သင့်မီးဖိုချောင်အတွင်းမှာပဲ အလွယ်တကူရှာဖွေတွေ့ရှိနိုင်တဲ့ စူပါအစားအစာများ

0
46

သင့်ဘဝတစ်လျှောက်လုံး အသုံးပြုလာခဲ့၊ သိလာခဲ့တဲ့ အစားအစာတွေက အာဟာရပညာရှင်တွေညွှန်းထားတဲ့ အာဟာရအပြည့် စူပါအစားအစာတွေလို့ အသိအမှတ်ပြုခံရကြောင်း သိလိုက်ရမယ်ဆိုရင်တော့ သင်သေချာပေါက်ကို အံ့အားသင့်သွားမှာပါ။ ဒါကြောင့် ဘယ်လိုမျိုး အစားအစာတွေက သင့်အတွက် ဘယ်လိုပုံစံမျိုးနဲ့ အကျိုးပြုစေနိုင်မလဲဆိုတာကို အခုပဲလေ့လာလိုက်ရအောင်ပါ။

အိုမင်းရင့်ရော်ခြင်းအတွက် လိမ္မော်သီး

လိမ္မော်သီးတွေမှာ အသားအရေပျက်စီးမှုကို တိုက်ထုတ်နိုင်မယ့်၊ အရေးအကြောင်းတွေကို ကာကွယ်နိုင်မယ့် Vitamin C ပါဝင်တာကြောင့် အသားအရေကိုနူးညံ့စေမှာဖြစ်ပါတယ်။ ဒါ့အပြင် ဖိုက်ဘာလည်းကြွယ်ဝတာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေကာ အချိန်ကြာကြာ ပြည့်အင့်နေစေမှာဖြစ်ပါတယ်။ လိမ္မော်သီးများများစားပေးပါက ကိုယ်အလေးချိန်လျော့ချဖို့အတွက်လည်း အထောက်အကူဖြစ်စေမှာပါ။

ပိုမိုကျန်းမာစေဖို့ ငှက်ပျောသီးစားပါ

ငှက်ပျောသီးမှာက သွေးချိုပမာဏက သင့်တင့်မှုရှိစေတဲ့ ဖိုက်ဘာဓာတ်တစ်မျိုး Pectin ပါဝင်ပါတယ်။ ပိုတက်စီယမ်အထူးကြွယ်ဝတဲ့ အစားအစာတစ်မျိုးဖြစ်တဲ့အတွက် မှန်မှန်စားသုံးမယ်ဆိုပါက နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျော့ချနိုင်မှာဖြစ်ပါတယ်။ ဖိုက်ဘာပါဝင်မှုကြောင့် ကိုယ်အလေးချိန်ကိုလျော့ချနိုင်ကာ ခန္ဓာကိုယ်ကိုလည်း သန့်စင်နီုင်မှာြဖစ်ပါတယ်။

ဦးနှောက်အားတိုးစေဖို့ Full-fat ဒိန်ချဥ်စားပါ

ဒိန်ချဥ်က ကယ်လ်စီယမ်ဓာတ်ကို ထောက်ပံ့ပေးတာကြောင့် အရိုးတွေကိုကျန်းမာစေပါတယ်။ ပရိုတင်းအပြည့်ပါတာကြောင့် ကြွက်သားသိပ်သည်းမှုနဲ့ ဦးနှောက်အလုပ်လုပ်ဖို့တွေအတွက် အထူးလိုအပ်ပါတယ်။ အကောင်းဆုံးအချက်ကတော့ ကင်ဆာဆဲလ်တွေကြီးထွားမှုကို တားဆီးနိုင်ခြင်းပါပဲ။

ဂေါ်ဖီထုပ်စားပြီး အစာမကြေတဲ့ပြဿနာကနေ ရုန်းထွက်လိုက်ပါ

ဂေါ်ဖီထုပ်မှာက မပျော်ဝင်နိုင်တဲ့ ဖိုက်ဘာပါဝင်တာကြောင့် အူသိမ်အူမလှုပ်ရှားမှုကို ပုံမှန်ဖြစ်စေကာ ပျော်ဝင်နိုင်တဲ့ဖိုက်ဘာကတော့ ကိုလက်စထရောကို လျော့ချနိုင်ပါတယ်။ နေ့စဥ်လိုအပ်တဲ့ ဗီတာမင်ကေပမာဏနီးနီးကို ဖြည့်တင်းပေးနိုင်တာကြောင့် သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။

မျက်လုံးလေးတွေကျန်းမာစေဖို့ ကြက်ဥစားပါ

အကယ်လို့သင်ဟာ အသားမစားသူတစ်ယောက်ဆိုရင်တော့ ပရိုတင်းဓာတ်ကိုဖြည့်တင်းဖို့အတွက် ကြက်ဥတွေက အကောင်းဆုံးရွေးချယ်မှုပါပဲ။ Lutein နှင့် Zeaxanthin တို့ကိုလည်း ထောက်ပံ့ပေးနိုင်တာကြောင့် မျက်လုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေကာ အတွင်းတိမ်ဖြစ်ခြင်းမှလည်း တားဆီးနိုင်မှာဖြစ်ပါတယ်။

