သင္ကတစ္စံုတစ္ေယာက္ကို ခ်စ္ၿပီး သူကလည္းသင့္ကိုျပန္ခ်စ္တဲ့အခါ အရာရာဟာၾကည္ႏူးစရာေကာင္းၿပီး ေပ်ာ္ရြင္မႈေတြက ႏိႈင္းဆမရပါဘူး။ တစ္ေနကုန္ သူနဲ႔ပဲ အခ်ိန္ေတြကုန္ဆံုးခ်င္ေနမယ္၊ ဘယ္ေလာက္ျမင္ေနရျမင္ေနရ ၾကည့္လို႔ဝတယ္လို႔ မရွိပဲျဖစ္ေနမယ္၊ သင့္ကိုယ္သင္လည္း ဘယ္တုန္းကမွမေျပာခဲ့ဘူးတဲ့ သူကိုဘယ္ေလာက္ထိတန္ဖိုးထားေၾကာင္းေတြ က်ိန္ဆိုမႈေတြကို ျပန္ေျပာမိေနမယ္။ ဒါေပမယ့္ ဒီလိုအရာေတြ စတင္ေျပာင္းလဲလာတဲ့အခ်ိန္မွာ သင့္အတြက္ နာက်င္မႈေတြနဲ႔ လက္ထဲကတစ္ခုခုလြတ္က်ဆံုး႐ႈံးသြားသလို ခံစားရႏိုင္ပါတယ္။ သင့္ကိုမခ်စ္ေတာ့တဲ့ ခ်စ္သူဟာလည္း သင္နဲ႔ဆက္ဆံေနရတဲ့ အခ်ိန္ေတြဟာ ဝန္ထုပ္ဝန္ပိုးတစ္ခုလို၊ ေရွာင္မရတဲ့ျပႆနာတစ္ခုလို ခံစားေနရပါလိမ့္မယ္။ ဒီလိုဆိုရင္ သင္တို႔ရဲ႕ အခ်စ္ေရးက လံုးဝေျပာင္းလဲသြားခဲ့ပါၿပီ။
ဒီလိုအနီးဆံုးကေန အေဝးဆံုးကို ေရာက္သြားတဲ့အခါ သူျပသတတ္တဲ့ လကၡဏာရပ္ေတြကို ၾကည့္ၿပီးေတာ့ သင္ေကာင္းစြာရိပ္မိႏိုင္မွာပါ။
သင့္ဆီကို သိပ္မဆက္သြယ္ေတာ့ဘူး
တကယ္လို႔ သင္ကသူဖုန္းေခၚတာကို မကိုင္မိတဲ့အခါ သို႔မဟုတ္စိတ္ေကာက္ၿပီး ဖုန္းခ်လိုက္တဲ့ အခါမ်ိဳးေတြမွာ သူသာသင့္ကိုတကယ္ခ်စ္ေသးရင္ မက္ေဆ့စာပို႔ဖို႔ ႀကိဳးစားမွာအေသအခ်ာပါပဲ။ ဒါေပမယ့္ ယခုလိုျပဳလုပ္တာေတြ မရွိေတာ့ျခင္း၊ သင္ကေတြ႔ဖို႔အတြက္ ေျပာတဲ့အခါ အလုပ္႐ႈပ္ေနတယ္၊ သို႔မဟုတ္ တစ္ေယာက္တည္းအနားယူဖို႔ လိုအပ္တယ္ ဆိုတဲ့အေၾကာင္းျပခ်က္မ်ိဳးစံုနဲ႔ ေရွာင္ဖယ္တာေတြဟာ သူ႔ရဲ႕ေျပာင္းလဲလာတဲ့ လကၡဏာေတြျဖစ္ပါတယ္။ တကယ္ခ်စ္တဲ့သူဆိုရင္ တစ္ေန႔လံုးဘယ္ေလာက္ပဲ အလုပ္႐ႈပ္ပါေစ နားတဲ့အခ်ိန္ေလးမွာတင္ ခ်စ္သူကိုဆက္သြယ္ဖို႔
ႀကိဳးစားတတ္ၾကပါတယ္။
အနာဂတ္အေၾကာင္း မေျပာေတာ့ဘူး
