သင့်ကို လမ်းခွဲတော့မဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ အခြေအနေလက္ခဏာ

0
78
လမ်းခွဲတော့မဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ အခြေအနေ
လမ်းခွဲတော့မဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ အခြေအနေ

သင်က သူ့အပေါ် အတည်တကျ ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်သတ်မှတ်ထားပေမဲ့ သူ့ဘက်က အပျော်သဘောအဆင့်သာ သင့်ကို သတ်မှတ်ထားတယ်ဆို အချိန်ကာလတစ်ခုအတွင်းမှာ သင့်အပေါ်လမ်းခွဲတော့မဲ့ အပြုအမူမျိုးတွေ သူ့ဘက်က စပြီး လုပ်လာပါပြီ။ ယောကျ်ားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို လမ်းခွဲတော့မယ်ဆို အောက်က အချက်အချို့ကို ပြုလုပ်တတ်ကြပါတယ်။

-Advertisement-

အပြစ်တွေမြင်လာပြီ။

သင့်နဲ့ စတွေ့တဲ့အချိန်မှာ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာအားနည်းချက်ပဲဖြစ်ဖြစ်၊ အခြားသင့်ရဲ့ အားနည်းချက်ပဲဖြစ်ဖြစ် သင့်အပေါ် အပြစ်မမြင်ပေမဲ့ သူ့ဘက်က ငြီးငွေ့လာတဲ့အခါ သေးသေးမွှားမွှား အားနည်းချက်ကအစ အပြစ်တွေ မြင်လာပါပြီ။ ဥပမာ – သင် ဝတာ၊ ပိန်းတာမျိုး၊ အသားမဲတာ၊ ဖြူတာ၊ အရပ်ရှည်တာ၊ ပုတာကအစ အပြစ်တွေမြင်လာပါလိမ့်မယ်။ သူ့ဘက်က သင့်ရဲ့ အားနည်းချက်ကို ရုပ်တည်ကြီးနဲ့ ပြောတတ်သလို၊ စသလိုလို နောက်သလိုလိုနဲ့လည်း တဖြည်းဖြည်း စပြောလာပါလိမ့်မယ်။ ဒီလို အပြုအမူမျိုး မကြာခဏ သူ့ဘက်က လုပ်ဆောင်နေပြီဆိုရင် သူ သင့်အပေါ် လမ်းခွဲဖို့အတွက် လမ်းစပျိုးနေပါပြီ။

နှစ်သိမ့်ပေးမှု မရှိတော့ဘူး။

Unhappy young couple having crisis and difficulties in relationship

ယောကျ်ားလေးတစ်ယောက်က သင့်ကို တကယ်ချစ်နေပြီဆိုရင် ဘယ်လောက်ပဲ အချိန်တွေကြာကြာ သင့်ဘက်က မျက်နှာလေးတစ်ချက် ညိုးသွားတာနဲ့ ကမ္ဘာပဲ ပျက်တော့မလိုလိုဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ်မချစ်ဘူး သင့်အပေါ် အပျော်သဘောသာ သတ်မှတ်သူတို့က သင့်ကို အစပိုင်းမှာ ဂရုစိုက်သလိုလိုအပြုအမူမျိုး ရှိပေမဲ့ အချိန်တွေကြာသွားတဲ့အခါ သင့်ဘက်က စိတ်ညစ်စရာ ဒါမှမဟုတ် နေမကောင်းတာမျိုးပဲဖြစ်ဖြစ် တစ်ခုခုစိတ်ညစ်စရာ အားငယ်စရာကြုံလာလို့ ရင်ဖွင့်တာတောင်မှ သူတို့ဘက်ကအေးတိအေးစက်နဲ့ တုံ့ပြန်တတ်ပါတယ်။

