သင့္ကို ပိုၿပီးေခတ္ဆန္ေၾကာ့ေမာ့ေစမယ့္ ဆံပင္စတိုင္ ၈မ်ိဳး

0
1528

အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အလွအပကို ဆံုးျဖတ္တဲ့ေနရာမွာ ဆံပင္ပံုစံကလည္း အေရးပါပါတယ္။ ဆံပင္ပံုစံက လူတစ္ေယာက္ရဲ႕ ရုပ္ရည္အသြင္အျပင္ႏွင့္ သူ႔ရဲ႕ေနပံုထိုင္ပံု၊ အျပဳအမႈစတုိင္ေတြကို ေျပာင္းလဲသြားေစႏိုင္ပါတယ္။ ေခတ္ေရစီးေၾကာင္းအရလည္း ဖက္ရွင္ေတြက ေျပာင္းလဲေနတာေၾကာင့္ အရင္က ရိုးရိုးွရွင္းရွင္း ဆံပင္ပံုစံေတြကို ေရွာင္ၾကဥ္ၿပီး ပိုၿပီးစတိုင္က်၊ ပိုၿပီးေခတ္ဆန္ေၾကာ့ေမာ့ေစမယ့္ ဆံပင္ပံုစံေလးေတြ ေျပာင္းလဲၾကည့္ႏိုင္ပါတယ္။
၁။ က်စ္ဆံၿမီး

-Advertisement-


သင့္ရဲ႕အသက္က ၁၂ ဒါမွမဟုတ္ ဒီထက္ပိုႀကီးလွ်င္ ဖြတ္ၿမီးထိုးပံုစံက သင့္ကို ႏုနယ္ၿပီး ကေလးဆန္ေစမွာပါ။ က်စ္ဆံၿမီးဆံပင္ပံုစံကို ယခုထိျပဳလုပ္ေနဆဲပဲဆိုရင္ ျပင္သစ္က်စ္ဆံၿမီး၊ ငါးရိုးက်စ္ဆံၿမီး၊ ပိုနီေတးက်စ္ဆံၿမီး သို႔မဟုတ္ ေရတံခြန္က်စ္ဆံၿမီးကဲ့သို႔ က်စ္ဆံၿမီးက ပံုမွန္က်စ္ဆံၿမီးထက္ သင့္ကို ဆြဲေဆာင္မႈပိုရွိေစမွာပါ။
၂။ခါင္းစည္းကြင္းတစ္ခုနဲ႔ ပိုနီေတးစည္းတဲ့အခါ


အရင္တုန္းကလို ေခါင္းစည္းကြင္းတစ္ခုနဲ႔ ဆံပင္ကို ခပ္ျမင့္ျမင့္စည္းတဲ့ပံုစံက ရိုးရွင္းလြန္းပါတယ္။ ပိုၿပီးစတုိင္က်ေစဖို႔ဆိုရင္ သင့္ဆံပင္အေရာင္နဲ႔ လိုက္ဖက္တဲ့ ေခါင္းစညး္ကြင္းပါးပါးေလးကို စည္းပါ။ ေခါင္းစညး္သေရကြင္းက အရမ္းေတာက္ပလြန္း ထင္းလြန္းတယ္ဆိုရင္ သေရကြင္း မေပၚေအာင္ သင့္ပိုနီေတးရဲ႕ေအာက္ေျခတစ္ဝိုက္ကို ဆံပင္အနည္းငယ္နဲ႔ ပတ္ေပးပါ။
၃။ ဒိုးနပ္ bun ပံုစံထံုးတာ


donut bun ပံုစံထံုးတာက အရင္တုန္းက အရမ္းေဟာ့ျဖစ္ေပမယ့္ ယခုအခ်ိန္မွာ ေခတ္မမီေတာ့ပါဘူး။သင့္ဆံပင္က ထူၿပီး ရွည္တယ္ဆိုရင္ ပိုၿပီးေၾကာ့ေၾကာ့ေမာ့ေမာ့ ရွိေစဖို႔ ရိုးရိုးbun မဟုတ္တဲ့ ခပ္ပြပြ natural bun ေလးထံုးဖြဲ႕လို႔ရပါတယ္။
၄။ ဂြဆံညွပ္ အသံုးျပဳတာ


