သင့္က်န္းမာေရးနဲ႔ အျခားအရာေတြအတြက္ပါ အသုံးဝင္တဲ့ ငွက္ေပ်ာသီးနဲ႔ ငွက္ေပ်ာခြံ

0
33

ဝက္ၿခံအတြက္

-Advertisement-


ဝက္ၿခံအၿမဲေပါက္သူေတြအတြက္ေတာ့ သတင္းေကာင္းေလးတစ္ခုပဲျဖစ္ပါတယ္။ ငွက္ေပ်ာခြံမွာ ဗီတာမင္ စီ နဲ႔ အီးဓာတ္၊ ဇင့္ဓာတ္၊ သံဓာတ္၊ ပိုတက္စီယမ္နဲ႔ မန္းဂနိမ္ စတဲ့ အဟာရဓာတ္ေတြ မ်ားစြာပါဝင္တဲ့အတြက္ေၾကာင့္ ဝက္ၿခံေတြကို သက္သာေပ်ာက္ကင္းေစဖို႔ မ်ားစြာအေထာက္အပံ့ျဖစ္ေစပါတယ္။ ငွက္ေပ်ာခြံနဲ႔ သင့္မ်က္ႏွာကို ၅မိနစ္ သို႔မဟုတ္ ၁၀မိနစ္ေလာက္ ပြတ္တိုက္ၿပီးမွ မ်က္ႏွာကို ေဆးေၾကာပါ။ တစ္ေန႔ကို ႏွစ္ႀကိမ္အသုံးျပဳေပး႐ုံနဲ႔ သင့္မ်က္ႏွာေပၚက ဝက္ၿခံေတြကို ကင္းစင္ေစမွာျဖစ္ပါတယ္။

ဖိနပ္အေရာင္တင္ေစဖို႔အတြက္


႐ွဴးဖိနပ္နဲ႔ ဖိနပ္ေတာ္ေတာ္မ်ားမ်ား အေရာင္ထြက္ေစဖို႔အတြက္ ငွက္ေပ်ာခြံကို အသုံးျပဳႏိုင္ပါတယ္။ ဖိနပ္မွာရွိတဲ့ အညစ္အေၾကးေတြကို ကင္စင္ၿပီး ဖိနပ္ကိုေတာက္ေျပာင္ေစပါတယ္။ ဒါ့အျပင္ အသားအေရ ေျခာက္ေသြ႕ေနလွ်င္လည္း ငွက္ေပ်ာခြံျဖင့္အသားအေရကို ပြတ္တိုက္ေပးႏိုင္ပါတယ္။

မ်က္ႏွာေပၚက အေရးေၾကာင္းေတြအတြက္


အေရျပားေပၚမွာရွိတဲ့ Firmness နဲ႔ Elasticity ေတြဆုံး႐ႈံးသြားတဲ့အခါ မ်က္ႏွာေပၚမွာ အေရးေၾကာင္းေတြျဖစ္ၿပီး သင့္ကို ပိုၿပီး အိုမင္းႀကီးျဖစ္ေပၚေစပါတယ္။ ဗီတာမင္စီနဲ႔ ငွက္ေပ်ာသီးမွာပါဝင္တဲ့ Antioxidants ဟာ အေရးေၾကာင္းေတါျဖစ္ေပၚမႈကို ေႏွးေကြးေစၿပီး ပေပ်ာက္သြားေအာင္ကူညီေပးႏိုင္ပါတယ္။ သင့္မ်က္ႏွာကို ငွက္ေပ်ာသီးျဖင့္ ပြတ္သပ္ၿပီး တစ္နာရီခြဲ သို႔မဟုတ္ တစ္နာရီေလာက္ထားၿပီးမွာ သင့္မ်က္ႏွာကို သန္႔စင္ေပးပါ။ တစ္ပတ္ကို ၃ႀကိမ္ျပဳလုပ္ေပး႐ုံျဖင့္ သင့္ကိုျပန္လည္ႏုပ်ိဳလာေစမွာအမွန္ပါပဲ။

ပုလဲေရာင္သြားေလးေတြရရွိဖို႔အတြက္


သြားဝါသူေတြအတြက္ သင့္ရဲ႕ သြားေလးေတြ ပုလဲလုံးေလးေတြလို ျဖဴေဖြးေစဖို႔ လြယ္ကူတဲ့ အႀကံေကာင္းေလးတစ္ခုပဲျဖစ္ပါတယ္။ မဂၢနီဆီယမ္၊ ပိုတက္စီယမ္ နဲ႔ မန္းဂနိစ္ပါဝင္တာေၾကာင့္ သင့္ရဲ႕သြားကို ငွက္ေပ်ာခြံနဲ႔ ပြတ္တိုက္ေပး႐ုံျဖစ္ သိသိသာသာျဖဴေဖြးလာဖို႔ ကူညီေပးမွာျဖစ္ပါတယ္။

