ဆယ္စုႏွစ္မ်ားစြာထဲက လူေတြဟာ ဒိန္ခ်ဥ္ရဲ႕ အာဟာရတန္ဖိုးကို သိခဲ့ၾကပါတယ္။ ဒိန္ခ်ဥ္မွာပါဝင္တဲ့ က်န္းမာတဲ့ ဘက္တီးရီးယားမ်ားက နာမက်န္းမႈႏွင့္ ေရာဂါပိုးမ်ားကို တားဆီးေပးသလို ကိုယ္္ခံစြမ္းအားစနစ္ကိုလည္း အားေကာင္းေစပါတယ္။ ဒါ့အျပင္ ဒိန္ခ်ဥ္ရဲ႕ အသံုးဝင္မႈေတြက ေန႔စဥ္ဟင္းလ်ာမ်ားနဲ႔ ေသာက္စရာ အေတာ္မ်ားမ်ားမွာ ပါဝင္ပစၥည္းတစ္ခုျဖစ္ေစပါတယ္။
လူအမ်ားစုက ဒိန္ခ်ဥ္ကို အစားအစာတစ္ခုလို႔ပဲ သိၾကတာမဟုတ္ပါဘူး။ အမ်ိဳးမ်ိဳးေသာ ျပႆနာေတြကို ကုသဖို႔ အိမ္သံုးေဆးတစ္လက္အျဖစ္လည္း အသံုူးျပဳၾကပါတယ္။ ၎ရဲ႕ထူးျခားတဲ့ ဖြဲ႕စည္းမႈက ျပင္ပလကၡဏာတစ္ခ်ိဳ႕ကို တိုးတတ္ေကာင္းမြန္လာႏိုင္ပါတယ္။ ဒိန္ခ်ဥ္ကို အသံုးျပဳႏိုင္တဲ့ နည္းလမ္း (၆)ခုရွိပါတယ္။
၁။ အပူေလာင္တာေတြကို သက္သာေစပါတယ္

ဒိန္ခ်ဥ္ရဲ႕ လက္တစ္အက္ဆစ္က အေသးစားအပူေလာင္တာေတြအတြက္ အေရျပားအနာက်က္မႈျဖစ္စဥ္ကို အရွိန္ျမွင့္ေပးသလို အေရျပားမွာ PHကိုလည္း ထိန္းညိွေပးပါတယ္။ အပူေလာင္တဲ့အေပၚမွာ ဒိန္ခ်ဥ္ကို တိုက္ရိိုက္လိမ္းျခင္းျဖင့္ ျပန္လည္လန္းဆန္းေစတဲ့ ခံစားမႈကို ဖန္တီးေပးၿပီး နီျမန္းျခင္းႏွင့္ အပူေလာင္တာကို ေလ်ာ့နည္းေစပါတယ္။
နည္းလမ္း
ေရခဲေသတၱာထဲမွာ ဒိန္ခ်ဥ္ကို အေအးခံထားၿပီး အပူေလာင္တဲ့အေပၚမွာ ညင္သာစြာ လိမ္းေပးပါ။ ၁၅မိနစ္ေလာက္ထားၿပီးမွ ေရစိုအဝတ္ျဖင့္ ဂရုတစိုက္သုတ္ေပးပါ။ လံုးဝအနာက်က္သြားတဲ့အထိ တစ္ေန႔ ၂ႀကိမ္ ျပဳလုပ္ပါ။
၂။ လက္သည္းမိႈေတြကို ကုသလို႔ရပါတယ္
ဒိန္ခ်ဥ္တဲ့ တက္ၾကြတဲ့ ယဥ္ေက်းမႈမ်ားက လက္သည္းမိႈေရာဂါပိုးကူးစက္မႈကို ကုသဖို႔အတြက္ အေထာက္အကူျဖစ္ေစပါတယ္။ ၎မွာ ပါဝင္တဲ့ anti-fungal ဂုဏ္သတိၱမ်ားက မိႈေရာဂါပိုး ႀကီးထြားျခင္းကေန ဒီေသးငယ္တဲ့ ဇီဝသက္ရွိကို ရပ္တန္႔ေစဖို႔ ကူညီေပးပါတယ္။ ဒါ့အျပင္ ၎မွာပါဝင္တဲ့ whitening သက္ေရာက္မႈကလည္း အဝါေရာင္အသြင္အျပင္ကို ေလ်ာ့က်ေစပါတယ္။
နည္းလမ္း