သင္တို႔ႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ အရမ္းခ်စ္ေနတဲ့အခ်ိန္ေတြမွာ ေန႔စဥ္နဲ႔အမွ် အနာဂတ္အတြက္ စိတ္ကူးယဥ္မႈေတြ၊ အစီအစဥ္ေတြကို အျပန္အလွန္ေျပာတတ္ၾကပါတယ္။ အနာဂတ္အေၾကာင္း တိုင္ပင္ၾကတာဟာ သင္တို႔ႏွစ္ေယာက္လံုး ခ်စ္ေနလို႔ပါ။ ဒါေပမဲ့ သူကအနာဂတ္အေၾကာင္းေျပာဖို႕ ေရွာင္ရွားလာတာေတြ၊ သင္ေျပာတဲ့အခါ စကားလမ္းေၾကာင္းလႊဲတာေတြ၊ ေပါ့ေပါ့တန္တန္ပဲ မသိက်ိဳးကၽြံျပဳတာေတြဟာ သင့္ကိုစိတ္ဝင္စားမႈ နည္းပါးလာျခင္းနဲ႔ သင္နဲ႔အတူတူအနာဂတ္ကို တည္ေဆာက္ဖို႔ စိတ္ကူးမရွိေတာ့တာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။
ဂ႐ုစိုက္မႈေတြ ရပ္တန္႔သြားတယ္
အျမဲတမ္းရန္ျဖစ္ေနရျခင္းဟာ အခ်စ္ေတြေပ်ာက္ဆံုးေနျခင္းရဲ႕ သေကၤတတစ္ခုျဖစ္ပါတယ္။ ဒီလိုဂ႐ုမစိုက္ျခင္းေတြ သူဆီကေပ်ာက္ဆံုးေနတဲ့အခါ သင္နဲ႔မၾကာခဏဆိုသလို အေခ်အတင္ျဖစ္လာၿပီး သင္ဘာလုပ္လုပ္ ဘာေျပာေျပာ သူက ဂ႐ုမစိုက္ေတာ့ျခင္း သို႔မဟုတ္ အရင္လိုေႏြးေထြးၾကင္နာမႈေတြ ကုန္ခန္းသြားျခင္းဟာ သင့္ကိုသူမခ်စ္ေတာ့တာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။
႐ုပ္ပိုင္းထိေတြမႈေတြ က်ဆင္းလာမယ္
သင့္ရဲ႕ relationship အတြင္း ႐ုပ္ပိုင္းဆိုင္ရာ ထိေတြ႔မႈ အေျပာင္းအလဲေတြကလည္း သူ႔ရဲ႕အေျခအေနကို ခန္႔မွန္းႏိုင္ပါတယ္။ သင့္ကိုအရင္ကလို ၾကင္နာမႈေတြ မေပးေတာ့တာ သို႔မဟုတ္ သင္တို႔ရဲ႕ လိင္ကိစၥၿပီးေျမာက္တဲ့ေနာက္မွာ သင့္ကိုဂ႐ုမစိုက္တာ တာဝန္တစ္ခုလို သို႔မဟုတ္ အပန္းေျဖစရာတစ္ခုလို ေဆာင္ရြက္ေနတာေတြဟာ သင့္ကိုမခ်စ္ေတာ့ေၾကာင္း ျပေနတဲ့ လကၡဏာေတြပဲ ျဖစ္ပါတယ္။ ဒါေတြကို သိရွိႏိုင္ဖို႔အတြက္ သူ႔ကိုဖက္တာေတြ နမ္းတာေတြမၾကာခဏျပဳလုပ္ေပးျခင္းျဖင့္ စမ္းသပ္ႏိုင္ပါတယ္။
သင့္ထက္ပိုၿပီး သူငယ္ခ်င္းေတြနဲ႔ ပိုေပ်ာ္လာမယ္
တကယ္လို႔ သင့္ရဲ႕ခ်စ္သူက သင္နဲ႔အလြန္နည္းတဲ့ အခ်ိန္ေတြသာ ရွိေနၿပီး သူ႔ရဲ႕သူငယ္ခ်င္းေတြနဲ႔ပဲ ေပ်ာ္ျမဴးေနတာ အခ်ိန္ေပးေနတာေတြ လုပ္ခဲ့ရင္ သင့္အေပၚအခ်စ္ေတြ ကုန္ဆံုးေနၿပီလို႔ ဆိုလိုလို႔ရပါမယ္။ အမွန္ဆိုရင္ သူေပ်ာ္ရြင္ေနတဲ့ အခ်ိန္ေတြ၊ သူငယ္ခ်င္းေတြနဲ႔ ရွိေနခ်ိန္မွာ သင့္ကိုပါပါဝင္ခြင့္ေပးသင့္ပါတယ္။ သင့္ဖက္ကလည္း သူ႔ရဲ႕သူငယ္ခ်င္းေတြနဲ႔ ေပါင္းသင္းဆက္ဆံေရး အဆင္ေျပဖို႔လိုအပ္ပါတယ္။ ဒါေပမယ့္ သင့္ကိုေဘးဖယ္ထားၿပီး ဥေပကၡာျပဳထားရင္ေတာ့ သင့္အတြက္မေကာင္းပါဘူး။