ေငြထည္ပစၥည္းမ်ား ေတာက္ပေစဖို႔အတြက္


ေငြနဲ႔ ျပဳလုပ္ထားတဲ့ လက္ဝတ္ရတနာပဲျဖစ္ျဖစ္၊ အျခားေငြထည္ပစၥည္းပဲျဖစ္ျဖစ္ အေရာင္မထြက္ေတာ့ဘဲ ညစ္ေပေနရင္ ဘယ္သူမွ ကိုင္ခ်င္မွာမဟုတ္ေတာ့ပါဘူး။ ဒါ့ေၾကာင့္ ဒီလိုေငြထည္ပစၥည္းေလးေတြကို အသစ္အတိုင္းေတာက္ပလာေစဖို႔အတြက္ေရ ခြက္တစ္ဝက္ထဲသို႔ ငွက္ေပ်ာ္ခြံကိုေခ်ထည့္ပါ။ ၿပီးလွ်င္ အဆိုပါ ငွက္ေပ်ာခြံေခ်ထားတဲ့ ေရထဲသို႔ သင့္ရဲ႕ ေငြထည္ပစၥည္းကို စိမ္ထားလိုက္ပါ။ မိနစ္အနည္းငယ္ၾကာမွ သင့္ရဲ႕ပစၥည္းကို ပြတ္တိုက္ေဆးေၾကာေပးလိုက္ပါ။

စိတ္ခံစားခ်က္ကို ထိန္းခ်ဳပ္ဖို႔အတြက္


သင့္ရဲ႕ စိတ္ခံစားခ်က္က တစ္ေန႔ထက္တစ္ေန႔ ပိုမိုဆိုးရြားလာလွ်င္ ပုံမွန္ငွက္ေပ်ာသီးကို စားသုံးေပးပါ။ ငွက္ေပ်ာသီးမွာပါဝင္တဲ့ Tryptophan ဟာ သင့္ရဲ႕ စိတ္ခံစားမႈကို ေျပေလ်ာ့ေစၿပီး စိတ္ကိုလည္း ပိုမိုတိုးတက္ေကာင္းမြန္လာေစပါတယ္။ ဒါ့ေၾကာင့္ငွက္ေပ်ာသီးပုံမွန္စားသုံးသူက ကိုယ့္ရဲ႕ ခံစားခ်က္၊ စိတ္ေနစိတ္ထားကို ထိန္းခ်ဳပ္ဖို႔ ကူညီေပးၿပီး စိတ္ကိုလည္း အပန္းေျပေစပါတယ္။

အမာရြတ္မ်ား ေမွးမွိန္ပေပ်ာက္ႏိုင္ဖို႔အတြက္


ငွက္ေပ်ာခြံဟာ အမာရြတ္၊ အသားအေရနီျမန္းျခင္း၊ ေရာင္ရမ္းျခင္းအပါအဝင္ အေရးျပားယားယံျခင္း ေတာ္ေတာ္မ်ားမ်ားကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။ အဆီအက္ဆစ္ဓာတ္ပါဝင္တာေၾကာင့္ အမာရြတ္မ်ားကို တေျဖးေျဖးေမွးမွိန္ေပ်ာက္ကြယ္ပစ္ပါတယ္။ ငွက္ေပ်ာခြံကိုတစ္ညေလာက္ ကပ္ထားေပး႐ုံနဲ႔ သိသိသာသာ ထိေရာက္မႈရွိတဲ့ရလဒ္ေတြပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။

အစာေျခစနစ္ကို ေကာင္းမြန္ေစဖို႔အတြက္


ပုံမွန္ငွက္ေပ်ာသီးစားသုံးသူဟာ ခႏၶာကိုယ္ရဲ႕ အစာေျခစနစ္ကို ထိန္းသိမ္းၿပီးသာျဖစ္ပါတယ္။ အစာေျခစနစ္ကို တိုးတက္ေကာင္းမြန္ေစ႐ုံသာမက သင့္ခႏၶာကိုယ္အတြက္မရွိမျဖစ္လိုအပ္ေသာ အဟာရဓာတ္မ်ားကို ေပးစြမ္းႏိုင္ပါတယ္။

