သင့်မီးဖိုချောင်ကို စားသောက်ဆိုင်ပုံစံမျိုး စီမံနိုင်စေဖို့ သိထားသင့်တဲ့ အကြံဥာဏ်ကောင်းတစ်ချို့

0
98

သူများ ချက်ပြီးသား၊ ကြိုတင်ပြင်ပေးထားတဲ့ အစားအစာတွေကို အရန်သင့်လေး ထိုင်စားနေရတဲ့သူတွေအတွက်တော့ မီးဖိုချောင်အလုပ်က ဘယ်လောက်တောင်ခက်သလဲဆိုတာကို သိကြမှာမဟုတ်ပါဘူး။ တစ်နေ့တစ်နေ့ မီးဖိုချောင်ထဲမဝင်ခင် ဘာချက်ရမလဲဆိုတာ ဦးနှောက်စားတဲ့အပြင် မီးဖိုချောင်အလုပ်ကလည်း တစ်နေ့တစ်မျိုးမရိုးရအောင် ပြဿနာကလည်း အမြဲကြုံရစမြဲပါပဲ။ ဟင်းအိုးတူးသွားတာ၊ လက်ဓားထိတာ၊ ထမင်းအိုးဝေကျတာ၊ ဟင်းကျက်ဖို့အချိန်မမှီတာ စသဖြင့် အမျိုးကိုစုံနေတာပါ။ အခုလိုပြဿနာပေါင်းစုံကြောင့် မီးဖိုချောင်အလုပ်ကိုစိတ်ကုန်ရတာမျိုး မဖြစ်စေဖို့အတွက် နည်းလမ်းကောင်းလေးတွေ သိထားသင့်မှဖြစ်မှာပေါ့။

-Advertisement-

အခုလိုမီးဖိုချောင်အလုပ်တွေအပြင် ဒီမီးဖိုချောင်ထဲက အသုံးအဆောင်ပစ္စည်းတွေကိုလည်း စနစ်တကျဖြစ်အောင် ထားသိုသိမ်းဆည်းရတာကလည်း ပေါ့သေးသေးမဟုတ်တဲ့ အလုပ်ဖြစ်ပါတယ်။ အိမ်တစ်အိမ်မှာ ဘုရားခန်းနဲ့ ဧည့်ခန်းပြီးရင် အရေးကြီးဆုံးဖြစ်တဲ့ မီးဖိုချောင်ကိုလည်း ရှုပ်ပွညစ်ထေးနေတာမျိုးမဟုတ်ဘဲ အမြဲသပ်သပ်ရပ်ရပ်နဲ့ သန့်ရှင်းစေဖို့အတွက် သိထားသင့်တဲ့အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

၁။ ကော်ဘူးအနံ့ဆိုးတွေကို ဖယ်ရှားဖို့အတွက် သတင်းစာ

မသုံးတာကြာတဲ့ ကော်ဘူးတွေက အနံ့ဆိုးထွက်နေတယ်ဆိုရင် သတင်းစာကိုလုံးချေပြီးတော့ ဘူးအထဲထည့်ကာ တစ်ညသိပ်ထားလိုက်ပါ။ မနက်ရောက်လို့ ထုတ်လိုက်တဲ့အခါ ဘူးကိုသေချာပြန်ဆေးကြောပေးလိုက်ပါ။ ဘာလို့လဲဆိုတော့ သတင်းစာတွေကလည်း အမြဲတမ်းသန့်ရှင်းတာ မဟုတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

၂။ အိုးဝေကျတာမဖြစ်အောင်

ကိုယ်တည်ထားတဲ့အိုးကနေ တဖြည်းဖြည်းပွက်ပွက်ဆူပြီး လျှံကျလာပြီဆိုရင် အပေါ်ကနေ သစ်သားယောင်းမတင်ပေးထားလိုက်ပါ။ ပူစီပေါင်းတွေထနေတာကို ရပ်တန့်စေပြီး ဝေကျတာလည်းမဖြစ်အောင် ကာကွယ်ပေးပါလိမ့်မယ်။

၃။ Stainless Steel တွေကို အရက်ပျံနဲ့ သန့်ရှင်းမယ်

အိမ်ရှိ Stainless Steel အမျိုးအစား မီးဖိုချောင်သုံးပစ္စည်းတွေက အသုံးပြုတာများလို့ တဖြည်းဖြည်းညစ်ထေးပြီးတော့ အရောင်ပြောင်းလာပြီဆိုရင် အရက်ပြန်ကို ဂွမ်းလုံးလေးမှာစွတ်ကာ လိုက်သုတ်ပေးလိုက်ပါ။

၄။ ကြေးအိုးတွေကို Ketchup နဲ့ အရောင်တင်ပါ

Ketchup အနည်းငယ်ကို အဝတ်တစ်ခုမှာ တို့လိုက်ပြီး ကြေးအိုးအနှံ့လိုက်ပွတ်ပေးလိုက်ပါ။ ပြီးရင် ရေနွေးနွေးနဲ့ ဆေးကြောလိုက်မယ်ဆိုပါက အသစ်အတိုင်း ပြောင်လက်သွားပါလိမ့်မယ်။

Lifestyle_Myanmar

Thinzar

Source-delish

Zawgyi

သင့္မီးဖိုေခ်ာင္ကို စားေသာက္ဆိုင္ပုံစံမ်ိဳး စီမံႏိုင္ေစဖို႔ သိထားသင့္တဲ့ အႀကံဥာဏ္ေကာင္းတစ္ခ်ိဳ႕

