သခွားသီးကို တစ်နေ့တစ်လုံး စားပေးခြင်းဖြင့် သင့်ခန္ဓာကိုယ်မှာ ဘယ်လိုအကျိုးထူးတွေဖြစ်လာမလဲ

0
84

လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုသလိုပဲ သခွားသီးနဲ့ပတ်သက်လို့ ထင်မြင်ချက်တွေ အမျိုးမျိုးရှိကြပါတယ်။ အခွံရော အသားမှာပါ အာဟာရဓာတ်တွေ မြောက်မြားစွာ ပေါင်းစပ်ပါဝင်နေတဲ့ သခွားသီးဟာ အဆီလုံးဝမရှိ၊ ကယ်လိုရီပါဝင်မှု အလွန်နည်းပါးပြီး ရေဓာတ်အများအပြားပါဝင်တာကြောင့် ရေဓာတ်ဖြည့်တင်းဖို့နှင့် ကိုယ်အလေးချိန်လျော့ချဖို့အတွက်ဆို အင်မတန်အသုံးဝင်ပါတယ်။

ဒီလိုအကျိုးများတဲ့ သခွားသီးကို နေ့စဥ်နေ့တိုင်း စားပေးခြင်းက ကင်ဆာ၊ ဆီးချို၊ နှလုံးရောဂါတွေကို တိုက်ဖျက်နိုင်တဲ့အပြင် အခြားသော ဘယ်လိုအကျိုးကျေးဇူးတွေကိုလည်း ပေးစွမ်းနိုင်ဦးမလဲဆိုတာ အခုပဲဆက်ဖတ်ကြည့်လိုက်ရအောင်ပါ။

၁။ အနာရောဂါများရန်မှ ကာကွယ်ပေးခြင်း

သခွားသီးတွေမှာ Antioxidants များ အမြားအပြားပါဝင်တာကြောင့် နာတာရှည်ဖျားနာခြင်းနှင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းတို့မဖြစ်အောင် ကာကွယ်ပေးပါတယ်။

၂။ ရေဓာတ်ကို ပိုမိုဖြည့်တင်းနိုင်ခြင်း

လူတစ်ယောက်အတွက် ရေဓာတ်က အင်မတန်အရေးကြီးပေမယ့်လည်း လုံလောက်တဲ့ရေပမာဏကို နေ့စဥ်သောက်သုံးဖို့အတွက်တော့ အခက်အခဲရှိနေကြပါတယ်။ ဒါကြောင့် ရေဓာတ် ၉၆ ရာခိုင်နှုန်းပါဝင်တဲ့ သခွားသီးကို စားသုံးပေးခြင်းဖြင့်လည်း ရေဓာတ်ဖြည့်တင်းမှုကို များစွာအထောက်အကူဖြစ်စေနိုင်မှာပါ။

၃။ ကိုယ်အလေးချိန်လျော့ကျစေခြင်း

သခွားသီးတွေမှာ ကယ်လိုရီပါဝင်မှု နည်းပါးပြီး ဖိုက်ဘာဓာတ် အင်မတန်မြင့်မားတာကြောင့် ပုံမှန်စားပေးမယ်ဆိုပါက ပြည့်အင့်ခြင်းကိုဖြစ်စေလို့ ကိုယ်အလေးချိန်လျော့ချလိုသူများအတွက် အင်မတန်အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်မှလိုအပ်တဲ့ ပရိုတင်း၊ ဗီတာမင်စီ၊ ကေ၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ်တို့ကိုပါ ဖြည့်တင်းနိုင်မှာဖြစ်ပါတယ်။

၄။ သွေးချိုပမာဏကို လျော့ချနိုင်ခြင်း

ပုံမှန်မဟုတ်တဲ့ သွေးချိုတွေက ဆီးချိုကိုဖြစ်စေနိုင်တဲ့ နောက်ကွယ်က အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ စားချင်တာမစားရတဲ့ ကြောက်စရာ ဆီးချိုရောဂါမဖြစ်စေဖို့အတွက် သခွားသီးတွေကို စားသုံးကာ သွေးချိုပမာဏကို လျော့ချပေးလိုက်ပါ။