ေျမဆီလႊာေကာင္းမြန္ေစဖို႔အတြက္


အပင္တစ္ပင္ရွင္သန္ႀကီးထြားဖို႔ဆိုတာ ေျမဆီလႊာကလဲ အဓိကက်ပါတယ္။ ဒါ့ေၾကာင့္ သင္စားၿပီးသားငွက္ေပ်ာခြံကို ေတြ႕ကရာေနရာမွာေလွ်ာက္ပစ္ေနမဲ့အစား အပင္စိုက္မဲ့ ေနရာမ်ိဳးမွာစုထားလုိက္ပါ။ ေဆြးေျမ႕သြားတဲ့အခါ အပစ္စိုက္ဖို႔အတြက္ေကာင္းမြန္တဲ့ ေျမဆီလႊာကိုရရွိႏိုင္မွာျဖစ္ပါတယ္။ ထိုေျမဆီလႊာက အပင္အတြက္လိုအပ္တဲ့ အရဟာရကို ေကာင္းေကာင္းေပးစြမ္းႏိုင္တာေၾကာင့္ သင့္အပင္ကို ပိုၿပီး ႀကီးထြားဖြဲ႕ၿဖိဳးေစပါတယ္။

သင္တစ္ေန႔ အိပ္ခ်ိန္ ဘယ္ေလာက္ရွိလဲ။ ပုံမွန္အိပ္ခ်ိန္မရွိတဲ့အခါ ရရွိႏိုင္တဲ့ ေနာက္ဆက္တြဲဆိုးက်ိဳး

Lifestyle_Myanmar

#Thar_Nage


Unicode

သင့်ကျန်းမာရေးနဲ့ အခြားအရာတွေအတွက်ပါ အသုံးဝင်တဲ့ ငှက်ပျောသီးနဲ့ ငှက်ပျောခွံ
ဝက်ခြံအတွက်
ဝက်ခြံအမြဲပေါက်သူတွေအတွက်တော့ သတင်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ ငှက်ပျောခွံမှာ ဗီတာမင် စီ နဲ့ အီးဓာတ်၊ ဇင့်ဓာတ်၊ သံဓာတ်၊ ပိုတက်စီယမ်နဲ့ မန်းဂနိမ် စတဲ့ အဟာရဓာတ်တွေ များစွာပါဝင်တဲ့အတွက်ကြောင့် ဝက်ခြံတွေကို သက်သာပျောက်ကင်းစေဖို့ များစွာအထောက်အပံ့ဖြစ်စေပါတယ်။ ငှက်ပျောခွံနဲ့ သင့်မျက်နှာကို ၅မိနစ် သို့မဟုတ် ၁၀မိနစ်လောက် ပွတ်တိုက်ပြီးမှ မျက်နှာကို ဆေးကြောပါ။ တစ်နေ့ကို နှစ်ကြိမ်အသုံးပြုပေးရုံနဲ့ သင့်မျက်နှာပေါ်က ဝက်ခြံတွေကို ကင်းစင်စေမှာဖြစ်ပါတယ်။

ဖိနပ်အရောင်တင်စေဖို့အတွက်
ရှူးဖိနပ်နဲ့ ဖိနပ်တော်တော်များများ အရောင်ထွက်စေဖို့အတွက် ငှက်ပျောခွံကို အသုံးပြုနိုင်ပါတယ်။ ဖိနပ်မှာရှိတဲ့ အညစ်အကြေးတွေကို ကင်စင်ပြီး ဖိနပ်ကိုတောက်ပြောင်စေပါတယ်။ ဒါ့အပြင် အသားအရေ ခြောက်သွေ့နေလျှင်လည်း ငှက်ပျောခွံဖြင့်အသားအရေကို ပွတ်တိုက်ပေးနိုင်ပါတယ်။

မျက်နှာပေါ်က အရေးကြောင်းတွေအတွက်
အရေပြားပေါ်မှာရှိတဲ့ Firmness နဲ့ Elasticity တွေဆုံးရှုံးသွားတဲ့အခါ မျက်နှာပေါ်မှာ အရေးကြောင်းတွေဖြစ်ပြီး သင့်ကို ပိုပြီး အိုမင်းကြီးဖြစ်ပေါ်စေပါတယ်။ ဗီတာမင်စီနဲ့ ငှက်ပျောသီးမှာပါဝင်တဲ့ Antioxidants ဟာ အရေးကြောင်းတေါဖြစ်ပေါ်မှုကို နှေးကွေးစေပြီး ပပျောက်သွားအောင်ကူညီပေးနိုင်ပါတယ်။ သင့်မျက်နှာကို ငှက်ပျောသီးဖြင့် ပွတ်သပ်ပြီး တစ်နာရီခွဲ သို့မဟုတ် တစ်နာရီလောက်ထားပြီးမှာ သင့်မျက်နှာကို သန့်စင်ပေးပါ။ တစ်ပတ်ကို ၃ကြိမ်ပြုလုပ်ပေးရုံဖြင့် သင့်ကိုပြန်လည်နုပျိုလာစေမှာအမှန်ပါပဲ။

