လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀ေလာက္က ေထာပတ္သီးတစ္လံုးဟာ ကမာၻေပၚမွာ အသံုးအမ်ားဆံုးနဲ႔ အာဟာရအရွိဆံုးအသီးအျဖစ္ ဂင္းနစ္မွတ္တမ္းဝင္ခဲ့ပါတယ္။ ေထာပတ္သီးတစ္လံုးဟာ စားသံုးႏိုင္ယံုသာမဟုတ္ပါဘူး။ အမ်ားႀကီးအသံုးဝင္ပါတယ္။ ဒီအစိမ္းေရာင္အသီးကို အသံုးျပဳဖို႔ စိတ္ဝင္စားစရာအေကာင္းဆံုး နည္းလမ္းေလးေတြကို မွ်ေဝေပးလိုက္ပါတယ္။
၁။ အေမႊးရိတ္ခရမ္

ေထာပတ္သီးတစ္လံုးမွာ အသားအေရကို ႏူးညံ့ေပ်ာ့ေျပာင္းေစတဲ့ ဗီတာမင္ေအနဲ႔ ဗီတာမင္အီးတုိ႔ ပါရွိပါတယ္။
ေထာပတ္သီးမွည့္္တစ္လံုးကို ျခမ္းၿပီး အေစ့ကိုထုတ္ပါ။ ေပ်ာ့ဖတ္ေနေအာင္ ေမႊပါ။ မုတ္ဆိတ္မရိပ္ခင္ သင့္အသားအေရေပၚမွာ မုတ္ဆိတ္ရိတ္ခရမ္လို လိမ္းေပးႏိုင္ပါတယ္။ က်န္တဲ့ဟာကို ေရခဲေသတၱာထဲမွာ သိမ္းထားပါ။
၂။ ႏႈတ္ခမ္းလိမ္းေဆး

ႏႈတ္ခမ္းအသားအေရက အလြယ္တကူ အေရးအေၾကာင္းေတြ ျဖစ္ေစႏိုင္ေအာင္ အရမ္းပါးလႊာပါတယ္။ ေထာပတ္သီးမွာ ႏႈတ္ခမ္းသားကို ႏူးညံ့ၿပီး ျပည့္ျပည့္ေလးျဖစ္ေစမယ့္ Oleic acid ပါဝင္ပါတယ္။
ေထာပတ္သီးမွည့္တစ္ျခမ္းကို သံလြင္ဆီ တစ္ဇြန္းထည့္ၿပီး ေပ်ာ့ဖတ္ေနေအာင္ ေမႊပါ။ ႏႈတ္ခမ္းတစ္ဝိုက္မွာ လိမ္းေပးၿပီး ၂၅မိနစ္ေလာက္ထားပါ။ ေရေႏြးေႏြးျဖင့္ေဆးပါ။ တစ္ပတ္ကို ၂ႀကိမ္ျပဳလုပ္ေပးပါ။
၃။ မ်က္ႏွာ Exfoliate လုပ္ဖုိ႔

ဆဲလ္ေသေတြကို Exfoliation လုပ္ျခင္းက အလွအပနဲ႔ ငယ္ရြယ္ႏုပ်ိဳမႈကို ထိနး္သိမ္းကူညီေပးတဲ့ လုပ္ထံုးလုပ္နည္းျဖစ္ပါတယ္။ ေထာပတ္သီးမွာ ပါဝင္တဲ့ ဗီတာမင္အီးနဲ႔ niacinေၾကာင့္ exfoliate လုပ္ဖို႔အတြက္ ပါဝင္ပစၥည္းေကာင္းတစ္ခုျဖစ္ပါတယ္။
ေထာပတ္သီးမွည့္တစ္လံုးကို oatmeal powder ၂ဇြန္း၊ ပ်ားရည္ၾကမ္း ၁ဇြန္းနဲ႔ ေရာေမႊပါ။ circular motion ႏွင့္အတူ အေရျပားထဲသို႔ exfoliant ႏွိပ္နယ္ေပးပါ။ ၁၀မိနစ္ေလာက္ထားၿပီးမွ ေရေႏြးေႏြးနဲ႔ ေဆးပါ။ တစ္ပတ္ကို တစ္ႀကိမ္ျပဳလုပ္ပါ။
