သင့်ရဲ့နှုတ်ခမ်းပုံစံက ပြောပြနေတဲ့ သင့်ရဲ့အကြောင်း

0
2483

သိပၸံပညာရွင္ေတြ၊ စိတ္ပညာရွင္ေတြနဲ႕ လကၡဏာပညာရွင္ေတြဟာ လူတစ္ေယာက္ရဲ႕စ႐ိုက္သဘာ၀အေၾကာင္းကို ခန္႔မွန္းတဲ့ေနရာမွာ ႏႈတ္ခမ္းကတိက်တဲ့ နမူနာတစ္ခုျဖစ္ေၾကာင္း အာ႐ံုစိုက္ခဲ့ၾကပါတယ္။ ဒါေၾကာင့္ ပညာရွင္ေတြရဲ႕အဆိုအရ သင့္ရဲ႕ႏႈတ္ခမ္းပံုစံဟာ သင့္ရဲ႕စရိုက္ျဖစ္ေၾကာင္းသိေစဖို႔ ဗဟုသုတအေနနဲ႕ ေဖာ္ျပလိုက္ပါတယ္။

ႀကီးမားထူထဲတဲ့ႏႈတ္ခမ္းပိုင္ရွင္
ဒီလို ႏႈတ္ခမ္းပိုင္ရွင္ေတြဟာ အျခားသူေတြကို ဂ႐ုစိုက္တတ္ၿပီး အကာအကြယ္ေပးႏိုင္တဲ့သူေတြ ျဖစ္ပါတယ္။ သူတို႔ရဲ႕အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို တိရိစၦာန္ေတြအေပၚကိုဂ႐ုစိုက္မႈ၊ ကေလးရွိပါက ကေလးအေပၚဂ႐ုစိုက္မႈေတြနဲ႕သာ ကုန္ဆံုးသြားတတ္ၾကပါတယ္။ သူတို႔ဟာ ဘယ္လိုစိတ္ဖိစီးမႈအေျခအေနမ်ိဳးမွာမဆို ကိုယ့္အေၾကာင္းထက္ သူမ်ားအတြက္ပို အရင္စဥ္းစားတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ဒီလိုႏႈတ္ခမ္းပိုင္ရွင္ေတြဟာ အေကာင္းဆံုးမိခင္ေတြ ျဖစ္ေနၾကပါတယ္။

အေပၚႏႈတ္ခမ္းက ေအာက္ႏႈတ္ခမ္းထက္ႀကီးသူ
ယခုလို ႏႈတ္ခမ္းမ်ိဳးပိုင္ဆိုင္သူတစ္ေယာက္ဟာ Drama queen လို႔တင္စားရေလာက္ေအာင္ ဆြဲေဆာင္မႈရွိတဲ့သူေတြျဖစ္ပါတယ္။ သူတို႔ဟာ သူတို႕ရဲ႕စိတ္ခံစားမႈ၊ ၾသဇာနဲ႕၊ အခ်စ္ကို အာရံုစူးစိုက္သူေတြျဖစ္ၾကၿပီး အျခားသူေတြက သူတို႔ကိုအာ႐ံုစိုက္လာေအာင္ ဆြဲေဆာင္ႏိုင္တဲ့သူေတြ ျဖစ္ပါတယ္။ ဒါ့အျပင့္ ထူးျခားတဲ့ စာပိုဒ္တိုေတြ၊ စကားလံုးေတြ၊ ရယ္စရာအေကာင္းဆံုးပ်က္လံုးေတြကိုလည္း သူတို႔ဟာအျမဲတမ္းဖန္တီးတတ္ၾကပါတယ္။

