သင့္ကေလးရဲ႕ အသိဥာဏ္ကို ျမွင့္တင္ေပးလိမ့္မယ့္ အစားအစာ (၁၀)မ်ိဳး

0
420

ေမေမတို႔ေရ..ကေလးရဲ႕ဦးေႏွာက္ဖြံ႕ၿဖိဳးမႈႏွင့္ ပတ္သတ္ၿပီး စိုးရိမ္ပူပန္ေနပါသလား? ဥာဏ္ေကာင္းတဲ့ကေလးေလးအျဖစ္ ျပဳစုပ်ိဳးေထာင္လိုပါသလား? ဒီအခ်က္ေတြနဲ႔ ပတ္သတ္ၿပီး စိုးရိမ္ေနစရာ မလိုပါဘူး။ ကေလးရဲ႕ဦးေႏွာက္ဖြံ႕ၿဖိဳးမႈႏွင့္ ပတ္သတ္ၿပီး နည္းလမ္းေကာင္းေလးေတြ မွ်ေဝေပးမွာျဖစ္ပါတယ္။

ကေလးဘဝရဲ႕ ပထမဆံုး သံုးႏွစ္တာဟာ ဦးေႏွာက္ဖြံ႕ၿဖိဳးတိုးတတ္မႈအတြက္ အေရးပါပါတယ္။ ဒီအရြယ္မွာ ေဘဘီေလးေတြကို ဥာဏ္ေကာင္းေစတဲ့ အစားအစာမ်ား ေကၽြးရမွာ ျဖစ္သလို သီခ်င္းေပးနားေထာင္ျခင္း၊ သူ႔ပတ္ဝန္းက်င္ကို စူးစမ္းေလ့လာခြင့္ေပးျခင္း၊ ဂိမ္းေတြ ေပးကစားျခငး္ကဲ့သို႔ လႈပ္ရွားမႈမ်ားတို႔လည္း ျပဳလုပ္ေပးရမွာျဖစ္ပါတယ္။ ကေလးရဲ႕ဦးေႏွာက္ကို ျပဳစုပ်ိဳးေထာင္ျခင္းႏွင့္ ပတ္သတ္လာတဲ့အခါ အစားအစာကလည္း အေရးပါေသာ အခန္းက႑မွ ပါဝင္ပါတယ္။ ဒါ့ေၾကာင့္ ေဘဘီေလးေတြရဲ႕ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈကို ျမွင့္တင္ေပးႏိုင္မယ့္ အစားအစာႏွင့္ ပတ္သတ္ၿပီး ေမေမတို႔သိရွိေစဖို႔ မွ်ေဝေပးလုိက္ပါတယ္။ ေမေမတို႔ရဲ႕ ေဘဘီေလးေတြ ၃ႏွစ္ျပည့္ၿပီဆိုရင္ ဒီအစားအစာေလးေတြ ေကၽြးလို႔ရတယ္ေနာ္။

၁။ ဂရိဒိန္ခ်ဥ္

ဂရိဒိန္ခ်ဥ္က ကေလးဦးေႏွာက္ဖြံ႕ၿဖိဳးမႈအတြက္ စူပါအစားအစာျဖစ္ပါတယ္။ ဂရိဒိန္ခ်ဥ္က ဦးေႏွာက္ကို သတင္းအခ်က္အလက္ေတြ ပို႔ေဆာင္၊ လက္ခံျခင္းမွာ ကူညီေပးတဲ့ ေျပာင္းလြယ္ျပင္လြယ္ေသာ ဦးေႏွာက္ဆဲလ္အေျမွးပါးေတြကို ထိန္းသိမ္းေပးပါတယ္။ ဂရိဒိန္ခ်ဥ္မွာပါဝင္တဲ့ ဗီတာမင္ B complex က ဦးေႏွာက္အတြင္းမွာရွိတဲ့လႈပ္ရွားမႈေတြကို ထိန္းခ်ဳပ္ေပးတဲ့ neurotransmitters ႏွင့္ ဦးေႏွာက္တစ္ရွဴးမ်ားရဲ႕ ႀကီးထြားမႈအတြက္ မရွိမျဖစ္လိုအပ္ပါတယ္။

