• Home
  • Lifestyle
  • Health & Beauty
  • သင္မသိေသးတဲ့ ကိုရီးယားေတြ ခႏၶာကိုယ္အတြက္ အသံုးျပဳေသာ ဘန္းစကား ၈ခု
Celebrity Health & Beauty

သင္မသိေသးတဲ့ ကိုရီးယားေတြ ခႏၶာကိုယ္အတြက္ အသံုးျပဳေသာ ဘန္းစကား ၈ခု

ကိုရီးယားေတြ ခႏၶာကိုယ္အတြက္

ဒါေတြက ခႏၶာကိုယ္အစိတ္အပိုင္းတစ္ခ်ိဳ႕အတြက္ အမ်ားဆံုးအသံုးျပဳတဲ့ ေဝါဟာရသတ္မွတ္ေလးေတြ ျဖစ္ပါတယ္။
V-Lines တို႔ 11abs ဆိုတာ လူႀကိဳက္မ်ားတဲ့ ခႏၶာကိုယ္ပံုစံမ်ိဳးစံုကို ေဖာ္ျပဖို႔ အသံုးျပဳတဲ့ ကိုရီးယားလူမ်ိဳးေတြ တီထြင္ထားတဲ့ ဘန္းစကားေလးေတြ ျဖစ္ပါတယ္။
၁။ S-Line

S-Line ကအရမ္းကို ေရပန္းစားပါတယ္။ S-Lineဆိုတာ အဂၤလိပ္စာလံုး ‘S’ လိုေကာက္ေၾကာင္းရွိတဲ့ အမ်ိဳးသမီးခႏၶာကိုယ္ကို ေဖာ္ျပဖို႔ အသံုးျပဳပါတယ္။ ‘hourglass’နဲ႔ ‘bottle-shapde’ ကဲ့သို႔ အျခားေဖာ္ျပခ်က္စကားလံုးေတြနဲ႔ ဆင္တူပါတယ္။ S-Line ခႏၶာကိုယ္ရွိတဲ့ Idolsအခ်ိဳ႕ကေတာ့ HyunA, SISTER အဖြဲ႕ဝင္ေဟာင္း Bora ႏွင့္ Hyosung တို႔ပါဝင္ပါတယ္။


၂။ V-Line

V-Line ဆိုတာ မ်က္ႏွာရဲ႕ပံုသ႑ာန္(သို႔) ေမးရိုးလိုင္းက ပိုၿပီးတိက်တာကို ရည္ညြန္းပါတယ္။ ကိုရီးယားေတြဟာ ေမးရိုးလိုင္းက်ဥ္းၿပီး ခၽြန္ေနတာကို ေဖာ္ျပဖို႔ ဒီေဝါဟာရကို သံုးပါတယ္။ V-Lineရွိတဲ့ နာမည္ႀကီးအခ်ိဳ႕ကေတာ့ Wanna One အဖြဲ႕ဝင္ Kang Daniel , Davichi အဖြဲ႕ဝင္ Kang Minkyung ႏွင့္ BoA တို႔ပဲျဖစ္ပါတယ္။


၃။ 11 Abs


11 Absဆိုတဲ့ ေဝါဟာရကေတာ့ အားကစားလုပ္တဲ့ အမ်ိဳးသမီးေတြမွာ ဝမ္းဗိုက္ၾကြက္သားေတြက “11” ပံုသ႑ာန္ ဖြဲ႕စည္းေနတာေၾကာင့္ အမ်ိဳးသမီးေတြရဲ႕ Abs ကိုေဖာ္ျပဖို႔ အသံုးျပဳပါတယ္။ 11 Absရွိတဲ့ တခ်ိဳ႕Idols ေတြကေတာ့ f(x)အဖြဲ႕ဝင္ Krystal , TWICE အဖြဲ႕ဝင္ Mina ႏွင့္ EXID အဖြဲ႕ဝင္ Hani တို႔ပါပဲ။

၄။ Chocolate Abs


Gym ေဆာ့တဲ့ အမ်ိဳးသားေတြ၊ ခႏၶာကိုယ္ေတာင့္တင္းတဲ့ အမ်ိဳးသားေတြမွာ 6Pack (or) 8 Pack ကေခ်ာကလတ္အေတာင့္နဲ႔တူတာေၾကာင့္ ေခ်ာကလက္ Abs လို႔ေခၚပါတယ္။ ေခ်ာကလတ္ Abs ရွိတဲ့ အမ်ိဳးသားေတြကေတာ့ Jay Park, iKON အဖြဲ႕ဝင္ Bobby ,Super Junior အဖြဲ႕ဝင္ Siwon ႏွင့္ အႏုပညာရွင္အမ်ားစုမွာ ရွိပါတယ္။


