ဂျပန်လူမျိုးတွေက သူတို့ရဲ့ သွေးအမျိုးအစားနဲ့ ပတ်သတ်ပြီး တော်တော်လေးအလေးအနက်ထားတယ်ဆိုတာ ကြာဖူးပါတယ်။ သူတို့ထဲက အတော်များများက သွေးအမျိုးအစားသည် သင်ရဲ့ကိုယ်ရည်ကိုယ်သွေး၊ ပါတနာတွေ, သူငယ်ချင်းတွေနဲ့ လိုက်လျောညီထွေဖြစ်မှုကို ဆုံးဖြတ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။ သင်ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ၊ ဒါက အနည်းဆုံးတော့ ဖျော်ဖြေမှု ဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
၁။ သွေးအုပ်စု A
အေသွေးအမျိုးအစားရှိသူတွေဟာ ရင်းနှီးဖော်ရွေသူတွေ၊ ထိပ်တိုက်ရင်ဆိုင်ရမှာကို ရှက်လေ့ရှိသူတွေလို့ ဆိုပါတယ်။ အသင်းအဖွဲ့ကြီးမှာထက် Group သေးသေးလေးမှာ ပေါင်းသင်းရတာကို နှစ်သက်ကြပါတယ်။ သူတို့မှာရှိတဲ့ အချို့သော အပြုသဘောဆောင်တဲ့ စရိုက်တွေက ကြံ့ခိုင်တဲ့ တာဝန်ယူမှုအသိ ၊ ဖွဲ့စည်းမှု၊ အလုပ်ကြိုးစားတဲ့သဘောထား၊ သူငယ်ချင်းတွေနဲ့ မိသားစုအပေါ် သစ္စာရှိမှုတို့ဖြစ်ပါတယ်။
သင်ဟာ အေသွေးအမျိုးအစားဖြစ်တယ်ဆိုရင် သင်ဟာ အရမ်းအေးပြီး ခပ်တန်းတန်းဖြစ်နေတယ်လို့ လူတွေထင်ကြပါလိမ့်မယ်။ သို့သော် သင့်ရဲ့အရင်းနှီးဆုံး လူမှုအသိုင်းအဝိုင်းမှာသာ သင့်ရဲ့ခံစားချက်အမှန်ကို ဖော်ပြတာကြောင့်ဖြစ်ပါတယ်။ သင်ဟာ အချိန်အမြဲတိကျပြီး သင်လုပ်ဆောင်သမျှမှာ သင့်အတွက် မြင့်မားတဲ့ စံနှုန်းတွေရှိပါတယ်။ သို့ပေမယ့် သင့်မှာ self-conscious ရှိကြောင်းနဲ့ စိတ်ဖိစီးလွယ်ကြောင်း လူသိများပါတယ်။
သင်ဟာ သွေးအမျိုးအစားအားလုံးနဲ့ အဆင်ပြေစွာ နေထိုင်နိုင်သော်လည်း သင့်ရဲ့ဆင်တူသော သဘာဝကြောင့် အေသွေးအမျိုးအစားရှိသူချင်းဆိုရင် ခေါင်းချင်းဆိုင်နိုင်ပါတယ်။ BigBang မှ ကေပေါ့အိုင်ဒေါ G-Dragon, ကိုရီးယားမင်းသား Lee Min Ho, ထိုင်ဝမ်အဆိုတော်၊ Hebe Tien နှင့် တရုတ်သရုပ်ဆောင် Wang Yibo တို့ဟာ အေသွေးအမျိုးအစားရှိတဲ့ နာမည်ကြီး အနုပညာရှင်အချို့ ဖြစ်ပါတယ်။

၂။ သွေးအုပ်စု B