ပုလဲရောင်သွားလေးတွေရရှိဖို့အတွက်
သွားဝါသူတွေအတွက် သင့်ရဲ့ သွားလေးတွေ ပုလဲလုံးလေးတွေလို ဖြူဖွေးစေဖို့ လွယ်ကူတဲ့ အကြံကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ် နဲ့ မန်းဂနိစ်ပါဝင်တာကြောင့် သင့်ရဲ့သွားကို ငှက်ပျောခွံနဲ့ ပွတ်တိုက်ပေးရုံဖြစ် သိသိသာသာဖြူဖွေးလာဖို့ ကူညီပေးမှာဖြစ်ပါတယ်။

ငွေထည်ပစ္စည်းများ တောက်ပစေဖို့အတွက်
ငွေနဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာပဲဖြစ်ဖြစ်၊ အခြားငွေထည်ပစ္စည်းပဲဖြစ်ဖြစ် အရောင်မထွက်တော့ဘဲ ညစ်ပေနေရင် ဘယ်သူမှ ကိုင်ချင်မှာမဟုတ်တော့ပါဘူး။ ဒါ့ကြောင့် ဒီလိုငွေထည်ပစ္စည်းလေးတွေကို အသစ်အတိုင်းတောက်ပလာစေဖို့အတွက်ရေ ခွက်တစ်ဝက်ထဲသို့ ငှက်ပျော်ခွံကိုချေထည့်ပါ။ ပြီးလျှင် အဆိုပါ ငှက်ပျောခွံချေထားတဲ့ ရေထဲသို့ သင့်ရဲ့ ငွေထည်ပစ္စည်းကို စိမ်ထားလိုက်ပါ။ မိနစ်အနည်းငယ်ကြာမှ သင့်ရဲ့ပစ္စည်းကို ပွတ်တိုက်ဆေးကြောပေးလိုက်ပါ။

စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့အတွက်
သင့်ရဲ့ စိတ်ခံစားချက်က တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာလျှင် ပုံမှန်ငှက်ပျောသီးကို စားသုံးပေးပါ။ ငှက်ပျောသီးမှာပါဝင်တဲ့ Tryptophan ဟာ သင့်ရဲ့ စိတ်ခံစားမှုကို ပြေလျော့စေပြီး စိတ်ကိုလည်း ပိုမိုတိုးတက်ကောင်းမွန်လာစေပါတယ်။ ဒါ့ကြောင့်ငှက်ပျောသီးပုံမှန်စားသုံးသူက ကိုယ့်ရဲ့ ခံစားချက်၊ စိတ်နေစိတ်ထားကို ထိန်းချုပ်ဖို့ ကူညီပေးပြီး စိတ်ကိုလည်း အပန်းပြေစေပါတယ်။

အမာရွတ်များ မှေးမှိန်ပပျောက်နိုင်ဖို့အတွက်
ငှက်ပျောခွံဟာ အမာရွတ်၊ အသားအရေနီမြန်းခြင်း၊ ရောင်ရမ်းခြင်းအပါအဝင် အရေးပြားယားယံခြင်း တော်တော်များများကို လျော့ချပေးနိုင်ပါတယ်။ အဆီအက်ဆစ်ဓာတ်ပါဝင်တာကြောင့် အမာရွတ်များကို တဖြေးဖြေးမှေးမှိန်ပျောက်ကွယ်ပစ်ပါတယ်။ ငှက်ပျောခွံကိုတစ်ညလောက် ကပ်ထားပေးရုံနဲ့ သိသိသာသာ ထိရောက်မှုရှိတဲ့ရလဒ်တွေပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

အစာခြေစနစ်ကို ကောင်းမွန်စေဖို့အတွက်
ပုံမှန်ငှက်ပျောသီးစားသုံးသူဟာ ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်ကို ထိန်းသိမ်းပြီးသာဖြစ်ပါတယ်။ အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေရုံသာမက သင့်ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်သော အဟာရဓာတ်များကို ပေးစွမ်းနိုင်ပါတယ်။

မြေဆီလွှာကောင်းမွန်စေဖို့အတွက်
အပင်တစ်ပင်ရှင်သန်ကြီးထွားဖို့ဆိုတာ မြေဆီလွှာကလဲ အဓိကကျပါတယ်။ ဒါ့ကြောင့် သင်စားပြီးသားငှက်ပျောခွံကို တွေ့ကရာနေရာမှာလျှောက်ပစ်နေမဲ့အစား အပင်စိုက်မဲ့ နေရာမျိုးမှာစုထားလိုက်ပါ။ ဆွေးမြေ့သွားတဲ့အခါ အပစ်စိုက်ဖို့အတွက်ကောင်းမွန်တဲ့ မြေဆီလွှာကိုရရှိနိုင်မှာဖြစ်ပါတယ်။ ထိုမြေဆီလွှာက အပင်အတွက်လိုအပ်တဲ့ အရဟာရကို ကောင်းကောင်းပေးစွမ်းနိုင်တာကြောင့် သင့်အပင်ကို ပိုပြီး ကြီးထွားဖွဲ့ဖြိုးစေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here