၂။ ဟင္းသီးဟင္းရြက္မ်ား

အေရာင္ရင့္ရင့္ ဟင္းသီးဟင္းရြက္ေတြဟာ အလြန္အစြမ္းထက္တဲ့ အင္တီေအာက္ဆီဒင့္ အရင္းအျမစ္္မ်ားျဖစ္ပါတယ္။ အင္တီေအာက္ဆီဒင့္က ဦးေႏွာက္ဆဲလ္မ်ားကို က်န္းမာစြာ ထိန္းသိမ္းဖို႔ ကူညီေပးပါတယ္။ ဦးေႏွာက္အတြက္ အေကာင္းဆံုးဟင္းသီးဟင္းရြက္တစ္ခ်ိဳ႕ကေတာ့ ကန္စြန္းဥ၊ ဖရံုသီး၊ မုန္လာဥနီတို႔ ျဖစ္ၾကပါတယ္။ ကိုက္လန္၊ မုန္ညင္း၊ ဟင္းႏုႏြယ္ရြက္ကဲ့သို႔ အစိမ္းေရာင္ ဟင္းသီးဟင္းရြက္မ်ားႏွင့္ ေဂၚဖီထုပ္မ်ားက မွတ္ဥာဏ္ခ်ိဳ႕တဲ့ျခင္းကို ထိန္းသိမ္းေပးတဲ့ ေဖာလစ္ဓါတ္ၾကြယ္ဝပါတယ္။

၃။ဘရိုကိုလီ

ဘရိုကိုလီ ပန္းေဂၚဖီစိ္မ္းက ကေလးရဲ႕ဦးေႏွာက္အတြက္ ေနာက္ထပ္စူပါအစားအစာ ျဖစ္ပါတယ္။ ၎မွာ အာရံုခံကို ခ်ိတ္ဆက္ကူညီေပးတဲ့ DHA ပါဝင္ပါတယ္။ ၎မွာ ကင္ဆာတုိက္ဖ်က္ေပးတဲ့ ဂုဏ္သတိၱမ်ားလညး္ ရွိပါတယ္။

၄။ ေထာပတ္သီး

ေထာပတ္သီးက ဦးေႏွာက္က်န္းမာေရးအတြက္ အက်ိဳးရွိပါတယ္။ ဦးေႏွာက္ေသြးစီးဆင္းမႈကို ျမွင့္တင္ေပးတဲ့ မျပည့္ဝဆီ အရင္းအျမစ္ ၾကြယ္ဝပါတယ္။၎မွာ myelinကို ကာကြယ္ေပးတဲ့ oleic acid လညး္ ပါဝင္ပါတယ္။ myelin က တစ္နာရီကို မိုင္၂၀၀အျမန္ႏႈန္းနဲ႔ သတင္းအခ်က္အလက္ေတြကို သြားလာဖို႔ ကူညီေပးပါတယ္။ ေထာပတ္သီးထဲမွာပါတဲ့ ဗီတာမင္ B-complex ရဲ႕ျမင့္မားမႈက ကေလးေတြမွာ ေသြးတိုးျခင္းအႏၱရာယ္ကို ေလ်ာ့ခ်ေပးပါတယ္။

၅။ ငါး

ေဆာ္လမြန္ငါး၊ တူနာငါးႏွင့္ mackerel ကဲ့သို႔ေသာ ဖက္တီးငါးေတြမွာ ဦးေႏွာက္တစ္ရွဴးေတြကို တည္ေဆာက္မႈမွာ ေထာက္ပံ့ေပးတဲ့ အိုမီဂါ ဖက္တီး အက္ဆစ္မ်ား ပါဝင္ပါတယ္။ အိုမီဂါ 3 ဖက္တီးအက္ဆစ္မ်ားက ေဘဘီေလးေတြမွာ ဦးေႏွာက္ရဲ႕တာဝန္မ်ားႏွင့္ ႀကီးထြားမႈကို ကူညီေပးပါတယ္။ ငါးကို ပံုမွန္စားသံုးျခင္းက ကေလးရဲ႕စိတ္ပိုင္းဆိုင္ရာ ကၽြမ္းက်င္မႈကို တုိးတတ္ေစပါလိမ့္မယ္။