သွေးအုပ်စု ဘီရှိ အမျိးသားတွေဟာ ဂျပန်နဲ့ ကိုရီးယားမှာ bad boyfriend ဖြစ်တယ်ဆိုတဲ့ ဂုဏ်သတင်းရှိပါတယ်။ ပေါ်ကြော့လူချမ်းသာ သဘာဝရှိသူတွေအဖြစ် မကြာခဏ ဖော်ပြကြပါတယ်။ ကံကောင်းတာက ဒီသွေးအမျိုးအစားရှိတဲ့ အမျိုးသမီးတွေဆိုရင် ဒီအပျက်သဘောလက္ခဏာတွေနဲ့ ဆက်စပ်ခြင်းကနေ လွတ်မြောက်နိုင်ပါတယ်။ သွေးအုပ်စု ဘီရှိသူတွေဟာ ဟန်ဆောင်မှုမရှိဘဲ သူတို့ရဲ့ ခံစားချက်တွေမှာ ရိုးရှင်းစွာ နေထိုင်ရတာကို နှစ်သက်ကြပါတယ်။
တကယ်လို့ သင်ဟာ ဘီသွေးအမျိုးအစားဖြစ်တယ်ဆိုရင် သင်လွယ်တတ်လွယ်သူ၊ လိုက်လျောညီထွေနေတတ်သူ၊ စည်းမျဉ်းတွေ ချိုးဖျက်ဖို့ အထုံပါသောသူဖြစ်နိပါလိမ့်မယ်။ breakup ကနေမြန်မြန် ပြန်ကောင်းလာလေ့ရှိသူလည်း ဖြစ်ပါတယ်။ သင်ဟာ လူတွေဝန်းရံခံရခြင်းကို နှစ်သက်ပါတယ်။ အပျက်သဘောဆောင်တဲ့ ဘက်ကကြည့်ရင် တစ်ခါတစ်ရံမှာ ကိုယ့်ကိုယ်ကို ဗဟိုပြုတတ်ပြီး ခေါင်းမာတတ်သူ ဖြစ်နိုင်ပါတယ်။
အချစ်ရေးလိုက်ဖက်မှုနဲ့ ပတ်သတ်လာရင်တော့ သင်နဲ့ အကောင်းဆုံးလိုက်ဖက်သူတွေက AB သွေးအုပ်စု ရှိသူတွေပါ။ နောက်မှ O သွေးအုပ်စုပါ။ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးက အေသွေးအုပ်စုနဲ့ဆိုရင် သဘောထားချင်း ပဋိပက္ခဖြစ်နိုင်ပါတယ်။ သင်ဟာ Crash Landing On You ဇာတ်ကားမှ ကိုရီးယားမင်းသား Hyun Bin, SNSD မှ ကေပေါ့အိုင်ဒေါ Yoona, အမေရိကန်သရုပ်ဆောင် Leonardo DiCaprio တိုနဲ့ သွေးအမျိုးအစားတူပါတယ်။

၃။ သွေးအုပ်စု AB
အေဘီသွေးအမျိုးအစားရှိသူတွေမှာ သွေးအုပ်စု အေနှင့်် ဘီနှစ်မျိုးလုံးရဲ့ စရိုက်တွေရှိပါတယ်။ ထို့ကြောင့် အများနဲ့မတူ တမူထူးသူတွေလို့ သိကြပါတယ်။ သူတို့မှာ ကိုယ်ရည်ကိုယ်သွေးမျိုးစုံရှိပြီး extroverted နဲ့ introverted ဖြစ်ခြင်းအကြား အပြောင်းအလဲရှိပါတယ်။ ပျော်စရာအချက်က ဂျပန် ကာတွန်းစာအုပ်နဲ့ အန်နီမေးရှိ လူကြမ်းတွေအား ဒီသွေးအမျိုးအစားကို များသောအားဖြင့် သတ်မှတ်ကြပါတယ်။
တကယ်လို့ သင့်သွေးအမျိုးအစားက AB ဖြစ်တယ်ဆိုရင် သင်ဟာ သူငယ်ချင်းအုပ်စုသေးသေးလေးမှာ နေရတာကို နှစ်သက်သော်လည်း အားပြန်သွင်းဖို့ ကိုယ့်အတွက်ကိုယ်အချိန်ပေးရတာကို နှစ်သက်ကောင်း နှစ်သက်ပါလိမ့်မယ်။ သင်ဟာ ငွေရေးကြေးရေးအောင်မှုလိုတဲ့ ဆန္ဒမရှိဘဲ စဉ်းစားချင့်ချိန်မှု၊ တည်ငြိမ်မှုရှိတတ်ပါတယ်။ တခြားတစ်ဖက်မှာ သင်ရဲ့ အလွန်အမင်း စိတ်အေးလက်အေးနေတတ်တဲ့ သဘာဝနဲ့ သည်းမခံနိုင်လောက်သော သဘာဝကြောင့် အခြားသူတွေကို စိတ်တိုစရာဖြစ်စေနိုင်ပါတယ်။
