Home General Knowledge သင်ရွေးချယ်တဲ့သူက Gentleman တစ်ယောက်လား သိနိုင်စေမယ့် အချက် (၁၁)ချက်
0
71
-Advertisement-
၁။ သူကရိုးသားတယ်
၃။ သူကကြင်နာတတ်တယ်
၅။ သူကသတ္တိရှိတယ်
ချစ်သူအဖြစ်ကနေ သူငယ်ချင်းအဆင့်သို့ လျှောကျစပြုလာတဲ့ လက္ခဏာ (၆) ချက်
#LM_Naung_Naung
#Lifestyle_Myanmar
Unicode
သင်ရွေးချယ်တဲ့သူက Gentleman တစ်ယောက်လား သိနိုင်စေမယ့် အချက် (၁၁)ချက်
မိန်းကလေးတိုင်းကတော့ ကိုယ်နဲ့လက်တွဲမယ့်သူကို လူကြီးလူကောင်းဆန်သူ Gentleman တစ်ယောက်ဖြစ်စေချင်ကြပါတယ်။ ကံမကောင်းစွာနဲ့ပဲ ယနေ့ခေတ်မှာ Gentleman ဆိုသူတွေဟာ ရှာဖွေရခက်ခဲပြီး တခါတစ်လေကြတော့လည်း အထင်နဲ့အမြင်လွဲသွားတာတွေ ရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင်လွယ်ကူစွာ ရှာဖွေနိုင်စေဖို့အတွက် အကြံပြုချက်
တချို့ကတော့ ကူညီပေးနိုင်မှာပါ။ ဒီအချက်တွေနဲ့ပြည့်စုံသူဆိုရင်တော့ သင့်ဘဝအတွက် လက်လွတ်ခံလို့ မဖြစ်ဖူးနော်။
၁။ သူကရိုးသားတယ်
လူကြီးလူကောင်းဆန်သူတစ်ယောက်ဟာ သူ့ကိုမမြှောက်ပင့်ရင်တောင်မှ အမှန်တွေကိုပဲ ပြောလေ့ရှိပါတယ်။ သူ့ရဲ့ပင်ကိုယ်စရိုက်ကိုက မလိမ်လည်တတ်တဲ့အတွက် သင်ယုံကြည်နိုင်ပါလိမ့်မယ်။ ဒါကြောင့် သင့်အတွက်အံ့သြမှုတွေကို သူကလိုချင်တာကလွဲရင် အရာအားလုံး သင့်ကိုကွယ်ဝှက်ထားမှာ မဟုတ်ပါဘူး။
၂။ သူ့ရဲ့ စကားလုံးတွေကို ထိန်းသိမ်းတတ်တယ်
Gentelman တစ်ယောက်ဟာ တစ်ခုခုကတိပေးပြီးရင် လုပ်ဖြစ်အောင်လုပ်တတ်ကြပါတယ်။ သူဟာ သူ့ရဲ့စကားလုံးတွေကို အမြဲတမ်းထိန်းသိမ်းတတ်ပြီး ဒီအတွက်နဲ့ လက်မထောင်ချင်သူ တစ်ယောက်မဟုတ်ပါဘူး။ ဒါတွေကို သူ့ရဲ့နေစဉ်လှုပ်ရှားမှု တွေကနေတဆင့် သင်တွေ့ရှိနိုင်ပါတယ်။
၃။ သူကကြင်နာတတ်တယ်
လူကြီးလူကောင်းဆန်တတ်သူဟာ သင်ကိုသာမက သင့်ရဲ့သူငယ်ချင်းတွေအပြင် အခြားသူစိမ်းတွေ အပေါ်မှာလည်း ကြင်နာတတ်ပါတယ်။ ဒါဟာသူ့ရဲ့ ဘဝရှင်သန်မှု ပုံစံတစ်ခုဖြစ်ပြီးတော့ တစ်စုံတစ်ယောက်က သူ့အပေါ်ရိုင်းစိုင်းစွာ ဆက်ဆံရင်တောင်မှလက်တုံ့ပြန်မှာ မဟုတ်ပါဘူး။ သူ့ရဲ့အဆင့်အတန်းနဲ့ အကျင့်စရိုက်ကို ဆိုးရွားဖို့ ခွင့်မပြုတတ်တာကြောင့်
အမြဲတမ်းမှန်ကန်ပြီး ငြိမ်းချမ်းတဲ့ လမ်းမျိုးကိုသာ ရွေးပြီးလျှောက်လေ့ရှိပါတယ်။
၄။ သင်ပြောတာကို နားထောင်ပေးတယ်
သင်စကားပြောနေတဲ့ အချိန်မှာ ကြားကဖြတ်ပြောတာတွေ မသိချင်ယောင်ဆောင်တာတွေကို မလုပ်ပဲနဲ့ သင်ပြောသမျှကို စိတ်ဝင်တစား နားထောင်တတ်ခြင်းဟာလည်း လူကြီးလူကောင်းဆန်သူတစ်ယောက်ရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် သင်ပြောသမျှစကားတွေထဲကနေ သင်ကြိုက်တာနဲ့ မကြိုက်တာရဲ့ အသေးစိတ်ကို အာရုံစိုက်မှတ်သားတတ်ပြီး
နားထောင်ပေးခြင်းဟာ သင့်အတွက်တကယ့်ကို ဂရုစိုက်တတ်လို့ပါပဲ။
၅။ သူကသတ္တိရှိတယ်
