သင့္ကေလးရဲ႕ က်န္းမာေရးအတြက္ အႏၱရာယ္ကင္းေစမယ့္ ကစားစရာအ႐ုပ္

0
79

ကေလးေတြအားလံုး အ႐ုပ္ေတြကိုခ်စ္ေၾကာင္း ကၽြန္ေတာ္တို႔အားလံုး သိၿပီးျဖစ္ပါတယ္။ အ႐ုပ္ေတြဟာ ကေလးေတြကိုနာရီေပါင္းမ်ားစြာ ေပ်ာ္ရြင္မႈေပးႏိုင္႐ံုသာမက အေကာင္းဆံုးကစားစရာေတြဟာ ကေလးေတြရဲ႕မွတ္ဥာဏ္နဲ႕ ႐ုပ္ပိုင္းဆိုင္ရာဖြံံၿဖိဳးတိုးတက္မႈကို ျမွင့္တင္ေပးႏိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကေလးနဲ႔ကစားစရာဆိုတာ တြဲဖက္ထားတဲ့အရာျဖစ္ေသာ္လည္း ကေလးေတြရဲ႕က်န္းမာေရးအတြက္ အႏၱရာယ္ကင္းတဲ့အ႐ုပ္ေတြကို ေရြးခ်ယ္၀ယ္ယူဖို႔အေရးႀကီးၿပီး အေျခခံသေဘာေတြကို နားလည္ထားသင့္တာၾကာင့္ အႏၱရာယ္ကင္းတဲ့ကစားစရာေတြကို ဘယ္လိုေရြးခ်ယ္သင့္တယ္ဆိုတာကို ေဖာ္ျပလိုက္ပါတယ္။

-Advertisement-

တ႐ုတ္ႏိုင္ငံကလာတဲ့ကစားစရာေတြ
တ႐ုတ္ႏိုင္ငံလုပ္ ကစားစရာေတြဟာ လြန္ခဲ့တဲ့ႏွစ္အနည္ငယ္က စတင္ၿပီး ခဲေရာစပ္ေဆးသုတ္ထားတဲ့ကစားစရာေတြေၾကာင့္ တကမၻာလံုးကကေလးေတြကို ထိခိုက္ေနရပါတယ္။ ဒါေပမယ့္ တ႐ုတ္အစိုးရက အရည္အေသြးထိန္းခ်ဳပ္မႈကို မတင္းက်ပ္တဲ့အတြက္ ယခုခ်ိန္ထိျမန္မာျပည္မွာ တ႐ုတ္ပစၥည္းေတြရဲ႕ အဆိပ္သင့္မႈကို မသိမသာခံစားေနရပါတယ္။ ဒါေၾကာင့္ ျဖစ္ႏိုင္ရင္တ႐ုတ္ထုတ္ ကေလးကစားေတြကို မ၀ယ္ယူဖို႔တိုက္တြန္းခ်င္ပါတယ္။ အ႐ုပ္ဆိုင္ ဒါမွမဟုတ္ စတိုးဆိုင္တစ္ခုခုမွာ သင့္ကေလးအတြက္အ႐ုပ္၀ယ္တာနဲ႕ ဘယ္ႏိုင္ငံကထုတ္တာလဲ ဆိုတာကိုေသခ်ာဖတ္ပါ။ “made in China” ပါတာနဲ႔ သင့္ကေလးအတြက္အႏၱရာယ္ရွိတာေၾကာင့္ မ၀ယ္ယူသင့္ပါဘူး။

