ခရိုဂရမ် စားသုံးသင့်တယ်လို့ ဆိုထားပါတယ်။ ခန္ဓာကိုယ်ရဲ့ DNA ကိုပြုပြင်ထိန်းသိမ်းဖို့အတွက်လည်ကောင်း၊ သွေးနီဆဲလ်များထုတ်လုပ်အတွက်လည်းကောင်း ဖောလစ်အက်ဆစ် သို့မဟုတ် ဗီတာမင် B9 ကသင့်အတွက် အလွန်းအရေးပါ ပါတယ်။ ဖောလစ်အက်ဆစ်လုံလုံလောက်လောက်မရရှိတဲ့အခါ ရောဂါလက္ခဏာများခံစားနေရတဲ့အပြင် သွေးအားနည်းခြင်း၊ ကိုယ်တွင်းအင်္ဂါတွေ စနစ်တကျအလုပ်လုပ်ဖို့အတွက် အောက်ဆီဂျင်အလုံအလောက်မပေးစွမ်းနိုင်ခြင်း စတဲ့အခြေအနေ တွေဖြစ်ပေါ်တတ်ပါတယ်။
၁။ မှတ်ဉာဏ်ပြဿနာများ
ဖောလစ်အက်ဆစ်က သင့်ရဲ့ ဗဟိုအာရုံကြောစနစ်အတွက် အလွန်အရေးကြီးပါတယ်။ သင့်ခန္ဓာကိုယ်အတွက် ဗီတာမင်ကင်းမဲ့လာတဲ့အခါ စိတ်ကျရောဂါ၊ အာရုံစူးစိုက်မှုအားနည်းခြင်း၊ မေ့လျော့ခြင်း နဲ့ စိတ်တိုခြင်း စတဲ့ဝေဒနာတွေခံစားရတတ်ပါတယ်။ စနစ်တကျမကုသပေးမှီတဲ့အခါမျိုး ဒါမှမဟုတ် ဖောလစ်အက်ဆစ် လုံလုံလောက်လောက်မပေးစွမ်းနိုင်တာမျိုး ဖြစ်လာတဲ့အခါ စိတ်ဖောက်ပြန်ခြင်း သို့မဟုတ် အယ်လ်ဇိုင်းမာရောဂါ ဖြစ်နိုင်ခြေပိုများလာပါလိမ့်မယ်။
၂။ ခန္ဓာကိုယ် နာကျင်လွယ်ခြင်း
ဖောလစ်အက်ဆစ်ချို့တဲ့မှုကြောင့် သွေးအားနည်းရောဂါခံစားစေရပြီး ဦးနှောက်အတွက် အောက်စီဂျင်ရရှိမှုအပိုင်းကလည်း လျော့နည်းလာတဲ့အတွက် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေ ရောင်ရမ်းခြင်းကိုဖြစ်ပေါ်စေပြီး ခေါက်ကိုက်ခြင်းဝေဒနာကို ခံစားစေရပါတယ်။ ဒါ့အပြင် သံဓာတ်များဆုံးရှုံးပြီး ရင်ဘက်၊ ခြေထောက် နဲ့ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေမှာ နာကျင်မှုကို မကြာခဏခံစားစေရပါတယ်။
၃။ အသားအရေ ဖြူဖက်ဖြူရော်ဖြစ်ခြင်း
ခန္ဓာကိုယ်ရဲ့ တစ်သျှူးတွေအတွက် လုံလောက်တဲ့ အောက်ဆီဂျင်ကို အဆုတ်ကနေသယ်ယူဖို့တာဝန်ယူရှိပါတယ်။ ဒါပေမဲ့ သင်က ဖောလစ်အက်ဆစ်လျော့နည်းနေတဲ့အခါ လိုအပ်တဲ့ အောက်ဆီဂျင်ပမာဏကိုလည်း လုံလောက်မှုရှိအောင် မထုတ်လုပ်ပေးနိုင်တော့ပါဘူး။ ထိုအခါ ခန္ဓာကိုယ်ရဲ့ သွေးနီဆဲလ် နဲ့ (ဟေမိုဂလိုဘင်) လည်း လုံလောက်မှုမရှိတော့ပါဘူး။ ထိုအခါ ကြွက်သားအားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခြေလက်များ ထုံခြင်း၊ အသားအရေအရောင်များ ဖျော့လျော့လာခြင်း စတဲ့ဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်ပါတယ်။
၎။ အသက်ရှူမဝခြင်း