လက္သည္းေတြထဲကို ဒိန္ခ်ဥ္ပမာဏအနညး္ငယ္ႏွင့္ ႏွိပ္နယ္ပါ။ မိနစ္ ၃၀ေလာက္ေျခာက္ေအာင္ထားၿပီး ေရေႏြးေႏြးျဖင့္ ေဆးေၾကာပါ။ တစ္ရက္ကို ၂ႀကိမ္ တစ္ပတ္ကို အနည္းဆံုး သံုးရက္ေလာက္ သံုးပါ။
၃။ ေဘာက္ေတြကို ေလ်ာ့က်ေစပါတယ္

ဒိန္ခ်ဥ္ရဲ႕anti-fungal အက်ိဳးသက္ေရာက္မႈက ဖန္းဂတ္စ္မိႈေတြကို ျဖစ္ေပၚေစတဲ့ ေဘာက္ေတြကို ဆန္႔က်င့္ေပးပါတယ္။ ၎ရဲ႕ အာဟာရမ်ားက ဦးေရျပား ေျခာက္ေသြ႕မႈကို တားဆီးေပးၿပီး PH ကိုထိန္းညိွေပးပါတယ္။ Sebum ပိုလွ်ံမႈကိုလညး္ ေလ်ာ့ခ်ေပးပါတယ္။
နည္းလမ္း
ဆံပင္ေတြကို ခြဲေၾကာင္း ခြဲၿပီး ဦးေရျပားတစ္ေလ်ာက္လံုးကို ဒိန္ခ်ဥ္လိမ္းေပးပါ။ မိနစ္ ၃၀ေလာက္ထားၿပီးမွ ေရျဖင့္ေဆးပါ။ တစ္ပတ္ကို ၃ႀကိမ္ျပဳလုပ္ေပးပါ။
၄။ ပါးစပ္ထဲမွာေပါက္တဲ့ အနာကို ကုသလို႔ရပါတယ္

သဘာဝဒိန္ခ်ဥ္မွာ ေတြ႕ရတဲ့ အက်ိဳးျပဳဘက္တီးရီးယားမ်ားက ခံတြင္းအနာျဖစ္ေစတဲ့ ေသးငယ္ေသာ ဇီဝသက္ရွိမ်ားကို တိုက္ဖ်က္ကူညီေပးႏိုင္ပါတယ္။ အေရျပားရဲ႕ PH ကို ျပန္ၿပီးမွ်တေစတဲ့ ေဆးတစ္လက္အျဖစ္ ဒိန္ခ်ဥ္ကို အသံုးျပဳျခင္းက အနာက်က္မႈျဖစ္စဥ္ကို ကူညီေပးပါတယ္။
နည္းလမ္း
ဒိန္ခ်ဥ္ေအးေအးေလးကို အနာေပၚမွာ နည္းနည္းပြတ္ေပးပါ။ တစ္ေန႔ကို၂ႀကိမ္ ၃ႀကိမ္ေလာက္ လိမ္းပါ။ အနာေပ်ာက္သြားတဲ့အထိ လိမ္းေပးရပါမယ္။
၅။ သြားေတြကို ျဖဴေဖြးေစပါတယ္

သင့္သြားေပၚမွာ ဒိန္ခ်ဥ္အသံုးျပဳျခင္းက ပေရာ္ဖက္ရွင္နယ္ထုတ္ကုန္ေလာက္ေတာ့ အက်ိဳးရွိမွာ မဟုတ္ပါဘူး။ သို႔ေသာ္ ေန႔စဥ္ဒိန္ခ်ဥ္ကို အသံုးျပဳျခင္းက အစားအစာ အၾကြင္းအက်န္ေတြကေနျဖစ္တဲ့ အဝါေရာင္အစြန္းအထင္းေတြကို ေလ်ာ့ခ်ႏိုင္ပါတယ္။ ဒိန္ခ်ဥ္ရဲ႕ အက္ဆစ္မ်ားက ေၾကြလႊာကို ထိခိုက္ေစတဲ့ သြားခ်ိဳးေတြကိုဖယ္ရွားေပးပါတယ္။။ ေရာဂါပိုးကူးစက္မႈအႏၱရာယ္ကိုလည္း ေလ်ာ့က်ေစပါတယ္။
နည္းလမ္း
သင့္သြားတိုက္တံေပၚကို ဒိန္ခ်ဥ္အနညး္ငယ္ထည့္ၿပီး ပံုမွန္သြားတိုက္ေပးပါ။ တစ္ေန႔ႏွစ္ႀကိမ္ အသံုးျပဳၿပီး မေဆးဘဲထားပါ။