အချိန်မပေးတော့ဘူး။

Overhead View Of Couple With Relationship Problems Lying In Bed

သင့်ကို အတည်တကျလက်တွဲဖို့ မဆုံးဖြတ်ထားတဲ့ ယောက်ျားလေးရဲ့ စရိုက်ဟာ ကြောင်ကြာကြာ ရေမငုတ်ပါဘူးဆိုသလိုပါပဲ အချိန်ကြာကြာ မခံပါဘဲ အချိန်တိုအတွင်းမှာ သူ့ရဲ့ အပြုအမူက ပြောင်းလဲလာပါပြီ။ သင်နဲ့ စတွဲတုန်းက သူ့ဘက်က သင့်ကို တစ်နေ့အချိန် တစ်နာရီပေးတယ်ဆို နောက်ပိုင်းကြာလာရင် တစ်နာရီတောင်မပြောနဲ့ ၁၅ မိနစ်လောက်တောင် ပေးဖို့ တော်တော်လေး ခက်ခဲပါတယ်။ သင့်ဘက်က စပြီး ဆက်သွယ်ပေမဲ့ သူ့ဘက်က အကြောင်းပြချက်အမျိုးမျိုးပေးပြီး သင့်ကိုနှစ်သိပ့်ပေးတတ်ပါတယ်။ ဒါပေမဲ့ စိတ်ကတော့ သင့်အပေါ်သိပ့်ပြီး သာယာမှုမရှိတော့ပါဘူး။ ဒီလိုကိစ္စမျိုး မကြာခဏဆိုသလို ကြံုတွေ့လာရပြီဆို သူ့ဘက်က သင့်ကို လမ်းခွဲဖို့ ပြင်ဆင်နေပြီဆိုတာ သတိထားသင့်ပါတယ်။

သဝန်တိုမှုတွေ လျော့နည်းလာတယ်။

အရင်က သင့်ဘက်ကစပြီး အခြားကောင်လေးအကြောင်း ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက် အကြောင်းမျိုး စနောက်ပြီး ပြောလိုက်ရင် သူ့တို့ဘက်က သဝန်အရမ်းတိုပြီး ဒေါသထွက်တတ်ပါတယ်။ ဒါပေမဲ့ သင့်အပေါ် စိတ်ကုန်နေသူတစ်ယောက်ကတော့သင်ဘက်က သူ သဝန်တိုအောင် ဘယ်လောက်လုပ်လုပ် သင့်ကို သဝန်တိုခြင်း သိပ့်မရှိတော့ဘဲ သင့်ရဲ့ ပြောဆိုမှုကိုသာ အပြစ်တစ်ခုလိုမြင်လာပြီး ပြဿနာရှာတတ်ကြပါတယ်။

ပြဿနာဖြစ်ဖို့ ဖန်တီးတတ်ကြပါတယ်။

သင်နဲ့ သူ့ရဲ့ relationship ကို ပြတ်စဲဖို့အတွက် တုံးတိပြီး မဖြတ်ဘဲ ပြဿနာတစ်ခုခုကို အခြေတည်ပြီး ပြတ်စဲဖို့ ဖန်တီးတတ်ကြပါတယ်။ ဥပမာ သင်မကြိုက်တဲ့ အရာတစ်ခုခုကို သူ့ဘက်စလုပ်လာပြီဆို သင်နဲ့သူ စကားအခြေအတင်းပြောဆိုရပါတယ်။ အဲ့ဒီနောက်သင့်ဘက်ကလည်း အရွဲ့တိုက်ပြီး သူမကြိုက်တဲ့ အရာတွေ၊ အပြုအမူမျိုးတွေ ပြုလုပ်လာပြီဆို သင်နဲ့ သူ့ရဲ့ relationship က ပြတ်စဲဖို့ ပြဿနာ ခိုင်လုံလာပါပြီ။ မိန်းကလေးတော်တော်များများက အရွဲ့တိုက်တာမျိုးကို ပြုလုပ်လေ့ရှိတဲ့အတွက် သူ့ဘက်က ဒီအချက်ကို ကိုင်တွယ်ပြီး သင်နဲ့ ပြတ်စဲဖို့ ဖန်တီးယူတတ်ကြပါတယ်။

မှတ်ချက် – အထက်ပေါ်ပြပါ အချက်များသည် ယောကျ်ားလေး အားလုံးကို မဆိုလိုပါဘူး။ များသောအားဖြင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ အချက်တွေကို ရွေးချယ်ဖော်ပြတာမျိုးဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