၄။ အေၾကာျပတ္အရာေတြအတြက္

သင့္ရဲ႕အေရျပားေပၚမွာ အေၾကာျပတ္ရာေတြက အေႏွာက္အယွက္ျဖစ္ေနရင္ ေထာပတ္သီးခရမ္နဲ႔အတူ ဖယ္ရွားႏိုင္ပါတယ္။ အသီးမွာ အသားအေရကို တင္းရင္းေစၿပီး stretch ေတြကို ေလ်ာ့ခ်ေပးတဲ့ ဗီတာမင္အီးနဲ႔ ဗီတာမင္စီတို႔ပါဝင္ပါတယ္။
ေထာပတ္သီးမွည့္တစ္လံုးကို ဗာဒံဆီ ၂ဇြန္းနဲ႔ ေသခ်ာစြာေမႊပါ။ လက္ေခ်ာင္းေလးေတြနဲ႔ ခရမ္ကို ယူလိမ္းၿပီး အေၾကာျပတ္ရာေတြကို ႏွိပ္နယ္ေပးပါ။ ၃၅မိနစ္ေလာက္ထားၿပီးမွ ေရေႏြးေႏြးနဲ႔ ေဆးပါ။ တစ္ပတ္ကို ၂ႀကိမ္- ၃ႀကိမ္လုပ္ေပးပါ။
၅။ မ်က္လံုးေအာက္ဧရိယာေတြကို ကုသဖို႔

မ်က္ကြင္းညိဳတာေတြ၊ မ်က္အိတ္ေတြက ေသြးလည္ပတ္မႈစနစ္နဲ႔ မ်က္စိေရာင္ရမ္းျခင္းေၾကာင့္ ျဖစ္ေပၚလာတာပါ။ ေထာပတ္သီးမွာ ပါဝင္တဲ့ ဗီတာမင္ A, D, C, နဲ႕ B-3 က ဒီျပႆနာေတြကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။
ေထာပတ္သီးတစ္ျခမ္းကို သခြားသီး ၄ခ်ပ္ေလာက္နဲ႔ Blender ထဲမွာ ထည့္ေမႊပါ။ ေရခဲေသတၱာထဲမွာ ၁နာရီေလာက္ အေအးခံၿပီး မ်က္လံုးေပၚမွာ လိမ္းေပးပါ။ ၂၅မိနစ္ေလာက္ေနမွ မ်က္ႏွာသစ္ေပးပါ။ ဒီျပဳလုပ္နည္းကို မနက္တိုင္း ျပဳလုပ္ေပးႏိုင္ပါတယ္။
၆။ ဆံပင္ေပါင္းတင္ေဆး

သင့္ဆံပင္ကို ႏူးည့ံေတာက္ပၿပီး ထူထူေလးျဖစ္ခ်င္ရင္ ဒီေပါင္းတင္ေဆးကို အသံုးျပဳပါ။ ၎မွာပါတဲ့ ဖက္တီးအက္ဆစ္နဲ႔ ဗီတာမင္မ်ားက သင့္ဆံပင္ကို ႏူးညံ့ေတာက္ပေစပါတယ္။
ေထာပတ္သီးမွည့္တစ္လံုးကို ဗာဒံဆီ ၂ဇြန္း၊ ဆား ၁ဇြန္းနဲ႔ ေရာေမႊပါ။ တစ္ေခါင္းလံုးလိမ္းေပးၿပီး ၂၅မိနစ္ေလာက္ထားပါ။ ၿပီးမွ ေရေႏြးေႏြးျဖင့္ေဆးပါ။ တစ္ပတ္ကို ၃ႀကိမ္ျပဳလုပ္ေပးႏိုင္ပါတယ္။
၇။ ဆပ္ျပာ

သင့္အသားအေရကို သန္႔ရွင္းၿပီး အစိုဓါတ္ရရွိေစဖို႔ ေထာပတ္သီးကို ဆပ္ျပာ ျပဳလုပ္ႏုိင္ပါတယ္။