PVC(polyvinyl chloride) နဲ႔ျပဳလုပ္ထားတဲ့အ႐ုပ္
ပလပ္စတစ္ပစၥည္းေတြကို က်ယ္ျပန္႔စြာအသံုးခ်ေနေပမယ့္ ကေလးငယ္ေတြအတြက္ေတာ့ သတိထားသင့္ပါတယ္။ ကေလးငယ္ေတြဟာ ကစားစရာေတြကို ပါးစပ္ထဲထည့္တဲ့အခါေတြမွာ အႏၱရာယ္ရွိတဲ့ ဓါတုပစၥည္းေတြ ခႏၶာကိုယ္ထဲ၀င္ေရာက္ႏိုင္ပါတယ္။ ပလပ္စတစ္မွာ ကင္ဆာေရာဂါျဖစ္ေစႏိုင္တဲ့ vinyl chloride,dioxide နဲ႔ phthalates လိုပစၥည္းမ်ားပါ၀င္ၿပီး ပန္းနာရင္က်ပ္ေရာဂါ၊ ဓါတ္မတည္မႈႏွင့္ မ်ိဳးပြားမႈျပႆနာမ်ား စတဲ့ ေရာဂါေပါင္းစံုကိုျဖစ္ေစႏိုင္ပါတယ္။ PVC ဟာလည္း ကစားစရာေတြအျဖစ္ျပဳလုပ္ေနတဲ့ ပလပ္စတစ္ျဖစ္ပါတယ္။ တခ်ိဳ႕ကစားစရာေတြမွာေတာ့ PVC Free လို႔ တံဆိပ္ကပ္ထားၿပီး တခ်ိဳ႕မွာေတာ့ #3 လို႔ေရးထားၿပီး PVC လို႔လည္းတိုက္႐ိုက္ေဖာ္ျပတတ္ပါတယ္။ဒါဆိုရင္ေတာ့မ၀ယ္ယူသင့္ပဲ #1,#2, နဲ႔ #4 လို႔ေရးထားရင္ေတာ့ ေရြးခ်ယ္၀ယ္ယူသင့္ပါတယ္။

BPA (bisphenol A)
ဒီလို ဓါတုပစၥည္းကို ပလပ္စတစ္ထုတ္ကုန္အမ်ားစုမွာ ပါရွိေၾကာင္းသိရပါတယ္။ ကေလးကစားစရာ ပလပ္စတစ္အ႐ုပ္ေတြနဲ႔ ႏို႔ဗူးေတြမွာေတာင္ေတြ႔ရွိရပါတယ္။ အဆိုပါဓါတုပစၥည္းဟာ ေမြးကင္းစကေလးေတြအေပၚ အႏၱရာယ္ရွိႏိုင္ၿပီး ဖြံ႔ၿဖိဳးမႈဆိုင္ရာ ဆိုးက်ိဳးမ်ား၊ အာ႐ံုေၾကာမူမမွန္ျခင္း၊ ကင္ဆာဆဲလ္ႀကီးထြားမႈ၊ အပ်ိဳေဖာ္၀င္မႈေစာျခင္းႏွင့္၊ အ၀လြန္ျခင္းတို႔ကို ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ကစားစရာ၀ယ္တဲ့အခါ #7 အမွတ္အသားပါတဲ့ ကစားစရာေတြမွာ BPA ပါတဲ့အတြက္ ကေလးေတြအတြက္ အႏၱရာယ္ရွိတာေၾကာင့္ မ၀ယ္ယူသင့္ပါဘူး။

အိမ္ေထာင္ျပဳဖို႔ ရည္ရြယ္ထားရင္ ဒီအခ်က္ေတြ ႀကိဳတင္ေလ့လာထားဖို႔ လိုအပ္ပါတယ္။

ဒါေတြအျပင္ သစ္သားနဲ႔ျပဳလုပ္ထားတဲ့အ႐ုပ္ေတြ သဘာ၀ခ်ည္သားနဲ႕ျပဳလုပ္ထားတဲ့ အ႐ုပ္ေတြက ကေလးေတြအတြက္ပိုမို အႏၱရာယ္ကင္းေစၿပီး ဖိုင္ဘာအမွ်င္ေတြပါတဲ့ကစားစရာေတြကေတာ့ ကေလးငယ္ေတြရဲ႕ အေရျပားႏွင့္ထိေတြ႔ျခင္း၊ ပါးစပ္နဲ႔ကိုက္ျခင္းျဖင့္ ဆိုးက်ိဳးမ်ားျဖစ္ေစတတ္ပါတယ္။ ဒါေၾကာင့္ #1, #2 နဲ႔ #4 ဒါမွမဟုတ္ safeBPA, phthalate-free plastic, free PVC စတဲ့အမွတ္အသားပါတဲ့ ကစားစရာေတြဟာ အႏၱရာယ္ကင္းတာေၾကာင့္ အ႐ုပ္တ႐ုပ္၀ယ္မယ္ဆိုရင္ Label ေသခ်ာဖတ္ၿပီးမွ ၀ယ္ယူသင့္ေၾကာင္း အၾကံေပးလိုပါတယ္။ ဒါေပမယ့္ made in china ေတြကေတာ့ သိပ္မယံုၾကည္ရပါဘူး။