သင့်ရဲ့ကြောင်လေးက သင့်ကို ချစ်ကြောင်း ပြောပြနေတဲ့နည်းလမ်း (၁၀)ခု

Zawgyi Fonts

သင့္ကို လမ္းခြဲေတာ့မဲ့ ေယာက္်ားေလးတစ္ေယာက္ရဲ့ အေျခအေနလကၡဏာ
သင္က သူ႔အေပၚ အတည္တက် ဘဝလက္တြဲေဖာ္အျဖစ္ေရြးခ်ယ္သတ္မွတ္ထားေပမဲ့ သူ႔ဘက္က အေပ်ာ္သေဘာအဆင့္သာ သင့္ကို သတ္မွတ္ထားတယ္ဆို အခ်ိန္ကာလတစ္ခုအတြင္းမွာ သင့္အေပၚလမ္းခြဲေတာ့မဲ့ အျပဳအမူမ်ိဳးေတြ သူ႔ဘက္က စၿပီး လုပ္လာပါၿပီ။ ေယာက်္ားေလးတစ္ေယာက္က မိန္းကေလးတစ္ေယာက္ကို လမ္းခြဲေတာ့မယ္ဆို ေအာက္က အခ်က္အခ်ိဳ႕ကို ျပဳလုပ္တတ္ၾကပါတယ္။

အျပစ္ေတြျမင္လာၿပီ။
သင့္နဲ႔ စေတြ႕တဲ့အခ်ိန္မွာ သင့္ရဲ့ ႐ုပ္ပိုင္းဆိုင္ရာအားနည္းခ်က္ပဲျဖစ္ျဖစ္၊ အျခားသင့္ရဲ့ အားနည္းခ်က္ပဲျဖစ္ျဖစ္ သင့္အေပၚ အျပစ္မျမင္ေပမဲ့ သူ႔ဘက္က ၿငီးေငြ႕လာတဲ့အခါ ေသးေသးမႊားမႊား အားနည္းခ်က္ကအစ အျပစ္ေတြ ျမင္လာပါၿပီ။ ဥပမာ – သင္ ဝတာ၊ ပိန္းတာမ်ိဳး၊ အသားမဲတာ၊ ျဖဴတာ၊ အရပ္ရွည္တာ၊ ပုတာကအစ အျပစ္ေတြျမင္လာပါလိမ့္မယ္။ သူ႔ဘက္က သင့္ရဲ့ အားနည္းခ်က္ကို ႐ုပ္တည္ႀကီးနဲ႔ ေျပာတတ္သလို၊ စသလိုလို ေနာက္သလိုလိုနဲ႔လည္း တျဖည္းျဖည္း စေျပာလာပါလိမ့္မယ္။ ဒီလို အျပဳအမူမ်ိဳး မၾကာခဏ သူ႔ဘက္က လုပ္ေဆာင္ေနၿပီဆိုရင္ သူ သင့္အေပၚ လမ္းခြဲဖို႔အတြက္ လမ္းစပ်ိဳးေနပါၿပီ။

ႏွစ္သိမ့္ေပးမွု မရွိေတာ့ဘူး။
ေယာက်္ားေလးတစ္ေယာက္က သင့္ကို တကယ္ခ်စ္ေနၿပီဆိုရင္ ဘယ္ေလာက္ပဲ အခ်ိန္ေတြၾကာၾကာ သင့္ဘက္က မ်က္ႏွာေလးတစ္ခ်က္ ညိဳးသြားတာနဲ႔ ကမၻာပဲ ပ်က္ေတာ့မလိုလိုျဖစ္တတ္ၾကပါတယ္။ ဒါေပမဲ့ တကယ္မခ်စ္ဘူး သင့္အေပၚ အေပ်ာ္သေဘာသာ သတ္မွတ္သူတို႔က သင့္ကို အစပိုင္းမွာ ဂ႐ုစိုက္သလိုလိုအျပဳအမူမ်ိဳး ရွိေပမဲ့ အခ်ိန္ေတြၾကာသြားတဲ့အခါ သင့္ဘက္က စိတ္ညစ္စရာ ဒါမွမဟုတ္ ေနမေကာင္းတာမ်ိဳးပဲျဖစ္ျဖစ္ တစ္ခုခုစိတ္ညစ္စရာ အားငယ္စရာၾကဳံလာလို႔ ရင္ဖြင့္တာေတာင္မွ သူတို႔ဘက္ကေအးတိေအးစက္နဲ႔ တုံ႔ျပန္တတ္ပါတယ္။

အခ်ိန္မေပးေတာ့ဘူး။
သင့္ကို အတည္တက်လက္တြဲဖို႔ မဆုံးျဖတ္ထားတဲ့ ေယာက္်ားေလးရဲ့ စရိုက္ဟာ ေၾကာင္ၾကာၾကာ ေရမငုတ္ပါဘူးဆိုသလိုပါပဲ အခ်ိန္ၾကာၾကာ မခံပါဘဲ အခ်ိန္တိုအတြင္းမွာ သူ႔ရဲ့ အျပဳအမူက ေျပာင္းလဲလာပါၿပီ။ သင္နဲ႔ စတြဲတုန္းက သူ႔ဘက္က သင့္ကို တစ္ေန႔အခ်ိန္ တစ္နာရီေပးတယ္ဆို ေနာက္ပိုင္းၾကာလာရင္ တစ္နာရီေတာင္မေျပာနဲ႔ ၁၅ မိနစ္ေလာက္ေတာင္ ေပးဖို႔ ေတာ္ေတာ္ေလး ခက္ခဲပါတယ္။ သင့္ဘက္က စၿပီး ဆက္သြယ္ေပမဲ့ သူ႔ဘက္က အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးေပးၿပီး သင့္ကိုႏွစ္သိပ့္ေပးတတ္ပါတယ္။ ဒါေပမဲ့ စိတ္ကေတာ့ သင့္အေပၚသိပ့္ၿပီး သာယာမွုမရွိေတာ့ပါဘူး။ ဒီလိုကိစၥမ်ိဳး မၾကာခဏဆိုသလို ႀကံဳေတြ႕လာရၿပီဆို သူ႔ဘက္က သင့္ကို လမ္းခြဲဖို႔ ျပင္ဆင္ေနၿပီဆိုတာ သတိထားသင့္ပါတယ္။

သဝန္တိုမွုေတြ ေလ်ာ့နည္းလာတယ္။
အရင္က သင့္ဘက္ကစၿပီး အျခားေကာင္ေလးအေၾကာင္း ဒါမွမဟုတ္ သူငယ္ခ်င္းတစ္ေယာက္ အေၾကာင္းမ်ိဳး စေနာက္ၿပီး ေျပာလိုက္ရင္ သူ႔တို႔ဘက္က သဝန္အရမ္းတိုၿပီး ေဒါသထြက္တတ္ပါတယ္။ ဒါေပမဲ့ သင့္အေပၚ စိတ္ကုန္ေနသူတစ္ေယာက္ကေတာ့သင္ဘက္က သူ သဝန္တိုေအာင္ ဘယ္ေလာက္လုပ္လုပ္ သင့္ကို သဝန္တိုျခင္း သိပ့္မရွိေတာ့ဘဲ သင့္ရဲ့ ေျပာဆိုမွုကိုသာ အျပစ္တစ္ခုလိုျမင္လာၿပီး ျပႆနာရွာတတ္ၾကပါတယ္။

ျပႆနာျဖစ္ဖို႔ ဖန္တီးတတ္ၾကပါတယ္။
သင္နဲ႔ သူ႔ရဲ့ relationship ကို ျပတ္စဲဖို႔အတြက္ တုံးတိၿပီး မျဖတ္ဘဲ ျပႆနာတစ္ခုခုကို အေျခတည္ၿပီး ျပတ္စဲဖို႔ ဖန္တီးတတ္ၾကပါတယ္။ ဥပမာ သင္မႀကိဳက္တဲ့ အရာတစ္ခုခုကို သူ႔ဘက္စလုပ္လာၿပီဆို သင္နဲ႔သူ စကားအေျခအတင္းေျပာဆိုရပါတယ္။ အဲ့ဒီေနာက္သင့္ဘက္ကလည္း အရြဲ႕တိုက္ၿပီး သူမႀကိဳက္တဲ့ အရာေတြ၊ အျပဳအမူမ်ိဳးေတြ ျပဳလုပ္လာၿပီဆို သင္နဲ႔ သူ႔ရဲ့ relationship က ျပတ္စဲဖို႔ ျပႆနာ ခိုင္လုံလာပါၿပီ။ မိန္းကေလးေတာ္ေတာ္မ်ားမ်ားက အရြဲ႕တိုက္တာမ်ိဳးကို ျပဳလုပ္ေလ့ရွိတဲ့အတြက္ သူ႔ဘက္က ဒီအခ်က္ကို ကိုင္တြယ္ၿပီး သင္နဲ႔ ျပတ္စဲဖို႔ ဖန္တီးယူတတ္ၾကပါတယ္။

မွတ္ခ်က္ – အထက္ေပၚျပပါ အခ်က္မ်ားသည္ ေယာက်္ားေလး အားလုံးကို မဆိုလိုပါဘူး။ မ်ားေသာအားျဖင့္ ျဖစ္ေလ့ျဖစ္ထရွိတဲ့ အခ်က္ေတြကို ေရြးခ်ယ္ေဖာ္ျပတာမ်ိဳးျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here