မိသားစုအတြင္းကို ဆြဲမေခၚေတာ့ဘူး
သင္တို႔ႏွစ္ေယာက္ ခ်စ္သူျဖစ္စမွာ တစ္ေယာက္ရဲ႕မိသားစုနဲ႔ ေတြ႔ဆံုေပးတာ၊ ညစာအတူစားတာေတြနဲ႔၊ ခင္မင္ရင္းႏွီးေအာင္ သူ႔ဖက္က အားထုတ္ခဲ့တာေတြ ရွိပါလိမ့္မယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာ သင့္ကိုသူ႔ရဲ႕အသိုင္းအဝိုင္းနဲ႔ အရမ္းႀကီးမခင္မင္ေစလိုေတာ့တာ၊ သူ႔မိဘေတြနဲ႔ မေတြ႔ေစေတာ့တာဟာ သင့္အတြက္ ေကာင္းတဲ့လကၡဏာေတာ့ မဟုတ္ပါဘူး။
သင့္ရဲ႕ေမွ်ာ္လင့္ခ်က္ေတြကို ေထာက္ပံ့ေပးမႈမရွိေတာ့ဘူး
ခ်စ္သူေတြဟာ တစ္ေယာက္ကအဆင္မေျပမႈေတြနဲ႔ က်႐ႈံးတဲ့အခါ တစ္ေယာက္ကေဘးနားကေန ေဖးမေပးတတ္ၾကၿပီး ခ်စ္သူရဲ႕စိတ္ကူးေတြ၊ အိမ္မက္ေတြ အေကာင္အထည္ေဖာ္ဖို႔ အားေပးတတ္ၾကပါတယ္။ ဒါေပမယ့္ သင့္ရဲ႕စိတ္ကူးေမွ်ာ္လင့္ခ်က္ေတြကို လံုးဝလစ္လ်ဴ႐ႈၿပီး စိတ္မဝင္စားေတာ့ရင္ေတာ့ သင့္ကိုစိတ္ဝင္စားမႈ ရပ္တန္႔သြားၿပီလို႔ ဆိုလို႔ရပါတယ္။
သင့္ကိုအျခားသူေတြနဲ႔ ႏိႈင္းယွဥ္လာမယ္
ကိုယ့္ကိုအျခားသူေတြနဲ႔ ႏႈိင္းယွဥ္ခံရတာေလာက္ relationship မွာခံျပင္းစ၇ာေကာင္းတာ မရွိေတာ့ပါဘူး။ ကိုယ့္ကိုယ္ကိုေလးစားမႈ က်ဆင္းေအာင္ လုပ္ေဆာင္ျခင္းဟာ ဆိုးရြားတဲ့အရာပါ။ ဒီလိုျပဳလုပ္လာၿပီဆိုရင္ေတာ့ သင့္ကိုျဖတ္ခ်င္ေနတာ ျဖစ္ႏိုင္ပါတယ္။
တစ္ကိုယ္ရည္သန္႔ရွင္းေရးနဲ႔ ပတ္သတ္ၿပီး အမ်ိဳးသမီးေတြ မွားေလ့ရွိတဲ့ အမွား (၁၅) ခ်က္
သူသင့္ကိုေျပာလိမ့္မယ္
ဒါဟာသင့္အတြက္ အဆံုးသတ္ relationship လို႔ေျပာလို႔ရပါတယ္။ သူကသင့္ကိုမခ်စ္ႏိုင္ေတာ့ဘူးလို႔ ေျပာလာတဲ့အခါ သင့္ဖက္ကသူျပန္ခ်စ္လာေအာင္ ႀကိဳးစားဖို႔ဆို အရမ္းပဲခက္ခဲႏိုင္ပါတယ္။ ဒီလိုအခ်ိန္မွာ သင့္ရဲ႕အနာဂတ္အတြက္ ေပ်ာ္စရာေတြမေပးႏိုင္ေတာ့တဲ့ လူတစ္ေယာက္ကိုဆက္ၿပီး ခ်စ္ေနမယ့္အစား ကိုယ့္ဘဝကိုယ္ပိုေကာင္းေအာင္ႀကိဳးစားျခင္း သို႔မဟုတ္ ေနာက္ထပ္ကိုယ့္ကိုတကယ္ခ်စ္မယ့္ အခ်စ္သစ္ရွာေဖြျခင္း တို႔ကိုပဲႀကိဳးစားသင့္ပါတယ္။
#LM_Naung_Naung
#Lifestyle_Myanmar
Unicode