ဆံညွပ္တစ္ခုက ေရခ်ိဳးတဲ့အခါ ၊မ်က္ႏွာသစ္တဲ့အခါ ဆံပင္ေတြ ရႈပ္ေထြးတာကို စုစည္းဖို႔ လိုအပ္တဲ့အခါ အရမ္းကို အကူအညီျဖစ္ပါတယ္။ ဒါေပမယ့္ ဒီလိုရိုးရိုး ဂြဆံညွပ္ေတြအစား ေစ်းဝယ္ထြက္ရင္ေတာင္ ပိုၿပီး စတိုင္က် ေၾကာ့ရွင္းေနေစမယ့္ ဆံညွပ္ပံုစံေလးေတြကို ေရြးခ်ယ္ဖို႔ ႀကိဳးစားပါ။
၅။ ဆံပင္အေကာက္+ ဆံၿမိတ္


အရင္တုန္းက တစ္ေခါင္းလံုးေကာက္ၿပီး ဆံၿမိတ္ပါးပါးခ်ထားတာက ခုခ်ိန္မွာ ေခတ္မမီေတာ့ပါဘူး။ ဆံၿမိတ္ေလးနဲ႔ အေကာက္ပံုစံျပဳလုပ္ခ်င္ရင္ေတာ့ တစ္ေခါင္းလံုးမေကာက္ပဲ လိႈင္းတြန္႔ပံုစံေျပေျပေလးေကာက္တာက ပိုၿပီးေခတ္မီပါတယ္။
၆။ Wet-hair look


ဒီဆံပင္ပံု trend ကတကယ္ေတာ့ ေခတ္မမီေတာ့ပါဘူး။ ဒီလိုဆံပင္စတိုင္ျပဳလုပ္ရင္ styling products ေတြကို ဂရုစိုက္ရပါမယ္။ ဂ်ယ္လ္အမ်ားႀကီးက သင့္ဆံပင္ကို ကပ္စီးစီးျဖစ္ေစပါလိမ့္မယ္။ ဒီဆံပင္ပံုစံက ရံုးဝန္ထမ္းေတြအတြက္လည္း လံုးဝမသင့္ေတာ္ပါဘူး။
၇။ ponytail စည္းတဲ့အခါ


အၿမဲတမ္း စတိုင္က်ေစတဲ့ ပိုနီေတးပံုစံ ၂မ်ိဳးရွိပါတယ္။ ခပ္ျမင့္ျမင့္စည္းတာနဲ႔ နိမ့္နိမ္႔စည္းတာပါ။ ရိုးရိုးအနိမ့္စညး္တာက သင့္ဆံပင္ကို ပါးၿပီး ေစးကပ္ကပ္ပံုစံ ေပါက္ေစပါတယ္။ ခပ္ျမင့္ျမင့္ေလးစည္းတာက သင့္ဆံပင္ကို ပိုၿပီးထူတယ္လို႔ ထင္ရေစပါတယ္။
၈။ ဆံညွပ္ေလးေတြကို မျမင္ရေအာင္


ဆံညွပ္ေလးေတြကုိ ဆံထံုးထံုးတဲ့အခါ အသံုးျပဳၾကပါတယ္။ ကၽြမ္းက်င္သူမ်ားက ဆံညွပ္ေလးေတြကို နည္းလမ္း ၂မ်ိဳးနဲ႔ အသံုးျပဳဖို႔ အႀကံျပဳထားပါတယ္။
ဆံထံုးထံုးတဲ့အခါ ဆံညွပ္ေတြက ဆံပင္အေရာင္နဲ႔ လိုက္ဖက္ရမွာျဖစ္ၿပီး ဆံပင္နဲ႔အုပ္ေနသင့္ပါတယ္။
အေရာင္ေတာက္ေတာက္ အလွဆင္ဆံညွပ္ေလးေတြ ေရြးခ်ယ္တဲ့အခါ ၂ခုထက္ပိုၿပီး မသံုးသင့္ပါဘူး။
#Lifestyle_ Myamar
#LM_Nandar
Source-brightside

