



ကမ္ဘာပေါ်မှာ နေ့စဉ်နဲ့အမျှ ကလေးပြန်ပေးဆွဲတဲ့ အဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့နေရပါတယ်။ ကလေးငယ်ရှိတဲ့မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီးအပေါ် ဂရုတစိုက်စောင့်ရှောက်သင့်သလို သင့်ကလေးရှိတဲ့ အနီးအနားပတ်ဝန်းကျင်အခြေအနေကိုလည်း အမြဲဂရုတစိုက် စူးစမ်းတတ်ဖို့ လိုအပ်ပါတယ်။
၁။ ပြန်ပေးဆွဲသူအများဆုံးရဲ့ အသုံးပြုတတ်တဲ့ လှည့်ကွက်တစ်ခုကတော့ ကလေးငယ်တွေဆီက အကူအညီတောင်းတတ်တာပါ။ အကူအညီတောင်းတဲ့အခါမှာလည်း ဘေးပတ်ဝန်းကျင်အခြေအနေကို ကြည့်တတ်ပြီး မိမိနဲ့ အကျွမ်းတဝင်မရှိသေးသော အရွယ်မရောက်တဲ့ ကလေးငယ်တွေဆီက အကူအညီယူတတ်ပါတယ်။ သာမန်လူတစ်ယောက်ဖြစ်နေရင်တော့ အကူအညီတောင်းတဲ့အခါ လူကြီး ဒါမှမဟုတ် သိတဲ့သူတစ်ယောက်ယောက်ကို အကူအညီတောင်းတတ်ပါတယ်။
၂။ ကလေးငယ်တစ်ဦးကို ပြန်ဘေးဆွဲတဲ့အခါမှာ အတင်းအကြပ် ခြောက်လှန့်ပြီးခေါ်တာမျိုး ပြုချင်ပြုပါလိမ့်မယ်။ ထိုအခါပတ်ဝန်းကျင်အမြင်မှာတော့ ကလေးငယ်ရဲ့ဆွေးမျိုးလား၊ မိသားစုဝင်တစ်ဦးဦးလား ဆိုတဲ့ ထင်ရောင်ထင်မှားဖြစ်အောင် ပြုလုပ်တတ်ပါတယ်။ ထိုအခြေအနေအားလုံးကို သင့်အနေနဲ့ မြင်သာအောင်အကဲခတ်တတ်ဖို့ လိုအပ်ပါတယ်။
၃။ ကလေးငယ်တွေ များတဲ့ ကစားကွင်းနေရာတစ်ဝိုက်မှာ ထိုကလေးနဲ့ ပတ်သတ်တဲ့ မိသားစုဝင်တစ်ဦးလိုလို၊ ကလေးငယ်ကိုပဲ စောင့်ရှောက်နေရသလိုလိုနဲ့ အနားတွင် မယောင်မလည်နဲ့ နေတတ်ပါတယ်။ ထိုအခါ သင့်အနေနဲ့ မိမိရဲ့ ကလေးကို အလှဓာတ်ပုံရိုက်သလိုလိုဖြင့် ပတ်ဝန်းကျင်မှာရှိတဲ့သူတွေပါ အကုန်ပါအောင်ပုံတစ်ပုံလောက် ရိုက်ထားလိုက်ပါ။ ကလေးငယ်ပြန်ပေးဆွဲမှုအတွက် အခြေအနေတစ်ခုခုရင်ဆိုင်ရတဲ့အခါမှာ ထိုဓာတ်ပုံကပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်ပါတယ်။
၄။ ကလေးဆိုတဲ့မျိုးဟာ အစားအသောက်နဲ့ ကစားစရာကို ခုံမင်တတ်တဲ့ သူတွေဖြစ်ပါတယ်။ ဒါကို ပြန်ပေးဆွဲတဲ့ မသမာသူတွေ ကောင်းကောင်းသဘောပေါက်ကြပါတယ်။ ကလေးငယ်ရဲ့ အနားကို တရင်းတနှီးနဲ့ ဝင်လုံးဖို့အတွက် အစားအသောက်နဲ့ ကစားစရာပစ္စည်းက သူတို့အတွက် လက်နက်ကောင်းတစ်ခုပါ။ ကလေးများ စိတ်ဝင်စားအောင်
ထိုပစ္စည်းအချို့နဲ့ မြူဆွယ်ပြီး လူပြက်တဲ့နေရာ ဒါမဟုတ် ကားထဲသို့ ခေါ်ဆောင်တတ်ပါတယ်။ သင့်အနေနဲ့ ကလေးငယ်ကို မိမိရဲ့ မိသားစုဝင်မှလွဲပြီး အခြားသူစိမ်းတွေပေးသောပစ္စည်းများ၊ အစားအစာများကို စိတ်ဝင်စားမှုမရှိအောင် ဖျောင်းဖျထားသင့်ပြီး သင့်ကလေးစိတ်ဝင်စားမဲ့ ကစားစရာ၊ အစားအစာအချို့ကို မိမိကိုယ်တိုင်ကြိုတင် ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။
၅။ မိမိရဲ့ကလေး မသမာသူရဲ့ စကားကို မယုံမိအောင် သင့်အနေနဲ့ ကြိုတင်ပြီး သင်ကြားထားဖို့လိုအပ်ပါတယ်။ များသောအားဖြင့် ကလေးငယ်တွေကို “အန်တီက သားအမေရဲ့ မိတ်ဆွေပါ/သားအဖေရဲ့ သူငယ်ချင်းပါလို့” ပြောပြီး ယုံအောင်သိမ်းသွင်းတတ်ပါတယ်။ ထိုအခါသင့်အနေနဲ့ မိမိရဲ့ကလေးကို သင့်ကြားပေးရမှာက သားရဲ့ မိသားစုဝင် ဒါမှမဟုတ် ဆွေမျိုးအစစ်အမှန်/ မိတ်ဆွေဆိုလျှင်သားရဲ့မွေးနေ့၊ သားရဲ့အသက်၊ သားရဲ့ နာမည်အပြည်အစုံကို အားလုံးကသိကြပါတယ်။ ဒါကြောင့် သားအနေနဲ့ ဆွေမျိုး/မိသားစုဝင်/မိတ်ဆွေ လို့ဆိုလာလျှင် ဟုတ်မဟုတ် သားရဲ့ မွေးနေ့၊ အသက်၊ နာမည်ကို
မေးကြည့်ပါ။ အဖြေ မှန်/မမှန်ကနေ သားရဲ့ မိသားစုဝင်၊ ဆွေမျိုး သိရှိနိုင်ပြီး ထိုမသမာသူရဲ့ စကားကိုနားမဝင်အောင်လည်း ကြိုတင်ဖျောင်းဖျထားပေးဖို့ လိုအပ်ပါတယ်။