သင်ကတစ်စုံတစ်ယောက်ကို ချစ်ပြီး သူကလည်းသင့်ကိုပြန်ချစ်တဲ့အခါ အရာရာဟာကြည်နူးစရာကောင်းပြီး ပျော်ရွင်မှုတွေက နှိုင်းဆမရပါဘူး။ တစ်နေကုန် သူနဲ့ပဲ အချိန်တွေကုန်ဆုံးချင်နေမယ်၊ ဘယ်လောက်မြင်နေရမြင်နေရ ကြည့်လို့ဝတယ်လို့ မရှိပဲဖြစ်နေမယ်၊ သင့်ကိုယ်သင်လည်း ဘယ်တုန်းကမှမပြောခဲ့ဘူးတဲ့ သူကိုဘယ်လောက်ထိတန်ဖိုးထားကြောင်းတွေ ကျိန်ဆိုမှုတွေကို ပြန်ပြောမိနေမယ်။ ဒါပေမယ့် ဒီလိုအရာတွေ စတင်ပြောင်းလဲလာတဲ့အချိန်မှာ သင့်အတွက် နာကျင်မှုတွေနဲ့ လက်ထဲကတစ်ခုခုလွတ်ကျဆုံးရှုံးသွားသလို ခံစားရနိုင်ပါတယ်။ သင့်ကိုမချစ်တော့တဲ့ ချစ်သူဟာလည်း သင်နဲ့ဆက်ဆံနေရတဲ့ အချိန်တွေဟာ ဝန်ထုပ်ဝန်ပိုးတစ်ခုလို၊ ရှောင်မရတဲ့ပြဿနာတစ်ခုလို ခံစားနေရပါလိမ့်မယ်။ ဒီလိုဆိုရင် သင်တို့ရဲ့ အချစ်ရေးက လုံးဝပြောင်းလဲသွားခဲ့ပါပြီ။
ဒီလိုအနီးဆုံးကနေ အဝေးဆုံးကို ရောက်သွားတဲ့အခါ သူပြသတတ်တဲ့ လက္ခဏာရပ်တွေကို ကြည့်ပြီးတော့ သင်ကောင်းစွာရိပ်မိနိုင်မှာပါ။
သင့်ဆီကို သိပ်မဆက်သွယ်တော့ဘူး
တကယ်လို့ သင်ကသူဖုန်းခေါ်တာကို မကိုင်မိတဲ့အခါ သို့မဟုတ်စိတ်ကောက်ပြီး ဖုန်းချလိုက်တဲ့ အခါမျိုးတွေမှာ သူသာသင့်ကိုတကယ်ချစ်သေးရင် မက်ဆေ့စာပို့ဖို့ ကြိုးစားမှာအသေအချာပါပဲ။ ဒါပေမယ့် ယခုလိုပြုလုပ်တာတွေ မရှိတော့ခြင်း၊ သင်ကတွေ့ဖို့အတွက် ပြောတဲ့အခါ အလုပ်ရှုပ်နေတယ်၊ သို့မဟုတ် တစ်ယောက်တည်းအနားယူဖို့ လိုအပ်တယ် ဆိုတဲ့အကြောင်းပြချက်မျိုးစုံနဲ့ ရှောင်ဖယ်တာတွေဟာ သူ့ရဲ့ပြောင်းလဲလာတဲ့ လက္ခဏာတွေဖြစ်ပါတယ်။ တကယ်ချစ်တဲ့သူဆိုရင် တစ်နေ့လုံးဘယ်လောက်ပဲ အလုပ်ရှုပ်ပါစေ နားတဲ့အချိန်လေးမှာတင် ချစ်သူကိုဆက်သွယ်ဖို့
ကြိုးစားတတ်ကြပါတယ်။
အနာဂတ်အကြောင်း မပြောတော့ဘူး
သင်တို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်နေတဲ့အချိန်တွေမှာ နေ့စဉ်နဲ့အမျှ အနာဂတ်အတွက် စိတ်ကူးယဉ်မှုတွေ၊ အစီအစဉ်တွေကို အပြန်အလှန်ပြောတတ်ကြပါတယ်။ အနာဂတ်အကြောင်း တိုင်ပင်ကြတာဟာ သင်တို့နှစ်ယောက်လုံး ချစ်နေလို့ပါ။ ဒါပေမဲ့ သူကအနာဂတ်အကြောင်းပြောဖို့ ရှောင်ရှားလာတာတွေ၊ သင်ပြောတဲ့အခါ စကားလမ်းကြောင်းလွှဲတာတွေ၊ ပေါ့ပေါ့တန်တန်ပဲ မသိကျိုးကျွံပြုတာတွေဟာ သင့်ကိုစိတ်ဝင်စားမှု နည်းပါးလာခြင်းနဲ့ သင်နဲ့အတူတူအနာဂတ်ကို တည်ဆောက်ဖို့ စိတ်ကူးမရှိတော့တာကြောင့် ဖြစ်နိုင်ပါတယ်။
ဂရုစိုက်မှုတွေ ရပ်တန့်သွားတယ်
အမြဲတမ်းရန်ဖြစ်နေရခြင်းဟာ အချစ်တွေပျောက်ဆုံးနေခြင်းရဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်။ ဒီလိုဂရုမစိုက်ခြင်းတွေ သူဆီကပျောက်ဆုံးနေတဲ့အခါ သင်နဲ့မကြာခဏဆိုသလို အချေအတင်ဖြစ်လာပြီး သင်ဘာလုပ်လုပ် ဘာပြောပြော သူက ဂရုမစိုက်တော့ခြင်း သို့မဟုတ် အရင်လိုနွေးထွေးကြင်နာမှုတွေ ကုန်ခန်းသွားခြင်းဟာ သင့်ကိုသူမချစ်တော့တာကြောင့် ဖြစ်နိုင်ပါတယ်။
ရုပ်ပိုင်းထိတွေမှုတွေ ကျဆင်းလာမယ်
သင့်ရဲ့ relationship အတွင်း ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု အပြောင်းအလဲတွေကလည်း သူ့ရဲ့အခြေအနေကို ခန့်မှန်းနိုင်ပါတယ်။ သင့်ကိုအရင်ကလို ကြင်နာမှုတွေ မပေးတော့တာ သို့မဟုတ် သင်တို့ရဲ့ လိင်ကိစ္စပြီးမြောက်တဲ့နောက်မှာ သင့်ကိုဂရုမစိုက်တာ တာဝန်တစ်ခုလို သို့မဟုတ် အပန်းဖြေစရာတစ်ခုလို ဆောင်ရွက်နေတာတွေဟာ သင့်ကိုမချစ်တော့ကြောင်း ပြနေတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဒါတွေကို သိရှိနိုင်ဖို့အတွက် သူ့ကိုဖက်တာတွေ နမ်းတာတွေမကြာခဏပြုလုပ်ပေးခြင်းဖြင့် စမ်းသပ်နိုင်ပါတယ်။
သင့်ထက်ပိုပြီး သူငယ်ချင်းတွေနဲ့ ပိုပျော်လာမယ်
တကယ်လို့ သင့်ရဲ့ချစ်သူက သင်နဲ့အလွန်နည်းတဲ့ အချိန်တွေသာ ရှိနေပြီး သူ့ရဲ့သူငယ်ချင်းတွေနဲ့ပဲ ပျော်မြူးနေတာ အချိန်ပေးနေတာတွေ လုပ်ခဲ့ရင် သင့်အပေါ်အချစ်တွေ ကုန်ဆုံးနေပြီလို့ ဆိုလိုလို့ရပါမယ်။ အမှန်ဆိုရင် သူပျော်ရွင်နေတဲ့ အချိန်တွေ၊ သူငယ်ချင်းတွေနဲ့ ရှိနေချိန်မှာ သင့်ကိုပါပါဝင်ခွင့်ပေးသင့်ပါတယ်။ သင့်ဖက်ကလည်း သူ့ရဲ့သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေဖို့လိုအပ်ပါတယ်။ ဒါပေမယ့် သင့်ကိုဘေးဖယ်ထားပြီး ဥပေက္ခာပြုထားရင်တော့ သင့်အတွက်မကောင်းပါဘူး။
