စိတ္ပညာအရ အမ်ိဳးသမီးေတြကို ဇနီးလိုမိန္းမ၊ သခင္မလိုမိန္းမ နဲ႔ မိခင္လို မိန္းမဆိုၿပီး ခြဲျခားထားပါတယ္။ သင္ကိုယ္တိုင္ေရာ ကိုယ့္ကိုယ္ကိုဘယ္လိုမိန္းမအမ်ိဳးအစားလည္းဆိုတာ သိပါသလား။ ယခုလိုသိရွိႏိုင္ဖို႔ဆိုတာ relationship အတြင္းမွာပဲ ရင္းႏွီးမႈ၊ ဆက္ဆံမႈေတြကေနတဆင့္ ရွင္းလင္းစြာသိရွိႏိုင္ၿပီး သူမရဲ႕မိသားစုအတြင္း ရပ္တည္မႈပံုစံက အျပည့္အဝေရာင္ျပန္ဟပ္ေနတတ္ပါတယ္။ အိမ္ေထာင္ေရးမသာယာမႈေတြ၊ အဆင္မေျပမႈေတြဟာ ယခုလိုမိန္းမအမ်ိဳးအစားေတြနဲ႔ လိုက္ဖက္ညီတဲ့ေယာက်္ားေတြ ျဖစ္မေနတာကတစ္ေၾကာင္း တစ္ေယာက္ရဲ႕စ႐ိုက္ကိုတစ္ေယာက္က မႏွစ္သက္တာကတစ္ေၾကာင္းေၾကာင့္ ကေတာက္ကဆအေျခအေနေတြ ျဖစ္ေနရတာျဖစ္ပါလိမ့္မယ္။ အေသးစိတ္သိရွိႏိုင္ဖို႔အတြက္ ဆက္လက္ဖတ္႐ႈလိုက္ပါဦး။
၁။ ဇနီးလိုမိန္းမ
အဆိုပါ အမ်ိဳးသမီးေတြဟာ သူတို႔ကိုယ္သူတို႔ ခ်စ္တာထက္ကို ခင္ပြန္းျဖစ္သူကို ပိုၿပီးခ်စ္ျမတ္ႏိုးတတ္ပါတယ္။ ဒီလိုအမ်ိဳးသမီးေတြဟာ သူတို႔ေယာက်္ား ေက်နပ္ေစႏိုင္ဖို႔အတြက္ အျမဲတမ္းျဖစ္ႏိုင္ေျခရွိတဲ့နည္းလမ္းေပါင္းစံု ကေနႀကိဳးစားေနတတ္တာေၾကာင့္ အိမ္သန္႔ရွင္းဆိုလည္း ရွင္းလင္းၿပီးသား၊ အက်ၤ ီဆိုတာနဲ႔ မီးပူတိုက္ၿပီးသား၊ ခင္ပြန္းျဖစ္သူ ထမင္းစားပြဲခံုမွာထိုင္လိုက္တာနဲ႔ ခ်က္ျပဳတ္ၿပီး အဆင္သင့္စားယံုပဲျဖစ္ေစတတ္ပါတယ္။ ခင္ပြန္းသည္ရဲ႕ အလုပ္ေတြကိုလည္း ကူညီေပးဖို႔ ႀကိဳးစားေနတတ္တာေၾကာင့္ ခင္ပြန္းျဖစ္သူ သတိေပးမွသာလွ်င္ သူမကိုယ္သူမ ျပန္ၿပီးသတိရမယ့္ သူမ်ိဳးပါ။ ဒါေၾကာင့္ပဲ ခင္ပြန္းကသတိေပးမွ ဆံပင္ဆိုင္သြားၿပီး ဆံပင္ျပင္တာေတြ၊ အဝတ္အစားအသစ္သြားဝယ္တာေတြ လုပ္ဖို႔အတြက္ သတိရမွာပါ။ ဒီလိုအမ်ိဳးသမီးေတြနဲ႔ လိုက္ဖက္ညီတဲ့အမ်ိဳးသားေတြက အမ်ိဳးသမီးရဲ႕တန္ဖိုးကိုသိရွိတဲ့သူ၊ ၿပီးျပည့္စံုတဲ့ အိမ္ေထာင္ေရးျဖစ္ဖို႔အတြက္ သူမရဲ႕ဆႏၵကို နားလည္တဲ့ ခင္ပြန္းမ်ိဳး လိုအပ္ပါတယ္။
၂။ သခင္မလိုမိန္းမမ်ိဳး
