Home Health & Beauty သင့်ခန္ဓာကိုယ်မှာ ဗီတာမင်ချို့တဲ့သော လက္ခဏာ (၇)ခု

သင့်ခန္ဓာကိုယ်မှာ ဗီတာမင်ချို့တဲ့သော လက္ခဏာ (၇)ခု

0
82

ရာသီအပြောင်းအလဲကာလ၊ အလုပ်မှာ စိတ်ဖိစီးမှု၊ အာဟာရလုံလောက်ခြင်းမရှိတဲ့ စားသောက်မှုပုံစံ သို့မဟုတ် မျိုးရိုးဗီဇလိုက်ခြင်း စတဲ့ အကြောင်းရင်းများစွာဟာ ခန္ဓာကိုယ်ထဲမှာ အာဟာရအစာခြေဖျက်နိုင်စွမ်းကို သက်ရောက်မှု ရှိစေပါတယ်။

-Advertisement-

အစားအသောက်ထဲကနေ ဗီတာမင်ပမာဏ အပြည့်အဝမရခြင်းဟာ ရောဂါအမျိုးမျိုးကို ရရှိလာနိုင်သော ဆိုးရွားတဲ့ ဗီတာမင်ချို့တဲ့ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၁။ လက်သည်းနှင့် ဆံပင်ကျိုးလွယ်ပဲ့လွယ်တာ

ဒီလက္ခဏာတွေရဲ့ အဓိကအကြောင်းရင်းတစ်ခုက biotin (ဗီတာမင် B7) မလုံလောက်တာပဲဖြစ်ပါတယ်။ လက်သည်း အလွယ်တကူကျိုးပဲ့ပြီး ဆံပင်အဖျားကွဲတာတွေရှိရင် နို့ထွက်ပစ္စည်းများ၊ ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း။ စီရီရယ်နှင့် ငှက်ပျောသီးများကို စားပေးသင့်ပါတယ်။ ဆံပင်နှင့် လက်သည်းကြွပ်ဆတ်ခြင်းက သွေးအားနည်းရောဂါရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဗီတာမင် မသောက်ခင် ဆရာဝန်နှင့် သေချာတိုင်ပင်စေလိုပါတယ်။

၂။ နှုတ်ခမ်းအက်ကွဲတာ၊ နှုတ်ခမ်းထောင့်မှာ အနာဖြစ်တာ

ဗီတာမင် B နှင့် သံဓါတ် ချို့တဲ့ကြောင်း ခန္ဓာကိုယ်က အချက်ပြနေတာဖြစ်ပါတယ်။ ဗီတာမင် B နှင့်သံဓါတ်ကို ပဲတောင့်ရှည်ပဲများ၊ ကစီဓါတ် ဟင်းသီးဟင်းရွက်များ၊ အခွံမာသောအသီးများနှင့် အစေ့အဆန်များမှာ တွေ့ရပါတယ်။

၃။ မျက်စိတိမ်စွဲတာ၊ မျက်လုံးရဲ့ အတွင်းပိုင်းအပေါ်မှာ အဖြူဆံကလေးများတွေ့ရတာ

ဗီတာမင်အေ ကြွယ်ဝသောအစားအစားများက မျက်စိကွယ်ခြင်း၊ ဗီတာမင် အေ ချို့တဲ့မှု့ကြောင့်ဖြစ်တဲ့ မျက်စိရောဂါ xerophthalmia နှင့် တခြားမနှစ်မြို့စရာ အကျိုးဆက်များကို ဖယ်ရှားပေးပါလိမ့်မယ်။ ဗီတာမင် အေကို နို့ထွက်ပစ္စည်းများမှာ အလုံအလောက်တွေ့နိုင်သလို အစိမ်းရောင် ၊ အဝါရောင်နှင့် လိမ္မော်ရောင် ဟင်းသီးဟင်းရွက်များမှာလည်း ရှာတွေ့နိုင်ပါတယ်။

၄။ ဘာ့ကြောင့်မှန်းမသိတဲ့ သွေးခြေဥဒဏ်ရာများ

ဗီတာမင် A က သွေးကြောတွေကို အားကောင်းစေတဲ့ ကော်လာဂျင်ဖွဲ့စည်းခြင်းကို အားပေးအားမြှောက် ပြုပါတယ်။ အရေပြားပေါ်မှာ သွေးခြေဥဒဏ်ရာအသွင်အပြင် ပေါ်လာရင် ပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီသီး၊ သရက်သီး၊ လိမ္မော်သီး တို့ကို ပိုစားသင့်ပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ သွေးခြေဥတာက ဗီတာမင် K ချို့တဲ့တာကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။