သူမ်ား ခ်က္ၿပီးသား၊ ႀကိဳတင္ျပင္ေပးထားတဲ့ အစားအစာေတြကို အရန္သင့္ေလး ထိုင္စားေနရတဲ့သူေတြအတြက္ေတာ့ မီးဖိုေခ်ာင္အလုပ္က ဘယ္ေလာက္ေတာင္ခက္သလဲဆိုတာကို သိၾကမွာမဟုတ္ပါဘူး။ တစ္ေန႔တစ္ေန႔ မီးဖိုေခ်ာင္ထဲမဝင္ခင္ ဘာခ်က္ရမလဲဆိုတာ ဦးေႏွာက္စားတဲ့အျပင္ မီးဖိုေခ်ာင္အလုပ္ကလည္း တစ္ေန႔တစ္မ်ိဳးမ႐ိုးရေအာင္ ျပႆနာကလည္း အၿမဲႀကဳံရစၿမဲပါပဲ။ ဟင္းအိုးတူးသြားတာ၊ လက္ဓားထိတာ၊ ထမင္းအိုးေဝက်တာ၊ ဟင္းက်က္ဖို႔အခ်ိန္မမွီတာ စသျဖင့္ အမ်ိဳးကိုစုံေနတာပါ။ အခုလိုျပႆနာေပါင္းစုံေၾကာင့္ မီးဖိုေခ်ာင္အလုပ္ကိုစိတ္ကုန္ရတာမ်ိဳး မျဖစ္ေစဖို႔အတြက္ နည္းလမ္းေကာင္းေလးေတြ သိထားသင့္မွျဖစ္မွာေပါ့။

အခုလိုမီးဖိုေခ်ာင္အလုပ္ေတြအျပင္ ဒီမီးဖိုေခ်ာင္ထဲက အသုံးအေဆာင္ပစၥည္းေတြကိုလည္း စနစ္တက်ျဖစ္ေအာင္ ထားသိုသိမ္းဆည္းရတာကလည္း ေပါ့ေသးေသးမဟုတ္တဲ့ အလုပ္ျဖစ္ပါတယ္။ အိမ္တစ္အိမ္မွာ ဘုရားခန္းနဲ႔ ဧည့္ခန္းၿပီးရင္ အေရးႀကီးဆုံးျဖစ္တဲ့ မီးဖိုေခ်ာင္ကိုလည္း ရႈပ္ပြညစ္ေထးေနတာမ်ိဳးမဟုတ္ဘဲ အၿမဲသပ္သပ္ရပ္ရပ္နဲ႔ သန႔္ရွင္းေစဖို႔အတြက္ သိထားသင့္တဲ့အခ်က္ေလးေတြကို ေျပာျပေပးခ်င္ပါတယ္။

၁။ ေကာ္ဘူးအနံ႔ဆိုးေတြကို ဖယ္ရွားဖို႔အတြက္ သတင္းစာ

မသုံးတာၾကာတဲ့ ေကာ္ဘူးေတြက အနံ႔ဆိုးထြက္ေနတယ္ဆိုရင္ သတင္းစာကိုလုံးေခ်ၿပီးေတာ့ ဘူးအထဲထည့္ကာ တစ္ညသိပ္ထားလိုက္ပါ။ မနက္ေရာက္လို႔ ထုတ္လိုက္တဲ့အခါ ဘူးကိုေသခ်ာျပန္ေဆးေၾကာေပးလိုက္ပါ။ ဘာလို႔လဲဆိုေတာ့ သတင္းစာေတြကလည္း အၿမဲတမ္းသန႔္ရွင္းတာ မဟုတ္တဲ့အတြက္ေၾကာင့္ျဖစ္ပါတယ္။

၂။ အိုးေဝက်တာမျဖစ္ေအာင္

ကိုယ္တည္ထားတဲ့အိုးကေန တျဖည္းျဖည္းပြက္ပြက္ဆူၿပီး လွ်ံက်လာၿပီဆိုရင္ အေပၚကေန သစ္သားေယာင္းမတင္ေပးထားလိုက္ပါ။ ပူစီေပါင္းေတြထေနတာကို ရပ္တန႔္ေစၿပီး ေဝက်တာလည္းမျဖစ္ေအာင္ ကာကြယ္ေပးပါလိမ့္မယ္။

၃။ Stainless Steel ေတြကို အရက္ပ်ံနဲ႔ သန႔္ရွင္းမယ္

အိမ္ရွိ Stainless Steel အမ်ိဳးအစား မီးဖိုေခ်ာင္သုံးပစၥည္းေတြက အသုံးျပဳတာမ်ားလို႔ တျဖည္းျဖည္းညစ္ေထးၿပီးေတာ့ အေရာင္ေျပာင္းလာၿပီဆိုရင္ အရက္ျပန္ကို ဂြမ္းလုံးေလးမွာစြတ္ကာ လိုက္သုတ္ေပးလိုက္ပါ။

၄။ ေၾကးအိုးေတြကို Ketchup နဲ႔ အေရာင္တင္ပါ

Ketchup အနည္းငယ္ကို အဝတ္တစ္ခုမွာ တို႔လိုက္ၿပီး ေၾကးအိုးအႏွံ႔လိုက္ပြတ္ေပးလိုက္ပါ။ ၿပီးရင္ ေရေႏြးေႏြးနဲ႔ ေဆးေၾကာလိုက္မယ္ဆိုပါက အသစ္အတိုင္း ေျပာင္လက္သြားပါလိမ့္မယ္။

Lifestyle_Myanmar

Thinzar

Source-delish

LEAVE A REPLY

Please enter your comment!
Please enter your name here