ယခုလိုမိန္းမမ်ိဳးကေတာ့ ရင္ခုန္စရာ အခ်စ္ဇာတ္လမ္းမ်ိဳးေတြကို အျမဲတမ္းရွာေဖြေနၿပီးေတာ့ ပေရာပရည္ေနရျခင္းကို ႏွစ္သက္တတ္ပါတယ္။ အိမ္ေထာင္ျပဳၿပီးတဲ့ ယခုလိုမိန္းမမ်ိဳးဟာ အိမ္မႈကိစၥအလုပ္ေတြကို ေျဖရွင္းႏိုင္ျခင္း မရွိသလို ေန႔စဥ္လုပ္႐ိုးလုပ္စဥ္ကိစၥေတြကိုလည္း စိတ္မဝင္စားတတ္ပါဘူး။ ကေလးေတြကိုလည္း ဂ႐ုမစိုက္တတ္ၾကပါဘူး။ သူတို႔ေတြဟာ လိင္ကိစၥ နဲ႔ ေဖ်ာ္ေျဖေရးအမ်ိဳးမ်ိဳး၊ အနားယူျခင္း၊ ပြဲလမ္းသဘင္ စတာေတြကိုပဲ ႏွစ္သက္တတ္ၾကပါတယ္။ အဆိုပါအမ်ိဳးသမီးေတြဟာ ညစာခ်က္ဖို႔ကို ေမ့ေလ်ာ့သေလာက္ မိတ္ကပ္ျပင္ဖို႔နဲ႔ အဝတ္အစားအသစ္ေတြ ဝယ္ဖို႔ကိုေတာ့ ဘယ္ေတာ့မွ မေမ့ေလ်ာ့တတ္ၾကပါဘူး။
မ်ားျပားအာ႐ံုစိုက္မႈလိုခ်င္ၿပီး ေပ်ာ့ညံ့တဲ့ေယာက်္ားေတြဆိုရင္ ယခုလိုမိန္းမေတြရဲ႕ ညွင္းဆဲမႈကိုေကာင္းေကာင္း ခံရႏိုင္ဖြယ္ရွိပါတယ္။ သူတို႔ကိုလက္ထပ္ထားတယ္ဆိုရင္ေတာ့ စကၠန္႔တိုင္းေစာင့္ၾကည့္ေနရမွာ အေသအခ်ာပါပဲ။
၃။ မိခင္လိုမိန္းမမ်ိဳး
အဆိုပါမိန္းမမ်ိဳးေတြကေတာ့ သူတို႔ရဲ႕ခင္ပြန္းျဖစ္သူကို ခင္ပြန္တစ္ေယာက္လိုသာမက ကေလးတစ္ေယာက္လိုပါ ထည့္သြင္းစဥ္းစားတတ္သူေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ ခင္ပြန္းသည္ကိုသင္ၾကားေပးရျခင္းကို အရမ္းႏွစ္သက္ၾကၿပီး အျခားသူေတြေရွ႕မွာဆိုလည္း တခါတေလ ခင္ပြန္းသည္ကိုအရွက္ခြဲလိုက္ပါေသးတယ္။ ဒီလိုအမ်ိဳးသမီးေတြဟာ မိသားစုအတြင္းမွာ ဦးေဆာင္တတ္ၾကၿပီး မိသားစုျပႆနာအားလံုးကိုသာမက အိမ္မွာမီးျပင္ျခင္း၊ ေရပိုက္ျပင္ျခင္းတို႔ အပါအဝင္ ကေလးေတြကိုျပဳစုပ်ိဳးေထာင္ဖို႔ကအစ အားလံုးကိုကိုယ္တိုင္ဦးေဆာင္ၿပီး လုပ္ကိုင္တတ္ၾကပါတယ္။ တကယ္ဆိုရင္ သူမတို႔က ထမီဝတ္ထားတဲ့ ေယာက်္ားေတြလို ျဖစ္ေနတတ္ပါတယ္။ ယခုလိုအမ်ိဳးသမီးေတြဟာ သူမတို႔ဦးေဆာင္မႈကို ခံယူမယ့္သူမ်ိဳး၊ လက္ေအာက္ငယ္သားစိတ္ဓာတ္ရွိၿပီး ေပ်ာ့ညံ့တဲ့အမ်ိဳးသားေတြကို ေရြးခ်ယ္တတ္ၾကပါတယ္။ ဒီလိုအေနအထားရွိတဲ့ ေယာက်္ားမွသာ ႏွစ္ဦးစလံုးအတြက္ သင့္ေတာ္ၿပီး အဆင္ေျပေစမွာျဖစ္ပါတယ္။
#LM_Naung_Naung
#Lifestyle_Myanmar
မိန္းကေလးေတြ ေဝးေဝးေရွာင္သင့္တဲ့ ေယာက်္ားေလးအမ်ိဳးအစား (၅) မ်ိဳး
Unicode