သတိျပဳရန္- ဒိန္ခ်ဥ္ကို သြားတိုက္ေဆးနဲ႔ သြားတိုက္တဲ့ေနရာမွာ အစားမထိုးသင့္ပါဘူး။ သင့္သြားကို ခံတြင္းသန္႔စင္ေဆး အသံုးျပဳၿပီးမွ ဒိန္ခ်ဥ္နဲ႔တိုက္ပါ။
၆။ ဝက္ၿခံေတြကို ေပ်ာက္ကင္းေစပါတယ္

သဘာဝဒိန္ခ်ဥ္မွာ ေတြ႕ရတဲ့ acidic နဲ႔ antioxidant ျဒပ္ေပါင္းမ်ားက မ်က္ႏွာေပၚမွာ အဆီအလြန္အမင္းထုတ္လုပ္ျခင္းကို ရပ္တန္႔ေစသလို ဝက္ၿခံကိုလည္း ေလ်ာ့က်ေစပါတယ္။ဒိန္ခ်ဥ္ရဲ႕ exfoliating အက်ိဳးသက္ေရာက္မႈက ေခၽြးေပါက္ေတြမွာ တည္ေဆာက္တဲ့ အညစ္အေၾကးမ်ားကို ဖယ္ရွားေပးပါတယ္။ ဒိန္ခ်ဥ္က အသားအေရကို ေအာက္ဆီဂ်င္ရရွိေစသလို ေရဓါတ္ကိုလည္း ရရွိေစပါတယ္။
နည္းလမ္း
သင့္မ်က္ႏွာတစ္ျပင္လံုးကို သဘာဝဒိန္ခ်ဥ္လိမ္းပါ။ မိနစ္ ၃၀ေလာက္ထားၿပီး ေျခာက္သြားေအာင္ထားပါ။ ၿပီးမွ ေရေႏြးေႏြးျဖင့္ ေဆးပါ။ တစ္ပတ္ကို ၃ႀကိမ္ သို႔မဟုတ္ ၄ႀကိမ္ေလာက္သံုးပါ။
Lifestyle_Myanmar
LM_Nandar
Unicode
သင်သိသေးမှာ မဟုတ်တဲ့ သဘာဝဒိန်ချဉ်ကို အသုံးပြုဖို့ နည်းလမ်း (၆)ခု
ဆယ်စုနှစ်များစွာထဲက လူတွေဟာ ဒိန်ချဉ်ရဲ့ အာဟာရတန်ဖိုးကို သိခဲ့ကြပါတယ်။ ဒိန်ချဉ်မှာပါဝင်တဲ့ ကျန်းမာတဲ့ ဘက်တီးရီးယားများက နာမကျန်းမှုနှင့် ရောဂါပိုးများကို တားဆီးပေးသလို ကိုယ််ခံစွမ်းအားစနစ်ကိုလည်း အားကောင်းစေပါတယ်။ ဒါ့အပြင် ဒိန်ချဉ်ရဲ့ အသုံးဝင်မှုတွေက နေ့စဉ်ဟင်းလျာများနဲ့ သောက်စရာ အတော်များများမှာ ပါဝင်ပစ္စည်းတစ်ခုဖြစ်စေပါတယ်။
လူအများစုက ဒိန်ချဉ်ကို အစားအစာတစ်ခုလို့ပဲ သိကြတာမဟုတ်ပါဘူး။ အမျိုးမျိုးသော ပြဿနာတွေကို ကုသဖို့ အိမ်သုံးဆေးတစ်လက်အဖြစ်လည်း အသုံူးပြုကြပါတယ်။ ၎င်းရဲ့ထူးခြားတဲ့ ဖွဲ့စည်းမှုက ပြင်ပလက္ခဏာတစ်ချို့ကို တိုးတတ်ကောင်းမွန်လာနိုင်ပါတယ်။ ဒိန်ချဉ်ကို အသုံးပြုနိုင်တဲ့ နည်းလမ်း (၆)ခုရှိပါတယ်။
၁။ အပူလောင်တာတွေကို သက်သာစေပါတယ်
