Home Fashion သင်လက်မလွတ်သင့်တဲ့ အရမ်းခေတ်စားနေသော ကိုရီးယား Ulzzang ဖက်ရှင်လေးတွေ

သင်လက်မလွတ်သင့်တဲ့ အရမ်းခေတ်စားနေသော ကိုရီးယား Ulzzang ဖက်ရှင်လေးတွေ

0
74


သင်ဟာ k-pop ပရိတ်သတ်တစ်ဦးဖြစ်လျှင် Ulzzang Trendလို့ ခေါ်တဲ့ ဒီကိုရီးယားဖက်ရှင်လေးတွေကို လက်မလွတ်သင့်ပါဘူး။ ချစ်စရာကောင်းပြီး မိန်းကလေးအများစု သဘောကျလိမ့်မယ့်ဖက်ရှင်လေးတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုရီးယားရဲ့ Ulzzaang ဖက်ရှင်ဆိုတာ ဘယ်လိုဒီဇိုင်းလေးတွေ ဖြစ်မလဲဆိုတာ ပျိုမေတို့သိရဖို့ မျှဝေပေးလိုက်တယ်နော်။

-Advertisement-

အပြင်ထွက်တဲ့အခါ
အပြင်သွားတဲ့အခါ ပေါ့ပေါ့ပါးနဲ့ ချစ်စရာကောင်းတဲ့ ဒီဇိုင်းလေးတွေ ဝတ်ချင်ရင်တော့ ဒီဖက်ရှင်လေးတွေက သင့်အတွက်အဆင်ပြေမှာပါ။ ဘောင်းဘီတွေ၊ စကတ်တိုလေးတွေဆိုရင် Sneakers ဖိနပ်လေးတွေ စီးလို့ရပြီး ဂါဝန်လေးတွေ၊ စကတ်ရှည်လေးတွေဆိုရင်တော့ ကြိုးသိုင်းဖိနပ်လေးတွေ၊ ကွင်းထိုးဖိနပ်လေးတွေ စီးလို့ရပါတယ်။

 အပြင်မှာ ချိန်းထားတာရှိတဲ့အခါ မိုးအေးအေးနဲ့ အပြင်ထွက်မယ်ဆိုရင် မိန်းကလေးဆန်ဆန် အပွင့်ဒီဇိုင်းလေးတွေနဲ့ စကတ်တိုလေးတွေနဲ့ K-Pop စတိုင်

ရာသီဥတုအေးတဲ့နေ့တွေမှာ
ရာသီဥတုအေးတဲ့ နေ့တွေမှာ ဂျာကင်လေးတွေ၊ ဆွယ်တာလုံးစွပ်လေးတွေကို ဒီလိုဝတ်ဆင်ထားရင် ချစ်စရာကောင်းပြီး ဖက်ရှင်ကျနေမှာပါ။

 

ပေါ့ပေါ့ပါးပါး အိမ်နေရင်းဝတ်စုံ
အိမ်မှာနေတဲ့အခါ သက်တောင့်သက်သာရှိတဲ့ ချည်ထည်လေးတွေ၊ ခပ်ပွပွအင်္ကျီလေးတွေကို ဒီလိုဖက်ရှင်ကျအောင် ဝတ်ဆင်နိုင်ပါတယ်။

ချည်ဇာလေးတွေ၊ ချည်သားအေးအေးလေးတွေနဲ့ လွတ်လပ်တဲ့စတိုင်

တီရှပ်ပွပွလေးတွေနဲ့ ဂျင်းပင်လေးတွေနဲ့ လူငယ်စတိုင်

 ရှပ်အကျီ င်္၊ချည်သားအင်္ကျီပွပွလေးတွေနဲ့ ဂျင်းဘောင်းဘီအတိုလေးတွေ ချစ်စရာကောင်းတဲ့စတိုင်

 အိမ်နေရင်း ပေါ့ပေါ့ပါးပါးစတိုင်    #Lifestyle_Myanmar

#TB_Nandar

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here