ေအာက္ႏႈတ္ခမ္းက အေပၚႏႈတ္ခမ္းထက္ႀကီးသူ
သင္မွာယခုလို ႏႈတ္ခမ္းမ်ိဳးရွိရင္ သင္ဟာ ႐ံုးလုပ္ငန္းေတြနဲ႕ အသက္ေမြးမဲ့သူတစ္ေယာက္ မဟုတ္ပါဘူး။ သင့္ရဲ႕ဘ၀မွာ ေပ်ာ္စရာေတြအမ်ားအျပားၾကံဳေတြ႕ရႏိုင္ၿပီး တက္ၾကြတဲ့ လူေနမႈပံုစံ၊မိတ္ေဆြအသစ္ေတြ၊ ေနရာအသစ္ေတြဆီ ခရီးသြားေနရတာေတြ၊ ဆြဲေဆာင္မႈအသစ္ေတြနဲ႕ ၾကံဳေတြ႕ရမွာျဖစ္ပါတယ္။ ဒါ့အျပင္ သင္ဟာစပ္စုရတာကို၀ါသနာပါသလို အေပါင္းအသင္းဆံ့ျခင္းေၾကာင့္ အသစ္မွန္သမွ်သင့္ဆီေရာက္လာတတ္ပါတယ္။ ဒါ့ေၾကာင့္ စြန္႔စားရတဲ့ကိစၥေတြမွာ သင္ကအျခားသူေတြကို ဦးေဆာင္ႏိုင္ဖို႔ အရည္အခ်င္းရွိသူတစ္ေယာက္ျဖစ္ပါတယ္။

ပံုမွန္ႏႈတ္ခမ္းပိုင္ရွင္

အေပၚေအာက္ညီမွ်တဲ့ သာမာန္ႏႈတ္ခမ္းပိုင္ရွင္ေတြဟာ မွ်တျခင္းကိုလိုလားတဲ့သူေတြျဖစ္သလို ဘယ္လိုစမ္းသပ္မႈမ်ိဳးကိုမဆို ေျဖရွင္းႏိုင္ၾကသူေတြျဖစ္ပါတယ္။ သူတို႔ဟာ တျခားသူေတြရဲ႕စကားကို နားေထာင္ဖို႕ စြမ္းရည္ျမင့္သကဲ့သို႔ မွ်တတဲ့ထင္ျမင္ခ်က္ေတြေၾကာင့္ ေလးစားျခင္းခံရသူေတြျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သူတို႔ကို လက္ေတြ႕က်က်အ႐ူးလုပ္ဖို႕ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ဒါ့အျပင္ သူတို႕ဟာ ရယ္ေမာျခင္းနဲ႔ ဟာသေတြကိုလည္း ႏွစ္သက္ၾကပါတယ္။


ႏႈတ္ခမ္းပါးပိုင္ရွင္
ထိုသူေတြဟာ စကားအရာမွာ လိမၼာပါးနပ္သလို လူအမ်ားကိုစည္း႐ံုးေရးေကာင္းသူေတြျဖစ္ပါတယ္။ ကိုယ့္ကိုကိုယ္ယံုၾကည္မႈျပင္းထန္သကဲ့သို႔ ကိုယ့္ကိုကိုယ္သာကိုးရာ ဆိုတာထိုသူမ်ိဳးေတြပါ။ ဒါေပမယ့္ သူတို႕ဟာ အရမ္းကိုအထီးက်န္ဆန္သူေတြျဖစ္ပါတယ္။ တျခားသူေတြကိုလည္းလြယ္လြယ္နဲ႔မယံုတတ္တာေၾကာင့္ လူေတြရဲ႕လုပ္ေဆာင္ခ်က္ေတြအေပၚမွာသာ သူတို႕ကတန္ဖိုးျဖတ္တတ္ၾကပါတယ္။