၆။ ၾကက္ဥ

ၾကက္ဥက အာဟာရရဲ႕ စပါးက်ီတစ္ခုျဖစ္ပါတယ္။ ၎မွာ အာရံုစူးစိုက္မႈကို ျမွင့္တင္ေပးတဲ့ choline ၊lutein ၊ Zinc ၊ အိုမီဂါ 3ဖက္တီးအက္ဆစ္ကဲ့သို႔ အာဟာရမ်ား ပါရွိပါတယ္။ Choline က မွတ္ဥာဏ္ပင္မဆဲလ္ သို႔မဟုတ္ acetylcholine ထုတ္လုပ္မႈမွာ ကူညီေပးပါတယ္။ ဒါက ကေလးေတြမွာ မွတ္ဥာဏ္တိုးတတ္ေစဖို႔ ကူညီေပးပါတယ္။

၇။ ေကာက္ပဲသီးႏွံမ်ား

ေကာက္ပဲသီးႏွံမ်ားက ကေလးေတြရဲ႕ အာရံုစူးစိုက္မႈကို တိုးတတ္ေကာင္းမြန္ေစပါတယ္။ ၎မွာ ဦးေႏွာက္ရဲ႕ သင့္ေလ်ာ္တဲ့ လုပ္ငန္းေဆာင္တာမ်ားအတြက္ မရွိမျဖစ္လိုအပ္တဲ့ ေဖာလိတ္ ပါဝင္ပါတယ္။

၈။ ဂ်ံဳမုန္႔

အုတ္ဂ်ံဳနဲ႔လုပ္ထားတဲ့ အစားအစာကို နံနက္စာအျဖစ္ စားသံုးတဲ့သူေတြမွာ မွတ္ဥာဏ္သိသိသာသာ ပိုေကာင္းေၾကာင္း ေလ့လာမႈတစ္ခုက ေဖာ္ျပထားပါတယ္။ အုတ္ဂ်ံဳမွာ ဗီတာင္မင္အီး၊ သြပ္ႏွင့္ ဗီတာမင္ B-complex တို႔ၾကြယ္ဝပါတယ္။ ၎မွာ အမွ်င္ဓါတ္ျမင့္မားစြာ ပါဝင္ပါတယ္။

၉။ ဘယ္ရီသီးမ်ား

Tufts University မွ သုေတသနအရ ဘယ္ရီသီးမ်ားက ၾကြက္ေတြရဲ႕ သိျမင္မႈ လုပ္ငန္းေဆာင္တာေတြကို ျမွင့္တင္ေပးပါတယ္။ ဘယ္ရီသီးမ်ားမွာ ပါဝင္တဲ့ ဗီတာမင္စီျမင့္မားမႈက ကေလးေတြမွာ မွတ္ဥာဏ္ကို ပိုမိုေကာင္းမြန္ေစပါတယ္။ ဦးေႏွာက္ထဲမွာ oxidative စိတ္ဖိစီးမႈကိုလည္း တားဆီးေပးပါတယ္။