Lifestyle_Myanmar

Thinzar

Source-brightside

Zawgyi

သင့္မီးဖိုေခ်ာင္အတြင္းမွာပဲ အလြယ္တကူရွာေဖြေတြ႕ရွိႏိုင္တဲ့ စူပါအစားအစာမ်ား

သင့္ဘဝတစ္ေလွ်ာက္လုံး အသုံးျပဳလာခဲ့၊ သိလာခဲ့တဲ့ အစားအစာေတြက အာဟာရပညာရွင္ေတြၫႊန္းထားတဲ့ အာဟာရအျပည့္ စူပါအစားအစာေတြလို႔ အသိအမွတ္ျပဳခံရေၾကာင္း သိလိုက္ရမယ္ဆိုရင္ေတာ့ သင္ေသခ်ာေပါက္ကို အံ့အားသင့္သြားမွာပါ။ ဒါေၾကာင့္ ဘယ္လိုမ်ိဳး အစားအစာေတြက သင့္အတြက္ ဘယ္လိုပုံစံမ်ိဳးနဲ႔ အက်ိဳးျပဳေစႏိုင္မလဲဆိုတာကို အခုပဲေလ့လာလိုက္ရေအာင္ပါ။

အိုမင္းရင့္ေရာ္ျခင္းအတြက္ လိေမၼာ္သီး

လိေမၼာ္သီးေတြမွာ အသားအေရပ်က္စီးမႈကို တိုက္ထုတ္ႏိုင္မယ့္၊ အေရးအေၾကာင္းေတြကို ကာကြယ္ႏိုင္မယ့္ Vitamin C ပါဝင္တာေၾကာင့္ အသားအေရကိုႏူးညံ့ေစမွာျဖစ္ပါတယ္။ ဒါ့အျပင္ ဖိုက္ဘာလည္းႂကြယ္ဝတာေၾကာင့္ အစာေျခစနစ္ကို ေကာင္းမြန္ေစကာ အခ်ိန္ၾကာၾကာ ျပည့္အင့္ေနေစမွာျဖစ္ပါတယ္။ လိေမၼာ္သီးမ်ားမ်ားစားေပးပါက ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ဖို႔အတြက္လည္း အေထာက္အကူျဖစ္ေစမွာပါ။

ပိုမိုက်န္းမာေစဖို႔ ငွက္ေပ်ာသီးစားပါ

ငွက္ေပ်ာသီးမွာက ေသြးခ်ိဳပမာဏက သင့္တင့္မႈရွိေစတဲ့ ဖိုက္ဘာဓာတ္တစ္မ်ိဳး Pectin ပါဝင္ပါတယ္။ ပိုတက္စီယမ္အထူးႂကြယ္ဝတဲ့ အစားအစာတစ္မ်ိဳးျဖစ္တဲ့အတြက္ မွန္မွန္စားသုံးမယ္ဆိုပါက ႏွလုံးေရာဂါျဖစ္ႏိုင္ေျခကိုလည္း ေလ်ာ့ခ်ႏိုင္မွာျဖစ္ပါတယ္။ ဖိုက္ဘာပါဝင္မႈေၾကာင့္ ကိုယ္အေလးခ်ိန္ကိုေလ်ာ့ခ်ႏိုင္ကာ ခႏၶာကိုယ္ကိုလည္း သန႔္စင္ႏီုင္မွာျဖစ္ပါတယ္။

ဦးေႏွာက္အားတိုးေစဖို႔ Full-fat ဒိန္ခ်ဥ္စားပါ

ဒိန္ခ်ဥ္က ကယ္လ္စီယမ္ဓာတ္ကို ေထာက္ပံ့ေပးတာေၾကာင့္ အ႐ိုးေတြကိုက်န္းမာေစပါတယ္။ ပ႐ိုတင္းအျပည့္ပါတာေၾကာင့္ ႂကြက္သားသိပ္သည္းမႈနဲ႔ ဦးေႏွာက္အလုပ္လုပ္ဖို႔ေတြအတြက္ အထူးလိုအပ္ပါတယ္။ အေကာင္းဆုံးအခ်က္ကေတာ့ ကင္ဆာဆဲလ္ေတြႀကီးထြားမႈကို တားဆီးႏိုင္ျခင္းပါပဲ။

ေဂၚဖီထုပ္စားၿပီး အစာမေၾကတဲ့ျပႆနာကေန ႐ုန္းထြက္လိုက္ပါ

ေဂၚဖီထုပ္မွာက မေပ်ာ္ဝင္ႏိုင္တဲ့ ဖိုက္ဘာပါဝင္တာေၾကာင့္ အူသိမ္အူမလႈပ္ရွားမႈကို ပုံမွန္ျဖစ္ေစကာ ေပ်ာ္ဝင္ႏိုင္တဲ့ဖိုက္ဘာကေတာ့ ကိုလက္စထေရာကို ေလ်ာ့ခ်ႏိုင္ပါတယ္။ ေန႔စဥ္လိုအပ္တဲ့ ဗီတာမင္ေကပမာဏနီးနီးကို ျဖည့္တင္းေပးႏိုင္တာေၾကာင့္ ေသြးလည္ပတ္မႈကိုလည္း ေကာင္းမြန္ေစပါတယ္။

မ်က္လုံးေလးေတြက်န္းမာေစဖို႔ ၾကက္ဥစားပါ

အကယ္လို႔သင္ဟာ အသားမစားသူတစ္ေယာက္ဆိုရင္ေတာ့ ပ႐ိုတင္းဓာတ္ကိုျဖည့္တင္းဖို႔အတြက္ ၾကက္ဥေတြက အေကာင္းဆုံးေ႐ြးခ်ယ္မႈပါပဲ။ Lutein ႏွင့္ Zeaxanthin တို႔ကိုလည္း ေထာက္ပံ့ေပးႏိုင္တာေၾကာင့္ မ်က္လုံးက်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစကာ အတြင္းတိမ္ျဖစ္ျခင္းမွလည္း တားဆီးႏိုင္မွာျဖစ္ပါတယ္။

Lifestyle_Myanmar

Thinzar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here