အခြားသူတွေ လိုအပ်နေတဲ့ အချိန်မျိုးမှာ သူကဝင်ရောက်ရပ်တည်ပေးဖို့အတွက် တုံ့ဆိုင်းနေမှာ မဟုတ်ပါဘူး။ တစ်စုံတစ်ယောက်က ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းနှိပ်စက်ခံနေရတာကို သူတွေ့ပါက သူတို့ရဲ့ရှေ့မှာ ရပ်တည်ပေးတတ်ပါတယ်။ သူဟာ မတရားမှုကို မနှစ်သက်သလိုပဲ သင်အပါအဝင် အခြားသူတွေအတွက် တာဝန်ခံပေးဖို့ ဝန်မလေးတတ်ပါဘူး။
၆။ သင့်ရဲ့ အချိန်တွေကို လေးစားတတ်တယ်
Gentelman တွေဟာ သူတို့ရဲ့အချိန်တွေကို လေးစားသလိုပဲ အခြားသူတွေရဲ့ အချိန်တွေကိုလည်း လေးစားတတ်ကြပါတယ်။ သင့်ရဲကအချိန်တွေဟာလည်း သူ့အတွက် တန်ဖိုးရှိနေပြီး သူ့ရဲ့လေးစားမှုတွေကို ပြသတတ်ပါတယ်။
၇။ “Please” နဲ့ “Thanks” ဆိုတဲ့စကားလုံးမျိုးတွေကို ပြောဖို့ကြောက်မနေတတ်ဖူး
သူတို့တွေ အမှားတစ်ခုခုလုပ်မိတဲ့အခါ ဆောရီးပြောဖို့အတွက် မတွန့်ဆုတ်တတ်ကြပဲ သူ့ရဲ့ကိုယ်ပိုင်လှုပ်ရှားမှုတွေအပေါ်မှာလည်း တာဝန်ခံဖို့ အသင့်ရှိနေကြပါတယ်။ ဒါကြောင့် ဘယ်လိုစကားမျိုးကိုပဲပြောပြော ကျေးဇူးပြုပြီး၊ ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားလုံးတွေနဲ့ ယဉ်ယဉ်ကျေးကျေး သုံးစွဲတတ်ကြပါတယ်။
၈။ သင့်ရဲ့လိုအပ်ချက်တွေကို လေးစားတတ်တယ်
တစ်နေရာရာမှာ သင့်အတွက်နဲ့ တံခါးကို အကြာကြီးကိုင်ထားပေးရတာကို သူ့အတွက်စိတ်မရှုပ်စေတတ်ပါဘူး။ ဒါပေမယ့် သင့်ရဲ့လွတ်လပ်ခွင့်အတွက် ပြသတဲ့အခါမှာလည်း သူကသင့်ရဲ့ဆုံးဖြတ်ချက်အမြင်တွေကို ထောက်ပံ့ပေးတတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့အလိုဆန္ဒတွေကို အာရုံစိုက်ပေးတတ်ပြီး သင့်အတွက်ပျော်ရွင်မှု လိုအပ်တဲ့အခါတိုင်း ပျော်ရွင်စရာတွေကို ကြိုးစားပေးတတ်ပါတယ်။
၉။ သူ့ရဲ့ ဂျာကင်၊ လက်မောင်၊ ထိုင်ခုံကို အသုံးပြုဖို့ ကမ်းလှမ်းတတ်တယ်
တကယ့် Gentelman တွေဟာ သင့်ရဲ့လိုအပ်ချက်တွေကို အသေးစိတ်ကအစ သတိထားပြီး သိနေတတ်ပါတယ်။ ဒါကြောင့် သင်ချမ်းနေတယ်လို့ သူခံစားမိတဲ့အခါ သူ့ရဲ့ဂျာကင်ကို ပေးတတ်ပြီး အခြားသူတွေ လိုအပ်တဲ့အခါမှာလည်း သူ့ရဲ့ထိုင်ခုံကို ပေးထိုင်ဖို့ ဝန်မလေးတတ်ကြပါဘူး။ သူ့အတွက် မစဉ်းစားခင်မှာပင် အခြားသူတွေ သက်တောင့်သက်သာဖြစ်စေဖို့ အရင်စဉ်းစားပေးတတ်သူတွေ ဖြစ်ပါတယ်။
၁၀။ အမျိုးသမီးတွေကို ဘယ်တော့မှ အကြမ်းမဖက်ဘူး
Gentleman တွေဟာ အမျိုးသမီးတွေကို ရုပ်ပိုင်းဖြစ်စေ၊ စိတ်ပိုင်းဖြစ်စေ ဘယ်တော့မှအကြမ်းမဖက်တတ်ကြပါဘူး။ အမျိုးသမီးတိုင်း မလုံခြုံမှု ခံစားရခြင်းကို သူတို့က မလိုချင်ကြပါဘူး။ ဒါကြောင့် နှုတ်နဲ့တောင်မှ အခြားအမျိုးသမီးတွေ စိတ်ပိုင်းရုပ်ပိုင်း ခံစားရအောင် မလုပ်ဆောင်တတ်ကြတာပါ။
#LM_Naung_Naung
#Lifestyle_Myanmar
Source-gottadotherightthing
NO COMMENTS
LEAVE A REPLY
Please enter your comment!
Please enter your name here