၁၀။ အခြံမာသီးမ်ား

သစ္ၾကားသီး၊ almonds ေစ့ႏွင့္ ေျမပဲကဲ့သို႔ အခြံမာသီးမ်ားက ဦးေႏွာက္ကို ဖြံ႔ၿဖိဳးေစတဲ့ အစားအစာမ်ားျဖစ္ပါတယ္။ ဒီအစားအစာမ်ားမွာ Vitamin E ရဲ႕ျမင့္မားတဲ့ အဆင့္မ်ားက မွတ္ဥာဏ္ယိုယြင္းျခင္းကို တားဆီးေပးပါတယ္။ အခြံမာသီးမ်ားက မွတ္ဥာဏ္နဲ႔ ဦးေႏွာက္ဖြံ႔ၿဖိဳးမႈကို ပိုေကာင္းေစတဲ့ ဇင့္ဓါတ္ပါဝင္ပါတယ္။
ဒီစူပါအစားအစာမ်ားက ဦးေႏွာက္ဖြံ႕ၿဖိဳးမႈအတြက္ ေကာင္းေသာ မရွိမျဖစ္အာဟာရဓါတ္ေတြ အမ်ားႀကီးပါပါတယ္။ ဒါ့ေၾကာင့္ ေမေမတို႔ရဲ႕ ကေလးေလး ဥာဏ္ေကာင္းေစဖို႔ ဒီအစားအစာေတြ ေကၽြးဖို႔ မေမ့သင့္ပါဘူး။

Lifestyle_Myanmar

LM_Nandar

Unicode

သင့်ကလေးရဲ့ အသိဉာဏ်ကို မြှင့်တင်ပေးလိမ့်မယ့် အစားအစာ (၁၀)မျိုး
မေမေတို့ရေ..ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ပတ်သတ်ပြီး စိုးရိမ်ပူပန်နေပါသလား? ဉာဏ်ကောင်းတဲ့ကလေးလေးအဖြစ် ပြုစုပျိုးထောင်လိုပါသလား? ဒီအချက်တွေနဲ့ ပတ်သတ်ပြီး စိုးရိမ်နေစရာ မလိုပါဘူး။ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ပတ်သတ်ပြီး နည်းလမ်းကောင်းလေးတွေ မျှဝေပေးမှာဖြစ်ပါတယ်။
ကလေးဘဝရဲ့ ပထမဆုံး သုံးနှစ်တာဟာ ဦးနှောက်ဖွံ့ဖြိုးတိုးတတ်မှုအတွက် အရေးပါပါတယ်။ ဒီအရွယ်မှာ ဘေဘီလေးတွေကို ဉာဏ်ကောင်းစေတဲ့ အစားအစာများ ကျွေးရမှာ ဖြစ်သလို သီချင်းပေးနားထောင်ခြင်း၊ သူ့ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာခွင့်ပေးခြင်း၊ ဂိမ်းတွေ ပေးကစားခြငး်ကဲ့သို့ လှုပ်ရှားမှုများတို့လည်း ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ကလေးရဲ့ဦးနှောက်ကို ပြုစုပျိုးထောင်ခြင်းနှင့် ပတ်သတ်လာတဲ့အခါ အစားအစာကလည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ဒါ့ကြောင့် ဘေဘီလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်မယ့် အစားအစာနှင့် ပတ်သတ်ပြီး မေမေတို့သိရှိစေဖို့ မျှဝေပေးလိုက်ပါတယ်။ မေမေတို့ရဲ့ ဘေဘီလေးတွေ ၃နှစ်ပြည့်ပြီဆိုရင် ဒီအစားအစာလေးတွေ ကျွေးလို့ရတယ်နော်။

၁။ ဂရိဒိန်ချဉ်

ဂရိဒိန်ချဉ်က ကလေးဦးနှောက်ဖွံ့ဖြိုးမှုအတွက် စူပါအစားအစာဖြစ်ပါတယ်။ ဂရိဒိန်ချဉ်က ဦးနှောက်ကို သတင်းအချက်အလက်တွေ ပို့ဆောင်၊ လက်ခံခြင်းမှာ ကူညီပေးတဲ့ ပြောင်းလွယ်ပြင်လွယ်သော ဦးနှောက်ဆဲလ်အမြှေးပါးတွေကို ထိန်းသိမ်းပေးပါတယ်။ ဂရိဒိန်ချဉ်မှာပါဝင်တဲ့ ဗီတာမင် B complex က ဦးနှောက်အတွင်းမှာရှိတဲ့လှုပ်ရှားမှုတွေကို ထိန်းချုပ်ပေးတဲ့ neurotransmitters နှင့် ဦးနှောက်တစ်ရှူးများရဲ့ ကြီးထွားမှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။