ႏႈတ္ခမ္းအခ်ိဳင့္ခြၽန္တဲ့သူ
သင့္မွာယခုလိုႏႈတ္ခမ္းမ်ိဳးရွိရင္ အရမ္းကိုဖန္တီးမႈအားေကာင္းၿပီး အႏုပညာအလုပ္တစ္ခုခုကိုလုပ္ပါက ေအာင္ျမင္ႏိုင္စြမ္းရွိပါတယ္။ ေနာက္ထပ္အရည္အခ်င္းတစ္ခုက လူေတြရဲ႕မ်က္ႏွာေတြနဲ႔ နာမည္ေတြကို အခ်ိန္ဘယ္ေလာက္ၾကာပါေစ မွတ္မိႏိုင္တဲ့ မွတ္ဉာဏ္လည္းရွိပါတယ္။ သင္ဟာ လူမႈေရးေကာင္းမြန္ၿပီး ေပ်ာ္ေပ်ာ္ေနထိုင္တတ္သူတစ္ေယာက္ပါ။ ကိုယ့္ရဲ႕အလုပ္မွာလည္း ေအာင္ျမင္မယ့္သူတစ္ေယာက္ ျဖစ္ပါတယ္။

အေပၚႏႈတ္ခမ္းအခ်ိဳင့္လုံးဝန္းသူ
ယခုႏႈတ္ခမ္းပိုင္ရွင္ကေတာ့ စိတ္ထားအရမ္းကို ထိခိုက္လြယ္ၿပီး သနားၾကင္နာစိတ္ ျပင္းျပသူေတြ ျဖစ္ၾကပါတယ္။ ဒါေၾကာင့္ပဲ အျခားသူေတြရဲ႕
ျပႆနာေတြကို လိုက္လံေျဖရွင္းေနရတတ္ၿပီး ခိုင္မာၿပီးမွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ေတြခ်တတ္လို႔ လူေတြရဲ႕အားကိုးမႈကို ခံရမယ့္သူတစ္ေယာက္ ျဖစ္ပါတယ္။

အေပၚႏႈတ္ခမ္း အခ်ိဳင့္မပါသူ
သူတို႔ေတြကေတာ့ အရာရာကို မျဖစ္ႏိုင္ဘူးဆိုတာ မရွိဘူးလို႔ ခံယူထားသူေတြျဖစ္ၾကပါတယ္။ အလုပ္ေတြဘယ္ေလာက္ပဲခက္ခဲၿပီး အလွ်င္လိုေနပါေစ သူတို႔ေတြကိုေတာ့ ဘယ္ေတာ့မွစိတ္ဖိစီးေစမွာ မဟုတ္ပါဘူး။ သူတို႔ရဲ႕အရည္အခ်င္းက အခက္အခဲမ်ိဳးစုံကို အျခားသူေတြထက္ ပိုမိုလြယ္ကူစြာ ျဖတ္သန္းႏိုင္သူေတြ ျဖစ္ၾကပါတယ္။

ေသးငယ္ၿပီး လုံးဝန္းတဲ့ႏႈတ္ခမ္း
ဒီလို ႏႈတ္ခမ္းပိုင္ရွင္ေတြေတာ့ သူတို႔ရဲ႕ေပ်ာ္႐ြင္မႈနဲ႔ ေက်နပ္မႈဟာ သူတို႔ရဲ႕နံပါတ္ ၁ ဦးစားေပးျဖစ္ပါတယ္။ သူတို႔ေတြဟာ တစ္ကိုယ္ေကာင္းဆန္တဲ့သူေတြအျဖစ္
လူေတြက ထင္မွတ္ၾကေပမယ့္ တကယ္ေတာ့ တစ္ကိုယ္ေကာင္းဆန္တတ္သူေတြ မဟုတ္ၾကပါဘူး။ သူတို႔ေတြဟာ ၾကင္နာသနားစိတ္ ရွိတတ္ၾကၿပီး သူတို႔ႏွစ္သက္တဲ့သူေတြဆိုရင္ ဘာပဲျဖစ္ေနေန ကူညီတတ္ၾကပါတယ္။