၅။ လက်နှင့် တံတောင်ဆစ်များပေါ်မှာ ကြာဆူးပေါက်ခြင်း

သင့်အစားအသောက်ထဲမှာ zinc နှင့် ဗီတာမင် A အလုံအလောက် မရရှိဘူးဆိုရင် လက်၊ ခြေထောက်၊ တံတောင်ဆစ်နှင့် တင်ပါးမှာ ကြာဆူးလို့ခေါ်ကြတဲ့ အသားခြောက်ပြီး ခပ်ကြမ်းကြမ်းအဖုလေးတွေ ဖြစ်လာတာကို တွေ့ရပါလိမ့်မယ်။ ဒီဒြပ်စင်တွေကို ရွှေဖရုံသီး၊ ကန်စွန်းဥ၊ ဖရဲသီးနှင့် ကြက်ဘဲတွေမှာ တွေ့နိုင်ပါတယ်။

၆။ လက်သည်းမှာ အစင်းကြောင်းတွေပေါ်ခြင်း

gastric အရည်ကင်းမဲ့ခြင်းက ဗီတာမင်တွေရဲ့ စုပ်ယူနိုင်စွမ်းကို နိမ့်ကျစေပါတယ်။ ဒါ့ကြောင့် သင့်အစားအသောက်ထဲကို အစာခြေအင်ဇိုင်း (ဖြည့်စွက်စာ)ထည့်ပါ။

၇။ Restless legs syndrome ခြေထောက်ဂနာမငြိမ်ရောဂါ

Restless legs syndrome ဆိုတာ ခြေထောက်သက်တောင့်သက်သာမရှိတာကြောင့် ခြေထောက်အလိုအလျောက်လှုပ်နေတဲ့ ရောဂါဖြစ်ပါတယ်၊ အချိန်ကြာမြင့်စွာ ထိုင်နေချိန် ၊ အိပ်နေချိန်တို့မှာ အဖြစ်များပါတယ်။ မဂ္ဂနီစီယမ်က ဒီပြဿနာကို ဖြေရှင်းဖို့ ကူညီပေးပါလိမ့်မယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

သင့္ခႏၶာကိုယ္မွာ ဗီတာမင္ခ်ိဳ႕တဲ့ေသာ လကၡဏာ (၇)ခု
ရာသီအေျပာင္းအလဲကာလ၊ အလုပ္မွာ စိတ္ဖိစီးမႈ၊ အာဟာရလုံေလာက္ျခင္းမရွိတဲ့ စားေသာက္မႈပုံစံ သို႔မဟုတ္ မ်ိဳး႐ိုးဗီဇလိုက္ျခင္း စတဲ့ အေၾကာင္းရင္းမ်ားစြာဟာ ခႏၶာကိုယ္ထဲမွာ အာဟာရအစာေျခဖ်က္ႏိုင္စြမ္းကို သက္ေရာက္မႈ ရွိေစပါတယ္။ အစားအေသာက္ထဲကေန ဗီတာမင္ပမာဏ အျပည့္အဝမရျခင္းဟာ ေရာဂါအမ်ိဳးမ်ိဳးကို ရရွိလာႏိုင္ေသာ ဆိုး႐ြားတဲ့ ဗီတာမင္ခ်ိဳ႕တဲ့ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။

၁။ လက္သည္းႏွင့္ ဆံပင္က်ိဳးလြယ္ပဲ့လြယ္တာ

ဒီလကၡဏာေတြရဲ႕ အဓိကအေၾကာင္းရင္းတစ္ခုက biotin (ဗီတာမင္ B7) မလုံေလာက္တာပဲျဖစ္ပါတယ္။ လက္သည္း အလြယ္တကူက်ိဳးပဲ့ၿပီး ဆံပင္အဖ်ားကြဲတာေတြရွိရင္ ႏို႔ထြက္ပစၥည္းမ်ား၊ ပန္းေဂၚဖီ၊ ဟင္းႏုႏြယ္႐ြက္၊ ပန္းေဂၚဖီစိမ္း။ စီရီရယ္ႏွင့္ ငွက္ေပ်ာသီးမ်ားကို စားေပးသင့္ပါတယ္။ ဆံပင္ႏွင့္ လက္သည္းႂကြပ္ဆတ္ျခင္းက ေသြးအားနည္းေရာဂါရဲ႕ လကၡဏာတစ္ခုလည္း ျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဗီတာမင္ မေသာက္ခင္ ဆရာဝန္ႏွင့္ ေသခ်ာတိုင္ပင္ေစလိုပါတယ္။

၂။ ႏႈတ္ခမ္းအက္ကြဲတာ၊ ႏႈတ္ခမ္းေထာင့္မွာ အနာျဖစ္တာ

ဗီတာမင္ B ႏွင့္ သံဓါတ္ ခ်ိဳ႕တဲ့ေၾကာင္း ခႏၶာကိုယ္က အခ်က္ျပေနတာျဖစ္ပါတယ္။ ဗီတာမင္ B ႏွင့္သံဓါတ္ကို ပဲေတာင့္ရွည္ပဲမ်ား၊ ကစီဓါတ္ ဟင္းသီးဟင္း႐ြက္မ်ား၊ အခြံမာေသာအသီးမ်ားႏွင့္ အေစ့အဆန္မ်ားမွာ ေတြ႕ရပါတယ္။