ပုံမှန်အလုပ်တစ်ခုကို လုပ်နေတဲ့အချိန်မျိုးမှာ အသက်ရှူမဝခြင်းကို ခံစားရလျှင် သင့်ခန္ဓာကိုယ်ထဲမှာ သွေးနီဆဲလ်တွေလျော့နည်းနေပြီး အောက်ဆီဂျင်လုံလောက်မှုမရှိနေတာကို ဖော်ပြပေးနေတာပဲဖြစ်ပါတယ်။ နှလုံးခုန်နှုန်းမြင့်တက်လာတဲ့အခါမျိုးမှာ မူးဝေခြင်း၊ သတိလစ်မေ့မျှောခြင်း စတဲ့ ရောဂါဝေဒနာတွေ ခံစားရတတ်ပါတယ်။
၅။ အစာခြေမှုပြဿနာရပ်များ
အစာစားပြီးတိုင်း ပျို့အန်ခြင်း၊ အစာအိမ်နာကျင်ခြင်း၊ ဝမ်းလျှောခြင်းစတဲ့ အူလမ်းကြောင်းရောဂါလက္ခဏာရပ်များက ဖောလစ်အက်ဆစ်ကင်းမဲ့နေတာကို ပြသတဲ့ ရှေ့ပြေးလက္ခဏာရပ်တွေပဲဖြစ်ပါတယ်။ ထိုအစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာများ ဖြစ်ပွားမှုအချိန် ကြာလာတဲ့အခါမှာ ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းလာပြီး Anorexia ကဲ့သို့ဖြစ်သွားပါလိမ့်မည်။
၆။ ပါးစပ်အနာစိမ်းပေါက်ခြင်းနဲ့ လျှာရောင်ရမ်းခြင်း
ဖောလစ်အက်ဆစ်လျော့နည်းမှုကို လစ်လျှူရှု့ထားမိတဲ့အခါမျိုးမှာ လျှာက ပုံမှန်အားဖြင့် အစွန်အဖျားနေရာတစ်ဝှိုက်ရောင်ရမ်းခြင်း၊ အနီဖုပေါက်ခြင်း တို့ကိုဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် သွေးနီဆဲလ်တွေ လျော့နည်းနေတဲ့အတွက် အစာမျိုချတဲ့အခါမှာလည်း နာကျင်ခြင်းကို ခံစားစေရပြီး လျှာအနာ နဲ့ Stomatitis ရောဂါကို ခံစားရပါတယ်။
၇။ အရသာခံနိုင်မှုစွမ်းရည်လျော့ကျခြင်း
အချို့သောလေ့လာမှုတွေအရ ဖောလစ်အက်ဆစ်ချို့တဲ့မှုကြောင့် ပါးစပ်အနာစိမ်များဖြစ်တဲ့အခါ၊ လျှာအနာဖြစ်တဲ့အခါ အစားအစာများ မြည်းစမ်ကြည့်လျှင် အရသာကို ခံနိုင်စွမ်းသိပ့်မရှိတော့ပါဘူး။ Papillae လို့ခေါ်တဲ့ အရသာကို စမ်းသပ်နိုင်တဲ့ receptors များပျက်စီးသွားပြီး ဦးနှောက်အာရုံကြောစနစ်ဆီကို လျှာကနေတစ်ဆင့် အရသာခံနိုင်မှု စွမ်းရည် မပို့နိုင်တဲ့အတွက်ကြောင့်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
၈။ ဖောလစ်အက်ဆစ်မချို့တဲ့စေဖို့ ဘယ်လိုကာကွယ်မလဲ။
ဖောလစ်အက်ဆစ်မဆုံးရှုံးအောင် အကောင်းဆုံးနဲ့ အလွယ်ဆုံးဖြေရှင်းနည်းကတော့ အစားအသောက်ပဲဖြစ်ပါတယ်။ အစိမ်းရင့်ရောင်ရှိတဲ့ ပန်းဂေါ်ဖီစိမ်း၊ ဟင်းသီးဟင်းရွက်များ၊ ဂေါ်ဖီထုပ်အနု၊ Citrus အသီးအနှံအုပစုံ၊ ပဲမှိုများ စတဲ့အစားအစာများကို ဂရုစိုက်ပြီး စားသုံးပေးပါ။ ရောဂါလက္ခဏာတွေဖြစ်ပေါ်နေပြီဆို အရင်ဦးဆုံး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပြီး သင့်ရဲ့ တစ်နေ့တာအစားအသောက်အလေ့အထကို ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။
#Lifestyle_Myanmar
#Thar_Nage