Unicode

သင့်ကို ပိုပြီးခေတ်ဆန်ကြော့မော့စေမယ့် ဆံပင်စတိုင် ၈မျိုး
အမျိုးသမီးတစ်ယောက်ရဲ့ အလှအပကို ဆုံးဖြတ်တဲ့နေရာမှာ ဆံပင်ပုံစံကလည်း အရေးပါပါတယ်။ ဆံပင်ပုံစံက လူတစ်ယောက်ရဲ့ ရုပ်ရည်အသွင်အပြင်နှင့် သူ့ရဲ့နေပုံထိုင်ပုံ၊ အပြုအမှုစတိုင်တွေကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ခေတ်ရေစီးကြောင်းအရလည်း ဖက်ရှင်တွေက ပြောင်းလဲနေတာကြောင့် အရင်က ရိုးရိုးှရှင်းရှင်း ဆံပင်ပုံစံတွေကို ရှောင်ကြဉ်ပြီး ပိုပြီးစတိုင်ကျ၊ ပိုပြီးခေတ်ဆန်ကြော့မော့စေမယ့် ဆံပင်ပုံစံလေးတွေ ပြောင်းလဲကြည့်နိုင်ပါတယ်။
၁။ ကျစ်ဆံမြီး
သင့်ရဲ့အသက်က ၁၂ ဒါမှမဟုတ် ဒီထက်ပိုကြီးလျှင် ဖွတ်မြီးထိုးပုံစံက သင့်ကို နုနယ်ပြီး ကလေးဆန်စေမှာပါ။ ကျစ်ဆံမြီးဆံပင်ပုံစံကို ယခုထိပြုလုပ်နေဆဲပဲဆိုရင် ပြင်သစ်ကျစ်ဆံမြီး၊ ငါးရိုးကျစ်ဆံမြီး၊ ပိုနီတေးကျစ်ဆံမြီး သို့မဟုတ် ရေတံခွန်ကျစ်ဆံမြီးကဲ့သို့ ကျစ်ဆံမြီးက ပုံမှန်ကျစ်ဆံမြီးထက် သင့်ကို ဆွဲဆောင်မှုပိုရှိစေမှာပါ။
ခေါင်းစည်းကွင်းတစ်ခုနဲ့ ပိုနီတေးစည်းတာ
အရင်တုန်းကလို ခေါင်းစည်းကွင်းတစ်ခုနဲ့ ဆံပင်ကို ခပ်မြင့်မြင့်စည်းတဲ့ပုံစံက ရိုးရှင်းလွန်းပါတယ်။ ပိုပြီးစတိုင်ကျစေဖို့ဆိုရင် သင့်ဆံပင်အရောင်နဲ့ လိုက်ဖက်တဲ့ ခေါင်းစညး်ကွင်းပါးပါးလေးကို စည်းပါ။ ခေါင်းစညး်သရေကွင်းက အရမ်းတောက်ပလွန်း ထင်းလွန်းတယ်ဆိုရင် သရေကွင်း မပေါ်အောင် သင့်ပိုနီတေးရဲ့အောက်ခြေတစ်ဝိုက်ကို ဆံပင်အနည်းငယ်နဲ့ ပတ်ပေးပါ။
၃။ ဒိုးနပ် bun ပုံစံထုံးတာ
donut bun ပုံစံထုံးတာက အရင်တုန်းက အရမ်းဟော့ဖြစ်ပေမယ့် ယခုအချိန်မှာ ခေတ်မမီတော့ပါဘူး။သင့်ဆံပင်က ထူပြီး ရှည်တယ်ဆိုရင် ပိုပြီးကြော့ကြော့မော့မော့ ရှိစေဖို့ ရိုးရိုးbun မဟုတ်တဲ့ ခပ်ပွပွ natural bun လေးထုံးဖွဲ့လို့ရပါတယ်။
၄။ ဂွဆံညှပ် အသုံးပြုတာ
