သင့်ရဲ့ခန္ဓာကိုယ်ကို ခေါင်းအစခြေအဆုံး အကျိုးဖြစ်စေနိုင်မယ့် ဟင်းခတ်အမွှေးအကြိုင်များ

0
44
- Advertisement -

တစ်ချို့လူတွေက သူတို့နေထိုင်မကောင်းဖြစ်တဲ့အချိန်မှသာလျှင် ဟင်းခတ်အမွှေးအကြိုင်တွေကို အကျိုးရှိရှိ အသုံးချတတ်ပေမယ့်လည်း ထုတ်လုပ်ထားတဲ့ဆေးဝါးတွေအစား ဆေးဝါးအနေနဲ့ အသုံးပြုလာခဲ့တာဟာ ဟိုးယခင်ကတည်းကပါ။ စိတ်ရောကိုယ်ပါ ကျန်းမာရေးအတွက်ကို ကုသပေးတယ်၊ မြှင့်တင်ပေးတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ချို့ဟာဆိုရင် အအေးမိဖျားနာ၊ သွေးတိုးရောဂါတို့လို လက္ခဏာတွေကို ကုသပေးရုံသာမက မြန်မြန်ဆန်ဆန် အိုမင်းရင့်ရော်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

-Advertisement-

ကြက်သွန်ဖြူ

သာမန်အအေးမိဖျားနာနှင့် တုပ်ကွေးတို့ကို တိုက်ဖျက်ရာမှာ ကြက်သွန်ဖြူက အင်မတန်အသုံးဝင်ပါတယ်။ သွေးပေါင်ချိန်နဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတို့ကို လျော့ချပေးနိုင်ပါတယ်။ အယ်လ်ဇိုင်းမားနှင့် စိတ်ဖောက်ပြန်မှုရောဂါတို့ကိုလည်း ကာကွယ်ပေးနိုင်မယ့် Antioxidants တွေလည်း ကြက်သွန်ဖြူမှာ ပါဝင်နေပါသေးတယ်။

Rosemary

Rosemary ရဲ့ သင်းရနံ့က လူသားတစ်ဦးရဲ့မှတ်ဥာဏ်၊ အာရုံစူးစိုက်မှုအား၊ လုပ်ဆောင်ချက်တွေနဲ့ စိတ်ခံစားချက်တွေကို တိုးတက်စေနိုင်ပါတယ်။ ဒါ့အပြင် ဦးနှောက်ကိုလည်း အိုမင်းရင့်ရော်သွားခြင်းမှ ကာကွယ်ပေးပါတယ်။

ငရုပ်သီးတောင့်

ငရုပ်သီးတွေကို ပူစပ်စေတဲ့ ပါဝင်ပစ္စည်းတစ်မျိုးက ကျွန်ုပ်တို့အပေါ်မှာ အိုမင်းရင့်ရော်မှုမဖြစ်စေမယ့် သက်ရောက်မှုရှိပါတယ်။ ရင်ပူခြင်းလို ပြဿနာတွေအတွက် သက်သာစေမယ့်ဆေးတစ်မျိုးအနေနဲ့ အသုံးဝင်ပြီး အဆီတွေကိုလောင်ကျွမ်းစေတာကြောင့် ကိုယ်အလေးချိန်လျော့ချလိုသူများလည်း စားသုံးပေးနိုင်ပါတယ်။

ဂျင်း

ဂျင်းက အစာခြေဖျက်ခြင်းကို အားကောင်းစေကာ ဂတ်စ်တွေကို လျော့နည်းစေပါတယ်။ ရောင်ရမ်းခြင်းကို လျော့ကျစေပြီး နာကျင်မှုကိုပြေလျော့စေကာ အအေးမိဖျားနာကို သက်သာစေပါတယ်။ ထိုမျှသာမက မနက်ခင်း ပျို့အန်ခြင်းကိုလည်း ပြေပျောက်စေပါတယ်။

နံနံပင်

သွေးပေါင်ချိန်တက်ခြင်းကို ကုသရာမှာ နံနံပင်က အင်မတန်အသုံးဝင်ပါတယ်။ ဗီတာမင်ကေပါဝင်သည့်အတွက်ကြောင့်လည်း အရိုးတွေကို ပိုမိုသန်မာစေကာ အရိုးကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။

ပူစီနံ

ခေါင်းခဲခြင်း၊ ခေါင်းတစ်ခြမ်းထိုးကိုက်ခြင်းတွေကို သက်သာစေဖို့အတွက် ပူစီနံက ကူညီပေးနိုင်ပါတယ်။ ပူစီနံလက်ဖက်ရည်ရဲ့ ရေနွေးငွေ့က ပိတ်ဆို့နေတဲ့နှာခေါင်းတွေကို ပြန်ပွင့်စေလို့ အသက်ရှူခြင်းပြဿနာတွေကို ကုသပေးပါလိမ့်မယ်။

သစ်ကြံပိုးခေါက်

ကိုယ်ခန္ဓာကူးစက်မှုတွေကို ကာကွယ်တိုက်ဖျက်ပေးကာ တစ်သျှူးပျက်စီးခြင်းကိုလည်း ပြန်လည်ပြင်ဆင်ပေးနိုင်ပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေကာ ဘက်တီးရီးယားကူးစက်မှုတွေကို တိုက်ဖျက်ပေးပြီး ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါလိမ့်မယ်။

ကြက်သွန်မြိတ်

အိပ်စက်မှုအတွက် အထောက်အကူဖြစ်စေမယ့် အာဟာရတစ်မျိုး Choline က ကြက်သွန်မြိတ်တွေမှာ ပါဝင်နေပါတယ်။ ဖောလစ်လည်းပါဝင်သလို စိတ်ကျရောဂါတွေကို သက်သာစေပြီး လူ့ခံစားချက်ကို တိုးမြှင့်ပေးပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref- brightside

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here