အေပၚႏႈတ္ခမ္းပါးလ်သူ
ဒီလို ႏႈတ္ခမ္းပိုင္ရွင္ေတြကေတာ့ ေခါင္းေဆာင္အစစ္အမွန္ေတြ ျဖစ္ၾကပါတယ္။ သူတို႔ေတြမွာ လူေတြယုံၾကည္ရေလာက္တဲ့ စြမ္းအားေတြ ရွိေနတတ္ၿပီး လူေတြကေခါင္းေဆာင္တင္ၾကပါလိမ့္မယ္။ သူတို႔ေတြဟာ ကိုယ့္ရဲ႕ကိုယ္ပိုင္ျပႆနာကို ေကာင္းစြာေျဖရွင္းႏိုင္႐ုံသာမက သူငယ္ခ်င္းေတြရဲ႕ျပႆနာေပါင္းစုံကိုလည္း ေျဖရွင္းေပးႏိုင္တဲ့ အရည္အခ်င္းေတြ ရွိၾကပါတယ္။

LM_Naung_Naung
Lifestyle_Myanmar


Unicode

သိပ္ပံပညာရှင်တွေ၊ စိတ်ပညာရှင်တွေနဲ့ လက္ခဏာပညာရှင်တွေဟာ လူတစ်ယောက်ရဲ့စရိုက်သဘာဝအကြောင်းကို ခန့်မှန်းတဲ့နေရာမှာ နှုတ်ခမ်းကတိကျတဲ့ နမူနာတစ်ခုဖြစ်ကြောင်း အာရုံစိုက်ခဲ့ကြပါတယ်။ ဒါကြောင့် ပညာရှင်တွေရဲ့အဆိုအရ သင့်ရဲ့နှုတ်ခမ်းပုံစံဟာ သင့်ရဲ့စရိုက်ဖြစ်ကြောင်းသိစေဖို့ ဗဟုသုတအနေနဲ့ ဖော်ပြလိုက်ပါတယ်။

ကြီးမားထူထဲတဲ့နှုတ်ခမ်းပိုင်ရှင်
ဒီလို နှုတ်ခမ်းပိုင်ရှင်တွေဟာ အခြားသူတွေကို ဂရုစိုက်တတ်ပြီး အကာအကွယ်ပေးနိုင်တဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့အချိန်တော်တော်များများကို တိရိစ္ဆာန်တွေအပေါ်ကိုဂရုစိုက်မှု၊ ကလေးရှိပါက ကလေးအပေါ်ဂရုစိုက်မှုတွေနဲ့သာ ကုန်ဆုံးသွားတတ်ကြပါတယ်။ သူတို့ဟာ ဘယ်လိုစိတ်ဖိစီးမှုအခြေအနေမျိုးမှာမဆို ကိုယ့်အကြောင်းထက် သူများအတွက်ပို အရင်စဉ်းစားတတ်ကြပါတယ်။ ဒါ့ကြောင့် ဒီလိုနှုတ်ခမ်းပိုင်ရှင်တွေဟာ အကောင်းဆုံးမိခင်တွေ ဖြစ်နေကြပါတယ်။

အပေါ်နှုတ်ခမ်းက အောက်နှုတ်ခမ်းထက်ကြီးသူ
ယခုလို နှုတ်ခမ်းမျိုးပိုင်ဆိုင်သူတစ်ယောက်ဟာ Drama queen လို့တင်စားရလောက်အောင် ဆွဲဆောင်မှုရှိတဲ့သူတွေဖြစ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့စိတ်ခံစားမှု၊ သြဇာနဲ့၊ အချစ်ကို အာရုံစူးစိုက်သူတွေဖြစ်ကြပြီး အခြားသူတွေက သူတို့ကိုအာရုံစိုက်လာအောင် ဆွဲဆောင်နိုင်တဲ့သူတွေ ဖြစ်ပါတယ်။ ဒါ့အပြင့် ထူးခြားတဲ့ စာပိုဒ်တိုတွေ၊ စကားလုံးတွေ၊ ရယ်စရာအကောင်းဆုံးပျက်လုံးတွေကိုလည်း သူတို့ဟာအမြဲတမ်းဖန်တီးတတ်ကြပါတယ်။