ဆံညှပ်တစ်ခုက ရေချိုးတဲ့အခါ ၊မျက်နှာသစ်တဲ့အခါ ဆံပင်တွေ ရှုပ်ထွေးတာကို စုစည်းဖို့ လိုအပ်တဲ့အခါ အရမ်းကို အကူအညီဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုရိုးရိုး ဂွဆံညှပ်တွေအစား စျေးဝယ်ထွက်ရင်တောင် ပိုပြီး စတိုင်ကျ ကြော့ရှင်းနေစေမယ့် ဆံညှပ်ပုံစံလေးတွေကို ရွေးချယ်ဖို့ ကြိုးစားပါ။
၅။ ဆံပင်အကောက်+ ဆံမြိတ်
အရင်တုန်းက တစ်ခေါင်းလုံးကောက်ပြီး ဆံမြိတ်ပါးပါးချထားတာက ခုချိန်မှာ ခေတ်မမီတော့ပါဘူး။ ဆံမြိတ်လေးနဲ့ အကောက်ပုံစံပြုလုပ်ချင်ရင်တော့ တစ်ခေါင်းလုံးမကောက်ပဲ လှိုင်းတွန့်ပုံစံပြေပြေလေးကောက်တာက ပိုပြီးခေတ်မီပါတယ်။
၆။ Wet-hair look
ဒီဆံပင်ပုံ trend ကတကယ်တော့ ခေတ်မမီတော့ပါဘူး။ ဒီလိုဆံပင်စတိုင်ပြုလုပ်ရင် styling products တွေကို ဂရုစိုက်ရပါမယ်။ ဂျယ်လ်အများကြီးက သင့်ဆံပင်ကို ကပ်စီးစီးဖြစ်စေပါလိမ့်မယ်။ ဒီဆံပင်ပုံစံက ရုံးဝန်ထမ်းတွေအတွက်လည်း လုံးဝမသင့်တော်ပါဘူး။
၇။ ponytail စည်းတဲ့အခါ
အမြဲတမ်း စတိုင်ကျစေတဲ့ ပိုနီတေးပုံစံ ၂မျိုးရှိပါတယ်။ ခပ်မြင့်မြင့်စည်းတာနဲ့ နိမ့်နိမ့်စည်းတာပါ။ ရိုးရိုးအနိမ့်စညး်တာက သင့်ဆံပင်ကို ပါးပြီး စေးကပ်ကပ်ပုံစံ ပေါက်စေပါတယ်။ ခပ်မြင့်မြင့်လေးစည်းတာက သင့်ဆံပင်ကို ပိုပြီးထူတယ်လို့ ထင်ရစေပါတယ်။
၈။ ဆံညှပ်လေးတွေကို မမြင်ရအောင်
ဆံညှပ်လေးတွေကို ဆံထုံးထုံးတဲ့အခါ အသုံးပြုကြပါတယ်။ ကျွမ်းကျင်သူများက ဆံညှပ်လေးတွေကို နည်းလမ်း ၂မျိုးနဲ့ အသုံးပြုဖို့ အကြံပြုထားပါတယ်။
ဆံထုံးထုံးတဲ့အခါ ဆံညှပ်တွေက ဆံပင်အရောင်နဲ့ လိုက်ဖက်ရမှာဖြစ်ပြီး ဆံပင်နဲ့အုပ်နေသင့်ပါတယ်။
အရောင်တောက်တောက် အလှဆင်ဆံညှပ်လေးတွေ ရွေးချယ်တဲ့အခါ ၂ခုထက်ပိုပြီး မသုံးသင့်ပါဘူး။
#Lifestyle_ Myamar
#LM_Nandar
Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here