၃။ မ်က္စိတိမ္စြဲတာ၊ မ်က္လုံးရဲ႕ အတြင္းပိုင္းအေပၚမွာ အျဖဴဆံကေလးမ်ားေတြ႕ရတာ

ဗီတာမင္ေအ ႂကြယ္ဝေသာအစားအစားမ်ားက မ်က္စိကြယ္ျခင္း၊ ဗီတာမင္ ေအ ခ်ိဳ႕တဲ့မႈ႕ေၾကာင့္ျဖစ္တဲ့ မ်က္စိေရာဂါ xerophthalmia ႏွင့္ တျခားမႏွစ္ၿမိဳ႕စရာ အက်ိဳးဆက္မ်ားကို ဖယ္ရွားေပးပါလိမ့္မယ္။ ဗီတာမင္ ေအကို ႏို႔ထြက္ပစၥည္းမ်ားမွာ အလုံအေလာက္ေတြ႕ႏိုင္သလို အစိမ္းေရာင္ ၊ အဝါေရာင္ႏွင့္ လိေမၼာ္ေရာင္ ဟင္းသီးဟင္း႐ြက္မ်ားမွာလည္း ရွာေတြ႕ႏိုင္ပါတယ္။

၄။ ဘာ့ေၾကာင့္မွန္းမသိတဲ့ ေသြးေျခဥဒဏ္ရာမ်ား

ဗီတာမင္ A က ေသြးေၾကာေတြကို အားေကာင္းေစတဲ့ ေကာ္လာဂ်င္ဖြဲ႕စည္းျခင္းကို အားေပးအားေျမႇာက္ ျပဳပါတယ္။ အေရျပားေပၚမွာ ေသြးေျခဥဒဏ္ရာအသြင္အျပင္ ေပၚလာရင္ ပန္းေဂၚဖီစိမ္း၊ စေတာ္ဘယ္ရီသီး၊ သရက္သီး၊ လိေမၼာ္သီး တို႔ကို ပိုစားသင့္ပါတယ္။ ခႏၶာကိုယ္ေပၚမွာ ေသြးေျခဥတာက ဗီတာမင္ K ခ်ိဳ႕တဲ့တာေၾကာင့္လည္း ျဖစ္ေပၚႏိုင္ပါတယ္။

၅။ လက္ႏွင့္ တံေတာင္ဆစ္မ်ားေပၚမွာ ၾကာဆူးေပါက္ျခင္း

သင့္အစားအေသာက္ထဲမွာ zinc ႏွင့္ ဗီတာမင္ A အလုံအေလာက္ မရရွိဘူးဆိုရင္ လက္၊ ေျခေထာက္၊ တံေတာင္ဆစ္ႏွင့္ တင္ပါးမွာ ၾကာဆူးလို႔ေခၚၾကတဲ့ အသားေျခာက္ၿပီး ခပ္ၾကမ္းၾကမ္းအဖုေလးေတြ ျဖစ္လာတာကို ေတြ႕ရပါလိမ့္မယ္။ ဒီျဒပ္စင္ေတြကို ေ႐ႊဖ႐ုံသီး၊ ကန္စြန္းဥ၊ ဖရဲသီးႏွင့္ ၾကက္ဘဲေတြမွာ ေတြ႕ႏိုင္ပါတယ္။

၆။ လက္သည္းမွာ အစင္းေၾကာင္းေတြေပၚျခင္း

gastric အရည္ကင္းမဲ့ျခင္းက ဗီတာမင္ေတြရဲ႕ စုပ္ယူႏိုင္စြမ္းကို နိမ့္က်ေစပါတယ္။ ဒါ့ေၾကာင့္ သင့္အစားအေသာက္ထဲကို အစာေျခအင္ဇိုင္း (ျဖည့္စြက္စာ)ထည့္ပါ။

၇။ Restless legs syndrome ေျခေထာက္ဂနာမၿငိမ္ေရာဂါ

Restless legs syndrome ဆိုတာ ေျခေထာက္သက္ေတာင့္သက္သာမရွိတာေၾကာင့္ ေျခေထာက္အလိုအေလ်ာက္လႈပ္ေနတဲ့ ေရာဂါျဖစ္ပါတယ္၊ အခ်ိန္ၾကာျမင့္စြာ ထိုင္ေနခ်ိန္ ၊ အိပ္ေနခ်ိန္တို႔မွာ အျဖစ္မ်ားပါတယ္။ မဂၢနီစီယမ္က ဒီျပႆနာကို ေျဖရွင္းဖို႔ ကူညီေပးပါလိမ့္မယ္။

Lifestyle_Myanmar

LM_Nandar

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here