၅။ Eye Smile


ဒါကေတာ့ တစ္စံုတစ္ေယာက္ကို ၿပံဳးျပတဲ့အခါ လျခမ္းပံုသ႑ာန္မ်က္လံုးေလးကို ေဖာ္ျပတာျဖစ္ပါတယ္။ ဒါက နာမည္ႀကီးအႏုပညာရွင္အေတာ္မ်ားမ်ားမွာ ေတြ႕ရတဲ့ ေရပန္းစားေနတဲ့ မ်က္ႏွာအဂၤါရပ္ပါပဲ။ အၿပံဳးမ်က္လံုးရွိတဲ့ နာမည္ႀကီး Idol ေတြကေတာ့ Girl’sDayအဖြဲ႕ဝင္ Minah ,Girl’s Generation အဖဲြ႕ဝင္ Tiffany ႏွင့္ BIGBANG က Taeyang တို႔ပဲျဖစ္ပါတယ္။


၆။ Bagel (Female)


အမ်ိဳးသမီးေတြအတြက္ Bagel ဆုိတာ ‘Baby’ ႏွင့္ ‘Glamorous’ စကားလံုးကိုေပါင္းစပ္ထားတာပါ။ ဆြဲေဆာင္မႈရွိတဲ့ ခႏၶာကိုယ္ႏွင့္ ကေလးမ်က္ႏွာရွိတဲ့သူ ကိုကိုယ္စားျပဳပါတယ္။ Bagel အမ်ိဳးသမီးအခ်ိဳ႕ကေတာ့ Apink အဖြဲ႕ဝင္ Hayoung , SISTER အဖြဲ႕ဝင္ေဟာင္း Soyaႏွင့္ Red Velvet အဖြဲ႕ဝင္ Joy တို႔ပဲျဖစ္ပါတယ္။


၇။ Bagel (Male)


Bagel ကိုအမ်ိဳးသားေတြအတြက္ အသံုးျပဳတဲ့အခါ ‘Baby ႏွင့္ ‘Gladiator’ ဆိုတဲ့ စကားလံုးကိုေပါင္းစပ္ထားတာပါ။ ခႏၶာကိုယ္မွာ ေတာင့္တင္းတဲ့ ၾကြက္သားေတြရွိၿပီး ကေလးမ်က္ႏွာလို ႏုနယ္တဲ့ အမ်ိဳးသားေတြကို ကိုယ္စားျပဳပါတယ္။ Bagel ရွိတဲ့အမ်ိဳးသားေတြကေတာ့ Highlight အဖြဲ႕ဝင္ Gikwang , BIGBANG အဖြဲ႕ဝင္ Daesung ႏွင့္ BTS မွ Jimin တို႔ျဖစ္ပါတယ္။


၈။ Ulzzang


Ulzzang ဆိုတာကေတာ့ “best face” သို႔မဟုတ္ တကယ့္ကို ၾကည့္ေကာင္းတဲ့သူ ဘယ္သူမဆို အသံုးျပဳပါတယ္။ အေျခခံအားျဖင့္ Idols ေတြအားလံုးကို ဆိုလိုပါတယ္။


