-Advertisement-
Home Lifestyle သင့္ကေလးမလိမ္တတ္ေစဖို႕ မိဘတိုင္းေရွာင္ရွားသင့္တဲ့ အမွား (၉)ခု

သင့္ကေလးမလိမ္တတ္ေစဖို႕ မိဘတိုင္းေရွာင္ရွားသင့္တဲ့ အမွား (၉)ခု

0
45

လူတိုင္းဟာ ဘ၀တစ္ေလွ်ာက္လံုးမွာ မုသားမေျပာပဲ ျဖတ္သန္းႏိုင္ဖို႔ဆိုတာ အရမ္းကိုခက္ခဲတဲ့အရာတစ္ခုျဖစ္ပါတယ္။ ကၽြန္ေတာ္တို႕ကိုယ္တိုင္လည္း ပတ္၀န္းက်င္မွာ လူလိမ္ေတြနဲ႕ေန႕စဥ္လိုလို ေပါင္းသင္းဆက္ဆံေနရပါတယ္။ ဒါေပမယ့္ အဲဒီ့လူလိမ္ေတြဟာ ကၽြန္ေတာ္တို႕ရဲ႕ကေလးေတြ ျဖစ္ေနခဲ့ရင္ ဘယ္လိုလုပ္သင့္လဲဆိုတာ ကၽြန္ေတာ္တို႕မသိၾကပါဘူး။ ဒါေၾကာင့္ Lifestyle Myanmar ကမိဘတိုင္းအတြက္ ကေလးေတြလိမ္တာဟာ မိဘေတြဘယ္လိုအမွားမ်ိဳး လုပ္မိတာေၾကာင့္လဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

-Advertisement-

ကေလးေတြဟာ အက်ိဳးဆက္ေတြကိုသိတယ္
ကေလးေတြဟာ မၾကာခဏဆိုသလို လိမ္ေျပာတတ္ၾကပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ အမွန္အတိုင္းေျပာလွ်င္ သူတို႕အျပစ္ေပးခံရမွာကို သိလို႔ျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္ကေလးကို အမွန္ေျပာရဲေစဖို႔အတြက္ ျပစ္ဒါဏ္ကိုအတတ္ႏိုင္ဆံုး ေလ်ာ့နည္းေအာင္လုပ္ေဆာင္ၿပီး သူတို႕ကိုအမွန္ေျပာရဲလာေအာင္ ေျပာဆိုဆံုးမႏိုင္ပါတယ္။


ကေလးေတြကသင့္ကို စိတ္မခ်မ္းမသာမျဖစ္ေစခ်င္ၾကဘူး
သင့္ရဲ႕ကေလးေတြဟာ သင့္ကိုခ်စ္တဲ့အတြက္ စိတ္မခ်မ္းသာမႈေတြကိုမေပးခ်င္ၾကပါဘူး။ သူတို႕လုပ္မိတဲ့အမွားကို အမွန္အတိုင္းသင့္ကိုေျပာတဲ့အခါ သင့္ရဲ႕တံု႕ျပန္မႈက ပံုစံေျပာင္းေနရင္ ေနာက္ထပ္သင့္ကို နာက်င္ေစမယ္ အခ်က္အလက္အမွန္ေတြကို မေပးပဲလိမ္ေျပာတတ္လာပါတယ္။

သူတို႔က မလိမ္ဘူး ဒါေပမယ့္စိတ္ကူးယဥ္တတ္တယ္
တခါတေလမွာ ကေလးေတြဟာ သူတို႔ရဲ႕အံ့ၾသဖြယ္ရာ စြန္းစားခန္းေတြအေၾကာင္းကို အျခားသူေတြအား အေလးအနက္ေျပာျပခ်င္ၾကပါတယ္။ ဒါေၾကာင့္သူတို႔ရဲ႕စိတ္ကူးထဲက အေၾကာင္းအရာေတြကိုပါ ေရာစြက္ၿပီး လူေတြစိတ္၀င္စားမႈကို ရယူၾကပါတယ္။ ဒါဟာ သူတို႕အသက္ႀကီးျပင္းလာတဲ့အခါ တျဖည္းျဖည္းေပ်ာက္ကြယ္သြားမယ့္ အက်င့္စရိုက္ေတြျဖစ္တာေၾကာင့္ သိပ္ေတာ့စိုးရိမ္စရာ မလိုပါဘူး။

ကေလးေတြလိမ္ေျပာတာဟာ သူတို႕မမွတ္မိတာပါ
တစ္ခါတစ္ေလမွာ သူတို႕ရဲ႕မေကာင္းတဲ့အၾကံအစည္တစ္ခ်ိဳ႕ကို မမွတ္မိၾကပါဘူး။ ဒါေၾကာင့္ သူတို႕စိတ္ထဲထင္ရာေတြကိုေျပာတတ္ၾကပါတယ္။ ထိုကဲ့သို အလိမ္အညာေတြကိုေတာ့ မိဘေတြကစိတ္ရွည္ရွည္နဲ႕ သူတို႔ရဲ႕ လႈပ္ရွားမႈေတြအေပၚ တံု႕ျပန္ရွင္းျပျခင္းမ်ိဳး ျပဳလုပ္ႏိုင္ပါတယ္။

သူတို႕ဟာ လိမ္ေျပာတာကို ယဥ္ေက်းတယ္လို႔ထင္ၾကတယ္
တစ္ခါတစ္ေလမွာ ကေလးေတြဟာ လိမ္ေျပာတာကို မွန္တယ္လို႔ထင္တတ္ၾကတယ္။ သူတို႕ဟာ အဖြားျဖစ္သူထိုးေပးထားတဲ့ ေျခအိတ္ကို၀တ္ရတာေပ်ာ္ေနေပမယ့္ တခါတေလမွာေတာ့ လူႀကီးေတြရဲ႕ အသံုးအေဆာင္ေတြနဲ႕မတူတဲ့အတြက္ စိတ္ပ်က္တတ္ၾကပါတယ္။ ထိုအခါမ်ိဳးမွာ တစ္ခ်ိဳ႕က စိတ္ေကာက္တတ္ၾကၿပီး တစ္ခ်ိဳ႕ကေတာ့ လိမ္လည္ၿပီးမသိမသာေနလိုက္ၾကပါတယ္။ ထိုကဲ့သို႕ အျပဳအမူေတြ ျပဳလုပ္လာပါက သူတို႔ႏွစ္သက္တဲ့ အသံုးအေဆာင္ေတြကို ေျပာင္းလဲၿပီး သံုးစြဲခြင့္ေပးလိုက္ပါ။

ကၽြန္ေတာ္တု႔ိဟာ လိုခ်င္တဲ့အေျဖေတြကို ႀကိဳတင္စီစဥ္တတ္ၾကတယ္
ကၽြန္ေတာ္တို႕ဟာ ကိုယ္လိုခ်င္တဲ့အေျဖရဖို႕အတြက္ ကေလးေတြကို မၾကာခဏဆိုသလို ေမးတတ္ၾကပါတယ္။ ဥပမာအားျဖင့္ ” ဒါအရသာရွိတယ္မွတ္လား” သူတို႕ရဲ႕ပန္းကန္ထဲကအစားအအစားေတြကို ထပ္မစားခ်င္ေတာ့တဲ့အခ်ိန္မွာ သင္ကယခုလိုေမးျခင္းမ်ိဳးကိုေရွာင္ရွားသင့္ပါတယ္။ တကယ့္လို႕သင့္ကေလးကို လိမ္မေျပာတတ္ေစခ်င္လွ်င္ အဲ့လိုျပႆနာကိုေျဖရွင္းဖို႔အတြက္ “သားအခု ဘာစားခ်င္တာလဲ” စသျဖင့္ သူတို႕ရဲ႕စိတ္ကို လြတ္လပ္ေစတဲ့ ေမးခြန္းမ်ိဳးေမးသင့္ပါတယ္။

 

သူတို႔ဟာ ဗီလိန္ျဖစ္မွာေၾကာက္ၾကတယ္
ကေလးေတြဟာ အမွန္ေျပာရမွာ ေၾကာက္တဲ့ေနာက္တစ္ခ်က္ကေတာ့ သူတို႕ကိုမေကာင္းတဲ့သူလို႕ ထင္မွာကိုေၾကာက္ရြံ႕လို႕ျဖစ္ပါတယ္။ ဒါေၾကာင့္ လူေကာင္းေတြေတာင္မွ အမွားေတြ တခါတရံ ျပဳလုပ္မိေၾကာင္း ကေလးေတြကို ရွင္းျပေစခ်င္ပါတယ္။ ဒါ့အျပင္ မေကာင္းတဲ့့လူေတြအေၾကာင္းကို ခြဲျခားသိေစၿပီး လူေကာင္းေတြဟာ အမွားအတြက္ တာ၀န္ယူမႈအျပည့္ရွိေၾကာင္းကိုလည္း ရွင္းျပေစခ်င္ပါတယ္။

ကၽြန္ေတာ္တို႕ကိုယ္တိုင္ လိမ္ေျပာတတ္ၾကတယ္
ကေလးေတြဟာ သူတို႕ရဲ႕မိဘေတြဆီကေန အရာအားလံုးကို အတုယူၾကပါတယ္။ လိမ္ေျပာတတ္တဲ့ ပတ္၀န္းက်င္မွာေနရင္ သူတို႕လည္း အမွန္ေတြကို ေျပာမွာမဟုတ္ေတာ့ပါဘူး။ အဲဒီ့အတြက္ ေျဖရွင္းခ်က္ဟာ လြယ္ကူသကဲ့သို႕ ခက္လည္းခက္ပါတယ္။ ဒါကေတာ့ သင္ကိုယ္တိုင္ အရင္ကထက္ မလိမ္မညာပဲ ရိုးသားဖို႕လိုအပ္ပါတယ္။

သူတို႕ဟာ အရမ္းေပါေတာေတာျဖစ္တယ္လို႕ ကေလးေတြကထင္ၾကတယ္
သင္ဟာကေလးေတြကို ေအာ္ဟစ္ဆက္ဆံျခင္း၊ အျပစ္ေတြကိုခ်ည္းေျပာျခင္းဟာလည္း ကေလးေတြရဲ႕ သင္ယူႏိုင္စြမ္းကို ေလ်ာ့က်ေစပါတယ္။ အဲ့လိုျပဳမူဆက္ဆံတဲ့အတြက္ သူတို႕ကိုယ္သူတို႕ ပိုမိုသိမ္ငယ္ၿပီး ဘယ္ဟာကအမွား၊ ဘယ္ဟာကအမွန္စသျဖင့္ သင္ယူခ်င္စိတ္ရွိေတာ့မွာ မဟုတ္ေတာ့ပါဘူး။ လိမ္ေျပာတတ္လာတာလည္းပါ၀င္ပါတယ္။ ဒါေၾကာင့္ သူတို႕ရဲ႕အသက္အရြယ္အေပၚလိုက္ၿပီး ေျပာဆိုဆံုးမသင့္ပါတယ္။ ထိုသို႕ေျပာျခင္းျဖင့္ သူတို႕ဟာ အမွန္တရားရဲ႕အေရးပါမႈကို ပိုမိုသိရွိလာသလို မလိမ္မညာပဲနဲ႔ ႀကီးျပင္းလာမွာ ျဖစ္ပါတယ္။

ကမၻာ့အသံုးအဝင္ဆံုးလို႔ေျပာလို႕ရတဲ့ သံပ႐ုိ/သံပရာသီးရဲ႕ အသံုးဝင္ပံု(၁၆) ခ်က္

#LM_Naung_Naung
Ref-Brightside

Unicode Version

သင့်ကလေးမလိမ်တတ်စေဖို့ မိဘတိုင်းရှောင်ရှားသင့်တဲ့ အမှား (၉)ခု

လူတိုင်းဟာ ဘဝတစ်လျှောက်လုံးမှာ မုသားမပြောပဲ ဖြတ်သန်းနိုင်ဖို့ဆိုတာ အရမ်းကိုခက်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ပတ်ဝန်းကျင်မှာ လူလိမ်တွေနဲ့နေ့စဉ်လိုလို ပေါင်းသင်းဆက်ဆံနေရပါတယ်။ ဒါပေမယ့် အဲဒီ့လူလိမ်တွေဟာ ကျွန်တော်တို့ရဲ့ကလေးတွေ ဖြစ်နေခဲ့ရင် ဘယ်လိုလုပ်သင့်လဲဆိုတာ ကျွန်တော်တို့မသိကြပါဘူး။ ဒါကြောင့် Lifestyle Myanmar ကမိဘတိုင်းအတွက် ကလေးတွေလိမ်တာဟာ မိဘတွေဘယ်လိုအမှားမျိုး လုပ်မိတာကြောင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
ကလေးတွေဟာ အကျိုးဆက်တွေကိုသိတယ်
ကလေးတွေဟာ မကြာခဏဆိုသလို လိမ်ပြောတတ်ကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ အမှန်အတိုင်းပြောလျှင် သူတို့အပြစ်ပေးခံရမှာကို သိလို့ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကလေးကို အမှန်ပြောရဲစေဖို့အတွက် ပြစ်ဒါဏ်ကိုအတတ်နိုင်ဆုံး လျော့နည်းအောင်လုပ်ဆောင်ပြီး သူတို့ကိုအမှန်ပြောရဲလာအောင် ပြောဆိုဆုံးမနိုင်ပါတယ်။

ကလေးတွေကသင့်ကို စိတ်မချမ်းမသာမဖြစ်စေချင်ကြဘူး
သင့်ရဲ့ကလေးတွေဟာ သင့်ကိုချစ်တဲ့အတွက် စိတ်မချမ်းသာမှုတွေကိုမပေးချင်ကြပါဘူး။ သူတို့လုပ်မိတဲ့အမှားကို အမှန်အတိုင်းသင့်ကိုပြောတဲ့အခါ သင့်ရဲ့တုံ့ပြန်မှုက ပုံစံပြောင်းနေရင် နောက်ထပ်သင့်ကို နာကျင်စေမယ် အချက်အလက်အမှန်တွေကို မပေးပဲလိမ်ပြောတတ်လာပါတယ်။

သူတို့က မလိမ်ဘူး ဒါပေမယ့်စိတ်ကူးယဉ်တတ်တယ်
တခါတလေမှာ ကလေးတွေဟာ သူတို့ရဲ့အံ့သြဖွယ်ရာ စွန်းစားခန်းတွေအကြောင်းကို အခြားသူတွေအား အလေးအနက်ပြောပြချင်ကြပါတယ်။ ဒါကြောင့်သူတို့ရဲ့စိတ်ကူးထဲက အကြောင်းအရာတွေကိုပါ ရောစွက်ပြီး လူတွေစိတ်ဝင်စားမှုကို ရယူကြပါတယ်။ ဒါဟာ သူတို့အသက်ကြီးပြင်းလာတဲ့အခါ တဖြည်းဖြည်းပျောက်ကွယ်သွားမယ့် အကျင့်စရိုက်တွေဖြစ်တာကြောင့် သိပ်တော့စိုးရိမ်စရာ မလိုပါဘူး။

ကလေးတွေလိမ်ပြောတာဟာ သူတို့မမှတ်မိတာပါ
တစ်ခါတစ်လေမှာ သူတို့ရဲ့မကောင်းတဲ့အကြံအစည်တစ်ချို့ကို မမှတ်မိကြပါဘူး။ ဒါကြောင့် သူတို့စိတ်ထဲထင်ရာတွေကိုပြောတတ်ကြပါတယ်။ ထိုကဲ့သို အလိမ်အညာတွေကိုတော့ မိဘတွေကစိတ်ရှည်ရှည်နဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေအပေါ် တုံ့ပြန်ရှင်းပြခြင်းမျိုး ပြုလုပ်နိုင်ပါတယ်။

သူတို့ဟာ လိမ်ပြောတာကို ယဉ်ကျေးတယ်လို့ထင်ကြတယ်
တစ်ခါတစ်လေမှာ ကလေးတွေဟာ လိမ်ပြောတာကို မှန်တယ်လို့ထင်တတ်ကြတယ်။ သူတို့ဟာ အဖွားဖြစ်သူထိုးပေးထားတဲ့ ခြေအိတ်ကိုဝတ်ရတာပျော်နေပေမယ့် တခါတလေမှာတော့ လူကြီးတွေရဲ့ အသုံးအဆောင်တွေနဲ့မတူတဲ့အတွက် စိတ်ပျက်တတ်ကြပါတယ်။ ထိုအခါမျိုးမှာ တစ်ချို့က စိတ်ကောက်တတ်ကြပြီး တစ်ချို့ကတော့ လိမ်လည်ပြီးမသိမသာနေလိုက်ကြပါတယ်။ ထိုကဲ့သို့ အပြုအမူတွေ
ပြုလုပ်လာပါက သူတို့နှစ်သက်တဲ့ အသုံးအဆောင်တွေကို ပြောင်းလဲပြီး သုံးစွဲခွင့်ပေးလိုက်ပါ။

ကျွန်တော်တို့ဟာ လိုချင်တဲ့အဖြေတွေကို ကြိုတင်စီစဉ်တတ်ကြတယ်
ကျွန်တော်တို့ဟာ ကိုယ်လိုချင်တဲ့အဖြေရဖို့အတွက် ကလေးတွေကို မကြာခဏဆိုသလို မေးတတ်ကြပါတယ်။ ဥပမာအားဖြင့် ” ဒါအရသာရှိတယ်မှတ်လား” သူတို့ရဲ့ပန်းကန်ထဲကအစားအအစားတွေကို ထပ်မစားချင်တော့တဲ့အချိန်မှာ သင်ကယခုလိုမေးခြင်းမျိုးကိုရှောင်ရှားသင့်ပါတယ်။ တကယ့်လို့သင့်ကလေးကို လိမ်မပြောတတ်စေချင်လျှင် အဲ့လိုပြဿနာကိုဖြေရှင်းဖို့အတွက် “သားအခု ဘာစားချင်တာလဲ” စသဖြင့် သူတို့ရဲ့စိတ်ကို လွတ်လပ်စေတဲ့ မေးခွန်းမျိုးမေးသင့်ပါတယ်။

သူတို့ဟာ ဗီလိန်ဖြစ်မှာကြောက်ကြတယ်
ကလေးတွေဟာ အမှန်ပြောရမှာ ကြောက်တဲ့နောက်တစ်ချက်ကတော့ သူတို့ကိုမကောင်းတဲ့သူလို့ ထင်မှာကိုကြောက်ရွံ့လို့ဖြစ်ပါတယ်။ ဒါကြောင့် လူကောင်းတွေတောင်မှ အမှားတွေ တခါတရံ ပြုလုပ်မိကြောင်း ကလေးတွေကို ရှင်းပြစေချင်ပါတယ်။ ဒါ့အပြင် မကောင်းတဲ့့လူတွေအကြောင်းကို ခွဲခြားသိစေပြီး လူကောင်းတွေဟာ အမှားအတွက် တာဝန်ယူမှုအပြည့်ရှိကြောင်းကိုလည်း ရှင်းပြစေချင်ပါတယ်။

ကျွန်တော်တို့ကိုယ်တိုင် လိမ်ပြောတတ်ကြတယ်
ကလေးတွေဟာ သူတို့ရဲ့မိဘတွေဆီကနေ အရာအားလုံးကို အတုယူကြပါတယ်။ လိမ်ပြောတတ်တဲ့ ပတ်ဝန်းကျင်မှာနေရင် သူတို့လည်း အမှန်တွေကို ပြောမှာမဟုတ်တော့ပါဘူး။ အဲဒီ့အတွက် ဖြေရှင်းချက်ဟာ လွယ်ကူသကဲ့သို့ ခက်လည်းခက်ပါတယ်။ ဒါကတော့ သင်ကိုယ်တိုင် အရင်ကထက် မလိမ်မညာပဲ ရိုးသားဖို့လိုအပ်ပါတယ်။

သူတို့ဟာ အရမ်းပေါတောတောဖြစ်တယ်လို့ ကလေးတွေကထင်ကြတယ်
သင်ဟာကလေးတွေကို အော်ဟစ်ဆက်ဆံခြင်း၊ အပြစ်တွေကိုချည်းပြောခြင်းဟာလည်း ကလေးတွေရဲ့ သင်ယူနိုင်စွမ်းကို လျော့ကျစေပါတယ်။ အဲ့လိုပြုမူဆက်ဆံတဲ့အတွက် သူတို့ကိုယ်သူတို့ ပိုမိုသိမ်ငယ်ပြီး ဘယ်ဟာကအမှား၊ ဘယ်ဟာကအမှန်စသဖြင့် သင်ယူချင်စိတ်ရှိတော့မှာ မဟုတ်တော့ပါဘူး။ လိမ်ပြောတတ်လာတာလည်းပါ၀င်ပါတယ်။ ဒါကြောင့် သူတို့ရဲ့အသက်အရွယ်အပေါ်လိုက်ပြီး ပြောဆိုဆုံးမသင့်ပါတယ်။ ထိုသို့ပြောခြင်းဖြင့် သူတို့ဟာ အမှန်တရားရဲ့အရေးပါမှုကို ပိုမိုသိရှိလာသလို မလိမ်မညာပဲနဲ့ ကြီးပြင်းလာမှာ ဖြစ်ပါတယ်။

#LM_Naung_Naung
Ref-Brightside

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here