ဒိန်ချဉ်ရဲ့ လက်တစ်အက်ဆစ်က အသေးစားအပူလောင်တာတွေအတွက် အရေပြားအနာကျက်မှုဖြစ်စဉ်ကို အရှိန်မြှင့်ပေးသလို အရေပြားမှာ PHကိုလည်း ထိန်းညှိပေးပါတယ်။ အပူလောင်တဲ့အပေါ်မှာ ဒိန်ချဉ်ကို တိုက်ရိိုက်လိမ်းခြင်းဖြင့် ပြန်လည်လန်းဆန်းစေတဲ့ ခံစားမှုကို ဖန်တီးပေးပြီး နီမြန်းခြင်းနှင့် အပူလောင်တာကို လျော့နည်းစေပါတယ်။
နည်းလမ်း
ရေခဲသေတ္တာထဲမှာ ဒိန်ချဉ်ကို အအေးခံထားပြီး အပူလောင်တဲ့အပေါ်မှာ ညင်သာစွာ လိမ်းပေးပါ။ ၁၅မိနစ်လောက်ထားပြီးမှ ရေစိုအဝတ်ဖြင့် ဂရုတစိုက်သုတ်ပေးပါ။ လုံးဝအနာကျက်သွားတဲ့အထိ တစ်နေ့ ၂ကြိမ် ပြုလုပ်ပါ။
၂။ လက်သည်းမှိုတွေကို ကုသလို့ရပါတယ်
ဒိန်ချဉ်တဲ့ တက်ကြွတဲ့ ယဉ်ကျေးမှုများက လက်သည်းမှိုရောဂါပိုးကူးစက်မှုကို ကုသဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ၎င်းမှာ ပါဝင်တဲ့ anti-fungal ဂုဏ်သတ္တိများက မှိုရောဂါပိုး ကြီးထွားခြင်းကနေ ဒီသေးငယ်တဲ့ ဇီဝသက်ရှိကို ရပ်တန့်စေဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် ၎င်းမှာပါဝင်တဲ့ whitening သက်ရောက်မှုကလည်း အဝါရောင်အသွင်အပြင်ကို လျော့ကျစေပါတယ်။
နည်းလမ်း
လက်သည်းတွေထဲကို ဒိန်ချဉ်ပမာဏအနညး်ငယ်နှင့် နှိပ်နယ်ပါ။ မိနစ် ၃၀လောက်ခြောက်အောင်ထားပြီး ရေနွေးနွေးဖြင့် ဆေးကြောပါ။ တစ်ရက်ကို ၂ကြိမ် တစ်ပတ်ကို အနည်းဆုံး သုံးရက်လောက် သုံးပါ။
၃။ ဘောက်တွေကို လျော့ကျစေပါတယ်
ဒိန်ချဉ်ရဲ့anti-fungal အကျိုးသက်ရောက်မှုက ဖန်းဂတ်စ်မှိုတွေကို ဖြစ်ပေါ်စေတဲ့ ဘောက်တွေကို ဆန့်ကျင့်ပေးပါတယ်။ ၎င်းရဲ့ အာဟာရများက ဦးရေပြား ခြောက်သွေ့မှုကို တားဆီးပေးပြီး PH ကိုထိန်းညှိပေးပါတယ်။ Sebum ပိုလျှံမှုကိုလညး် လျော့ချပေးပါတယ်။
နည်းလမ်း
ဆံပင်တွေကို ခွဲကြောင်း ခွဲပြီး ဦးရေပြားတစ်လျောက်လုံးကို ဒိန်ချဉ်လိမ်းပေးပါ။ မိနစ် ၃၀လောက်ထားပြီးမှ ရေဖြင့်ဆေးပါ။ တစ်ပတ်ကို ၃ကြိမ်ပြုလုပ်ပေးပါ။
၄။ ပါးစပ်ထဲမှာပေါက်တဲ့ အနာကို ကုသလို့ရပါတယ်
