သင့္ကို အသက္ပိုႀကီးတဲ့ ပံုေပါက္ေစတဲ့ ဖက္ရွင္ဒီဇိုင္းေတြ

0
50

သင္၀တ္ဆင္တဲ့ အ၀တ္အစားဖက္ရွင္က သင့္ရဲ႕စိတ္ခံစားခ်က္၊ သင့္ရဲ႕ဖက္ရွင္အျမင္ကို ေဖာ္ျပေနသလိုပဲ သင့္ကိုပိုၿပီးႏုပ်ိဳေစ (သို႔) ပိုၿပီး အသက္ႀကီးတဲ့ပံုေပါက္ေစပါတယ္။ အ၀တ္အစား၊ ဖိနပ္၊ လက္ကိုင္အိတ္၊ လက္၀တ္ရတနာေတြ ဆင္ျမန္းတဲ့အခါ အစပ္အဟပ္ တြဲမိဖို႔က အေရးပါပါတယ္။ ဒါ့ေၾကာင့္ဘယ္လိုဖက္ရွင္အမွားေတြက သင့္ကိုအသက္ပိုႀကီးတဲ့ ပံုေပါက္ေစသလဲဆိုတာ ၾကည့္လိုက္ပါဦး။

-Advertisement-

သင့္ရဲ႕အလွအပကို ဖံုးကြယ္သြားေစတဲ့ ဖက္ရွင္အမွားေတြ

၁။ လည္ပိတ္အ၀တ္အစားေတြ

သင္သည္ ငယ္ရြယ္တဲ့ပံုေပါက္ခ်င္ရင္ သင့္လည္ပင္းေတြကို ဖံုးကြယ္မထားပါနဲ႔။ လည္ပင္းေခါက္ဆြယ္တာတစ္ထည္အစား လည္ပင္းေပါက္လွလွေလးေတြနဲ႔ အက်ၤ ီကိုေရြးခ်ယ္ပါ။

၂။ စကတ္အရွည္ေတြ

စကတ္ရွည္ေတြက သင့္ကို ဆြဲေဆာင္မႈရွိၿပီး ငယ္ရြယ္တဲ့ပံု မေပါက္ေစပါဘူး။ ပိုၿပီးႏုပ်ိဳေစဖို႔ ဒူးဖံုးစကတ္ေလးေတြ၊ မီနီစကတ္ေလးေတြ ေရြးခ်ယ္ႏိုင္ပါတယ္။

၃။ သိုးေမႊးအက်ၤ ီရင့္ေစ့ေတြ

ဒီသိုးေမႊးအက်ၤ ီရင့္ေစ့ေတြကို ႀကိဳက္ရင္ေတာင္ အိမ္မွာပဲ ၀တ္ဆင္ပါ။ အထူးသျဖင့္ မြဲေျခာက္ေျခာက္အေရာင္ ၊ အမည္းေရာင္ေတြကိုပါ။အဲ့ဒီအစား ဘေလဇာ သို႔မဟုတ္ ဂ်ာကင္အက်ီ ၤေတြကို ေရြးခ်ယ္ပါ။

၄။ အေအးမိေနတာမဟုတ္လွ်င္ ပု၀ါေတြမ၀တ္ဆင္ပါနဲ႔

ပ၀ါေတြ ၀တ္ဆင္ျခင္းက အသက္ႀကီးတဲ့ပံုေပါက္ေစတာေၾကာင့္ ေဆာင္းတြင္းမဟုတ္လွ်င္ ၀တ္ဆင္ဖို႔ ေရွာင္ရွားပါ။ အဲ့ဒီအစား သင့္ရဲ႕လည္ပင္းကို ရွင္းရွင္းလင္းလင္းထားပါ။

၅။ အနက္ေတြခ်ည္း ၀တ္ဆင္ျခင္း ေရွာင္ၾကဥ္ပါ

အနက္က အလြန္စတိုင္က်တဲ့အေရာင္ ျဖစ္ေပမယ့္ all black ေတြကို ေရွာင္ရွားပါ။ ဒါက သင့္အသားအေရာင္ႏွင္ အေရးအေၾကာင္းေတြကို ေပၚလြင္ေစပါတယ္။ ေတာက္ပတဲ့ အ၀တ္အစားေတြက သင့္မ်က္ႏွာကို လင္းလင္းေလး ျဖစ္ေစပါတယ္။

၆။ မိတ္ကပ္ပါးပါးကို ေရြးခ်ယ္ပါ

မိတ္ကပ္အလြန္အကၽြံလိမ္းတာ၊ အရမ္းေတာက္ပၿပီး အေရာင္ရင့္ႏႈတ္ခမ္းနီေတြဆိုးတာက သင့္ႏႈတ္ခမ္းပတ္လည္က အေရးအေၾကာင္းေတြကို သိသာေစၿပီး အေရာင္ရင့္ အိုင္းရွဲဒိုးေတြက သင့္မ်က္လံုးကို ပိုၿပီး ေလးလံေစပါတယ္။ မႏုလြန္း မရင့္လြန္းတဲ့ shade ေလးေတြ၊ Lip gloss ေလးေတြက သင့္ကို ငယ္ရြယ္ၿပီး သဘာ၀ပံုေပါက္ေစပါတယ္။