ေရ ၄၅မီလီ နဲ႔ lye ၆၅ မီလီကိုေရာေမႊပါ။ ဒယ္အိုးထဲမွာ ေထာပတ္သီးဆီ ၁၅၀မီလီ၊ အုန္းဆီ ၁၃၀ မီလီ၊ သံလြင္ဆီ ၁၃၀မီလီ၊ ဗာဒံဆီ ၃၀မီလီ၊ ေရ ၄၅မီလီႏွင့္ သန္႔စင္ၿပီးေထာပတ္သီးခရမ္ ၁၇၀ဂရမ္ကို အပူေပးပါ။ အခန္းအပူခ်ိန္နဲ႔ အေအးခံပါ။ ၿပီးေနာက္ အေရာအေႏွာ ႏွစ္ခုစလံုးကို ေပါင္းစပ္ပါ။ ပူစီနံ essential oil ၄စက္ထည့္ပါ။ အေရာအေႏွာေတြကို မိႈထဲေလာင္းထည့္ၿပီး ေရခဲေသတၱာထဲမွာ ၂၄နာရီကေန ၄၈နာရီ အေအးခံပါ။
၈။ Foot scrub

သင့္ေျခဖေနာင့္ကြဲအက္တာေတြကို ႏူးညံ့ေစဖို႔ နည္းလမ္းတစ္ခုက ေထာပတ္သီးနဲ႔ ပြတ္တိုက္ေပးဖို႔ပါပဲ။
ဆား ၁ဇြန္း၊ သၾကား ၁ဇြန္း၊ လိေမၼာ္သီး essential oil ၂စက္ကို ေထာပတ္သီး တစ္ျခမ္းနဲ႔ေရာပါ။ ေရခ်ိဳးၿပီး သင့္ရဲ႕ေျခဖေနာင့္ေတြကို ၁၀မိနစ္- ၁၅မိနစ္ေလာက္ ပြတ္တိုက္ ႏွိပ္နယ္ေပးပါ။ ေရေႏြးေႏြးေလးနဲ႔ေဆးၿပီး ေျခအိတ္ဝတ္ဆင္ေပးပါ။ ဒီလုပ္နည္းကို ၁ပတ္ ၂ႀကိမ္ ျပဳလုပ္ေပးႏိုင္ပါတယ္။
၉။ မိတ္ကပ္ဖ်က္ေဆး

ေထာပတ္သီးဆီႏွင့္ ေထာပတ္သီးေပ်ာ့ဖက္အေရာအေႏွာက မိတ္ကပ္ဖ်က္ဖို႔ အေကာင္းဆံုးေရြးခ်ယ္စရာတစ္ခု ျဖစ္ပါတယ္။ ဒီအေရာအေႏွာက မိတ္ကပ္ေတြကို ဖယ္ရွားေပးယံုသာမက ဖက္တီးအက္ဆစ္မ်ားနဲ႔ အက်ိဳးျပဳဗီတာမင္မ်ား ပါဝင္တာေၾကာင့္ အသားအေရကို အာဟာရျဖည့္ေပးပါတယ္။
ေထာပတ္သီးဆီ ၁ဇြန္းႏွင့္ ႀကိတ္ေခ်ထားတဲ့ ေထာပတ္သီးေပ်ာ့ဖက္ ၁ဇြန္း ကိုေရာပါ။ သင့္မ်က္ႏွာေပၚမွာ လိမ္းၿပီး ၅မိနစ္ေလာက္ အသားအေရထဲ စိမ့္ဝင္ေအာင္ ႏွိပ္နယ္ေပးပါ။ ၿပီးေနာက္ ေရႏွင့္ေဆးေၾကာပါ။
၁၀။ ေထာပတ္သီးၾကက္ဥ

ေထာပတ္သီးတစ္လံုးထဲမွာ ၾကက္ဥထည့္ခ်က္ၿပီး နံနက္စာအျဖစ္ သံုးေဆာင္ႏိုင္ပါတယ္။
ေထာပတ္သီးကို တစ္ျခမ္းျခမ္းၿပီး အေစ့ကို ထုတ္ပါ။ ဇြန္းတစ္ေခ်ာင္းကိုသံုးၿပီး ေထာပတ္သီးအျခမ္းထဲကေန အႏွစ္အနည္းငယ္ကို ဖယ္ရွားလိုက္ပါ။ ၾကက္ဥ၂လံုးေဖာက္ၿပီး ေထာပတ္သီးျခမ္းထဲမွာ ထည့္ပါ။ ၁၀မိနစ္ေလာက္ ၃၅၀ ဒီဂရီဖာရင္ဟုိက္နဲ႔ အာဗင္ထဲမွာ ထည့္ဖုတ္ေပးပါ။
Lifestyle_Myanmar
LM_Nandar
Unicode
သင်သိသေးမှာမဟုတ်တဲ့ ထောပတ်သီးရဲ့ အသုံးဝင်ပုံ (၁၀)မျိုး