#LM_Naung_Naung

Source-whattoexpect

Unicode

ကလေးတွေအားလုံး အရုပ်တွေကိုချစ်ကြောင်း ကျွန်တော်တို့အားလုံး သိပြီးဖြစ်ပါတယ်။ အရုပ်တွေဟာ ကလေးတွေကိုနာရီပေါင်းများစွာ ပျော်ရွင်မှုပေးနိုင်ရုံသာမက အကောင်းဆုံးကစားစရာတွေဟာ ကလေးတွေရဲ့မှတ်ဉာဏ်နဲ့ ရုပ်ပိုင်းဆိုင်ရာဖွံံဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးနဲ့ကစားစရာဆိုတာ တွဲဖက်ထားတဲ့အရာဖြစ်သော်လည်း ကလေးတွေရဲ့ကျန်းမာရေးအတွက် အန္တရာယ်ကင်းတဲ့အရုပ်တွေကို ရွေးချယ်ဝယ်ယူဖို့အရေးကြီးပြီး အခြေခံသဘောတွေကို နားလည်ထားသင့်တာကြာင့် အန္တရာယ်ကင်းတဲ့ကစားစရာတွေကို ဘယ်လိုရွေးချယ်သင့်တယ်ဆိုတာကို ဖော်ပြလိုက်ပါတယ်။

တရုတ်နိုင်ငံကလာတဲ့ကစားစရာတွေ
တရုတ်နိုင်ငံလုပ် ကစားစရာတွေဟာ လွန်ခဲ့တဲ့နှစ်အနည်ငယ်က စတင်ပြီး ခဲရောစပ်ဆေးသုတ်ထားတဲ့ကစားစရာတွေကြောင့် တကမ္ဘာလုံးကကလေးတွေကို ထိခိုက်နေရပါတယ်။ ဒါပေမယ့် တရုတ်အစိုးရက အရည်အသွေးထိန်းချုပ်မှုကို မတင်းကျပ်တဲ့အတွက် ယခုချိန်ထိမြန်မာပြည်မှာ တရုတ်ပစ္စည်းတွေရဲ့ အဆိပ်သင့်မှုကို မသိမသာခံစားနေရပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်တရုတ်ထုတ် ကလေးကစားတွေကို မဝယ်ယူဖို့တိုက်တွန်းချင်ပါတယ်။ အရုပ်ဆိုင် ဒါမှမဟုတ် စတိုးဆိုင်တစ်ခုခုမှာ သင့်ကလေးအတွက်အရုပ်ဝယ်တာနဲ့ ဘယ်နိုင်ငံကထုတ်တာလဲ ဆိုတာကိုသေချာဖတ်ပါ။ “made in China” ပါတာနဲ့ သင့်ကလေးအတွက်အန္တရာယ်ရှိတာကြောင့် မဝယ်ယူသင့်ပါဘူး။

PVC(polyvinyl chloride) နဲ့ပြုလုပ်ထားတဲ့အရုပ်
ပလပ်စတစ်ပစ္စည်းတွေကို ကျယ်ပြန့်စွာအသုံးချနေပေမယ့် ကလေးငယ်တွေအတွက်တော့ သတိထားသင့်ပါတယ်။ ကလေးငယ်တွေဟာ ကစားစရာတွေကို ပါးစပ်ထဲထည့်တဲ့အခါတွေမှာ အန္တရာယ်ရှိတဲ့ ဓါတုပစ္စည်းတွေ ခန္ဓာကိုယ်ထဲဝင်ရောက်နိုင်ပါတယ်။ ပလပ်စတစ်မှာ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ vinyl chloride,dioxide နဲ့ phthalates လိုပစ္စည်းများပါဝင်ပြီး ပန်းနာရင်ကျပ်ရောဂါ၊ ဓါတ်မတည်မှုနှင့် မျိုးပွားမှုပြဿနာများ စတဲ့ ရောဂါပေါင်းစုံကိုဖြစ်စေနိုင်ပါတယ်။ PVC ဟာလည်း ကစားစရာတွေအဖြစ်ပြုလုပ်နေတဲ့ ပလပ်စတစ်ဖြစ်ပါတယ်။ တချို့ကစားစရာတွေမှာတော့ PVC Free လို့ တံဆိပ်ကပ်ထားပြီး တချို့မှာတော့ #3 လို့ရေးထားပြီး PVC လို့လည်းတိုက်ရိုက်ဖော်ပြတတ်ပါတယ်။ဒါဆိုရင်တော့မဝယ်ယူသင့်ပဲ #1,#2, နဲ့ #4 လို့ရေးထားရင်တော့ ရွေးချယ်ဝယ်ယူသင့်ပါတယ်။

BPA (bisphenol A)
ဒီလို ဓါတုပစ္စည်းကို ပလပ်စတစ်ထုတ်ကုန်အများစုမှာ ပါရှိကြောင်းသိရပါတယ်။ ကလေးကစားစရာ ပလပ်စတစ်အရုပ်တွေနဲ့ နို့ဗူးတွေမှာတောင်တွေ့ရှိရပါတယ်။ အဆိုပါဓါတုပစ္စည်းဟာ မွေးကင်းစကလေးတွေအပေါ် အန္တရာယ်ရှိနိုင်ပြီး ဖွံ့ဖြိုးမှုဆိုင်ရာ ဆိုးကျိုးများ၊ အာရုံကြောမူမမှန်ခြင်း၊ ကင်ဆာဆဲလ်ကြီးထွားမှု၊ အပျိုဖော်ဝင်မှုစောခြင်းနှင့်၊ အဝလွန်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကစားစရာဝယ်တဲ့အခါ #7 အမှတ်အသားပါတဲ့ ကစားစရာတွေမှာ BPA ပါတဲ့အတွက် ကလေးတွေအတွက် အန္တရာယ်ရှိတာကြောင့် မဝယ်ယူသင့်ပါဘူး။

ဒါတွေအပြင် သစ်သားနဲ့ပြုလုပ်ထားတဲ့အရုပ်တွေ သဘာဝချည်သားနဲ့ပြုလုပ်ထားတဲ့ အရုပ်တွေက ကလေးတွေအတွက်ပိုမို အန္တရာယ်ကင်းစေပြီး ဖိုင်ဘာအမျှင်တွေပါတဲ့ကစားစရာတွေကတော့ ကလေးငယ်တွေရဲ့ အရေပြားနှင့်ထိတွေ့ခြင်း၊ ပါးစပ်နဲ့ကိုက်ခြင်းဖြင့် ဆိုးကျိုးများဖြစ်စေတတ်ပါတယ်။ ဒါကြောင့် #1, #2 နဲ့ #4 ဒါမှမဟုတ် safeBPA, phthalate-free plastic, free PVC စတဲ့အမှတ်အသားပါတဲ့ ကစားစရာတွေဟာ အန္တရာယ်ကင်းတာကြောင့် အရုပ်တရုပ်ဝယ်မယ်ဆိုရင် Label သေချာဖတ်ပြီးမှ ဝယ်ယူသင့်ကြောင်း အကြံပေးလိုပါတယ်။ ဒါပေမယ့် made in china တွေကတော့ သိပ်မယုံကြည်ရပါဘူး။

#LM_Naung_Naung
Source-whattoexpect

 

LEAVE A REPLY

Please enter your comment!
Please enter your name here