၇။ အိုဗာဆိုဒ္ ေတြကို ေရွာင္ရွားပါ

အဆမတန္ႀကီးမားတဲ့ အ၀တ္ေတြက သင့္ကို ပိုႀကီးၿပီး ေလးလံတဲ့ပံုေပါက္ေစပါတယ္။ ဒါေတြကို အားကစားရံုမွာသာ ၀တ္ဆင္ပါ။ သင့္ရဲ႕ အေကာင္းဆံုး အဂၤါရပ္ေတြကို ေပၚလြင္ေစၿပီး ကိုယ့္ရဲ႕အရြယ္အစားနဲ႔ ကြက္တိျဖစ္မယ့္ အ၀တ္အစားမ်ားကို ေရြးခ်ယ္ပါ။

၈။ ျဖစ္ႏိုင္လွ်င္ မ်က္မွန္မတပ္ပါနဲ႕

တခ်ိဳ႕လူေတြက ပညာရွင္ပံုေပါက္ေစဖို႔ မ်က္မွန္တပ္ပါတယ္။ တကယ္ေတာ့ သူတို႔က သင့္အသြင္အျပင္ကို အသက္ႀကီးတဲ့ပံုေပါက္ေစပါတယ္။ ဒါ့ေၾကာင့္ မ်က္မွန္ကို ဖယ္ရွားၿပီး မ်က္ကပ္မွန္တပ္ဆင္ဖို႔ စဥ္းစားပါ။

၉။ ပန္းပြင့္အဆင္ေတြကို ေရွာင္ပါ

ပန္းပြင့္အဆင္နဲ႔ ဘေလက္အက်ၤ ီေတြ၊ ဂါ၀န္ေတြက သင့္ကိုအသက္ႀကီးတဲ့ပံုေပါက္ေစပါတယ္။ အဲဒီ့အစား အေရာင္ေဖ်ာ့ေဖ်ာ့ေလးေတြ၊ ေျပာင္ေလးေတြကို ေရြးခ်ယ္ပါ။

၁၀။ ဆံပင္အတို မညွပ္ပါနဲ႔

ဆံပင္အတိုက စတိုင္က်ေပမယ့္ သင့္အမွန္တကယ္အသက္အရြယ္ကို ႏွစ္ဆပိုႀကီးသေယာင္ျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ သင့္ဆံပင္က ထူၿပီး က်န္းမာလွ်င္ ဆံပင္အရွည္ သို႔မဟုတ္ bob ပံုစံေလးေတြထားပါ။


#Lifestyle_Myanmar
#TB_Nandar

Unicode

သင့်ကို အသက်ပိုကြီးတဲ့ ပုံပေါက်စေတဲ့ ဖက်ရှင်ဒီဇိုင်းတွေ
သင်ဝတ်ဆင်တဲ့ အဝတ်အစားဖက်ရှင်က သင့်ရဲ့စိတ်ခံစားချက်၊ သင့်ရဲ့ဖက်ရှင်အမြင်ကို ဖော်ပြနေသလိုပဲ သင့်ကိုပိုပြီးနုပျိုစေ (သို့) ပိုပြီး အသက်ကြီးတဲ့ပုံပေါက်စေပါတယ်။ အဝတ်အစား၊ ဖိနပ်၊ လက်ကိုင်အိတ်၊ လက်ဝတ်ရတနာတွေ ဆင်မြန်းတဲ့အခါ အစပ်အဟပ် တွဲမိဖို့က အရေးပါပါတယ်။ ဒါ့ကြောင့်ဘယ်လိုဖက်ရှင်အမှားတွေက သင့်ကိုအသက်ပိုကြီးတဲ့ ပုံပေါက်စေသလဲဆိုတာ ကြည့်လိုက်ပါဦး။

၁။ လည်ပိတ်အဝတ်အစားတွေ

သင်သည် ငယ်ရွယ်တဲ့ပုံပေါက်ချင်ရင် သင့်လည်ပင်းတွေကို ဖုံးကွယ်မထားပါနဲ့။ လည်ပင်းခေါက်ဆွယ်တာတစ်ထည်အစား လည်ပင်းပေါက်လှလှလေးတွေနဲ့ အကျင်္ ီကိုရွေးချယ်ပါ။

၂။ စကတ်အရှည်တွေ

စကတ်ရှည်တွေက သင့်ကို ဆွဲဆောင်မှုရှိပြီး ငယ်ရွယ်တဲ့ပုံ မပေါက်စေပါဘူး။ ပိုပြီးနုပျိုစေဖို့ ဒူးဖုံးစကတ်လေးတွေ၊ မီနီစကတ်လေးတွေ ရွေးချယ်နိုင်ပါတယ်။