သဘာဝဒိန်ချဉ်မှာ တွေ့ရတဲ့ အကျိုးပြုဘက်တီးရီးယားများက ခံတွင်းအနာဖြစ်စေတဲ့ သေးငယ်သော ဇီဝသက်ရှိများကို တိုက်ဖျက်ကူညီပေးနိုင်ပါတယ်။ အရေပြားရဲ့ PH ကို ပြန်ပြီးမျှတစေတဲ့ ဆေးတစ်လက်အဖြစ် ဒိန်ချဉ်ကို အသုံးပြုခြင်းက အနာကျက်မှုဖြစ်စဉ်ကို ကူညီပေးပါတယ်။
နည်းလမ်း
ဒိန်ချဉ်အေးအေးလေးကို အနာပေါ်မှာ နည်းနည်းပွတ်ပေးပါ။ တစ်နေ့ကို၂ကြိမ် ၃ကြိမ်လောက် လိမ်းပါ။ အနာပျောက်သွားတဲ့အထိ လိမ်းပေးရပါမယ်။
၅။ သွားတွေကို ဖြူဖွေးစေပါတယ်
သင့်သွားပေါ်မှာ ဒိန်ချဉ်အသုံးပြုခြင်းက ပရော်ဖက်ရှင်နယ်ထုတ်ကုန်လောက်တော့ အကျိုးရှိမှာ မဟုတ်ပါဘူး။ သို့သော် နေ့စဉ်ဒိန်ချဉ်ကို အသုံးပြုခြင်းက အစားအစာ အကြွင်းအကျန်တွေကနေဖြစ်တဲ့ အဝါရောင်အစွန်းအထင်းတွေကို လျော့ချနိုင်ပါတယ်။ ဒိန်ချဉ်ရဲ့ အက်ဆစ်များက ကြွေလွှာကို ထိခိုက်စေတဲ့ သွားချိုးတွေကိုဖယ်ရှားပေးပါတယ်။။ ရောဂါပိုးကူးစက်မှုအန္တရာယ်ကိုလည်း လျော့ကျစေပါတယ်။
နည်းလမ်း
သင့်သွားတိုက်တံပေါ်ကို ဒိန်ချဉ်အနညး်ငယ်ထည့်ပြီး ပုံမှန်သွားတိုက်ပေးပါ။ တစ်နေ့နှစ်ကြိမ် အသုံးပြုပြီး မဆေးဘဲထားပါ။
သတိပြုရန်- ဒိန်ချဉ်ကို သွားတိုက်ဆေးနဲ့ သွားတိုက်တဲ့နေရာမှာ အစားမထိုးသင့်ပါဘူး။ သင့်သွားကို ခံတွင်းသန့်စင်ဆေး အသုံးပြုပြီးမှ ဒိန်ချဉ်နဲ့တိုက်ပါ။
၆။ ဝက်ခြံတွေကို ပျောက်ကင်းစေပါတယ်
သဘာဝဒိန်ချဉ်မှာ တွေ့ရတဲ့ acidic နဲ့ antioxidant ဒြပ်ပေါင်းများက မျက်နှာပေါ်မှာ အဆီအလွန်အမင်းထုတ်လုပ်ခြင်းကို ရပ်တန့်စေသလို ဝက်ခြံကိုလည်း လျော့ကျစေပါတယ်။ဒိန်ချဉ်ရဲ့ exfoliating အကျိုးသက်ရောက်မှုက ချွေးပေါက်တွေမှာ တည်ဆောက်တဲ့ အညစ်အကြေးများကို ဖယ်ရှားပေးပါတယ်။ ဒိန်ချဉ်က အသားအရေကို အောက်ဆီဂျင်ရရှိစေသလို ရေဓါတ်ကိုလည်း ရရှိစေပါတယ်။
နည်းလမ်း
သင့်မျက်နှာတစ်ပြင်လုံးကို သဘာဝဒိန်ချဉ်လိမ်းပါ။ မိနစ် ၃၀လောက်ထားပြီး ခြောက်သွားအောင်ထားပါ။ ပြီးမှ ရေနွေးနွေးဖြင့် ဆေးပါ။ တစ်ပတ်ကို ၃ကြိမ် သို့မဟုတ် ၄ကြိမ်လောက်သုံးပါ။