သင့်ရဲ့လက်တွဲဖော်က မိခင်လို၊ ဇနီးလို သို့မဟုတ် သခင်မလို မိန်းမဖြစ်ကြောင်း စိတ်ပညာအရ ဘယ်လိုခွဲခြားသိနိုင်မလဲ
စိတ်ပညာအရ အမျိုးသမီးတွေကို ဇနီးလိုမိန်းမ၊ သခင်မလိုမိန်းမ နဲ့ မိခင်လို မိန်းမဆိုပြီး ခွဲခြားထားပါတယ်။ သင်ကိုယ်တိုင်ရော ကိုယ့်ကိုယ်ကိုဘယ်လိုမိန်းမအမျိုးအစားလည်းဆိုတာ သိပါသလား။ ယခုလိုသိရှိနိုင်ဖို့ဆိုတာ relationship အတွင်းမှာပဲ ရင်းနှီးမှု၊ ဆက်ဆံမှုတွေကနေတဆင့် ရှင်းလင်းစွာသိရှိနိုင်ပြီး သူမရဲ့မိသားစုအတွင်း ရပ်တည်မှုပုံစံက အပြည့်အဝရောင်ပြန်ဟပ်နေတတ်ပါတယ်။ အိမ်ထောင်ရေးမသာယာမှုတွေ၊ အဆင်မပြေမှုတွေဟာ ယခုလိုမိန်းမအမျိုးအစားတွေနဲ့ လိုက်ဖက်ညီတဲ့ယောကျ်ားတွေ ဖြစ်မနေတာကတစ်ကြောင်း တစ်ယောက်ရဲ့စရိုက်ကိုတစ်ယောက်က မနှစ်သက်တာကတစ်ကြောင်းကြောင့် ကတောက်ကဆအခြေအနေတွေ ဖြစ်နေရတာဖြစ်ပါလိမ့်မယ်။ အသေးစိတ်သိရှိနိုင်ဖို့အတွက် ဆက်လက်ဖတ်ရှုလိုက်ပါဦး။
၁။ ဇနီးလိုမိန်းမ
အဆိုပါ အမျိုးသမီးတွေဟာ သူတို့ကိုယ်သူတို့ ချစ်တာထက်ကို ခင်ပွန်းဖြစ်သူကို ပိုပြီးချစ်မြတ်နိုးတတ်ပါတယ်။ ဒီလိုအမျိုးသမီးတွေဟာ သူတို့ယောကျ်ား ကျေနပ်စေနိုင်ဖို့အတွက် အမြဲတမ်းဖြစ်နိုင်ခြေရှိတဲ့နည်းလမ်းပေါင်းစုံ ကနေကြိုးစားနေတတ်တာကြောင့် အိမ်သန့်ရှင်းဆိုလည်း ရှင်းလင်းပြီးသား၊ အကျင်္ ီဆိုတာနဲ့ မီးပူတိုက်ပြီးသား၊ ခင်ပွန်းဖြစ်သူ ထမင်းစားပွဲခုံမှာထိုင်လိုက်တာနဲ့ ချက်ပြုတ်ပြီး အဆင်သင့်စားယုံပဲဖြစ်စေတတ်ပါတယ်။ ခင်ပွန်းသည်ရဲ့ အလုပ်တွေကိုလည်း ကူညီပေးဖို့ ကြိုးစားနေတတ်တာကြောင့် ခင်ပွန်းဖြစ်သူ သတိပေးမှသာလျှင် သူမကိုယ်သူမ ပြန်ပြီးသတိရမယ့် သူမျိုးပါ။ ဒါကြောင့်ပဲ ခင်ပွန်းကသတိပေးမှ ဆံပင်ဆိုင်သွားပြီး ဆံပင်ပြင်တာတွေ၊ အဝတ်အစားအသစ်သွားဝယ်တာတွေ လုပ်ဖို့အတွက် သတိရမှာပါ။ ဒီလိုအမျိုးသမီးတွေနဲ့ လိုက်ဖက်ညီတဲ့အမျိုးသားတွေက အမျိုးသမီးရဲ့တန်ဖိုးကိုသိရှိတဲ့သူ၊ ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးဖြစ်ဖို့အတွက် သူမရဲ့ဆန္ဒကို နားလည်တဲ့ ခင်ပွန်းမျိုး လိုအပ်ပါတယ်။
၂။ သခင်မလိုမိန်းမမျိုး