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀လောက်က ထောပတ်သီးတစ်လုံးဟာ ကမ္ဘာပေါ်မှာ အသုံးအများဆုံးနဲ့ အာဟာရအရှိဆုံးအသီးအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ထောပတ်သီးတစ်လုံးဟာ စားသုံးနိုင်ယုံသာမဟုတ်ပါဘူး။ အများကြီးအသုံးဝင်ပါတယ်။ ဒီအစိမ်းရောင်အသီးကို အသုံးပြုဖို့ စိတ်ဝင်စားစရာအကောင်းဆုံး နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
၁။ အမွှေးရိတ်ခရမ်
ထောပတ်သီးတစ်လုံးမှာ အသားအရေကို နူးညံ့ပျော့ပြောင်းစေတဲ့ ဗီတာမင်အေနဲ့ ဗီတာမင်အီးတို့ ပါရှိပါတယ်။
ထောပတ်သီးမှည့််တစ်လုံးကို ခြမ်းပြီး အစေ့ကိုထုတ်ပါ။ ပျော့ဖတ်နေအောင် မွှေပါ။ မုတ်ဆိတ်မရိပ်ခင် သင့်အသားအရေပေါ်မှာ မုတ်ဆိတ်ရိတ်ခရမ်လို လိမ်းပေးနိုင်ပါတယ်။ ကျန်တဲ့ဟာကို ရေခဲသေတ္တာထဲမှာ သိမ်းထားပါ။
၂။ နှုတ်ခမ်းလိမ်းဆေး
နှုတ်ခမ်းအသားအရေက အလွယ်တကူ အရေးအကြောင်းတွေ ဖြစ်စေနိုင်အောင် အရမ်းပါးလွှာပါတယ်။ ထောပတ်သီးမှာ နှုတ်ခမ်းသားကို နူးညံ့ပြီး ပြည့်ပြည့်လေးဖြစ်စေမယ့် Oleic acid ပါဝင်ပါတယ်။
ထောပတ်သီးမှည့်တစ်ခြမ်းကို သံလွင်ဆီ တစ်ဇွန်းထည့်ပြီး ပျော့ဖတ်နေအောင် မွှေပါ။ နှုတ်ခမ်းတစ်ဝိုက်မှာ လိမ်းပေးပြီး ၂၅မိနစ်လောက်ထားပါ။ ရေနွေးနွေးဖြင့်ဆေးပါ။ တစ်ပတ်ကို ၂ကြိမ်ပြုလုပ်ပေးပါ။
၃။ မျက်နှာ Exfoliate လုပ်ဖို့
ဆဲလ်သေတွေကို Exfoliation လုပ်ခြင်းက အလှအပနဲ့ ငယ်ရွယ်နုပျိုမှုကို ထိနး်သိမ်းကူညီပေးတဲ့ လုပ်ထုံးလုပ်နည်းဖြစ်ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ဗီတာမင်အီးနဲ့ niacinကြောင့် exfoliate လုပ်ဖို့အတွက် ပါဝင်ပစ္စည်းကောင်းတစ်ခုဖြစ်ပါတယ်။
ထောပတ်သီးမှည့်တစ်လုံးကို oatmeal powder ၂ဇွန်း၊ ပျားရည်ကြမ်း ၁ဇွန်းနဲ့ ရောမွှေပါ။ circular motion နှင့်အတူ အရေပြားထဲသို့ exfoliant နှိပ်နယ်ပေးပါ။ ၁၀မိနစ်လောက်ထားပြီးမှ ရေနွေးနွေးနဲ့ ဆေးပါ။ တစ်ပတ်ကို တစ်ကြိမ်ပြုလုပ်ပါ။