#Lifestyle_Myanmar
#TB_Nandar
Source-koreaboo

Unicode

သင်မသိသေးတဲ့ ကိုရီးယားတွေ ခန္ဓာကိုယ်အတွက် အသုံးပြုသော ဘန်းစကား ၈ခု
ဒါတွေက ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ချို့အတွက် အများဆုံးအသုံးပြုတဲ့ ဝေါဟာရသတ်မှတ်လေးတွေ ဖြစ်ပါတယ်။
V-Lines တို့ 11abs ဆိုတာ လူကြိုက်များတဲ့ ခန္ဓာကိုယ်ပုံစံမျိုးစုံကို ဖော်ပြဖို့ အသုံးပြုတဲ့ ကိုရီးယားလူမျိုးတွေ တီထွင်ထားတဲ့ ဘန်းစကားလေးတွေ ဖြစ်ပါတယ်။
၁။ S-Line
S-Line ကအရမ်းကို ရေပန်းစားပါတယ်။ S-Lineဆိုတာ အင်္ဂလိပ်စာလုံး ‘S’ လိုကောက်ကြောင်းရှိတဲ့ အမျိုးသမီးခန္ဓာကိုယ်ကို ဖော်ပြဖို့ အသုံးပြုပါတယ်။ ‘hourglass’နဲ့ ‘bottle-shapde’ ကဲ့သို့ အခြားဖော်ပြချက်စကားလုံးတွေနဲ့ ဆင်တူပါတယ်။ S-Line ခန္ဓာကိုယ်ရှိတဲ့ Idolsအချို့ကတော့ HyunA, SISTER အဖွဲ့ဝင်ဟောင်း Bora နှင့် Hyosung တို့ပါဝင်ပါတယ်။
၂။ V-Line
V-Line ဆိုတာ မျက်နှာရဲ့ပုံသဏ္ဍာန်(သို့) မေးရိုးလိုင်းက ပိုပြီးတိကျတာကို ရည်ညွန်းပါတယ်။ ကိုရီးယားတွေဟာ မေးရိုးလိုင်းကျဉ်းပြီး ချွန်နေတာကို ဖော်ပြဖို့ ဒီဝေါဟာရကို သုံးပါတယ်။ V-Lineရှိတဲ့ နာမည်ကြီးအချို့ကတော့ Wanna One အဖွဲ့ဝင် Kang Daniel , Davichi အဖွဲ့ဝင် Kang Minkyung နှင့် BoA တို့ပဲဖြစ်ပါတယ်။
၃။ 11 Abs
11 Absဆိုတဲ့ ဝေါဟာရကတော့ အားကစားလုပ်တဲ့ အမျိုးသမီးတွေမှာ ဝမ်းဗိုက်ကြွက်သားတွေက “11” ပုံသဏ္ဍာန် ဖွဲ့စည်းနေတာကြောင့် အမျိုးသမီးတွေရဲ့ Abs ကိုဖော်ပြဖို့ အသုံးပြုပါတယ်။ 11 Absရှိတဲ့ တချို့Idols တွေကတော့ f(x)အဖွဲ့ဝင် Krystal , TWICE အဖွဲ့ဝင် Mina နှင့် EXID အဖွဲ့ဝင် Hani တို့ပါပဲ။
၄။ Chocolate Abs
Gym ဆော့တဲ့ အမျိုးသားတွေ၊ ခန္ဓာကိုယ်တောင့်တင်းတဲ့ အမျိုးသားတွေမှာ 6Pack (or) 8 Pack ကချောကလတ်အတောင့်နဲ့တူတာကြောင့် ချောကလက် Abs လို့ခေါ်ပါတယ်။ ချောကလတ် Abs ရှိတဲ့ အမျိုးသားတွေကတော့ Jay Park, iKON အဖွဲ့ဝင် Bobby ,Super Junior အဖွဲ့ဝင် Siwon နှင့် အနုပညာရှင်အများစုမှာ ရှိပါတယ်။
၅။ Eye Smile
ဒါကတော့ တစ်စုံတစ်ယောက်ကို ပြုံးပြတဲ့အခါ လခြမ်းပုံသဏ္ဍာန်မျက်လုံးလေးကို ဖော်ပြတာဖြစ်ပါတယ်။ ဒါက နာမည်ကြီးအနုပညာရှင်အတော်များများမှာ တွေ့ရတဲ့ ရေပန်းစားနေတဲ့ မျက်နှာအင်္ဂါရပ်ပါပဲ။ အပြုံးမျက်လုံးရှိတဲ့ နာမည်ကြီး Idol တွေကတော့ Girl’sDayအဖွဲ့ဝင် Minah ,Girl’s Generation အဖွဲ့ဝင် Tiffany နှင့် BIGBANG က Taeyang တို့ပဲဖြစ်ပါတယ်။
၆။ Bagel (Female)
အမျိုးသမီးတွေအတွက် Bagel ဆိုတာ ‘Baby’ နှင့် ‘Glamorous’ စကားလုံးကိုပေါင်းစပ်ထားတာပါ။ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်နှင့် ကလေးမျက်နှာရှိတဲ့သူ ကိုကိုယ်စားပြုပါတယ်။ Bagel အမျိုးသမီးအချို့ကတော့ Apink အဖွဲ့ဝင် Hayoung , SISTER အဖွဲ့ဝင်ဟောင်း Soyaနှင့် Red Velvet အဖွဲ့ဝင် Joy တို့ပဲဖြစ်ပါတယ်။
၇။ Bagel (Male)
Bagel ကိုအမျိုးသားတွေအတွက် အသုံးပြုတဲ့အခါ ‘Baby နှင့် ‘Gladiator’ ဆိုတဲ့ စကားလုံးကိုပေါင်းစပ်ထားတာပါ။ ခန္ဓာကိုယ်မှာ တောင့်တင်းတဲ့ ကြွက်သားတွေရှိပြီး ကလေးမျက်နှာလို နုနယ်တဲ့ အမျိုးသားတွေကို ကိုယ်စားပြုပါတယ်။ Bagel ရှိတဲ့အမျိုးသားတွေကတော့ Highlight အဖွဲ့ဝင် Gikwang , BIGBANG အဖွဲ့ဝင် Daesung နှင့် BTS မှ Jimin တို့ဖြစ်ပါတယ်။
၈။ Ulzzang
Ulzzang ဆိုတာကတော့ “best face” သို့မဟုတ် တကယ့်ကို ကြည့်ကောင်းတဲ့သူ ဘယ်သူမဆို အသုံးပြုပါတယ်။ အခြေခံအားဖြင့် Idols တွေအားလုံးကို ဆိုလိုပါတယ်။
#Lifestyle_Myanmar
#TB_Nandar
Source-koreaboo

Related posts

မိနစ္အနည္းငယ္အတြင္းမွာ သန္႔ရွင္း ေတာက္ပတဲ့ အသားအေရရရွိဖို႔ ေႏြရာသီ အသားျဖဴလိမ္းေဆးခရမ္

Nandar Lwin

အလုပ္အင္တာဗ်ဴးမွာ ဝတ္စားဆင္ယင္သင့္တဲ့ အေရာင္က

OMCTC

တစ္ပတ္အတြင္း သင့္ဆံပင္ကၽြတ္ျခင္းကို ရပ္တန္႔ေစမယ့္ နည္းလမ္းေလး

Nandar Lwin

Leave a Comment