မိသားစုအတွင်းကို ဆွဲမခေါ်တော့ဘူး
သင်တို့နှစ်ယောက် ချစ်သူဖြစ်စမှာ တစ်ယောက်ရဲ့မိသားစုနဲ့ တွေ့ဆုံပေးတာ၊ ညစာအတူစားတာတွေနဲ့၊ ခင်မင်ရင်းနှီးအောင် သူ့ဖက်က အားထုတ်ခဲ့တာတွေ ရှိပါလိမ့်မယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သင့်ကိုသူ့ရဲ့အသိုင်းအဝိုင်းနဲ့ အရမ်းကြီးမခင်မင်စေလိုတော့တာ၊ သူ့မိဘတွေနဲ့ မတွေ့စေတော့တာဟာ သင့်အတွက် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။
သင့်ရဲ့မျှော်လင့်ချက်တွေကို ထောက်ပံ့ပေးမှုမရှိတော့ဘူး
ချစ်သူတွေဟာ တစ်ယောက်ကအဆင်မပြေမှုတွေနဲ့ ကျရှုံးတဲ့အခါ တစ်ယောက်ကဘေးနားကနေ ဖေးမပေးတတ်ကြပြီး ချစ်သူရဲ့စိတ်ကူးတွေ၊ အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ အားပေးတတ်ကြပါတယ်။ ဒါပေမယ့် သင့်ရဲ့စိတ်ကူးမျှော်လင့်ချက်တွေကို လုံးဝလစ်လျူရှုပြီး စိတ်မဝင်စားတော့ရင်တော့ သင့်ကိုစိတ်ဝင်စားမှု ရပ်တန့်သွားပြီလို့ ဆိုလို့ရပါတယ်။
သင့်ကိုအခြားသူတွေနဲ့ နှိုင်းယှဉ်လာမယ်
ကိုယ့်ကိုအခြားသူတွေနဲ့ နှိုင်းယှဉ်ခံရတာလောက် relationship မှာခံပြင်းစရာကောင်းတာ မရှိတော့ပါဘူး။ ကိုယ့်ကိုယ်ကိုလေးစားမှု ကျဆင်းအောင် လုပ်ဆောင်ခြင်းဟာ ဆိုးရွားတဲ့အရာပါ။ ဒီလိုပြုလုပ်လာပြီဆိုရင်တော့ သင့်ကိုဖြတ်ချင်နေတာ ဖြစ်နိုင်ပါတယ်။
သူသင့်ကိုပြောလိမ့်မယ်
ဒါဟာသင့်အတွက် အဆုံးသတ် relationship လို့ပြောလို့ရပါတယ်။ သူကသင့်ကိုမချစ်နိုင်တော့ဘူးလို့ ပြောလာတဲ့အခါ သင့်ဖက်ကသူပြန်ချစ်လာအောင် ကြိုးစားဖို့ဆို အရမ်းပဲခက်ခဲနိုင်ပါတယ်။ ဒီလိုအချိန်မှာ သင့်ရဲ့အနာဂတ်အတွက် ပျော်စရာတွေမပေးနိုင်တော့တဲ့ လူတစ်ယောက်ကိုဆက်ပြီး ချစ်နေမယ့်အစား ကိုယ့်ဘဝကိုယ်ပိုကောင်းအောင်ကြိုးစားခြင်း သို့မဟုတ် နောက်ထပ်ကိုယ့်ကိုတကယ်ချစ်မယ့် အချစ်သစ်ရှာဖွေခြင်း တို့ကိုပဲကြိုးစားသင့်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar