အိမ်မွေးတိရိစ္ဆာန်လေးတွေဟာ လူတွေကိုပျော်ရွင်စေပြီး အဖော်ပြုပေးနိုင်ပါတယ်။ အထူးသဖြင့် အိမ်မွေးတိရိစ္ဆာန်တွေ အားလုံးထဲမှာ ခွေးဟာ လူနဲ့အနီးကပ်ဆုံး ရှိနေတဲ့ တိရိစ္ဆာန်လေးတွေ ဖြစ်ကြပြီး သူတို့ကို လေ့ကျင့်သင်ကြားပေးရတာလည်း အခြားတိရိစ္ဆာန်တွေထက် ပိုမိုလွယ်ကူပါတယ်။ တိရိစ္ဆာန်အများစုကတော့ သူတို့အပေါ်မေတ္တာထားတဲ့ သူတွေကို ပြန်လည်မေတ္တာထားတတ်ကြပြီး အမြဲတမ်းသစ္စာရှိနေတတ်ပါတယ်။

Lila လို့ခေါ်တဲ့ ခွေးမလေးကတော့ သခင်ဖြစ်သူရဲ့ သင်ကြားထားမှုနဲ့အတူ အခြားခွေးတွေမှာ မရှိတဲ့ အရည်အချင်းတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ သူမဟာ သခင်ဖြစ်သူရဲ့ အချက်ပြမှုကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေတတ်ပါတယ်။

သခင်က လက်ညှိုးနဲ့ ညွှန်ပြလိုက်တာနဲ့ ရေထဲကိုဒိုင်ဗင်ထိုးဆင်းသွားပြီး ငါးတစ်ကောင်လိုရေထဲမှာ ကျင်လည်စွာကူးခတ်ရင်းနဲ့ သားကောင်ဖြစ်တဲ့ ကျောက်ပုစွန်ထုပ်ကို ပါးစပ်နဲ့ကိုက်ပြီး ဖမ်းနိုင်စွမ်းရှိပါတယ်။ ခွေးအတော်များများကတော့ ရေငုပ်နိုင်စွမ်း မရှိပေမယ့် Lila ကတော့ပင်လယ်ပြင်မှာ ရေငုပ်ရတာကို သဘောကျသူပါ။

သူမဟာ ရေတော်တော်နက်တဲ့အထိငုပ်နိုင်စွမ်းရှိပါတယ်။ သူ့သခင်ရဲ့ အချက်ပြမှုကိုလည်း ဘယ်တော့မှတုံဆိုင်းနေခြင်း မရှိပဲ ခိုင်းတဲ့အတိုင်းလုပ်ဖို့ တက်ကြွနေတတ်သူလေးပါ။

တကယ်လို့ Lila လိုခွေးမလေးတစ်ကောင်ကိုသာ ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ နေ့တိုင်း ကျောက်ပုစွန်ထုပ်တွေကို စားနေရမှာပါပဲ။

သူမရဲ့သခင်လည်း Lila ဖမ်းပေးတဲ့ ကျောက်ပုစွန်ထုပ်တွေကို ရောင်းချပြီး စီးပွားရှာမယ်ဆိုရင် သူဌေးဖြစ်လောက်တယ်လို့ ထင်မိပါတယ်။ Lila ရဲ့ talent ကို ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်ကိုလည်း မျှဝေပေးလိုက်ပါတယ်။
LM_Naung_Naung
Lifestyle_Myanmar
Zawgyi font
အိမ္ေမြးတိရိစာၦန္ေလးေတြဟာ လူေတြကိုေပ်ာ္႐ြင္ေစၿပီး အေဖာ္ျပဳေပးႏိုင္ပါတယ္။ အထူးသျဖင့္ အိမ္ေမြးတိရိစာၦန္ေတြ အားလုံးထဲမွာ ေခြးဟာ လူနဲ႔အနီးကပ္ဆုံး ရွိေနတဲ့ တိရိစာၦန္ေလးေတြ ျဖစ္ၾကၿပီး သူတို႔ကို ေလ့က်င့္သင္ၾကားေပးရတာလည္း အျခားတိရိစာၦန္ေတြထက္ ပိုမိုလြယ္ကူပါတယ္။ တိရိစာၦန္အမ်ားစုကေတာ့ သူတို႔အေပၚေမတၱာထားတဲ့ သူေတြကို ျပန္လည္ေမတၱာထားတတ္ၾကၿပီး အၿမဲတမ္းသစၥာရွိေနတတ္ပါတယ္။ Lila လို႔ေခၚတဲ့ ေခြးမေလးကေတာ့ သခင္ျဖစ္သူရဲ႕ သင္ၾကားထားမႈနဲ႔အတူ အျခားေခြးေတြမွာ မရွိတဲ့ အရည္အခ်င္းတစ္ခုကို ပိုင္ဆိုင္ထားပါတယ္။ သူမဟာ သခင္ျဖစ္သူရဲ႕ အခ်က္ျပမႈကို စိတ္ရွည္ရွည္နဲ႔ ေစာင့္ဆိုင္းေနတတ္ပါတယ္။ သခင္က လက္ညႇိဳးနဲ႔ ၫႊန္ျပလိုက္တာနဲ႔ ေရထဲကိုဒိုင္ဗင္ထိုးဆင္းသြားၿပီး ငါးတစ္ေကာင္လိုေရထဲမွာ က်င္လည္စြာကူးခတ္ရင္းနဲ႔ သားေကာင္ျဖစ္တဲ့ ေက်ာက္ပုစြန္ထုပ္ကို ပါးစပ္နဲ႔ကိုက္ၿပီး ဖမ္းႏိုင္စြမ္းရွိပါတယ္။ ေခြးအေတာ္မ်ားမ်ားကေတာ့ ေရငုပ္ႏိုင္စြမ္း မရွိေပမယ့္ Lila ကေတာ့ပင္လယ္ျပင္မွာ ေရငုပ္ရတာကို သေဘာက်သူပါ။
သူမဟာ ေရေတာ္ေတာ္နက္တဲ့အထိငုပ္ႏိုင္စြမ္းရွိပါတယ္။ သူ႔သခင္ရဲ႕ အခ်က္ျပမႈကိုလည္း ဘယ္ေတာ့မွတုံဆိုင္းေနျခင္း မရွိပဲ ခိုင္းတဲ့အတိုင္းလုပ္ဖို႔ တက္ႂကြေနတတ္သူေလးပါ။ တကယ္လို႔ Lila လိုေခြးမေလးတစ္ေကာင္ကိုသာ ပိုင္ဆိုင္ထားမယ္ဆိုရင္ေတာ့ ေန႔တိုင္း ေက်ာက္ပုစြန္ထုပ္ေတြကို စားေနရမွာပါပဲ။ သူမရဲ႕သခင္လည္း Lila ဖမ္းေပးတဲ့ ေက်ာက္ပုစြန္ထုပ္ေတြကို ေရာင္းခ်ၿပီး စီးပြားရွာမယ္ဆိုရင္ သူေဌးျဖစ္ေလာက္တယ္လို႔ ထင္မိပါတယ္။ Lila ရဲ႕ talent ကို ေဖာ္ျပထားတဲ့ ဗီဒီယိုဖိုင္ကိုလည္း မွ်ေဝေပးလိုက္ပါတယ္။
LM_Naung_Naung
Lifestyle_Myanmar