ယခုလိုမိန်းမမျိုးကတော့ ရင်ခုန်စရာ အချစ်ဇာတ်လမ်းမျိုးတွေကို အမြဲတမ်းရှာဖွေနေပြီးတော့ ပရောပရည်နေရခြင်းကို နှစ်သက်တတ်ပါတယ်။ အိမ်ထောင်ပြုပြီးတဲ့ ယခုလိုမိန်းမမျိုးဟာ အိမ်မှုကိစ္စအလုပ်တွေကို ဖြေရှင်းနိုင်ခြင်း မရှိသလို နေ့စဉ်လုပ်ရိုးလုပ်စဉ်ကိစ္စတွေကိုလည်း စိတ်မဝင်စားတတ်ပါဘူး။ ကလေးတွေကိုလည်း ဂရုမစိုက်တတ်ကြပါဘူး။ သူတို့တွေဟာ လိင်ကိစ္စ နဲ့ ဖျော်ဖြေရေးအမျိုးမျိုး၊ အနားယူခြင်း၊ ပွဲလမ်းသဘင် စတာတွေကိုပဲ နှစ်သက်တတ်ကြပါတယ်။ အဆိုပါအမျိုးသမီးတွေဟာ ညစာချက်ဖို့ကို မေ့လျော့သလောက် မိတ်ကပ်ပြင်ဖို့နဲ့ အဝတ်အစားအသစ်တွေ ဝယ်ဖို့ကိုတော့ ဘယ်တော့မှ မမေ့လျော့တတ်ကြပါဘူး။
များပြားအာရုံစိုက်မှုလိုချင်ပြီး ပျော့ညံ့တဲ့ယောကျ်ားတွေဆိုရင် ယခုလိုမိန်းမတွေရဲ့ ညှင်းဆဲမှုကိုကောင်းကောင်း ခံရနိုင်ဖွယ်ရှိပါတယ်။ သူတို့ကိုလက်ထပ်ထားတယ်ဆိုရင်တော့ စက္ကန့်တိုင်းစောင့်ကြည့်နေရမှာ အသေအချာပါပဲ။
၃။ မိခင်လိုမိန်းမမျိုး
အဆိုပါမိန်းမမျိုးတွေကတော့ သူတို့ရဲ့ခင်ပွန်းဖြစ်သူကို ခင်ပွန်တစ်ယောက်လိုသာမက ကလေးတစ်ယောက်လိုပါ ထည့်သွင်းစဉ်းစားတတ်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ခင်ပွန်းသည်ကိုသင်ကြားပေးရခြင်းကို အရမ်းနှစ်သက်ကြပြီး အခြားသူတွေရှေ့မှာဆိုလည်း တခါတလေ ခင်ပွန်းသည်ကိုအရှက်ခွဲလိုက်ပါသေးတယ်။ ဒီလိုအမျိုးသမီးတွေဟာ မိသားစုအတွင်းမှာ ဦးဆောင်တတ်ကြပြီး မိသားစုပြဿနာအားလုံးကိုသာမက အိမ်မှာမီးပြင်ခြင်း၊ ရေပိုက်ပြင်ခြင်းတို့ အပါအဝင် ကလေးတွေကိုပြုစုပျိုးထောင်ဖို့ကအစ အားလုံးကိုကိုယ်တိုင်ဦးဆောင်ပြီး လုပ်ကိုင်တတ်ကြပါတယ်။ တကယ်ဆိုရင် သူမတို့က ထမီဝတ်ထားတဲ့ ယောကျ်ားတွေလို ဖြစ်နေတတ်ပါတယ်။ ယခုလိုအမျိုးသမီးတွေဟာ သူမတို့ဦးဆောင်မှုကို ခံယူမယ့်သူမျိုး၊ လက်အောက်ငယ်သားစိတ်ဓာတ်ရှိပြီး ပျော့ညံ့တဲ့အမျိုးသားတွေကို ရွေးချယ်တတ်ကြပါတယ်။ ဒီလိုအနေအထားရှိတဲ့ ယောကျ်ားမှသာ နှစ်ဦးစလုံးအတွက် သင့်တော်ပြီး အဆင်ပြေစေမှာဖြစ်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar