0
477
1. Independence
2. Travel
4. Excitement
6. The Quiet Life
LM_Naung_Naung
Lifestyle_Myanmar
Source-Troab
သင့်ရဲ့ relationship အတွင်း ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့အတွက် အဆင့် (၇) ချက်
သင်ရွေးချယ်လိုက်တဲ့ တံခါးတစ်ချပ်က သင့်ရဲ့အနာဂတ်ကို ကြိုတင်ခန့်မှန်းပေးမယ်
သင့်ရဲ့ သဘာဝအတိုင်းရွေးချယ်မှုဟာ ထူးခြားတဲ့မှန်ကန်မှုတွေ ဖြစ်စေနိုင်ကြောင်းကို စိတ်ပညာဆိုင်ရာဘာသာရပ်က သတ်မှတ်ထားပါတယ်။ အထူးသဖြင့် ယခုစိတ်ပညာလေ့ကျင့်ခန်းဟာ တံခါးချပ်တွေအဖြစ်ပုံဖော်ထားတဲ့ ဒီဇိုင်းတွေက သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ အနာဂတ်ကိုဖော်ပြနိုင်ဖို့အတွက် အထူးပြုလုပ်ထားတာကြောင့် သင်ရွေးချယ်လိုက်တဲ့တံခါးက သင့်အတွက်မှန်မမှန် လေ့လာကြည့်ရအောင်ပါ။
  1. Independence
    တံခါး နံပါတ် တစ်ကိုရွေးချယ်ရင်တော့ သင်ဟာ လွတ်လပ်မှုကိုခုံမင်တတ်တဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားပြီး အောင်မြင်တဲ့စီပွားရေးပုဂ္ဂိုလ်တစ်ဦး ဖြစ်လိုတဲ့သူပါ။ ဒါ့အပြင် စည်းကမ်းကြီးပြီး ကိုယ်ပိုင်ဘဝလမ်းကြောင်းကို ပိုနှစ်သက်သူတစ်ယောက်ဖြစ်တာကြောင့်အချိန်ကိုစီမံခန့်ခွဲနိုင်တဲ့အပြင် လုပ်ငန်းတွေအားလုံးရဲ့ အောင်မြင်မှုတွေကို ရရှိစေမှာပါ။
  2. Travel
    သင်ဟာတစ်ကိုယ်တော်ခရီးသွားရခြင်းကို နှစ်သက်ပြီးသီးခြားနေတတ်သူတစ်ယောက်ပါ။ တံခါး နံပါတ်နှစ်ရဲ့အဓိပ္ပာယ်က သင့်ဘဝမှာခရီးတွေအများကြီးသွားရဦးမှာဖြစ်သလို မိတ်ဆွေအသစ်တွေ အများကြီးနဲ့လည်း ဆုံတွေ့လိမ့်မယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
  3. Awareness and Experience
    တံခါးနံပါတ် သုံးကို ရွေးချယ်ရင်တော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ရောင်စုံကမ္ဘာကြီးက သင့်ကိုစောင့်ကြိုနေပါတယ်။ သင်ဟာပေါင်းသင်းဆက်ဆံရေး အထူးကောင်းမွန်ပြီး ကမ္ဘာကြီးမှာပြည့်နေတဲ့ အတွေ့အကြုံအသစ်တွေကို နှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သင့်ဘဝခရီးနဲ့အကွာအဝေးအတွက် စိတ်မရှုပ်ရပဲ ဘဝခရီးကိုလျှောက်နေရတာကိုပဲ ပျော်ရွင်နေပါလိမ့်မယ်။ ဒါ့အပြင်သင့်ရဲ့ ဖော်ရွေမှုနဲ့ ဆွဲဆောင်နိုင်မှုတို့ကြောင့် ဘေးနားမှာ ချစ်ခင်သူတွေ ၀ိုင်းနေပြီး သင့်ရဲ့ရယ်မောအောင်လုပ်နိုင်တဲ့ စွမ်းရည်တွေ၊ လိမ္မာပါးနပ်မှုတွေကို နှစ်သက်ကြပါလိမ့်မယ်။
  4. Excitement
    သင်ဟာ အံ့အားသင့်စရာ အဖြစ်အပျက်တွေကို နှစ်သက်ပြီးတော့ မမျှော်လင့်တဲ့ ဖြစ်ရပ်တွေ၊ အခြေအနေတွေကို များစွာကြံုတွေရမယ့်သူပါ။ သင့်ရဲ့အနာဂတ်ဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ကိစ္စတွေကို ကြံုတွေ့ရမှာဖြစ်ပြီး လူစုလူဝေးနဲ့နေရရင် ပျော်ရွင်ခြင်း၊ လွတ်လွတ်လပ်လပ်နေရခြင်းကို နှစ်သက်သူတစ်ယောက်ဖြစ်တာကြောင့် အရေးမပါတဲ့စည်းကမ်းစည်းမျဉ်းတွေကို မနှစ်မြိုတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် အနာဂတ်မှာ ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်များစွာကိုလည်း ခံစားရမယ့်သူတစ်ယောက် ဖြစ်ပါတယ်။
  5. Peace, Well Being and Success
    သင်ဟာ ဘဝရဲ့ဇိမ်ခံပစ္စည်းတွေကို လိုချင်တောင့်တမှုနည်းပြီး ငြိမ်းချမ်းခြင်းနဲ့ ရောင်ရဲတတ်သူတစ်ယောက် ဖြစ်တာကြောင့် အရာရာတိုင်းမှာ အေးချမ်းမှုကို ရှာဖွေနေတတ်ပါတယ်။ သင်ဟာ စိတ်ချမ်းသာဖို့အတွက်ပဲ ရွေးချယ်တတ်ပေမယ့် သင့်ဘဝကအဲ့လောက်ထိတော့ ရိုးရှင်းမှာမဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ အနာဂတ်မှာ ထူးကဲတဲ့အောင်မြင်မှုတွေ၊ ပိုင်ဆိုင်မှုတွေကြောင့် သင်နေချင်သလိုမနေရနိုင်ပဲ လွန်ဆွဲရပါလိမ့်မယ်။
  6. The Quiet Life
    တံခါး နံပါတ် ၆ ရဲ့အဓိပ္ပာယ်က သင့်ဘဝမှာ တိတ်ဆိတ်တဲ့ခရီးရှည်ကြီးကို ထွက်ရမယ်လို့ ဆိုလိုတာပါ။ သင့်ရဲ့တစ်သက်တာမှာ တိတ်ဆိတ်နေတဲ့ အချိန်လေးတွေနဲ့ တစ်ကိုယ်တည်းနေရချိန်တွေကို ပိုမိုနှစ်သက်တတ်ပြီး တကယ့်ဘဝမှာ အထီးမကျန်ရင်တောင်မှ ယခုလိုနေရခြင်းကို ပိုမိုနှစ်သက်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်လေ့ရှိတဲ့ အတားအဆီးတွေ၊ ကြီးမားတဲ့အနှောက်အယှက်တွေက သင့်ရဲ့ပျော်ရွင်ဖွယ်ရာ တိတ်ဆိတ်ငြိမ်သက်တဲ့ ခရီးလမ်းကို နှောက်ယှက်နိုင်မှာ မဟုတ်ပါဘူး။
LM_Naung_Naung
Lifestyle_Myanmar
Source-Troab
LEAVE A REPLY
Please enter your comment!
Please enter your name here