0
1145
အရေပြားပြဿနာ
အရေပြားပြဿနာ
၅။ ရွှံ့စေအသုံးပြုပါ
#Lifestyle_Myanmar
#Thar_Nage
ဖြူဝင်း တောက်ပတဲ့ အသားအရေကို ရယူဖို့ ဆန်မှုန့်ကို ဘယ်လိုအသုံးပြုမလဲ?
Unicode
သင့်ကို အသက်မြန်မြန်ကြီးသွားစေတယ်လို့ထင်ရတဲ့ အရေပြား ပြဿနာဖြစ်ရတဲ့အကြောင်းအရင်းများ
၁။ မကြာခဏဆိုသလို ပွတ်တိုက်ခြင်း
မကြာခဏဆိုသလို အရေပြားပေါ်ကအညစ်အကြေးတွေ၊ ဖုန်တွေ ကင်းစင်အောင် အဝတ်ကြမ်း ဒါမှမဟုတ် အခြား ပွတ်တိုက်စရာတစ်ခုခုနဲ့ ပွတ်တိုက်ခြင်းဟာ အရေပြားအပေါ်ယံလွှာ ပျက်စီးခြင်းကိုဖြစ်ပေါ်စေပါတယ်။ သင့်မျက်နှာပေါ်က အညစ်အကြေးတွေ ဖုန်တွေဖယ်ရှားချင်တယ်ဆိုရင်တော့ အက်ဆစ်အနည်းငယ်ပါဝင်တဲ့ ထုတ်ကုန်မျိုးကို အသုံးပြုပြီး သင့်မျက်နှာကို သန့်စင်ပေးသင့်ပါတယ်။
၂။ မျက်နှာသစ်ပြီးအခြောက်ခံတဲ့အခါ
မျက်နှာသစ်ပြီး ရေခြောက်အောင် မျက်နှာသုတ်ပုဝါကြမ်းနဲ့ သင့်မျက်နှာကို အတင်းပွတ်တိုက်ခြင်းက သင့်အရပြားကို ပျက်စီးစေပါတယ်။ ဒါ့ကြောင့် မျက်နှစ်သစ်ပြီး မျက်နှာသုတ်တဲ့အခါ ပုဝါနဲ့ သစ်မျက်နှာကို ထိတွေ့ရုံလောက်ပဲ သုတ်သင်ပေးလိုက်ပါ။ မျက်နှာအတွက်လည်း အထူးမျက်နှာသုတ်ပုဝါကိုအသုံးပြုပေးပါ။
၃။ ဆံပင်ဖြန့်အိပ်တဲ့အခါ
သင့်ဆံပင်က တစ်နေ့တစ်ခါ ပုံမှန်လျှော်တဲ့ အကျင့်မရှိတာကြောင့် ဆံပင်မှာ ဖုန်တွေ၊ အမှိုက်တွေ၊ ဆီတွေနဲ့ အညစ်အကြေတွေကပ်နေတတ်ပါတယ်။ ဒါကို သင်က ဆံပင်ကိုဖြန့်ပြီး အိပ်မိတဲ့အခါ ဆံသားပေါ်က အညစ်အကြေးတွေက သင့်အရေပြားကို ထိတွေပြီး ဝက်ခြံတို့ အမည်းစက်တို့ ဖြစ်ပေါ်တတ်ပါတယ်။
၄။ ခေါင်းအုံးစွပ်နဲ့ ခေါင်းအုံး ပုံမှန်မလျှော်တဲ့အခါ
အရေပြားဆဲလ်တွေအတွင်းသို့ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေဝင်တာ ခေါင်းအုံးစွပ်နဲ့ ခေါင်းအုံးတွေကြောင့်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ခေါင်းအုံးစွပ်နဲ့ ခေါင်းအုံးတွေကို တစ်ပတ်တစ်ကြိမ်လျှော်ပေးခြင်း၊ ခေါင်းအုံးများ နေထုတ်လှမ်းခြင်းစတဲ့ သန့်ရှင်းရေးတွေကို ပြုလုပ်ပေးသင့်ပါတယ်။
၅။ ရွှံ့စေအသုံးပြုပါ
အဖြူရောင်ရွှံ့ဟာ ဘယ်အသားအရေအမျိုးအစားမဆို ကောင်းမွန်စေပါတယ်။ ဖုန့်မှုန့်တွေနဲ့ ပြည့်နှက်နေတဲ့ ချွေးပေါက်တွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို သာမန်ထက်အများကြီး ပိုကြည့်ကောင်းစေပါတယ်။
၆။ အသီးအရွက်နဲ့ ဟင်းသီးဟင်းရွက်များ လုံလောက်အောင်မစားသုံးတဲ့အခါ
အသီးအနှံနဲ့ အရွက်တွေက သင့်အသားအရေကို လှပစေဖို့အတွက် အပြည့်အဝတာဝန်ယူပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်းဟာ နေရောင်ခြည်ကြောင့်ဖြစ်ပေါ်တဲ့ အညိုကွက် နဲ့ရောင်ရမ်းခြင်း၊ အသားအရေနီမြန်းခြင်းတို့ကို လျော့ချပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးနဲ့ မက်မွန်သီးဟာ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်ပြီး နေလောင်ဒဏ်ကြောင့် အသားအရေ မညီညာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ မုန်လာဥနီနဲ့ မက်မန်းသီးကို ပုံမှန်စားသုံးပေးခြင်းဟာ နေရောင်အောက်မှာနေရင်တော့ သင့်အသားအရေအတွက် ဆိုးကျိုးမရှိနိုင်ပါဘူး။
၇။ နှလုံး၊ ဟော်မုန်း၊ ကျောက်ကပ်ကြောင့် အသားအရေပျက်စီးခြင်း
အရေပြားဂရုစိုက်ပါလျှက်နဲ့ မကြာခဏဆို အရေပြားပြဿနာတွေဖြစ်ပေးနေရင်တော့ သင့်ခန္ဓာကိုယ်ရဲ့ နှလုံး၊ ဟော်မုန်း၊ ကျောက်ကပ် တွေ ပုံမှန်အလုပ်မလုပ်တာကြောင့်ဖြစ်ပေါ်တာဖြစ်ပါတယ်။ ဒီလိုသာဆိုရင် သင့်အနေနဲ့ ဆရာဝန်ထံသွားရောက် ပြသသင့်ဖို့လိုအပ်ပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here