သင့်ရဲ့ဦးနှောက်နဲ့ အမြင်ကို လှည့်စားနိုင်ဖို့အတွက် အထူးပြုလုပ်ထားတဲ့ ရုပ်ပုံ ၁၅ ခု

0
8857

မျက်လုံးကမြင်တဲ့အရာကို ဦးနှောက်ကမှန်ကန်အောင် ဆုံးဖြတ်ပေးရပါတယ်။ အဆိုပါသိပ္ပံသဘောတရားကို ပိုပြီးသေချာစေဖို့အတွက် အထူးပြုလုပ်ထားတဲ့ ရုပ်ပုံတွေနဲ့ လူတွေရဲ့ဦးနှောက်ကို စမ်းသပ်တဲ့အခါမှာ အမြင်ကိုမှောက်မှားအောင် လုပ်လိုက်တာနဲ့ ဦးနှောက်ရဲ့ဆုံးဖြတ်ချက်လည်း မှားယွင်းသွားတာကို တွေ့ရပါတယ်။ အောက်ဖော်ပြပါပုံတွေက တကယ်မရှိတဲ့ အရာတစ်ခုကို ရှိလာသယောင် ထင်မှတ်စေပါလိမ့်မယ်။

၁။ ပုံမှန်အတိုင်းကြည့်ရင် လှုပ်ရှားနေတဲ့ ပုံရိပ်လို့ သင်ထင်နိုင်ပေမယ့် အစိတ်အပိုင်းတစ်ခုတည်းကို စိုက်ကြည့်ရင်တော့ ငြိမ်နေတဲ့ပုံကို သင်မြင်ရပါလိမ့်မယ်။ ပုံဟာတကယ်လည်း လှုပ်ရှားမနေပါဘူး။

၂။ သင့်ကိုတည့်တည့် ကြည့်နေတဲ့လူက ဘေးစောင်းအနေအထားနဲ့ဆိုရင် အခြားတစ်ယောက်လို့ မြင်ပါလိမ့်မယ်။

၃။ ဘယ်ဖက်ကိုကြည့်တဲ့အခါ ပိုက်လုံးဘယ်နှလုံးကို သင်မြင်ပါသလဲ ပြီးရင်တော့ ညာဖက်ကိုကြည့်လိုက်ပါ။

၄။ ဘယ်နဲ့ညာနဲ့ကို တလှည့်စီကြည့်တဲ့အခါ အမဲစက်လေးတွေ ပေါ်လိုက်ပျောက်လိုက်နဲ့ သင်မြင်နိုင်ပါတယ်။ တစ်နေရာတည်းကို သေချာစိုက်ကြည့်မယ်ဆိုရင် အမဲစက်တွေ မရှိတာကို သင်မြင်ရပါလိမ့်မယ်။

၅။ ပုံထဲက ကန့်လန့်ဖြတ်မျဉ်းကြောင်းတွေဟာ မဖြောင့်တန်းပဲ ကွေးနေတယ်လို့ သင်ထင်နိုင်ပါတယ်။ သေချာကြည့်ပါက လိုင်းအားလုံးဖြောင့်တန်းနေတာကို မြင်ရပါလိမ့်မယ်။ တကယ်လည်းဖြောင့်တန်းတဲ့မျဉ်းကြောင်းတွေ ဖြစ်ပါတယ်။ 

၆။ အပေါ်က အဝါရောင်မျဉ်းကြောင်းဟာ အောက်ကအဝါရောင်မျဉ်းထက် ပိုပြီးကြီးတယ်လို့ သင်ယူဆပါသလား ၊ တကယ်တော့ မျဉ်းနှစ်ကြောင်းလုံးရဲ့ အရွယ်အစားဟာ တူတူပဲဖြစ်ပါတယ်။

၇။ တိုင်လုံးတစ်ခုကို အာရုံစိုက်ပြီးကြည့်ပါ။ ပြီးရင်လွတ်နေတဲ့နေရာကို ကြည်ပါ၊ သင်ဘာမြင်ရပါသလဲ။

၈။ ယုန်လား ဘဲတစ်ကောင်လား

၉။ ဆင်မှာ ခြေထောက်ဘယ်နှချောင်းရှိလဲ

၁၀။ စက်သွားတွေဟာ လည်နေတယ်လို့ ထင်ရပေမယ့် တကယ်တော့လည်မနေပါဘူး။

၁၁။ အပေါ်အောက်စတုရန်းနှစ်ခုဟာ အရောင်မတူဘူးလို့ သင်ထင်နိုင်ပေမယ့် နှစ်ခုကြားထဲကို လက်ညှိုးနဲ့ ကန့်လန့်ဖြတ်ထားပြီး ကြည့်ကြည့်ပါ။

၁၂။ အဖြူရောင်လိုင်းတွေရဲ့ ဆုံမှတ်တွေမှာ မီးခိုးရောင်အကွက်တွေ ရှိတယ်လို့ သင်မြင်ရပေမယ့် တကယ်ကရှိမနေပါဘူး။

၁၃။ တကယ်တော့ အတွင်းစက်ဝိုင်း နှစ်ခုဟာအတူတူပါပဲ။

၁၄။ စတုရန်းကွက် A နဲ့ B ဟာတကယ်တော့ အရောင်တူတူပါပဲ။ 

၁၅။ မျှားရဲ့လားရာကို အတွင်းအပြင်ပြောင်းလိုက်ရုံနဲ့ ကြားထဲကလိုင်းက ပိုရှည်သွားတယ်လို့ ထင်နိုင်ပါတယ်။

၁၆။ အဖိုးကြီးနဲ့ အဖွားကြီးတစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေတယ်လို့ ထင်ရပေမယ့် သေချာကြည့်ရင် အတွင်းမှာပုံတွေကို အသေးစိတ်ဆွဲထားတာ မြင်နိုင်ပါတယ်။

LM_Naung_Naung

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here