ပါတယ်။
#Lifestyle_Myanmar
#Thar_Nage
မျက်နှာပေါ်ကအရေပြား ပြဿနာကိုကြည့်ပြီး ဘာဖြစ်ရင်ဘယ်အစားအစာ စားသုံးသင့်သလဲဆိုတာ။
Unicode
သင့်ကလေး အိပ်ယာထဲ ရှူးမပေါက်ထည့်အောင် ရပ်တန့်နိုင်တဲ့ နည်းလမ်းကောင်းအချို့
စကားကောင်းကောင်းပြောတတ်တဲ့ ၄ – ရနှစ်အရွယ်ဟာ အိပ်ယာထဲမှာ ရှူးပေါက်ချရမဲ့ အရွယ်မဟုတ်ပေမဲ့ များသောအားဖြင့် အဲ့ဒီအရွယ်ကလေးတွေဟာ အိပ်ယာထဲမှာ ရှူးပေါက်ချတတ်တဲ့အကျင့်ရှိပါတယ်။ သင့်အနေနဲ့ သေးအိုးနဲ့သေးတည်တဲ့ အကျင့်ရှိပေမဲ့ အိပ်ယာထဲ ရှူးပေါက်ထည့်တဲ့ အကျင့်က မပျက်တာကြောင့် မိဘတွေ အနေနဲ့ စိတ်ရှုပ်စရာ စိတ်တိုစရာအဖြင့် မကြာခဏဆိုသလို ကြုံတွေ့နေရတတ်ပါတယ်။ ဒါ့ကြောင့် သင့်ကလေး အိပ်ယာထဲ ရှူးပေါက်ထည့်တာ၊ အိပ်နေရင်နဲ့ ရှူးထွက်တာမျိုးမဖြစ်ရအောင် ရပ်တန့်နိုင်တဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်မယ်နော်။
၁။ အိပ်ယာမဝင်မှီ အရည်ပါတဲ့ အစားအသောက်ကျွေးတာကို လျော့ချပစ်ရန်
အိပ်ယာထဲ ရှူးမပေါက်ထည့်ဖို့အတွက် သင့်ကလေးရဲ့ ညနေပိုင်း အရည်ပါတဲ့ အစားသောက် စားသောက်မှုကို ထိန်းချုပ်ပေးရမှာဖြစ်ပါတယ်။ မနက်နဲ့ နေ့လည်ပိုင်းမှာတော့ အရည်ကို လုံလုံလောက်လောက် ရရှိပါစေ။ ဒါပေမဲ့ ညနေပိုင်းအချိန်မှာတော့သင့်အနေနဲ့ အချိုရည်၊ အအေး စတဲ့ အရည်ပါတဲ့ အစားအသောက်မျိုး ကျွေးတာမျိုးကိုတော့ လျော့ချသင့်ပါတယ်။ ရေဓာတ်လည်း ကလေးတစ်ယောက်အတွက် သတ်မှတ်ထားတဲ့ လီတာထက် ညနေပိုင်းမှာ ပိုပြီး သောက်သုံးတာမျိုးကို လျော့ချသင့်ပါတယ်။
၂။ ဆီးအိမ်ကို ထိခိုက်စေနိုင်တဲ့ အစားအစာမျိုးကို ရှောင်ကြဉ်ရန်
ငယ်ရွယ်တဲ့ အချိန်မှာ သူတို့ဟာ သူတို့ရဲ့ ဆီးအိမ်ကို သူတို့ကိုယ်တိုင် မထိန်းထားနိုင်ပါဘူး။ ဒါ့ကြောင့် အိပ်နေတဲ့ အခါမျိုးမှာ မထိန်းထားနိုင်ဘဲ ထွက်ကျကုန်တာဖြစ်ပါတယ်။ ဒါဟာ သင်ကျွေးတဲ့ အစားအသောက်ပေါ်မှာလည်း မှုတည်ပါတယ်။ ဆီးသွားမှုကို ထိန်းမထားနိုင်အောင်ဖြစ်တဲ့အစားအစာမျိုးတွေရှိပါတယ်။ သံပုရာ၊ လိမ္မော်သီ၊ နာနတ်သီး၊ ပန်းသီး ဒါမှမဟုတ် ဘယ်ရီသီး ဖျော်ရည် စတဲ့အသီးတွေမှာပါတဲ့ အက်ဆစ်ဓာတ်ဟား ဆီးအိမ်ကို မထိန်းထားနိုင်တဲ့အတွက် ထိုအသီးအနှံတွေ အိပ်ယာမဝင်ခင်ကျွေး ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင် နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ နို့နဲ့ ဒိန်ချဉ်ဟာလည်း သင့်ကလေးအိပ်စက်တဲ့အခါမျိုးမှာ သတိလက်လွှတ်ဖြစ်အောင် အိပ်စက်တဲ့ ခံစားမှုမျိုးကိုဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် နို့ထွက်ပစ္စည်းတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ချောကလက်၊ လက်ဖက်၊ ကိုကာကိုလာ၊ သကြားဓာတ်များသော၊ ကဖိန်းဓာတ်များသော ကာဗွန်နိတ်အချိုရည်တွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဒီအစားအသောက်တွေက သင့်ကလေးရဲ့ ဆီးအိမ်ကို မထိန်းထားနိုင်တဲ့ အစားအသောက်တွေပဲဖြစ်ပါတယ်။