အောက်နှုတ်ခမ်းက အပေါ်နှုတ်ခမ်းထက်ကြီးသူ
သင်မှာယခုလို နှုတ်ခမ်းမျိုးရှိရင် သင်ဟာ ရုံးလုပ်ငန်းတွေနဲ့ အသက်မွေးမဲ့သူတစ်ယောက် မဟုတ်ပါဘူး။ သင့်ရဲ့ဘဝမှာ ပျော်စရာတွေအများအပြားကြုံတွေ့ရနိုင်ပြီး တက်ကြွတဲ့ လူနေမှုပုံစံ၊မိတ်ဆွေအသစ်တွေ၊ နေရာအသစ်တွေဆီ ခရီးသွားနေရတာတွေ၊ ဆွဲဆောင်မှုအသစ်တွေနဲ့ ကြံုတွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် သင်ဟာစပ်စုရတာကိုဝါသနာပါသလို အပေါင်းအသင်းဆံ့ခြင်းကြောင့် အသစ်မှန်သမျှသင့်ဆီရောက်လာတတ်ပါတယ်။ ဒါ့ကြောင့် စွန့်စားရတဲ့ကိစ္စတွေမှာ သင်ကအခြားသူတွေကို ဦးဆောင်နိုင်ဖို့ အရည်အချင်းရှိသူတစ်ယောက်ဖြစ်ပါတယ်။

ပုံမှန်နှုတ်ခမ်းပိုင်ရှင်
အပေါ်အောက်ညီမျှတဲ့ သာမာန်နှုတ်ခမ်းပိုင်ရှင်တွေဟာ မျှတခြင်းကိုလိုလားတဲ့သူတွေဖြစ်သလို ဘယ်လိုစမ်းသပ်မှုမျိုးကိုမဆို ဖြေရှင်းနိုင်ကြသူတွေဖြစ်ပါတယ်။ သူတို့ဟာ တခြားသူတွေရဲ့စကားကို နားထောင်ဖို့ စွမ်းရည်မြင့်သကဲ့သို့ မျှတတဲ့ထင်မြင်ချက်တွေကြောင့် လေးစားခြင်းခံရသူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ကို လက်တွေ့ကျကျအရူးလုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် သူတို့ဟာ ရယ်မောခြင်းနဲ့ ဟာသတွေကိုလည်း နှစ်သက်ကြပါတယ်။

နှုတ်ခမ်းပါးပိုင်ရှင်
ထိုသူတွေဟာ စကားအရာမှာ လိမ္မာပါးနပ်သလို လူအများကိုစည်းရုံးရေးကောင်းသူတွေဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုပြင်းထန်သကဲ့သို့ ကိုယ့်ကိုကိုယ်သာကိုးရာ ဆိုတာထိုသူမျိုးတွေပါ။ ဒါပေမယ့် သူတို့ဟာ အရမ်းကိုအထီးကျန်ဆန်သူတွေဖြစ်ပါတယ်။ တခြားသူတွေကိုလည်းလွယ်လွယ်နဲ့မယုံတတ်တာကြောင့် လူတွေရဲ့လုပ်ဆောင်ချက်တွေအပေါ်မှာသာ သူတို့ကတန်ဖိုးဖြတ်တတ်ကြပါတယ်။

နှုတ်ခမ်းအချိုင့်ချွန်တဲ့သူ
သင့်မှာယခုလိုနှုတ်ခမ်းမျိုးရှိရင် အရမ်းကိုဖန်တီးမှုအားကောင်းပြီး အနုပညာအလုပ်တစ်ခုခုကိုလုပ်ပါက အောင်မြင်နိုင်စွမ်းရှိပါတယ်။
နောက်ထပ်အရည်အချင်းတစ်ခုက လူတွေရဲ့မျက်နှာတွေနဲ့ နာမည်တွေကို အချိန်ဘယ်လောက်ကြာပါစေ မှတ်မိနိုင်တဲ့ မှတ်ဉာဏ်လည်းရှိပါတယ်။
သင်ဟာ လူမှုရေးကောင်းမွန်ပြီး ပျော်ပျော်နေထိုင်တတ်သူတစ်ယောက်ပါ။ ကိုယ့်ရဲ့အလုပ်မှာလည်း အောင်မြင်မယ့်သူတစ်ယောက် ဖြစ်ပါတယ်။

