ဂျပန်လူမျိုးတွေဟာ အစားအသောက်တွေကို ကျန်းမာရေးနဲ့အညီ ရွေးချယ်စားသောက်ကြတဲ့ အလေ့အကျင့်ရှိကြပါတယ်။ ဒီနေ့ ဂျပန်လူမျိုးတွေရဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံ အကြောင်း ပြောပြပေးသွားမှာပါ။
Green Tea
ဂျပန်နိုင်ငံမှာ Green Tea သောက်တဲ့ အလေ့အကျင့်ရှိကြပါတယ်။ Green Tea ဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။ ပြီးတော့ ခန္ဓာကိုယ်အဆီပိုတွေကို လျော့ကျစေပြီး ကင်ဆာနဲ့နှလုံးရောဂါတွေ ဖြစ်ပွားတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

သင့်တင့်မျှတစွာ စာသောက်ခြင်း
ဂျပန်လူမျိုးတွေဟာ ထမင်းစားတဲ့အခါ ပန်းကန်လုံးလေးထဲ ထမင်းထည့်ပြီး တူလေးနဲ့ အနည်းငယ်ပဲ စားကြပါတယ်။ ဒါဟာ ခန္ဓာကိုယ်အလေးချိန်တက်လာမှာကို တားဆီးပေးပါတယ်။။ ဘယ်လိုဟင်းလျာနဲ့စားစား အရေးကြီးဆုံးက ပမာဏအနည်းငယ်ပဲစားရမယ်လို့ ဂျပန်လူမျိုးတွေက ယူဆထားကြပါတယ်။

ပင်လယ်စာ
ဂျပန်လူမျိုးတွေဟာ ပင်လယ်စာ စားသောက်ရတာကို ကြိုက်နှစ်သက်ကြတယ်။ အသားထက် ပင်လယ်စာတွေဖြစ်တဲ့ ဆော်လမွန်ငါး၊ တူနာငါး၊ ပုစွန်ဆိတ် စတာတွေကို အဓိကထား စားသောက်ကြပါတယ်။ အရေးကြီးအင်္ဂါအစိတ်အပိုင်းများအတွက် အကျိုးပြုစေမယ့် Omega-3 Fatty acids ကို ငါးကနေ ရရှိနိုင်ပါတယ်။ Omega-3 Fatty acids ဟာ ဦးနှောက်ကျန်းမာရေးအတွက် အထောက်အကူပြုရုံသာမက ခန္ဓာကိုယ်ထဲက မလိုလားအပ်တဲ့အဆီတွေကိုလောင်ကျွမ်းစေတဲ့အပြင် အရေပြားနီမြန်းပြီး အဖုအကြိတ်များထွက်ခြင်း၊ ဝက်ခြံများထွက်ခြင်း စတဲ့ အရေပြားရောဂါများကိုပါ သက်သာပျောက်ကင်းစေပါတယ်။

လမ်းလျှောက်ခြင်း
ဂျပန်လူမျိုးတွေဟာ လမ်းလျှောက်တာကို အဓိကထားပြီး တစ်နေရာကနေတစ်နေရာ သွားလာကြပါတယ်။ လမ်းလျှောက်တာဟာ နှလုံးကျန်းမာရေးအတွက်အထောက်အကူပြုစေပြီး စိတ်ဖိစီးမှုကို သက်သာစေတဲ့အပြင် တက်ကြွလန်းဆန်းစေတဲ့အတွက် တကူးတက လေ့ကျင်ခန်းမလုပ်ကြပဲ သွားလာလှုပ်ရှားရင်းနဲ့ လေ့ကျင့်ခန်းလုပ်ကြတယ်လို့ယူဆပြီး လမ်းလျှောက်ကြပါတယ်။ တချို့ကတော့ လမ်းလျှောက်တာအပြင် စက်ဘီးစီးပြီး တစ်နေ့တာ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ကြပါတယ်။

အချိုပွဲ သုံးဆောင်ခြင်း
ဂျပန်လူမျိုးတွေက အစားစားပြီးတဲ့အခါတိုင်း သန့်ရှင်းလတ်ဆတ်တဲ့သစ်သီးများကို အချိုပွဲအဖြစ်သုံးဆောင်ကြပါတယ်။ ခန္ဓာကိုယ်အလေးချိန်တက်စေမယ့် ချိုတဲ့အစားအစာတွေ၊ သကြား၊ ဂျုံနှင့်ပြုလုပ်ထားတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ သစ်သီးတွေကိုသာ စားသုံးလေ့ရှိပါတယ်။

Lifestyle_Myanmar
ref-insider