၄။ အကြောပြတ်အရာတွေအတွက်
သင့်ရဲ့အရေပြားပေါ်မှာ အကြောပြတ်ရာတွေက အနှောက်အယှက်ဖြစ်နေရင် ထောပတ်သီးခရမ်နဲ့အတူ ဖယ်ရှားနိုင်ပါတယ်။ အသီးမှာ အသားအရေကို တင်းရင်းစေပြီး stretch တွေကို လျော့ချပေးတဲ့ ဗီတာမင်အီးနဲ့ ဗီတာမင်စီတို့ပါဝင်ပါတယ်။
ထောပတ်သီးမှည့်တစ်လုံးကို ဗာဒံဆီ ၂ဇွန်းနဲ့ သေချာစွာမွှေပါ။ လက်ချောင်းလေးတွေနဲ့ ခရမ်ကို ယူလိမ်းပြီး အကြောပြတ်ရာတွေကို နှိပ်နယ်ပေးပါ။ ၃၅မိနစ်လောက်ထားပြီးမှ ရေနွေးနွေးနဲ့ ဆေးပါ။ တစ်ပတ်ကို ၂ကြိမ်- ၃ကြိမ်လုပ်ပေးပါ။
၅။ မျက်လုံးအောက်ဧရိယာတွေကို ကုသဖို့
မျက်ကွင်းညိုတာတွေ၊ မျက်အိတ်တွေက သွေးလည်ပတ်မှုစနစ်နဲ့ မျက်စိရောင်ရမ်းခြင်းကြောင့် ဖြစ်ပေါ်လာတာပါ။ ထောပတ်သီးမှာ ပါဝင်တဲ့ ဗီတာမင် A, D, C, နဲ့ B-3 က ဒီပြဿနာတွေကို လျော့ချပေးနိုင်ပါတယ်။
ထောပတ်သီးတစ်ခြမ်းကို သခွားသီး ၄ချပ်လောက်နဲ့ Blender ထဲမှာ ထည့်မွှေပါ။ ရေခဲသေတ္တာထဲမှာ ၁နာရီလောက် အအေးခံပြီး မျက်လုံးပေါ်မှာ လိမ်းပေးပါ။ ၂၅မိနစ်လောက်နေမှ မျက်နှာသစ်ပေးပါ။ ဒီပြုလုပ်နည်းကို မနက်တိုင်း ပြုလုပ်ပေးနိုင်ပါတယ်။
၆။ ဆံပင်ပေါင်းတင်ဆေး
သင့်ဆံပင်ကို နူးည့ံတောက်ပပြီး ထူထူလေးဖြစ်ချင်ရင် ဒီပေါင်းတင်ဆေးကို အသုံးပြုပါ။ ၎င်းမှာပါတဲ့ ဖက်တီးအက်ဆစ်နဲ့ ဗီတာမင်များက သင့်ဆံပင်ကို နူးညံ့တောက်ပစေပါတယ်။
ထောပတ်သီးမှည့်တစ်လုံးကို ဗာဒံဆီ ၂ဇွန်း၊ ဆား ၁ဇွန်းနဲ့ ရောမွှေပါ။ တစ်ခေါင်းလုံးလိမ်းပေးပြီး ၂၅မိနစ်လောက်ထားပါ။ ပြီးမှ ရေနွေးနွေးဖြင့်ဆေးပါ။ တစ်ပတ်ကို ၃ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။
၇။ ဆပ်ပြာ
သင့်အသားအရေကို သန့်ရှင်းပြီး အစိုဓါတ်ရရှိစေဖို့ ထောပတ်သီးကို ဆပ်ပြာ ပြုလုပ်နိုင်ပါတယ်။