သွေးအုပ်စု B နှင့် AB ရှိသူချင်းက သင့်အတွက် အကောင်းဆုံးဖြစ်ပြီး O သွေးအုပ်စုနဲ့ဆိုရင် အဆိုးဆုံးဖြစ်ပါတယ်။ SNSD မှယူရီ, စင်္ကာပူအဆိုတော် စတီဖာနီဆွန်းနှင့် ဟောင်ကောင်သရုပ်ဆောင ဂျန်းကီချန်းတို့က AB သွေးအမျိုးအစားရှိသူတွေဖြစ်ပါတယ်။

၄။ သွေးအုပ်စု O
အိုသွေးအမျိုးအစားရှိသူတွေက ကြင်နာတတ်တယ်၊ အကောင်းမြင်တယ်၊ ရိုးသားတယ်လို့ သိကြပါတယ်။ သူတို့မှာ လူမှုရေးသဘာဝနှင့် ခေါင်းဆောင်မှုစွမ်းရည်ရှိကြပြီး အသေးအမွှားကိစ္စကို ချွေးပြန်တာထက် ကျယ်ပြန့်တဲ့ ရှုထောင့်ကနေ ကြည့်မြင်လေ့ရှိပါတယ်။ သူတို့က အပြင်ပန်းမှာ အားကောင်းပြီး ဖျက်ဆီးလို့မရနိုင်ပုံရသော်လည်း သူတို့ရဲ့အတွင်းပိုင်းက Sensitive ဖြစ်နိုင်ပါတယ်။
တကယ်လို့ သင်ဟာ ဒီသွေးအမျိုးအစားရှိသူဖြစ်ရင် နှလုံးသားရေးရာမှာ များစွာသောအရာတွေနဲ့ ပတ်သတ်ပြီး အရူးအမူးဖြစ်သူ၊ စပ်စပ်စုစုနိုင်သူ ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ကိုယ် ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ သိပြီး အရေးပေါ်အခြေအနေမျိုး၊ မုန်တိုင်းထန်တဲ့ အခြေအနေမျိုးမှာ တည်ငြိမ်မှုတွေအတွက် သင့်အားကြည့်ရှု့ဖို့ တခြားသူတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ တစ်ချို့လူတွေက သင့်ကို ထိန်းချုပ်တတ်သူ၊ ဂရုမစိုက်တတ်သူလို့ မြင်ကောင်းမြင်နိုင်ပါတယ်။
သင်ရဲ့ ယှဉ်ပြိုင်မှု သဘောသဘာဝက Oသွေးအုပ်စုချင်းနဲ့ဆိုရင် ခိုင်မာတဲ့ရင်းနှီးမှုရှိပြီး B သွေးအမျိုးအစားရှိသူတွေနဲ့ သဟဇာတအဖြစ်ဆုံး ဖြစ်ပါတယ်။ အိုသွေးအမျိုးအစားရှိသူ အနုပညာရှင်တစ်ချို့မှာ ကေပေါ့အိုင်ဒေါ BLACKPINK အဖွဲ့ဝင် Lisa, SNSD မှ Taeyeon နှင့် Tiffany, တရုတ်သရုပ်ဆောင်နှင့် အဆိုတော် Kris Wu နှင့် Queen Elizabeth II တို့ဖြစ်ပါတယ်။

Lifestyle_Myanmar
LM_Nandar
Source-girlstyle