၃။ ညဉ့်နက်တဲ့အခါ သေးနိုးပြီး တည်ပေးပါ။
ကလေးသဘာဝဟာ အိပ်စက်တဲ့အခါမှာ လူကြီးတွေ ပြောပြောနေတဲ့ ကုလားသေ ကုလားမော ဆိုသလိုပါပဲ တော်တော်နဲ့ မနိုးတတ်ကြပါဘူး။ ဒါ့ကြောင့် သူတို့အိပ်စက်တဲ့အခါမှာ ဆီးသွားဖို့အတွက် ဆီးအိမ်က အချက်ပြတာကို သိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်အနေနဲ့ ကိုယ့်သားသမီးအိပ်စက်နေချိန် ညဉ့်အလယ်လောက်ရောက်တဲ့အခါ တစ်ကြိမ်လောက်အနည်းဆုံး နိုးပြီး ဆီးနိုးတည်သင့်ပါတယ်။ သင့်ကလေးရဲ့ တစ်နေ့တာ ဆီးသွားတဲ့ အကြိမ်အရေအတွက်ကို စောင့်ကြည့်ထားသင့်ပြီး တစ်နေ့ကို ရကြိမ်ဆီးသွားလျှင် သင့်အနေနဲ့ ၃နာရီလောက်မှာ တစ်ခါလောက်နိုးသင့်ပါတယ်။ သင့်အနေနဲ့ တစ်ပတ်လောက် အကျင့်လုပ်ပြီး နိုးပေးတဲ့အခါ နောက်ပိုင်းမှာ သင်နှိုးနေတဲ့အချိန်ရောက်ရင် သူ့အလိုလို သတိရပြီး အပေါ့ထသွားပါလိမ့်မယ်။
၄။ မဂ္ဂနီဆီယမ်းဓာတ်များတဲ့အစားအစာမျိုးကို ကျွေးပေးပါ။
National Clinical Center ရဲ့ လေ့လာစမ်းသပ်ချက်အရ သင့်ကလေးကို နေ့စဉ်ကျွေးတဲ့ နေ့စဉ်အစားအစာထဲမှာ မဂ္ဂနီဆီယမ်း ကင်းမဲ့တဲ့အခါ သင့်ကလေးက အိပ်ယာထဲ ရှူးပေါက်ထည့်တဲ့အကျင့်ပျောက်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ မဂ္ဂနီဆီယမ်ဓာတ် မရှိခြင်းဟာ အာရုံကြောစနစ်ကို လျော့နည်းစေပြီး ခန္ဓာကိုယ်ရဲ့ လှုပ်ဆော်မှုတစ်ခုခုကို ဦးနှောက်ဆီကို တု့ံပြန်ဖို့ အားနည်းတာကြောင့်ဖြစ်ပါတယ်။ ထိုအခါ သင့်ကလေးက ဆီးသွားဖို့ ဆီးအိမ်က သတိပေးပေမဲ့ ဦးနှောက်ဆီ အချက်မပြအခါ အိပ်နေတဲ့အချိန်မျိုးဆို နိုးမှာမဟုတ်ဘဲ အိပ်ယာထဲ အပေါ့သွားတာမျိုးဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝတဲ့ ထောပတ်သီး၊ ငှက်ပျောသီး၊ ဆော်လမွန်ငါး၊ ပဲအမျိုးမျိုး၊ တို့ဟူး စတဲ့ အစားအစားမျိုးကို ဖြည့်စွက်ကျွေးမွေးသင့်
ပါတယ်။
၅။ သင့်ကလေးကို ပွင့်ပွင့်လင်းလင်းပြောဆိုပါ။
တစ်ခါတလေ ရှူးထပေါက်ဖို့အတွက် အမေနဲ့အဖေကို နှိုးရမှာကြောက်လို့၊ ဒါမှမဟုတ် ရှက်လို့နဲ့ တစ်ယောက်ထဲ သန့်စင်ခန်းထဲသွားရမှာ ကြောက်တဲ့အခါ စတဲ့ အကြောင်းမျိုးမျိုးနဲ့ အိပ်ယာထဲမှာ ရှူးထွက်တာမျိုးဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ သင့်ကလေး စိတ်ထဲမှာ ဒီကိစ္စနဲ့ပတ်သတ်ပြီး စိုးရိမ်စိတ်မရှိအောင်၊ ကြောက်စိတ်မရှိအောင် ပွင့်ပွင့်လင်းလင်း ပြောဆိုထားသင့်ပါတယ်။ အပေါ့သွားဖို့ မိဘတွေကို နိုးရမှာ ရှက်စရာမဟုတ်ကြောင်း၊ ကြောက်စရာမဟုတ်ကြောင်း သင့်အနေနဲ့ သင့်ကလေး သေချာနားလည်အောင် ပြောဆိုထားသင့်ပါတယ်။
၆။ ဆုတစ်ခုခုနဲ့ အလဲအထပ်လုပ်ပေးပါ။
အပြုသဘောဖြင့် သင့်ကလေး ဒီနေ့ အိပ်ယာထဲမှာ အပေါ့မသွားဘူးဆို သင့်အနေနဲ့ ဘယ်လို ဆုလာဘ်မျိုးကို ပေးမယ်ဆိုတာမျိုး စတဲ့အပြုအမူမျိုးကို ပြုလုပ်သင့်ပါတယ်။