သင့်ကိုယ်သင် ဘယ်လိုလူမျိုးလဲဆိုတာ သေချာသိပါသလား။ သင်ဟာ သင့်ပတ်ဝန်းကျင်အတွက် ကောင်းကျိုးတွေ ဖန်တီးပေးနိုင်သူလား။ ဆိုးကျိုးတွေ ယူဆောင်လာတဲ့သူလား။ တကယ်တော့ လူတိုင်းဟာ ကိုယ့်ပတ်ဝန်းကျင်ကို ကောင်းစွာပြောင်းလဲပေးတတ်သူတွေပဲ ဖြစ်သင့်တာပေ့ါ။
ချီးကျူးစကားပြောဆိုမယ်
သင့်မိသားစုကိုဖြစ်စေ၊ သင့်လုပ်ငန်းခွင်နဲ့ အပေါင်းအသင်း၊ သူငယ်ချင်းတွေကိုဖြစ်စေ သင်ဟာ တတ်နိုင်သလောက် ချီးကျူးဂုဏ်ပြုတဲ့စကားတွေ ပြောပေးသင့်ပါတယ်။ သူတို့လုပ်ဆောင်လိုက်တဲ့အပြုအမူအပေါ်မှာ အကောင်းဆုံးချီးမွမ်းစကားတွေ ပြောတတ်ပါစေ။ ပျော်စရာကောင်းတဲ့နေ့ရက်တွေကို ပိုင်ဆိုင်လာပါလိမ့်မယ်။

အသိအမှတ်ပြုပေးပါ
ကိုယ့်သားသမီး၊ လက်အောက်ဝန်ထမ်းတွေဟာ သင့်ရဲ့အသိအမှတ်ပြုမှုကို ရွှေလိုတန်ဖိုးထားတတ် သူတွေဖြစ်ပါတယ်။ သူတို့ကြိုးစားပမ်းစား လုပ်ဆောင်ထားတဲ့အလုပ်တွေကို သင့်အနေနဲ့ဘာမှမဟုတ်သလို လျစ်လျူရှူလိုက်တာမျိုးမပြုပဲ တတ်နိုင်သလောက် အသိအမှတ်ပြုပေးလိုက်ပါ။ သင့်ပတ်ဝန်းကျင်ဟာ ပျော်စရာ အပြောင်းအလဲတွေနဲ့ပြည့်နေပါလိမ့်မယ်။

နွေးထွေးစွာချစ်ခင်ကြင်နာပါ
ကိုယ့်ထက်ကြီးသူကိုဖြစ်စေ၊ ငယ်သူကိုဖြစ်စေ ဘယ်သောအခါမှ အေးစက်စွာဥပေက္ခာမပြုမိပါစေနဲ့။ လူသားတွေ လိုအပ်နေတာ မေတ္တာတရားပဲဖြစ်ပါတယ်။ သင့်ပတ်ဝန်းကျင်ကို သင်တတ်စွမ်းသလောက်နွေးထွေးစွာ ဂရုစိုက်ပေးရုံမျှနှင့် သင်ကိုယ်တိုင် တူညီတဲ့မေတ္တာတရားတွေကို ပြန်လည်ရရှိခံစားနိုင်မှာပဲဖြစ်ပါတယ်။

Lifestyle_Myanmar
ref-forbes