ရေ ၄၅မီလီ နဲ့ lye ၆၅ မီလီကိုရောမွှေပါ။ ဒယ်အိုးထဲမှာ ထောပတ်သီးဆီ ၁၅၀မီလီ၊ အုန်းဆီ ၁၃၀ မီလီ၊ သံလွင်ဆီ ၁၃၀မီလီ၊ ဗာဒံဆီ ၃၀မီလီ၊ ရေ ၄၅မီလီနှင့် သန့်စင်ပြီးထောပတ်သီးခရမ် ၁၇၀ဂရမ်ကို အပူပေးပါ။ အခန်းအပူချိန်နဲ့ အအေးခံပါ။ ပြီးနောက် အရောအနှော နှစ်ခုစလုံးကို ပေါင်းစပ်ပါ။ ပူစီနံ essential oil ၄စက်ထည့်ပါ။ အရောအနှောတွေကို မှိုထဲလောင်းထည့်ပြီး ရေခဲသေတ္တာထဲမှာ ၂၄နာရီကနေ ၄၈နာရီ အအေးခံပါ။
၈။ Foot scrub
သင့်ခြေဖနောင့်ကွဲအက်တာတွေကို နူးညံ့စေဖို့ နည်းလမ်းတစ်ခုက ထောပတ်သီးနဲ့ ပွတ်တိုက်ပေးဖို့ပါပဲ။
ဆား ၁ဇွန်း၊ သကြား ၁ဇွန်း၊ လိမ္မော်သီး essential oil ၂စက်ကို ထောပတ်သီး တစ်ခြမ်းနဲ့ရောပါ။ ရေချိုးပြီး သင့်ရဲ့ခြေဖနောင့်တွေကို ၁၀မိနစ်- ၁၅မိနစ်လောက် ပွတ်တိုက် နှိပ်နယ်ပေးပါ။ ရေနွေးနွေးလေးနဲ့ဆေးပြီး ခြေအိတ်ဝတ်ဆင်ပေးပါ။ ဒီလုပ်နည်းကို ၁ပတ် ၂ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။
၉။ မိတ်ကပ်ဖျက်ဆေး
ထောပတ်သီးဆီနှင့် ထောပတ်သီးပျော့ဖက်အရောအနှောက မိတ်ကပ်ဖျက်ဖို့ အကောင်းဆုံးရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။ ဒီအရောအနှောက မိတ်ကပ်တွေကို ဖယ်ရှားပေးယုံသာမက ဖက်တီးအက်ဆစ်များနဲ့ အကျိုးပြုဗီတာမင်များ ပါဝင်တာကြောင့် အသားအရေကို အာဟာရဖြည့်ပေးပါတယ်။
ထောပတ်သီးဆီ ၁ဇွန်းနှင့် ကြိတ်ချေထားတဲ့ ထောပတ်သီးပျော့ဖက် ၁ဇွန်း ကိုရောပါ။ သင့်မျက်နှာပေါ်မှာ လိမ်းပြီး ၅မိနစ်လောက် အသားအရေထဲ စိမ့်ဝင်အောင် နှိပ်နယ်ပေးပါ။ ပြီးနောက် ရေနှင့်ဆေးကြောပါ။
၁၀။ ထောပတ်သီးကြက်ဥ
ထောပတ်သီးတစ်လုံးထဲမှာ ကြက်ဥထည့်ချက်ပြီး နံနက်စာအဖြစ် သုံးဆောင်နိုင်ပါတယ်။
ထောပတ်သီးကို တစ်ခြမ်းခြမ်းပြီး အစေ့ကို ထုတ်ပါ။ ဇွန်းတစ်ချောင်းကိုသုံးပြီး ထောပတ်သီးအခြမ်းထဲကနေ အနှစ်အနည်းငယ်ကို ဖယ်ရှားလိုက်ပါ။ ကြက်ဥ၂လုံးဖောက်ပြီး ထောပတ်သီးခြမ်းထဲမှာ ထည့်ပါ။ ၁၀မိနစ်လောက် ၃၅၀ ဒီဂရီဖာရင်ဟိုက်နဲ့ အာဗင်ထဲမှာ ထည့်ဖုတ်ပေးပါ။