အပေါ်နှုတ်ခမ်းအချိုင့်လုံးဝန်းသူ
ယခုနှုတ်ခမ်းပိုင်ရှင်ကတော့ စိတ်ထားအရမ်းကို ထိခိုက်လွယ်ပြီး သနားကြင်နာစိတ် ပြင်းပြသူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်ပဲ အခြားသူတွေရဲ့
ပြဿနာတွေကို လိုက်လံဖြေရှင်းနေရတတ်ပြီး ခိုင်မာပြီးမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချတတ်လို့ လူတွေရဲ့အားကိုးမှုကို ခံရမယ့်သူတစ်ယောက် ဖြစ်ပါတယ်။

အပေါ်နှုတ်ခမ်း အချိုင့်မပါသူ
သူတို့တွေကတော့ အရာရာကို မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ ခံယူထားသူတွေဖြစ်ကြပါတယ်။ အလုပ်တွေဘယ်လောက်ပဲခက်ခဲပြီး အလျှင်လိုနေပါစေ
သူတို့တွေကိုတော့ ဘယ်တော့မှစိတ်ဖိစီးစေမှာ မဟုတ်ပါဘူး။ သူတို့ရဲ့အရည်အချင်းက အခက်အခဲမျိုးစုံကို အခြားသူတွေထက် ပိုမိုလွယ်ကူစွာ
ဖြတ်သန်းနိုင်သူတွေ ဖြစ်ကြပါတယ်။

သေးငယ်ပြီး လုံးဝန်းတဲ့နှုတ်ခမ်း
ဒီလို နှုတ်ခမ်းပိုင်ရှင်တွေတော့ သူတို့ရဲ့ပျော်ရွင်မှုနဲ့ ကျေနပ်မှုဟာ သူတို့ရဲ့နံပါတ် ၁ ဦးစားပေးဖြစ်ပါတယ်။ သူတို့တွေဟာ တစ်ကိုယ်ကောင်းဆန်တဲ့သူတွေအဖြစ်
လူတွေက ထင်မှတ်ကြပေမယ့် တကယ်တော့ တစ်ကိုယ်ကောင်းဆန်တတ်သူတွေ မဟုတ်ကြပါဘူး။ သူတို့တွေဟာ ကြင်နာသနားစိတ် ရှိတတ်ကြပြီး
သူတို့နှစ်သက်တဲ့သူတွေဆိုရင် ဘာပဲဖြစ်နေနေ ကူညီတတ်ကြပါတယ်။

အပေါ်နှုတ်ခမ်းပါးလျသူ
ဒီလို နှုတ်ခမ်းပိုင်ရှင်တွေကတော့ ခေါင်းဆောင်အစစ်အမှန်တွေ ဖြစ်ကြပါတယ်။ သူတို့တွေမှာ လူတွေယုံကြည်ရလောက်တဲ့ စွမ်းအားတွေ ရှိနေတတ်ပြီး လူတွေကခေါင်းဆောင်တင်ကြပါလိမ့်မယ်။
သူတို့တွေဟာ ကိုယ့်ရဲ့ကိုယ်ပိုင်ပြဿနာကို ကောင်းစွာဖြေရှင်းနိုင်ရုံသာမက သူငယ်ချင်းတွေရဲ့ပြဿနာပေါင်းစုံကိုလည်း ဖြေရှင်းပေးနိုင်တဲ့
အရည်အချင်းတွေ ရှိကြပါတယ်။

LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here