၅။ အူသိမ်အူမ ပုံမှန်အလုပ်လုပ်စေခြင်း

စိတ်ဖိစီးမှုတွေ၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ အစားအသောက်မမှန်ခြင်းတို့ဟာ ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့အတိုင်းပဲ ဝမ်းချုပ်ပါက နေရထိုင်ရတာ သက်သောင့်သက်သာမရှိတာကြောင့် ဝမ်းမှန်မှန်သွားစေဖို့အတွက် သခွားသီးကို စားသုံးပေးသင့်ပါတယ်။ သခွားသီးမှာ ရေဓာတ်ပါဝင်လို့ အူလမ်းကြောင်းကိုနူးညံ့ချောမွေ့စေကာ အစာတွေသွားလာမှုကိုလည်း လွယ်ကူစေပါတယ်။

အချိန်မရွေးဝယ်ယူရရှိနိုင်ပြီး ဈေးလည်းမကြီးတာကြောင့် သခွားသီးတွေကို တို့စရာအနေနဲ့ဖြစ်စေ၊ အသုပ်အနေနဲ့ဖြစ်စေ၊ ဒီအတိုင်းစားလို့ဖြစ်စေ တစ်နေ့တစ်လုံး အနည်းဆုံးမှန်မှန်စားပေးခြင်းဖြင့် အကျိုးကျေးဇူးမြောက်မြားစွာကို ရယူလိုက်ပါ။

Lifestyle_Myanmar

Thinzar

Source: hhdresearch

Zawgyi

သခြားသီးကို တစ္ေန႔တစ္လုံး စားေပးျခင္းျဖင့္ သင့္ခႏၶာကိုယ္မွာ ဘယ္လိုအက်ိဳးထူးေတြျဖစ္လာမလဲ

လူတစ္ကိုယ္ အႀကိဳက္တစ္မ်ိဳးဆိုသလိုပဲ သခြားသီးနဲ႔ပတ္သက္လို႔ ထင္ျမင္ခ်က္ေတြ အမ်ိဳးမ်ိဳးရွိၾကပါတယ္။ အခြံေရာ အသားမွာပါ အာဟာရဓာတ္ေတြ ေျမာက္ျမားစြာ ေပါင္းစပ္ပါဝင္ေနတဲ့ သခြားသီးဟာ အဆီလုံးဝမရွိ၊ ကယ္လိုရီပါဝင္မႈ အလြန္နည္းပါးၿပီး ေရဓာတ္အမ်ားအျပားပါဝင္တာေၾကာင့္ ေရဓာတ္ျဖည့္တင္းဖို႔ႏွင့္ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ဖို႔အတြက္ဆို အင္မတန္အသုံးဝင္ပါတယ္။

ဒီလိုအက်ိဳးမ်ားတဲ့ သခြားသီးကို ေန႔စဥ္ေန႔တိုင္း စားေပးျခင္းက ကင္ဆာ၊ ဆီးခ်ိဳ၊ ႏွလုံးေရာဂါေတြကို တိုက္ဖ်က္ႏိုင္တဲ့အျပင္ အျခားေသာ ဘယ္လိုအက်ိဳးေက်းဇူးေတြကိုလည္း ေပးစြမ္းႏိုင္ဦးမလဲဆိုတာ အခုပဲဆက္ဖတ္ၾကည့္လိုက္ရေအာင္ပါ။

၁။ အနာေရာဂါမ်ားရန္မွ ကာကြယ္ေပးျခင္း
သခြားသီးေတြမွာ Antioxidants မ်ား အျမားအျပားပါဝင္တာေၾကာင့္ နာတာရွည္ဖ်ားနာျခင္းႏွင့္ အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းတို႔မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။

၂။ ေရဓာတ္ကို ပိုမိုျဖည့္တင္းႏိုင္ျခင္း

လူတစ္ေယာက္အတြက္ ေရဓာတ္က အင္မတန္အေရးႀကီးေပမယ့္လည္း လုံေလာက္တဲ့ေရပမာဏကို ေန႔စဥ္ေသာက္သုံးဖို႔အတြက္ေတာ့ အခက္အခဲရွိေနၾကပါတယ္။ ဒါေၾကာင့္ ေရဓာတ္ ၉၆ ရာခိုင္ႏႈန္းပါဝင္တဲ့ သခြားသီးကို စားသုံးေပးျခင္းျဖင့္လည္း ေရဓာတ္ျဖည့္တင္းမႈကို မ်ားစြာအေထာက္အကူျဖစ္ေစႏိုင္မွာပါ။

၃။ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစျခင္း

သခြားသီးေတြမွာ ကယ္လိုရီပါဝင္မႈ နည္းပါးၿပီး ဖိုက္ဘာဓာတ္ အင္မတန္ျမင့္မားတာေၾကာင့္ ပုံမွန္စားေပးမယ္ဆိုပါက ျပည့္အင့္ျခင္းကိုျဖစ္ေစလို႔ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်လိုသူမ်ားအတြက္ အင္မတန္အေထာက္အကူျဖစ္ေစပါတယ္။ ဒါ့အျပင္ ခႏၶာကိုယ္မွလိုအပ္တဲ့ ပ႐ိုတင္း၊ ဗီတာမင္စီ၊ ေက၊ မဂၢနီဆီယမ္ႏွင့္ ပိုတက္ဆီယမ္တို႔ကိုပါ ျဖည့္တင္းႏိုင္မွာျဖစ္ပါတယ္။

၄။ ေသြးခ်ိဳပမာဏကို ေလ်ာ့ခ်ႏိုင္ျခင္း

ပုံမွန္မဟုတ္တဲ့ ေသြးခ်ိဳေတြက ဆီးခ်ိဳကိုျဖစ္ေစႏိုင္တဲ့ ေနာက္ကြယ္က အေၾကာင္းအရင္းတစ္ခုျဖစ္ပါတယ္။ စားခ်င္တာမစားရတဲ့ ေၾကာက္စရာ ဆီးခ်ိဳေရာဂါမျဖစ္ေစဖို႔အတြက္ သခြားသီးေတြကို စားသုံးကာ ေသြးခ်ိဳပမာဏကို ေလ်ာ့ခ်ေပးလိုက္ပါ။

၅။ အူသိမ္အူမ ပုံမွန္အလုပ္လုပ္ေစျခင္း

စိတ္ဖိစီးမႈေတြ၊ ေရဓာတ္ခမ္းေျခာက္ျခင္း၊ အစားအေသာက္မမွန္ျခင္းတို႔ဟာ ဝမ္းခ်ဳပ္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ ဝမ္းတစ္လုံးေကာင္းရင္ ေခါင္းမခဲဘူးဆိုတဲ့အတိုင္းပဲ ဝမ္းခ်ဳပ္ပါက ေနရထိုင္ရတာ သက္ေသာင့္သက္သာမရွိတာေၾကာင့္ ဝမ္းမွန္မွန္သြားေစဖို႔အတြက္ သခြားသီးကို စားသုံးေပးသင့္ပါတယ္။ သခြားသီးမွာ ေရဓာတ္ပါဝင္လို႔ အူလမ္းေၾကာင္းကိုႏူးညံ့ေခ်ာေမြ႕ေစကာ အစာေတြသြားလာမႈကိုလည္း လြယ္ကူေစပါတယ္။

အခ်ိန္မေ႐ြးဝယ္ယူရရွိႏိုင္ၿပီး ေဈးလည္းမႀကီးတာေၾကာင့္ သခြားသီးေတြကို တို႔စရာအေနနဲ႔ျဖစ္ေစ၊ အသုပ္အေနနဲ႔ျဖစ္ေစ၊ ဒီအတိုင္းစားလို႔ျဖစ္ေစ တစ္ေန႔တစ္လုံး အနည္းဆုံးမွန္မွန္စားေပးျခင္းျဖင့္ အက်ိဳးေက်းဇူးေျမာက္ျမားစြာကို ရယူလိုက္ပါ။

Lifestyle_Myanmar

Thinzar

Source: hhdresearch

LEAVE A REPLY

Please enter your comment!
Please enter your name here