၂။ ဟင်းသီးဟင်းရွက်များ

အရောင်ရင့်ရင့် ဟင်းသီးဟင်းရွက်တွေဟာ အလွန်အစွမ်းထက်တဲ့ အင်တီအောက်ဆီဒင့် အရင်းအမြစ််များဖြစ်ပါတယ်။ အင်တီအောက်ဆီဒင့်က ဦးနှောက်ဆဲလ်များကို ကျန်းမာစွာ ထိန်းသိမ်းဖို့ ကူညီပေးပါတယ်။ ဦးနှောက်အတွက် အကောင်းဆုံးဟင်းသီးဟင်းရွက်တစ်ချို့ကတော့ ကန်စွန်းဥ၊ ဖရုံသီး၊ မုန်လာဥနီတို့ ဖြစ်ကြပါတယ်။ ကိုက်လန်၊ မုန်ညင်း၊ ဟင်းနုနွယ်ရွက်ကဲ့သို့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် ဂေါ်ဖီထုပ်များက မှတ်ဉာဏ်ချို့တဲ့ခြင်းကို ထိန်းသိမ်းပေးတဲ့ ဖောလစ်ဓါတ်ကြွယ်ဝပါတယ်။

၃။ဘရိုကိုလီ

ဘရိုကိုလီ ပန်းဂေါ်ဖီစိ်မ်းက ကလေးရဲ့ဦးနှောက်အတွက် နောက်ထပ်စူပါအစားအစာ ဖြစ်ပါတယ်။ ၎င်းမှာ အာရုံခံကို ချိတ်ဆက်ကူညီပေးတဲ့ DHA ပါဝင်ပါတယ်။ ၎င်းမှာ ကင်ဆာတိုက်ဖျက်ပေးတဲ့ ဂုဏ်သတ္တိများလညး် ရှိပါတယ်။

၄။ ထောပတ်သီး

ထောပတ်သီးက ဦးနှောက်ကျန်းမာရေးအတွက် အကျိုးရှိပါတယ်။ ဦးနှောက်သွေးစီးဆင်းမှုကို မြှင့်တင်ပေးတဲ့ မပြည့်ဝဆီ အရင်းအမြစ် ကြွယ်ဝပါတယ်။၎င်းမှာ myelinကို ကာကွယ်ပေးတဲ့ oleic acid လညး် ပါဝင်ပါတယ်။ myelin က တစ်နာရီကို မိုင်၂၀၀အမြန်နှုန်းနဲ့ သတင်းအချက်အလက်တွေကို သွားလာဖို့ ကူညီပေးပါတယ်။ ထောပတ်သီးထဲမှာပါတဲ့ ဗီတာမင် B-complex ရဲ့မြင့်မားမှုက ကလေးတွေမှာ သွေးတိုးခြင်းအန္တရာယ်ကို လျော့ချပေးပါတယ်။

၅။ ငါး

ဆော်လမွန်ငါး၊ တူနာငါးနှင့် mackerel ကဲ့သို့သော ဖက်တီးငါးတွေမှာ ဦးနှောက်တစ်ရှူးတွေကို တည်ဆောက်မှုမှာ ထောက်ပံ့ပေးတဲ့ အိုမီဂါ ဖက်တီး အက်ဆစ်များ ပါဝင်ပါတယ်။ အိုမီဂါ 3 ဖက်တီးအက်ဆစ်များက ဘေဘီလေးတွေမှာ ဦးနှောက်ရဲ့တာဝန်များနှင့် ကြီးထွားမှုကို ကူညီပေးပါတယ်။ ငါးကို ပုံမှန်စားသုံးခြင်းက ကလေးရဲ့စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကို တိုးတတ်စေပါလိမ့်မယ်။

၆။ ကြက်ဥ

ကြက်ဥက အာဟာရရဲ့ စပါးကျီတစ်ခုဖြစ်ပါတယ်။ ၎င်းမှာ အာရုံစူးစိုက်မှုကို မြှင့်တင်ပေးတဲ့ choline ၊lutein ၊ Zinc ၊ အိုမီဂါ 3ဖက်တီးအက်ဆစ်ကဲ့သို့ အာဟာရများ ပါရှိပါတယ်။ Choline က မှတ်ဉာဏ်ပင်မဆဲလ် သို့မဟုတ် acetylcholine ထုတ်လုပ်မှုမှာ ကူညီပေးပါတယ်။ ဒါက ကလေးတွေမှာ မှတ်ဉာဏ်တိုးတတ်စေဖို့ ကူညီပေးပါတယ်။

၇။ ကောက်ပဲသီးနှံများ

ကောက်ပဲသီးနှံများက ကလေးတွေရဲ့ အာရုံစူးစိုက်မှုကို တိုးတတ်ကောင်းမွန်စေပါတယ်။ ၎င်းမှာ ဦးနှောက်ရဲ့ သင့်လျော်တဲ့ လုပ်ငန်းဆောင်တာများအတွက် မရှိမဖြစ်လိုအပ်တဲ့ ဖောလိတ် ပါဝင်ပါတယ်။

၈။ ဂျုံမုန့်

အုတ်ဂျံုနဲ့လုပ်ထားတဲ့ အစားအစာကို နံနက်စာအဖြစ် စားသုံးတဲ့သူတွေမှာ မှတ်ဉာဏ်သိသိသာသာ ပိုကောင်းကြောင်း လေ့လာမှုတစ်ခုက ဖော်ပြထားပါတယ်။ အုတ်ဂျံုမှာ ဗီတာင်မင်အီး၊ သွပ်နှင့် ဗီတာမင် B-complex တို့ကြွယ်ဝပါတယ်။ ၎င်းမှာ အမျှင်ဓါတ်မြင့်မားစွာ ပါဝင်ပါတယ်။

၉။ ဘယ်ရီသီးများ

Tufts University မှ သုတေသနအရ ဘယ်ရီသီးများက ကြွက်တွေရဲ့ သိမြင်မှု လုပ်ငန်းဆောင်တာတွေကို မြှင့်တင်ပေးပါတယ်။ ဘယ်ရီသီးများမှာ ပါဝင်တဲ့ ဗီတာမင်စီမြင့်မားမှုက ကလေးတွေမှာ မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေပါတယ်။ ဦးနှောက်ထဲမှာ oxidative စိတ်ဖိစီးမှုကိုလည်း တားဆီးပေးပါတယ်။

၁၀။ အခွံမာသီးများ

သစ်ကြားသီး၊ almonds စေ့နှင့် မြေပဲကဲ့သို့ အခွံမာသီးများက ဦးနှောက်ကို ဖွံ့ဖြိုးစေတဲ့ အစားအစာများဖြစ်ပါတယ်။ ဒီအစားအစာများမှာ Vitamin E ရဲ့မြင့်မားတဲ့ အဆင့်များက မှတ်ဉာဏ်ယိုယွင်းခြင်းကို တားဆီးပေးပါတယ်။ အခွံမာသီးများက မှတ်ဉာဏ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ပိုကောင်းစေတဲ့ ဇင့်ဓါတ်ပါဝင်ပါတယ်။
ဒီစူပါအစားအစာများက ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ကောင်းသော မရှိမဖြစ်အာဟာရဓါတ်တွေ အများကြီးပါပါတယ်။ ဒါ့ကြောင့် မေမေတို့ရဲ့ ကလေးလေး ဉာဏ်ကောင်းစေဖို့ ဒီအစားအစာတွေ ကျွေးဖို့ မမေ့သင့်ပါဘူး။


Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here