၃။ သိုးမွှေးအကျင်္ ီရင့်စေ့တွေ

ဒီသိုးမွှေးအကျင်္ ီရင့်စေ့တွေကို ကြိုက်ရင်တောင် အိမ်မှာပဲ ဝတ်ဆင်ပါ။ အထူးသဖြင့် မွဲခြောက်ခြောက်အရောင် ၊ အမည်းရောင်တွေကိုပါ။အဲ့ဒီအစား ဘလေဇာ သို့မဟုတ် ဂျာကင်အကျီ င်္တွေကို ရွေးချယ်ပါ။

၄။ အအေးမိနေတာမဟုတ်လျှင် ပုဝါတွေမဝတ်ဆင်ပါနဲ့

ပဝါတွေ ဝတ်ဆင်ခြင်းက အသက်ကြီးတဲ့ပုံပေါက်စေတာကြောင့် ဆောင်းတွင်းမဟုတ်လျှင် ဝတ်ဆင်ဖို့ ရှောင်ရှားပါ။ အဲ့ဒီအစား သင့်ရဲ့လည်ပင်းကို ရှင်းရှင်းလင်းလင်းထားပါ။

၅။ အနက်တွေချည်း ဝတ်ဆင်ခြင်း ရှောင်ကြဉ်ပါ

အနက်က အလွန်စတိုင်ကျတဲ့အရောင် ဖြစ်ပေမယ့် all black တွေကို ရှောင်ရှားပါ။ ဒါက သင့်အသားအရောင်နှင် အရေးအကြောင်းတွေကို ပေါ်လွင်စေပါတယ်။ တောက်ပတဲ့ အဝတ်အစားတွေက သင့်မျက်နှာကို လင်းလင်းလေး ဖြစ်စေပါတယ်။

၆။ မိတ်ကပ်ပါးပါးကို ရွေးချယ်ပါ

မိတ်ကပ်အလွန်အကျွံလိမ်းတာ၊ အရမ်းတောက်ပပြီး အရောင်ရင့်နှုတ်ခမ်းနီတွေဆိုးတာက သင့်နှုတ်ခမ်းပတ်လည်က အရေးအကြောင်းတွေကို သိသာစေပြီး အရောင်ရင့် အိုင်းရှဲဒိုးတွေက သင့်မျက်လုံးကို ပိုပြီး လေးလံစေပါတယ်။ မနုလွန်း မရင့်လွန်းတဲ့ shade လေးတွေ၊ Lip gloss လေးတွေက သင့်ကို ငယ်ရွယ်ပြီး သဘာဝပုံပေါက်စေပါတယ်။

၇။ အိုဗာဆိုဒ် တွေကို ရှောင်ရှားပါ

အဆမတန်ကြီးမားတဲ့ အဝတ်တွေက သင့်ကို ပိုကြီးပြီး လေးလံတဲ့ပုံပေါက်စေပါတယ်။ ဒါတွေကို အားကစားရုံမှာသာ ဝတ်ဆင်ပါ။ သင့်ရဲ့ အကောင်းဆုံး အင်္ဂါရပ်တွေကို ပေါ်လွင်စေပြီး ကိုယ့်ရဲ့အရွယ်အစားနဲ့ ကွက်တိဖြစ်မယ့် အဝတ်အစားများကို ရွေးချယ်ပါ။

၈။ ဖြစ်နိုင်လျှင် မျက်မှန်မတပ်ပါနဲ့

တချို့လူတွေက ပညာရှင်ပုံပေါက်စေဖို့ မျက်မှန်တပ်ပါတယ်။ တကယ်တော့ သူတို့က သင့်အသွင်အပြင်ကို အသက်ကြီးတဲ့ပုံပေါက်စေပါတယ်။ ဒါ့ကြောင့် မျက်မှန်ကို ဖယ်ရှားပြီး မျက်ကပ်မှန်တပ်ဆင်ဖို့ စဉ်းစားပါ။

၉။ ပန်းပွင့်အဆင်တွေကို ရှောင်ပါ

ပန်းပွင့်အဆင်နဲ့ ဘလေက်အကျင်္ ီတွေ၊ ဂါဝန်တွေက သင့်ကိုအသက်ကြီးတဲ့ပုံပေါက်စေပါတယ်။ အဲဒီ့အစား အရောင်ဖျော့ဖျော့လေးတွေ၊ ပြောင်လေးတွေကို ရွေးချယ်ပါ။

၁၀။ ဆံပင်အတို မညှပ်ပါနဲ့

ဆံပင်အတိုက စတိုင်ကျပေမယ့် သင့်အမှန်တကယ်အသက်အရွယ်ကို နှစ်ဆပိုကြီးသယောင်ဖြစ်စေပါတယ်။ ဒါ့ကြောင့် သင့်ဆံပင်က ထူပြီး ကျန်းမာလျှင် ဆံပင်အရှည် သို့မဟုတ် bob ပုံစံလေးတွေထားပါ။
#Lifestyle_Myanmar
#TB_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here